အခုတလော စိတ်တွေက ဟိုဟိုဒီဒီ ရောက်လို့ ခံစားမှုတွေက တမျိုးပြီး တမျိုး။ ဖျတ်ကနဲ ဖျတ်ကနဲ သစ်ရွက်ကလေးပေါ်မှာ ပြေးသွားတဲ့ နေခြည်လေးလို တောက်တချက် မှိန်တချက်။
တခါတလေလဲ ဆံပင် ဖွာရရာနဲ့ အိပ်ယာထဲ ခွေခွေလေး လှဲပြီး ငြိမ်ငြိမ်လေး နေချင်တယ်။ တခါတလေကျတော့လဲ ဘ၀မှာ မျှော်လင့်ချက်တွေ တကယ်ရှိပါတယ် လို့ ယုံကြည်ပြီး ကျောင်းတွေတက်၊ စာတွေ ဖတ်၊ အလုပ်တွေ လုပ် လို့ နေချင်တယ်။ ဘ၀ လှေခါးထစ်တွေကို ကြိုးစားလို့ တက်ကြည့်ချင်တယ်။
တော်တော်ကြာပြန်တော့ ဘ၀မှာ ဘယ်အရာမှ အရေးမကြီးပါဘူး လို့ ကိုယ့်ကိုယ်ကို တိုးတိုးလေး ပြောပြီး ကြုံရာ ဖြစ်ရာ ဘ၀မှာ ရိုးရိုးသားသား ကိုယ်နေတတ်သလို အချိန်တွေ ကုန်ဆုံးလိုက်ချင်တယ်။ ကြုံချင်တာ ကြုံ၊ တွေ့ချင်ရာတွေ့ လူပီပီသသပဲ ရင်ဆိုင်မယ်။
ငိုစရာ ရှိရင် ငိုမိမှာပဲ။ ပျော်စရာ ရှိရင် ပျော်လို့ ရီရင်လဲ ပါးစပ်ပိတ်လို့တော့ မပြုံးချင်ဘူး။ စည်းကမ်း ဘောင်တွေကို ခဏဘေးချိတ်၊ ဆိတ်ဆိတ်နေရတာ အရသာလို့ မှတ်မယ်။ ကျောပေါ်က တာဝန်နည်းနည်းလေးကို အသာခါချ၊ ကျော ခဏ ဆန့်ချင်တယ်။ အိပ်ရေး၀၀ အိပ်ပြီး အိပ်မက်လှလှ မက်ဖို့ ကလေးတယောက်လို ဆုတောင်းမယ်။
တခဏလေးဆိုတဲ့ ဘ၀အရေးမှာ မရဏဘေးက အမြဲ ခြိမ်းခြောက်နေတာကိုလဲ ခပ်အေးအေးပဲ ရှိချင်တယ်။ နံပါတ် အနိမ့်အမြင့်တွေကိုလဲ အမှုမထား၊ ဆရာဝန်စကားလဲ ခဏတားချင်တယ်။
ဒီလိုအချိန်မှာ အဖေ့ကဗျာလေးတပုဒ်ကို သတိရမိလို့ ဝေမျှချင်ပါတယ်။ ဒီကဗျာကို အဖေ ၂၀၀၄ ခုက ရေးခဲ့တာပါ။ မြန်မာပြည်က မဂ္ဂဇင်းတစောင်မှာ အဖေ့ တခြား ကလောင် နံမည်တခုနဲ့ ဖော်ပြခဲ့ဖူးတာမို့ တချို့ ဖတ်ဖူးသူများ မှတ်မိချင် မှတ်မိပါလိမ့်မယ်။ မြန်မာပြည်မှာ တင်မိုး ကို ပိတ်ထားပေမဲ့ ဒီမှာတော့ နံမည်ရင်းနဲ့ပဲ လွတ်လွတ်လပ်လပ် ဖော်ပြလိုက်ပါတယ်။
အပျင်းထူတမ်း
အဆင်းဖြူဖြူ နှင်းမြူတွေကြား
ပြဒါးလင်းဂူ သွားပြီး
အပျင်းထူထူနဲ့ ကစားချင်တယ်။
ဗိုက်ဆာမှ အမဲလိုက်
သူရဲတသိုက်လို ဆူညံ ဆူညံ
လူသံ သူသံနဲ့ ကင်းဝေး
အပျင်းမွေးပြီး အိပ်နေမယ်။
တဏှာလောဘတွေနဲ့
ကမ္ဘာလောကကို ရွ့ံမုန်း
ကိုယ်တုံးလုံးနဲ့ နေချင်နေ
နေမသိ လ မသိ
ညမရှိ နေ့မရှိ
အဲဒါမှ ဘ၀ပီတိ။
မငြင်းမခုန်ဘဲ
သီချင်းအစုံ ဆိုချင်ရာဆို
စိတ်လိုတိုင်း ဖန်တီး
ကကြီး ခခွေးတွေ
ရေးချင်ရာရေး
တွေးချင်ရာ တွေးနေမယ်။
အဟံ ငါတကား တွေနဲ့
ဈာန်ပျံကာ ကြွားနေတဲ့
မာန်သတ္တ၀ါသမားတွေကို
ဟားတိုက်လို့ ရယ်မောပြီး
တခေါခေါ အိပ်ပစ်မယ်။
မင်းရှိတာ ငါယူစား
ငါရှိတာ မင်းယူစား
အသားတွေ တဖဲ့စီဝေ
ရေအိုင်မှာ အတူသောက်
ဗိုက်မှောက်ပြီး နေတန်နေ
ဒီမြေဟာ အတူပိုင်တယ်
တူပြိုင် ဂူလိုဏ် သစ္စာတိုင်။
လမ်းတွေ အတူဖောက်
စမ်းရေ အတူသောက်ကြစို့
ဂူပေါက်ကို သွား၊ ဂူထဲမှာ နားမယ်
အမှားတွေ လုပ်ရတာ ပျင်းတယ်။
ပြဒါးလင်းဂူသွားပြီး
အပျင်းထူတမ်း ကစားရအောင်။ ။
တင်မိုး
၂၆၊ ၆၊ ၂၀၀၄
ပြဒါးလင်းဂူမှာ အပျင်းထူတမ်းကစားဖို့ စောင့်မယ်။ စိတ်တူရင် လိုက်ခဲ့ပါတော့..။ ။
တခါတလေလဲ ဆံပင် ဖွာရရာနဲ့ အိပ်ယာထဲ ခွေခွေလေး လှဲပြီး ငြိမ်ငြိမ်လေး နေချင်တယ်။ တခါတလေကျတော့လဲ ဘ၀မှာ မျှော်လင့်ချက်တွေ တကယ်ရှိပါတယ် လို့ ယုံကြည်ပြီး ကျောင်းတွေတက်၊ စာတွေ ဖတ်၊ အလုပ်တွေ လုပ် လို့ နေချင်တယ်။ ဘ၀ လှေခါးထစ်တွေကို ကြိုးစားလို့ တက်ကြည့်ချင်တယ်။
တော်တော်ကြာပြန်တော့ ဘ၀မှာ ဘယ်အရာမှ အရေးမကြီးပါဘူး လို့ ကိုယ့်ကိုယ်ကို တိုးတိုးလေး ပြောပြီး ကြုံရာ ဖြစ်ရာ ဘ၀မှာ ရိုးရိုးသားသား ကိုယ်နေတတ်သလို အချိန်တွေ ကုန်ဆုံးလိုက်ချင်တယ်။ ကြုံချင်တာ ကြုံ၊ တွေ့ချင်ရာတွေ့ လူပီပီသသပဲ ရင်ဆိုင်မယ်။
ငိုစရာ ရှိရင် ငိုမိမှာပဲ။ ပျော်စရာ ရှိရင် ပျော်လို့ ရီရင်လဲ ပါးစပ်ပိတ်လို့တော့ မပြုံးချင်ဘူး။ စည်းကမ်း ဘောင်တွေကို ခဏဘေးချိတ်၊ ဆိတ်ဆိတ်နေရတာ အရသာလို့ မှတ်မယ်။ ကျောပေါ်က တာဝန်နည်းနည်းလေးကို အသာခါချ၊ ကျော ခဏ ဆန့်ချင်တယ်။ အိပ်ရေး၀၀ အိပ်ပြီး အိပ်မက်လှလှ မက်ဖို့ ကလေးတယောက်လို ဆုတောင်းမယ်။
တခဏလေးဆိုတဲ့ ဘ၀အရေးမှာ မရဏဘေးက အမြဲ ခြိမ်းခြောက်နေတာကိုလဲ ခပ်အေးအေးပဲ ရှိချင်တယ်။ နံပါတ် အနိမ့်အမြင့်တွေကိုလဲ အမှုမထား၊ ဆရာဝန်စကားလဲ ခဏတားချင်တယ်။
ဒီလိုအချိန်မှာ အဖေ့ကဗျာလေးတပုဒ်ကို သတိရမိလို့ ဝေမျှချင်ပါတယ်။ ဒီကဗျာကို အဖေ ၂၀၀၄ ခုက ရေးခဲ့တာပါ။ မြန်မာပြည်က မဂ္ဂဇင်းတစောင်မှာ အဖေ့ တခြား ကလောင် နံမည်တခုနဲ့ ဖော်ပြခဲ့ဖူးတာမို့ တချို့ ဖတ်ဖူးသူများ မှတ်မိချင် မှတ်မိပါလိမ့်မယ်။ မြန်မာပြည်မှာ တင်မိုး ကို ပိတ်ထားပေမဲ့ ဒီမှာတော့ နံမည်ရင်းနဲ့ပဲ လွတ်လွတ်လပ်လပ် ဖော်ပြလိုက်ပါတယ်။
အပျင်းထူတမ်း
အဆင်းဖြူဖြူ နှင်းမြူတွေကြား
ပြဒါးလင်းဂူ သွားပြီး
အပျင်းထူထူနဲ့ ကစားချင်တယ်။
ဗိုက်ဆာမှ အမဲလိုက်
သူရဲတသိုက်လို ဆူညံ ဆူညံ
လူသံ သူသံနဲ့ ကင်းဝေး
အပျင်းမွေးပြီး အိပ်နေမယ်။
တဏှာလောဘတွေနဲ့
ကမ္ဘာလောကကို ရွ့ံမုန်း
ကိုယ်တုံးလုံးနဲ့ နေချင်နေ
နေမသိ လ မသိ
ညမရှိ နေ့မရှိ
အဲဒါမှ ဘ၀ပီတိ။
မငြင်းမခုန်ဘဲ
သီချင်းအစုံ ဆိုချင်ရာဆို
စိတ်လိုတိုင်း ဖန်တီး
ကကြီး ခခွေးတွေ
ရေးချင်ရာရေး
တွေးချင်ရာ တွေးနေမယ်။
အဟံ ငါတကား တွေနဲ့
ဈာန်ပျံကာ ကြွားနေတဲ့
မာန်သတ္တ၀ါသမားတွေကို
ဟားတိုက်လို့ ရယ်မောပြီး
တခေါခေါ အိပ်ပစ်မယ်။
မင်းရှိတာ ငါယူစား
ငါရှိတာ မင်းယူစား
အသားတွေ တဖဲ့စီဝေ
ရေအိုင်မှာ အတူသောက်
ဗိုက်မှောက်ပြီး နေတန်နေ
ဒီမြေဟာ အတူပိုင်တယ်
တူပြိုင် ဂူလိုဏ် သစ္စာတိုင်။
လမ်းတွေ အတူဖောက်
စမ်းရေ အတူသောက်ကြစို့
ဂူပေါက်ကို သွား၊ ဂူထဲမှာ နားမယ်
အမှားတွေ လုပ်ရတာ ပျင်းတယ်။
ပြဒါးလင်းဂူသွားပြီး
အပျင်းထူတမ်း ကစားရအောင်။ ။
တင်မိုး
၂၆၊ ၆၊ ၂၀၀၄
ပြဒါးလင်းဂူမှာ အပျင်းထူတမ်းကစားဖို့ စောင့်မယ်။ စိတ်တူရင် လိုက်ခဲ့ပါတော့..။ ။
မိုးချိုသင်း
စိတ်တူတယ်ဗျို့...
ReplyDeleteကြိုက်တယ်ဗျာ..ဆရာ့ကဗျာက ထိထိမိမိရှိလိုက်တာ..
အရင်ကလည်း ဖတ်ဖူးသလိုပဲ
ကျနော်လည်း အပျင်းထူနေတယ် မချိုသင်းရေ
ReplyDeleteရောက်ပြီလေ ဘယ်နားမှာလဲ မမထုံ
ReplyDeleteကန်ဘေးမှာခြေဆေးနေသလား
ဂူထဲမှာ သူလဲနေသလား
ဂူထိပ်ကို သူပိတ်ပြီးအိပ်နေသလားနော်
အဲဒီကဗျာကို.. ကျွန်မကြိုက်တဲ့ကဗျာများဆိုပြီး
ReplyDeleteကျွန်မဘလော့မှာ တင်ဖူးတယ် အစ်မ...
ကလောင်ခွဲမှန်းတော့ ခုမှသိတယ်း)
အဲလိုအပျင်းထူရရင် ပျော်စရာကြီးနေမှာနော်
ိအတူကစားချင်ပါတယ်.. ကဗျာဖတ်ပြီးတော့ လွပ်လပ်မှုတွေခံစားရတယ်ဗျာ..။ ကိုရွာသားနောက်ကနေ လိုက်လာပါတယ်..။
ReplyDeleteအမချိုသင်းရေ တခါတလေလည်း ဘာတွေမှအရေးမကြီးဘူးလို့ ထင်မိနေတယ်။ ဘာမှလည်းမလုပ်ချင်ဘူးဖြစ်ဖြစ်သွားတယ်။ တခါတလေကျပြန်တော့ လုပ်စရာတွေ လုပ်ချင်တာတွေများလို့။ အပြောင်းအလဲမြန်တဲ့စိတ်နော်။ ကဗျာလေးဖတ်သွားတယ် အမချိုသင်းရေ။ အပျင်းထူတမ်းကစားမယ်ဆို ရှေ့ဆုံးက ပါချင်တယ်။
ReplyDeleteနိနိ
ဒီကဗျာလေးကို ဖတ်ဖူးတယ် ချိုသင်းရေ… ရင်ထဲမှာ စွဲနေတဲ့ ကဗျာလေးပါပဲ…
ReplyDeleteတို့ လဲလိုက်မယ် ချန်မထားနဲ့ … ပြဒါးလင်းဂူမှာ အပျင်းအတူ ထူကြစို့ နော်…
စိတ်တူကိုယ်တူ အပျင်းထူသူတွေ ပေါနေပါလား။ ကျွန်တော်လည်း အခုတလော ပျင်းနေတယ်။
ReplyDeleteအရမ်းကောင်းတဲ့ ကဗျာလေးကို အစ်မ ပျင်းနေတဲ့ အချိန် ဖတ်ခွင့်ရလိုက်ပြီး ကျေးဇူးတင်တယ်ဗျ ကျနော်လည်း ပျင်းတယ် အိပ်တောင်အိပ်ချင်လာပြီး ပျင်းလို့ ။ ကျနော်လည်းလိုက်ပျင်းမယ် ရောက်ရင် ကြေးနန်း ရိုက်လိုက်ပါး)
ReplyDelete်ဟေးးးးး ...
ReplyDeleteအဲလို အဖော်တွေကို ရှာနေတာ ကြာလှပေါ့...
အတူသွားကြပါစို့...
ရှေ့မှာ တို့ဘ၀ကြီး စောင့်ကြိုနေတယ်...
အမရယ် ကဗျာလေးကောင်းလိုက်တာ... အခုလည်း အဲ့သလိုပဲ တွေးနေတယ်... အရေးကြီးတာ ဘာမှ မရှိပါဘူးလို့...
ReplyDeleteမင်းရှိတာ ငါယူစား
ငါရှိတာ မင်းယူစား
အသားတွေ တဖဲ့စီဝေ
ရေအိုင်မှာ အတူသောက်
ဗိုက်မှောက်ပြီး နေတန်နေ...
အေးလိုက်တဲ့ ဘ၀။ နောက်က လိုက်ခဲ့ပြီ။
ဘဝမှာ ပျင်းနေနေ ၊ ပျော်နေနေ ကိုယ်စိတ်ချမ်းသာနေတယ်ဆိုပြီးတာပဲ ။ တို့လည်း အမှီပြေးလိုက်လာပြီ ။ ပျော်ပျော်ကြီး ပျင်းကြတာပေါ့ ။
ReplyDeleteဒီကဗျာလေးကို ဖတ်ဖူးတယ်...
ReplyDeleteရေသောက် ဗိုက်မှောက်ပြီး အပျင်းထူတမ်း အတူတူ ကစားကြတာပေါ့နော်...
အဖေါ်တွေမှ အများကြီးပဲ...
ကျနော်လဲ အပျင်းထူရင် မထတမ်းကို ပျင်းတာ
ReplyDeleteဝါသနာလဲပါတယ်
သွားကြမယ်လေ ..
ReplyDeleteအမရေ ...
ReplyDeleteညီမလည်း အပျင်းထူတမ်း ကစားချင်တယ် ... ။
မငြင်းမခုန်ဘဲ
သီချင်းအစုံ ဆိုချင်ရာဆို
စိတ်လိုတိုင်း ဖန်တီး
ကကြီး ခခွေးတွေ
ရေးချင်ရာရေး
တွေးချင်ရာ တွေးနေမယ်။
အဲဒီအပိုဒ်လေးကို အကြိုက်ဆုံးပဲ ... ညီမဘလော့နာမည်က တွေးမိတွေးရာ ရေးမိရေးရာဆိုတော့ တူနေလို့ :P
ပြဒါးလင်းဂူသွားရမှာလည်း ပျင်းတယ်။ လောလောဆယ်တော့ ကျောင်းတောင် မသွားဘူး။ အိမ်မှာပဲ အိပ်လိုက်အုံးမယ် ... :D
ပျင်းပါရစေ မမြမေ :P
ReplyDeleteစိတ်မရှိပါနဲ့။ အပျင်းထူတမ်းကစားရမှာကိုတောင် ပျင်းလွန်းလို့ပါ။
ReplyDeleteစိတ်ညစ်တဲ့ ဒသာနနဲ့  ဘ၀ကို ဖြုန်းတီးပစ်ဖို့ ပျင်း
ReplyDeleteနေဖို့ ပျင်း
စားဖို့ ပျင်း
ငါမှာ ပျင်းရမှာလည်းပျင်း ငပျင်း......။
အမှားတွေလုပ်ရမှာ ပျင်းလို့ အပျင်းထူတမ်းကစားရမယ် ဆိုရင်တော့ ပြဒါးလင်းဂူထဲကနေ မထွက်စတမ်း ပျင်းလိုက်တော့မယ်။
ReplyDeleteအခုလောလောဆယ်တော့ ကျနော်လဲ အလုပ်သွားရပျင်းနေတယ် အမ။ :D
အစ်မ အခုမှ ဆရာတင်မိုး ကဗျာမှန်း သိတော့တယ်...
ReplyDeleteအပျင်းထူတမ်း ကစားရအောင် ဆိုပြီး
စိတ်လေတိုင်း ရွတ်နေကျ ကဗျာလေး..။
မမိုးချိုရေ လောလောဆယ်တကယ်ပဲအပြင်းထူနေတာဗျို့ လုပ်စရာတွေတပုံကြီးရှိနေတာတောင်ပြင်းနေတာဗျာ ကျနော်တို့မောင်နှမတွေအပြင်းပြိုင်ကြရင်ကောင်းမလား
ReplyDeleteအစ်မရေ...
ReplyDeleteနေကောင်းရဲ့လား...
အပျင်းထူတမ်းကစားချင်လိုက်တာ...
လိုက်ခဲ့မယ်...
အခုတလော အပျင်းထူနေတာနဲ့ အတော်ပဲ။ အိမ်ထဲကနေလည်း အိမ်ပြင်ကို မထွက်ဖြစ်။ ပျင်းလွန်းလို့ ဘာပျင်းနေမှန်းကို မသိတာ။ ရူးချင်ချင်ပဲ။
ReplyDeleteတို့လဲပါမယ် ချန်မထားနဲ့။
ReplyDeleteမချိုသင်း အပျင်းထူထမ်းကစားဖို့ ခေါ်နေလို့.. အောက်ကို ကြည့်လိုက်တာ.. ကစားမဲ့လူတွေ တယ်များပါလား။
ReplyDeleteဒါဆိုလည်း..လိုက်မယ်..
လိုက်မဲ့ အဖော်တွေကလည်း..ကိုယ်ချစ်တဲ့ ခင်တဲ့လူတွေ ချည်းဆိုတော့.. ဟိုကျမှ..ဝေစား မျှစားကြတာပေါ့နော်။
း)
ပြဒါးလင်းဂူကို
ReplyDeleteကျနော်လဲ လိုက်မယ်...မချိုသင်း
နဂိုပျင်းဆိုတော့ အပျင်းထူတမ်း ပြဒါးလင်းဂူမှာ အစ်မတို့နဲ့ အတူတူတော့ ကစားချင်သား ။. ဒါပေမဲ့ ကစားပွဲဆိုတော့ မိုးချုပ်လို့နေ၀င် အမေကခေါ်ရင် ဖုတ်ဖတ်ခါပြီး မပြန်ချင့်ပြန်ချင် ထပြန်သွားရမှာကိုတော့ စိုးတယ် အစ်မရဲ့
ReplyDeleteပျင်းပျင်းရှိတာနဲ့  မချိုသင်းရဲ့ "အပျင်းထူ" တဲ့အကြောင်းလာဖတ်တာ ပျင်းဖို့ လဲ မကောင်းဘူး ...
ReplyDeleteကွန်မက်ရေးဖို့တောင်ပျင်းနေတယ။် မိုးချိုသင်း
ReplyDeleteပျင်းတယ်ဆိုတာတွေးဖို့ကိုတောင် ပျင်းနေတယ် mct...
ReplyDeleteဟုတ်တယ်အစ်မရေ..စာမေးပွဲရှိတာတောင် စာကျက်ဖို့ ပျင်းနေတယ် :(
ReplyDeleteဟုတ်တယ်အစ်မရေ..စာမေးပွဲရှိတာတောင် စာကျက်ဖို့ ပျင်းနေတယ် :(
ReplyDeleteချိုသင်းရေ
ReplyDeleteထိပ်ဆုံကလိုက်ချင်ပေမယ့် ၃၅ယောက်မြောက်ဖြစ်သွားပြီ
ကဗျာတွေလည်းယူခဲ့မယ်လေ နာဖျားတဲ့အခါ ဆေးအဖြစ်
သုံးဖို့..ထပ်ပျင်းလာရင် ဂူနံရံတွေမှာပန်းချီဆွဲကြမယ်
စကာထာဝှက်တမ်း ကစားကြမယ် ကိုယ်တိုင်ကျက်ထား
တဲ့သားရေတွေနဲ့ကျက်တဲ့ဗုံတွေကိုတီးလို့ စိတ်လွတ်ကိုယ်
လွတ်ကကြဦးမယ်....ကောင်းတယ်မဟုတ်လားးး...
အင်း...
ReplyDeletecomment တွေ ဖတ်ရတာ
ပျင်းနေသူတွေ ဒီလောက်ပေါတော့
ပြဒါးလင်းဂူသွားပေမဲ့
ပျင်းချိန်တောင်ရပါတော့မလား ညီမရေ..း)
မမ ကတော့ မပျင်းဘူး.. ဒါပေမဲ့ လိုက်ချင်တယ် အတူတူ..း)
မင်္ဂလာပါ အစ်မ MCT ..ဆရာကြီးဦးတင်မိုး ကဗျာ လေးကို သဘောကျ နှစ်သက်လို့ ကူးယူထားလိုက်ပါတယ်၊၊ တော်တော်လေးကို ပုံပေါ်တယ်ဗျာ၊၊
ReplyDeleteနှစ်သစ်မှာမင်္ဂလာအပေါင်းနှင့်ပြီးပြည့်စုံပါစေ ခင်ဗျာ
ReplyDeleteမ..ရေ
ReplyDeleteအမြဲတမ်း ပျင်းနေရရင်ကောင်းမယ်..
အမြဲတမ်း ဖတ်ဖြစ်တဲ့ blog ပါ.. မန့်ရမှာ ပျင်းလို့..:P
ReplyDeleteမမချိုသင်း
ReplyDelete၀တီလည်းလိုက်မယ် ...
ဘ၀အမောတွေခဏထားပြီး
အပျင်းထူတမ်းကစားချင်တယ် ...
ဆရာကြီးအနားမှာနေရတုံးကတော့
ဘ၀အမောတွေနဲ့ကြုံရင်
ဆရာကြီးက အပြုံးတွေနဲ့ ဖြေသိမ့်ပေးတယ်
အခုလဲ မမချိုသင်းရဲ့ ဘလော့လေးက
ဝတီရဲ့အမောတွေကို ဖြေသိမ့်ပေးပါတယ် ..
ကျေးဇူးပါ မမ
တကယ်ပဲတခါတလေအဲဒါမျိုး ခံစားရပါတယ်။ ဆရာရေးတဲ့ ကဗျာကထိမိလိုက်တာ။ ညီမမှတ်မိနေတဲ့ “ဧည့်သည်ကြီး”ကဗျာကရော ဆရာရေးတာလား။ ညီမကဗျာကိုကြိုက်ပြီး ကဗျာရေးသူကို မသေချာဘူးဖြစ်နေလို့ပါ။ သိပ်နာမည်ကြီးတဲ့ကဗျာလေ။
ReplyDeleteဂူထဲမှာ လူမနဲ(နည်း)ပါလား အမရေ
ReplyDeleteပြဒါးလင်းဂူ..
ReplyDeleteအတူတူသွား...
မင်းရှိတာငါစား...ငါ့ရှိတာမင်းစား...
ဂျေးမများနဲ့ ...
မမိုးချိုချက်တဲ့ ဝက်သား
စားမှာသာစား...
ပြီးရင် ပျင်းတမ်းကစားမယ်..
ဟင်းအတွက်နဲ့ တော့ မျက်နှာမကောင်းမဖြစ်နဲ့ ..။
အရမ်းကို သဘောကျတဲ့ ကဗျာလေးပါ
ReplyDeleteပြန်ဖော်ပြပေးတာ ကျေးဇူးအထူးပဲ မမိုးချိုသင်းရေ
ကဗျာဆရာတွေဟာ တခါတခါ လွတ်မြောက်ရာ ကဗျာလေးတွေ ရေးတတ်ကြတယ်
ဓာတ်တောင်ကူးသွားတယ်
မငြင်းမခုန်ဘဲ
ReplyDeleteသီချင်းအစုံ ဆိုချင်ရာဆို
စိတ်လိုတိုင်း ဖန်တီး
ကကြီး ခခွေးတွေ
ရေးချင်ရာရေး
တွေးချင်ရာ တွေးနေမယ်။
ကျနော်တော့ အဲဒီအပိုဒ်ကလေးထဲကလိုပဲဗျ။ ပျင်းလာရင် သီချင်းတွေအော်ဆို၊ တကယ်တွေးချင်ရာတွေး ရေးချင်ရာရေးပဲ :D
ခင်တဲ့...
မိုးမောင်
အမရေ ကျေးဇူးနော်။ လာဖြေပေးတဲ့အတွက်။
ReplyDeleteမမချိုသင်း
ReplyDeleteအမှန်ပဲ အမရေ....လူတွေဟာ တခါတလေမှာ ဘ၀မှာ ဘာမှ အဓိပ္ပါုယ်မရှိဘူးထင်ပြီး အပျင်းထူကြ ။ တခါတလေကျတော့လည်း မျှော်လင့်ချက်တွေရှိသေးတယ်ဟ လို့တွေးမိပြီး ပြန်အသက်ဝင်ကြ။
အနော်လည်း အမနဲ့တူတူ အပျင်းထူတမ်းကစားချင်တယ်။ ခုစင်္ကာပူမှာမိုးတွေ အရမ်းရွာနေလို့အနော်လည်းပျင်းနေတာ။
ချိုမာ (www.kyiphyupaing.blogspot.com)
မမချိုသင်း
ReplyDeleteအမှန်ပဲ အမရေ....လူတွေဟာ တခါတလေမှာ ဘ၀မှာ ဘာမှ အဓိပ္ပါုယ်မရှိဘူးထင်ပြီး အပျင်းထူကြ ။ တခါတလေကျတော့လည်း မျှော်လင့်ချက်တွေရှိသေးတယ်ဟ လို့တွေးမိပြီး ပြန်အသက်ဝင်ကြ။
အနော်လည်း အမနဲ့တူတူ အပျင်းထူတမ်းကစားချင်တယ်။ ခုစင်္ကာပူမှာမိုးတွေ အရမ်းရွာနေလို့အနော်လည်းပျင်းနေတာ။
ချိုမာ (www.kyiphyupaing.blogspot.com)
အသစ်တွေမတင်ဖြစ်ရင်တောင် ဘော်ဒါတွေဆီတော့ လည်ဖြစ်တယ် ထင်ပါရဲ့... အချိန်ရရင် ဒီဘက်လှည့်ခဲ့ပါဦး
ReplyDeleteဒီလိုသားမျိုးလေး မွေးချင်လိုက်တာ.
ReplyDeleteပြောရမှာတောင် အားနာမိတယ် ပျင်းရမှာတောင် ပျင်းနေလို့ ဆိုတဲ့ စာသားလေးသတိရမိတယ်.
ReplyDeleteကျွန်တော်လည်းပျင်းနေလို့ ဘလော့နဲ့ ၃ရက်လောက် အဆက်ပြတ်နေတယ်ဗျို့
ဟန်ကျတယ်ဗျာ
ReplyDeleteအခုတလော ကျနော်လည်း အဲဒီလိုဖြစ်နေတာ..။
ဒါနဲ့ အပေါ်ကစာတမ်းကို အရမ်းသဘောကျတယ်..
ReplyDeleteအစ်မ ပြောသလိုပဲ တစ်ခါတစ်လေမှာ ဘာမှ မလုပ်ဘဲ ခဏ ခွေနေချင်မိတယ်။
ReplyDeleteဒါပေမယ့်လဲ ကိုယ့်ကိုယ်ကို ပြန်သတိပေးနေရတယ်။
ဒီလို အချိန်တွေကို ဘယ်လောက် တောင့်တခဲ့ဖူးသလဲဆိုတာ။
ကဗျာ အတွက်လဲ ကျေးဇူး။
အခုတော့ ဒီစာမျက်နှာလေးတွေကပဲ အပျင်းလာထူစရာ နေရာလေး ဖြစ်နေတယ်။
ပျင်း
ReplyDeleteမချိုသင်းရေ
ReplyDeleteလာလည်ပါတယ်။ အ၇င်က ကွန်မန့်မပေးပဲ အမြဲတမ်းဝင်ဖတ်ပါတယ်။ မချိုသင်းရေးတဲ့စာတွေ ကြိုက်ပါတယ်။
အမှတ်တရ ရေးခဲ့မလား ...
ReplyDeleteသိမ်းထားချင်လို့ ။
ဟင့်အင်း ပျင်းတယ်.......
sayar Tin Moe is my favourite writer.
ReplyDeletePrevious time i don't know you are his daughter.As i know from one of your father's book,in his introduction comment.He said that "when the time i am writing this book,my daughter is just start walking and she is very cute and i love her so much".
Now, i found that baby:)
Nice to meet you, sister
That book is about the poem and i read that book when i was in Grade 11 in order to improve my writing skill of myanmar essay.
ခုန က အိအိ ဆိုလို့ လိုက်လာတာ
ReplyDeleteဖတ်ပြီးတော့ comment မယ်လဲ ကြံရော ပျောက်သွားရောရှင့်
ပြန်ဖြုတ်လိုက်တယ် ထင်ရဲ့
မမ Tag ထားတယ်နော်
ပုန်းမနေနဲ့.. ညီမလေး..း)
ကောမန့်လေး ရေးချင်ပေမယ့် နဲနဲတောင် လက်တွန့်သွားတယ် ... ၆၁ ယောက်မြောက် Comments တစ်ခုဟာ စာရေးသူအတွက် အားတစ်ခွက် ဖြစ်နိုင်ဦးမယ်ဆိုတာ သေချာပါ့မလား ... ရေရေရာရာ မသိပေမယ့် မရေမရာ အတွေးတွေနဲ့ပဲ ပြဒါးလင်းဂူက စောင့်နေတော့မယ် ... အပျင်းထူတမ်း တူတူကစားချင်လို့ :D
ReplyDeleteဆရာကြီး ကဗျာလေး ကောင်းလိုက်တာဗျာ။
ReplyDeleteကျနော်ကလည်းအပျင်းခပ်ထူထူဆိုတော့ အလွန်ကိုကြိုက်တယ် မချိုသင်းရေ ... အင်း ပြောမယ့်သာ ပြောရတယ် ... ဆရာ့ကဗျာတွေအားလုံးကို ကြိုက်တာပါပဲ
ReplyDeleteဒါနဲ့ကြုံလို့ မေးပါရစေ ... ဆရာရဲ့ နာမည်ကျော် ဧည့်သည်ကြီးကဗျာ အဆုံးသတ်စာကြောင်းရဲ့ မူရင်းစာသားလေးပြောပြပေးပါဗျာ ...
ငါ့ကိုပြန်ပို့ကြပါလေ လား ... ငါ့ကိုအိမ်ပြန်ပို့ကြပါလေ လား ... အဲဒီ၂ခုက ဆရာကိုယ်တိုင်ရေးထားတဲ့ ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁) ဆောင်းပါးထဲမှာကို ၂မျိုးဖြစ်နေလို့ အဲဒါအငြင်းပွားနေကြတယ်ဗျ ... ကျနော်လည်း အမှန်ကိုသိချင်လို့ပါ ... ဖန်မီးအိမ် စာအုပ်ကလည်း အိမ်မှာ သိမ်းထားရင်း ရှာမတွေ့တော့ဘူး
ကိုဟယ်ရီရေ
ReplyDeleteအဖေ့ မူရင်း ကဗျာစာသားက ငါ့ကို ပြန်ပို့ကြပါလေ ပါ။ အိမ် မပါပါဘူး။ အဖေ့ကဗျာတွေ ကြိုက်တယ်ဆိုလို့ ၀မ်းသာ ကျေးဇူးတင်ပါတယ်။
blog တစ်ခုမှာအမရဲ့ comment ကိုဖတ်ရင်းနဲ့ အမရဲ့နာမည်နဲ့ရင်းနှီးနေတာတော့ကြာပါပြီ။ အမရဲ့နယ်မြေကိုတော့ပထမဆုံးအကြိမ်လာလည်ဖြစ်တာပါ။
ReplyDeleteရောက်ရောက်ချင်းအဖေ့ရဲ့အငွေ့ အသက်ပါတဲ့ကဗျာလေးကိုဖတ်လိုက်ရတာ...ကျေးဇူးပဲနော်။
သမီးကလေးချို ပညာသင်တော့
အကြင်နာဝင်တဲ့ ဖခင်ပါလိုက်ပြီး
စာကြည့်တိုက်နား ရစ်သီ ရစ်သီ
ရင်ပြင်ဆီ ရစ်ဝဲ ရစ်ဝဲ နဲ့
အကဲ တခတ်ခတ်
အသည်း တဖျတ်ဖျတ်နဲ့
အမြဲမပြတ် စောင့်ကြည့်နေမိတယ်။
အဖေ့ရဲ့အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်မှုတွေကဒီလောက်ကဗျာဆန်မှန်းမသိခဲ့တာအမှန်...
သတိရတယ်ဗျာ......
မ . . .ရေ ~ ပျင်းတာတော့ မကောင်းဘူး ထင်ပါတယ် . . . game တခုအနေနဲ့ တော့ ခဏ ဆော့ချင်ဆော့ပေါ့ . . . အထူးသဖြင့် လူငယ်တွေပိုပြီး မပျင်းသင့်ဘူး ထင်ပါတယ် . . .
ReplyDeleteရွှေခိုင်