Monday, September 22, 2008
ပထမဆုံး
အကိုကြီး ကိုအောင်သာငယ်က ပထမဆုံးတွေ ပြောပြ- တဲ့။ Tag လာတယ်။ အကိုနဲ့က ဘလော့ဂ်လုပ်မှ ခင်ရတာဆိုပေမဲ့ ဘူမိဗေဒနဲ့ ကျောင်းပြီးတယ်ဆိုတော့ ဘူမိမောင်နှမတွေမို့ စိတ်ထဲမှာ ခင်မင်ရင်းနှီးသလို ဖြစ်ပြီးသားလေ။ Tag ပုံကလဲ ကြည့်ပါအုံး၊ ရေးချင်ရေး မရေးချင် မရေးနဲ့ တဲ့။ ခပ်မာမာပဲ။ နောက်ပြီး သူရဲ့ ပထမဆုံး ပစ်ဖူးသော သေနတ်က AK-47 ဆိုပဲ။ ဒါနဲ့ ကြောက်ကြောက်နဲ့ မြန်မြန်ပဲ ရေးလိုက်ပါကြောင်း။
စ ပြီဗျို့..
ပထမဆုံး တက်ရသည့် ကျောင်း - အမေ့ကျောင်း ပျိုးခင်း
ပထမဆုံး တက်ရသည့် အတန်း - မူကြို ပေါ့..
ပထမဆုံး အတန်းပိုင် - အမေ လေ။ ဒေါ်မြင့်မြင့်စန်း ပါ။
ပထမဆုံးသော သူငယ်ချင်း (ယောကျာင်္းလေး) - လင်းလင်း (အိမ်နီးနားချင်းပေါ့၊ လင်းညွန့်ကြူး လို့ ခေါ်တယ်)
ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - အိအိ တဲ့။ (သူလဲ အိမ်နီးချင်းပဲ။ အိပ်ချိန်ပဲ ခွဲအိပ်တယ်။)
ပထမဆုံး ဖတ်ရသော စာစောင် - ရွှေသွေး။ (ဦးဘကြည် ပန်းချီတွေ သိပ်ကြိုက်တာ။)
ပထမဆုံး ဖတ်ရသော စာအုပ် - စုံထောက် ဦးစံရှား ပေါင်းချုပ် (ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန်တာပါ) အမှုတွေကို အလွတ်ရတဲ့အထိ ဖတ်တယ်။
ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ - ဇွန်ပန်းရုံအနီး လှည်းဘီးကျွံနေသည်၊ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် တဲ့။ ခုထိ သူငယ်တန်းစာ မကြေသေးသလိုပဲ။
ပထမဆုံး အလွတ်ရသည့် ကဗျာ -မမ ၀၀ ထထက၊ အက ပထမ ဆိုတဲ့ ကဗျာ။ အဖေ က ကိုယ့်အမတယောက်အတွက် စပ်ပေးတာ။ ကျောင်းမှာလဲ သင်ရတယ်။
ပထမဆုံး ရဖူးသော ဆု - လွတ်လပ်ရေးနေ့ အပြေးပြိုင်ပွဲမှာ၊ ဒုတိယ ရတယ်လေ။ ပြေးလိုက်ရတာ ခုထိပဲ။ သေလု လို့။
ပထမဆုံး စီးရသော ဘတ်စ်ကား -၁၆ ကားကြီး။ ငယ်ငယ်ကတည်းက စီးဖူးတာပါ။ ဘေးအကာတွေက သစ်သားတွေနဲ့ လုပ်ထားတာ။
ပထမဆုံး ဆိုခဲ့သော သီချင်း - ပါးပို့ မောင့်မျက်နှာ၊ တကဘာကြီး တခုလို.. တဲ့။ (တကယ်က ကျမအဖို့ မောင့်မျက်နှာ ကမ္ဘာကြီး တခုလို လို့ ဆိုတာ။ အသံက ပီသေးဘူးလေ အဲဒီတုန်းက)
ပထမဆုံး ရေးခဲ့သော ရည်းစားစာ - ဒီမေးခွန်းကို ကျော်တယ်ဟေ့၊ မမှတ်မိတော့လို့ :P
ပထမဆုံး ကိုယ်ရေးတဲ့ ကဗျာ - အဖေတောင် နားမလည်လို့ abortion ဖြစ်သွားပါတယ်။ မေးကြည့်ချင်တယ် ပို့စ်မှာ ရေးဖူးပါတယ်လေ။ ပြန်မဖော်ပါရစေနဲ့တော့ :P
ပထမဆုံး ရောက်ခဲ့သော အခြားမြို့ - အဖေ့ ရွာ၊ ကန်မြဲ ဇဂျမ်း တဲ့။ တောင်သာ နယ်က။ အဒေါ်နဲ့ ၄တန်းကျောင်းပိတ်ရက်မှာ လိုက်သွားတယ်။
ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား - စင်ကာပူ။ (ဘိုကေ နောက် ဆံရှည် ပါလာတာလေ)
ပထမဆုံး သောက်ဖူးသော ဆေးလိပ် - သုခိတာ ထင်ပါရဲ့။ အဖေ့ဆေးလိပ်တို ဖင်စီခံလေးကို စုပ်နေတုန်း အဖေမိသွားတယ် အဟဲ။
ပထမဆုံး သောက်ဖူးသော အရက် -ကလေးတုန်းက ရေနွေးကြမ်းဆိုပြီး ဦးလေးကြီး တယောက်က ညာတိုက်လို့ တို့ ဖူးတယ်။ ခါးလိုက်တာ။
ပထမဆုံး ဘလော့ဂ် ပို့စ် - ထာဝစဉ်
ပထမဆုံး ပစ်ဖူးသော သေနတ် - ရေ သေနတ် (အထင်မသေးပါနဲ့၊ ကျိုက်ထီးရိုး ၀ါးသေနတ်လဲ ပစ်ဖူးပါတယ်။)
ငယ်ငယ်က အဖြစ်တွေမို့ သိပ် မမှတ်မိလို့ မှတ်မိသလောက် ရေးထားတာပါ။ ခုလို ပြန်တွေး ဖြစ်တော့ ကြည်နူးစရာပေါ့။Tagတာကို ပထမဆုံး ရေးသူ မဖြစ်ခဲ့သော်လည်း နောက်ဆုံးက မဟုတ်တဲ့ ခင်မင်မှုများနဲ့ပါလို့၊ အဟက် ဟက်။ (အော်တိုတွေထဲမှာလို ရေးကြည့်တာ :P)
မိုးချိုသင်း
25 comments:
  1. ကောင်းလိုက်တဲ့ ပထမဆုံးတွေပဲ...ကိုယ်လည်း ပထမဆုံးကော်မက်ရေးရတယ်ဟေ့.. ဟဲဟဲ (ဟုတ်ရဲ့လားမသိ၊ မြန်မြန်publish လုပ်မှ)
    ReplyDelete
  2. ပထမဆုံးတွေကို အမတို့က အတော်မှတ်မိတာပဲ..
    ကျနော်က ရေးတေးတေး တွေပဲ သိတော့တယ်..
း)
    ReplyDelete
  3. မချိုသင်းရေ- ပြန်လာဖတ်အုံး..ခုန.. ပထမဆုံးဆိုတဲ့..ဆရာကြီးတင်မိုးကဗျာလေး..မပါဘူး။
    မချိုသင်းရဲ့..ပထမဆုံး..ကောင်လေးသူငယ်ချင်းကို သိတယ်။ ရိုးရိုးနော်- ရွှေနီးမျိုးစပ်း)
    ReplyDelete
  4. ဒါမျိုးကျော်ခဲ့လို့ မရဘူးနော်။ ပြောပြရမှာဘဲ။ ပထမဆုံး ပါးပို့ မောင်မျက်နှာ တကဘာကြီး တခုလိုက ဘယ်သူလဲ။ ပြောပြပါ
    ReplyDelete
  5. ရွှေသွေးတွေ စဖတ်ရတာတော့ တူသွားပြီ အမရေ။ ဂျမ်းလည်း ဦးဘကြည် ပန်းချီတွေကို သိပ်ကြိုက်တာ။ တော်တော်များများ ရန်ကုန်မှာ ခုထိ သိမ်းထားတုန်းပဲ :P
    ReplyDelete
  6. ၁။ သိပ်ကောင်းတဲ့ အမှတ်သညာ။ ဘာဖြစ်လို့ မှတ်မိနေတာလဲ ပထမဆုံးတွေကို။
    ၂။ မြို့တော်သည် Sacramento ဖြစ်ကြောင်း မှတ်ချက် ထည့်လိုက်ပြီ။ အိမ်ကိုတော့ နောက်တစောင်ရေးဖြစ်တဲ့အခါမှပဲ ထည့်ပြောလိုက်မယ်၊ မှားသွားတဲ့အကြောင်း။
    ၃။း)
    ဇာနည်ဝင်း
    ReplyDelete
  7. မမိုးချိုရေ..
    ကိုလင်းညွန့်ကြူးနဲ့ရှင်မင်းခင်တယ်မြန်မာပြည်မာတုန်းကလေ..
    ရှင်မင်းထက်တော့ကြီးတယ်...
    TTC မှာကျောင်းတက်ခဲ့ပြီး
    Hotel မှာလုပ်တယ်ဆိုရင်တယောက်ထဲဖြစ်မှာပါ...
    ReplyDelete
  8. ညီမရေ ကွန်မန့်တော့ ပထမဆုံး မရေးလိုက်ရဘူး
    ပြန်ရေးပေးတာ ကျေးဇူးအထူး။
    ခင်မင်စွာ
    အောင်သာငယ်
    ReplyDelete
  9. အမက ဆရာမ သမီးဆိုတော့ ရှေ့ဆုံးတန်းမှာ ထိုင်ရတယ်ပေါ့။ ဟုတ်တယ်ဟုတ်။
    ReplyDelete
  10. ဇွန်ပန်းရုံအနီး လှည်းဘီးကျွံနေသည်၊ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် တဲ့။ ခုထိ သူငယ်တန်းစာ မကြေသေးသလိုပဲ။
    ဒါလေးကိုသဘောကျတယ်အမရေ..
    မမ ၀၀ ထထက၊ အက ပထမ ဆိုတဲ့ ကဗျာ။ အဲဒီကဗျာကြားရင်
    အနာဂတ်မြန်မာကလေးတွေ မြန်မာစာနဲ့ ရင်းနှီးလွယ်အောင် ကလေးကဗျာတိုလေးတွေ နဲ့ အားထုတ်ခဲ့တဲ့ ဆရာကြီးကို အနာဂတ်လူငယ်တွေ အတွက် ဘာမှထိထိရောက်ရောက်မလုပ်ပေးတဲ့သူ တွေက ထောင်ချခဲ့တာ ဘယ်တော့မှမကျေနပ်ဘူး..
    ReplyDelete
  11. သူ့ဆီလာရင် သူ့ဘလော့မှာ နေမိတာ သိတ်ကြာတာဘဲ.. ကွန်မက်ရှည်ရှည်တွေ ရေးမိသွားလို့ ဖြည်းဖြည်းဘဲ လာတယ်။
    ဘာတွေ တက် သတုံး။ ဘယ်မှတ်မိတော.့မှာလဲ. ကဘေကမ္ဘာ က ဟာ တွေလာ မေးမနေနဲ. လို.တှို သာဆို ရင် အဲလို ပြော လိုက် မှာဘဲ.။
    တို့ ကလည်း မိုးချူိုသင်းကို နောက် ဆုံး မှ ခင်ရပေမဲ့ ရှေု့ ကလူ တွေ ထက် ပိုခင်ပါတယ်လို့
    ReplyDelete
  12. အမရေ..
    ကျွန်တော်လည်းရွှေသွေးတို့..
    တို့ကျောင်းသားတို့..
    အမြဲဖတ်ဖြစ်တယ်..
    အဖေဖတ်တဲ့နိုင်ငံတကာရေးရာ..တို့
    သုတပဒေသာတို့...
    လည်းဖတ်ဖြစ်တယ်..
    ReplyDelete
  13. ဘလော့နီးခြင်းတစ်ယောက်လာ၍ နုတ်ဆက်သွားပါတယ် ။ ရောက်ဖြစ် ဖတ်ဖြစ်သော်လည်း မှတ်ချက်မရေးခဲ့တာပါ ။ ခင်မင်လျက် ။မောင်တိန်
    ReplyDelete
  14. ပထမဆုံး နောက်ဆုံး ပြီးတော့ကော
    ReplyDelete
  15. ကျွန်တော်လည်း အမလိုပဲ ရေးတဲ့အခါကျ လူလည်ကျမှပဲ.. မှတ်မိတော့ဘူး လုပ်မှာလေ..
    ရွှေသွေး ဖတ်တာကတော့ တူသွားပြီ...ရွှေသွေး တေဇ မိုးသောက်ပန်း အကုန်ကြိုက်... တို့ကျောင်းသားကိုတော့ သိပ်မကြိုက်.. မေမေက စာစီစာကုံးဖတ်ခိုင်းပြီး ရေးခိုင်းလို့လေ... :P
    ReplyDelete
  16. မကြီးမိုး...
    ထပ်ပြောလိုက်ပါဦး...
    သစ်နက်ဆူးတု့ သားအဖကို အစွန်းရောက်တွေလို့ ပြော
    တာ...
    “ငါ ပထမဆုံးဟေ့” လို့ ...။။ဟားဟား ငါ့ အမကို ဓါတ်ပုံထဲမှာ မြင်ဘူးပေမယ့် သိပ်မမှတ်မိဘူး ...
    နဲနဲ ၀ တယ်လို့ တော့ထင်တယ်...
    ဒါပေမယ့်...
    အဲဒီစကားလေးကြောင့် ကိုယ့်အမ အရင်း တစ်ယောက်လို ချစ်သွားမိတာဗျ..။
    ReplyDelete
  17. ဟီးးဟုတ်တယ်..
    pti ပြောသလိုပဲ..
    တေဇနဲ့..မိုးသောက်ပန်းကိုမေ့သွားတယ်..
    ReplyDelete
  18. မချိုသင်း ပထမဆုံး ဆိုတဲ့ သီချင်းကလည်း ချစ်စရာလေး...။ ပုံရိပ်လည်း မမ၀၀ ကဗျာလေးကို ကြိုက်တယ်။ ဦးဘကြည်ရဲ့ ပန်းချီတွေကိုလည်း အသဲစွဲပေါ့။ တချို့ ပုံပြင်လေးတွေကို ပန်းချီကြောင့် မှတ်မိနေတယ်။
    ReplyDelete
  19. ဒို့ ခရီးတခုသွားတော့ ကျောင်းဆရာမတစ်ယောက်နဲ့ တွေ့ ခဲ့တယ်။ သူက ဒို့ တွေကို နေရာတော်တော်များများလိုက်ပို့ တယ်။ ပြန်ခါနီးတော့ သူ့ အိမ်မှာ ရေနွေးကြမ်းသောက်ဖို့ အလည်ခေါ်တယ်။ အမှန်တိုင်းပြောရရင် အရမ်းပင်ပန်းနေတာကြောင့်မလိုက်ချင်တော့ဘူး။ သူံကိုခင်မင်မိလို့ ပြီးတော့အားနားလို့ လိုက်သွားတာ။ ဆရာမက သိတ်ဖော်ရွေတယ်။ စကားပြောတာတအားယဉ်ကျေးပြီး နှိမ့်ချပြောတယ် ။
    အိမ်ထဲဝင်တော့ ကိုယ်သိတ်အံ့သြသွားတယ်။ နံရံအပြည့်နီးပါးဆွဲထားတဲ့ပန်းချီကားကိုကြည့်ပြီးငေးနေတော့ ဆရာမက နားနားကပ်ပြီး ဘယ်ရောက်နေလဲသိလားတဲ့။ ကိုယ်က ခေါင်းရမ်းတော့ တိုးတိုးလေးပြောတယ်။ သူပြောစကားကြောင့် ကြက်သီးထပြီးထပ်အံ့သြတော့ လက်ကိုတအားလာဖျစ်ပြီး ရောက်ဘူးစေချင်လို့ ပါတဲ့ အမှတ်တရပေါ့တဲ့။ ပြီးတာနဲ့ ဒို့ ကိုပြန်စေတယ်။ ထောက်လှမ်းရေးက တောက်လျှောက်ပါလာတယ်လေ။ သူကလည်းသိနေတယ်။ ဒို့ ရောက်ခဲ့တာ ကန်မြဲ ဇဂျမ်းတဲ့။ ၁၉၉၃ လောက် ကပါ။ ရောက်ခဲ့တဲ့အိမ်က ချိုသင်းဖေဖေ့အိမ် ချိုသင်းရဲ့ ။ ကိုယ်တွေ့ ခဲ့တာ ဒေါ် အောင်ဆန်းစုကြည်ပန်ချီကား။ တွေ့ ခဲ့တဲ့ ဆရာမက ဆရာကြီးဦးတင်မိုးရဲ့ ညီမလို့ ပြောတယ်။
    ဒို့ ကအဲ့လောက်တုံးတာ။ ချိုသင်းကိုလဲ ဆရာကြီးသမီးမှန်းမသိဘူး။ ဆရာကြီးရွာနဲ့ သူအိမ်ထဲ ရောက်တာတောင်မသိဘူး။ ခုတော့ တကယ့်ကိုဘဲ ဆရာမလေးပြောသလို အမှတ်တရဖြစ်နေတော့တာ။ ကြွားမဆုံးပြောမဆုံး နိုင်အောင်ဘဲ။ ခုလည်းကြုံကြွား
    ReplyDelete
  20. ပထမဆုံး post မှာနောက်ဆုံးကော်မန့်လာပေးပါတယ်။
    တကယ်လို့ သူများထက်နောက်ကျပီးမှ ပေးသူတွေ တခြားပို့စ်မှာပဲပေးကြပါနော်..
    နောက်ဆုံးပိတ်လိုက်ပီမို့ပါ..။ဟီး
    ReplyDelete
  21. မြတ်နိုးရေ… မရဘူး… ပြန်ဖွင့်လိုက်ပြီ….
    ဒီက နေမကောင်းလို့  ခုမှ အမှီလိုက်ဖတ်နေရတာ…
    ချိုသင်းရေ… ပထမဆုံးလေးတွေတောင် စိတ်ဝင်စားအောင် ရေးတတ်နိုင်လွန်းတယ်… ပြီးတော့ Messageပါးပါးလေးကလဲ ထည့်လိုက်သေး…
    ReplyDelete
  22. ဟဲဟဲ...
    အခုတော့ ဘာတတ်နိုင်ကြသေးလဲ...
    ချိုသင်းရဲ့  ပထမဆုံးပိုစ့်မှာ နောက်ဆုံးက Comment ရေးသူ သက်ဝေ...။
    ချိုသင်းရေးသမျှကို အမြဲတမ်း ကြိုက်နှစ်သက်စွာ အားပေးနေကျဖြစ်သည့်အတိုင်း... ယခုလဲ.. နှစ်သက်စွာ အားပေးသွားပါကြောင်း...။
    ReplyDelete
  23. ဟဲဟဲ နောက်ဆုံးရဲ့ ဘိတ်က ရေးမလို့ စောင့်နေတာ။ ပထမဆုံးတွေ သိတ်များနေလို့။
    ReplyDelete
  24. ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ - ဇွန်ပန်းရုံအနီး လှည်းဘီးကျွံနေသည်၊ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် တဲ့။ ခုထိ သူငယ်တန်းစာ မကြေသေးသလိုပဲ။
    (ဒီစာက ဆက်ရွတ်ရနေဦးမယ့် စာပဲ အစ်မရေ)
    ဘာရမလဲ.. ပထမဆုံးပို့စ်ကို နောက်ဆုံးက ကွန်မန့်လာရေးတာပေါ့။
    ကလူသစ် စောသွားတယ်.. ဟက်ဟက်
    ReplyDelete
  25. နောက်ဆုံးရဲ့ အနောက်က နေ အတွန့် ထွက်လိုက် အုန်းမယ်။
    ReplyDelete
အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။