Thursday, May 21, 2009
ထာဝစဉ်
အခုတလော ဘလော့မရေးနိုင်တာ ကြာပါပြီ။ မရေးနိုင်တဲ့ အကြောင်းကတော့ ကိုယ်ရေးတာထက် သူများရေးတာတွေချည်း စိတ်ဝင်တစား လိုက်ဖတ်နေမိလို့ပါ။ စိတ်မရွှင်တာလဲ ပါတာပေါ့။ တနေ့တနေ့ သတင်းတွေကို ၀င်းဒိုးတွေ အများကြီး ဖွင့်ပြီး ဖတ်နေတာ။
ဒီနေ့မနက်မှာတော့ မမအယ်ဇီ က အဖေ့ရဲ့ ထာဝစဉ် ကဗျာလေး ပြန်တင်ပေးပါ လို့ ပြောလာတာမို့ မဖတ်ဖြစ်တဲ့သူများ ဖတ်ရအောင် ပြန်တင်ပေးလိုက်ပါတယ်။ ဒီဘလော့ကို စလုပ်တာ မနှစ်က ဇူလိုင်လ ၂၆ရက်။ မလုပ်တတ် လုပ်တတ်နဲ့ စလုပ်မယ်ဆိုတော့ ဘလော့ကို ကူညီလုပ်ပေးတဲ့ မသဒ္ဓါ က အစမ်း တပုဒ်လောက် ရေးပြီး ပို့စ် တင်ကြည့်ပါလား တဲ့။
ချက်ချင်းဆိုတော့ ဘာရေးရမှန်းလဲ မသိ၊ ဒါနဲ့ ကိုယ့်စိတ်ထဲမှာ အမြဲစွဲနေပြီး အလွတ်ရနေတဲ့ ဒီကဗျာလေးကို ချရေးပြီး ပထမဆုံးပို့စ် အဖြစ် ဒီဘလော့ကို စ ဖွင့်ခဲ့တာပါ။ ကဗျာနံမည်က ထာဝစဉ် တဲ့။
ဒီကဗျာလေးကို အဖေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးခဲ့တာပါ။ မတရားအကျဉ်းကျခံနေရတဲ့ ဒေါ်စုကို အပြင်မှာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း သူလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေတာကို တွေ့ချင် မြင်ချင်စိတ် အင်မတန်ပေါက်တယ် တဲ့။
ဒါပေမဲ့ ကဗျာဆရာက သူစိတ်ဖြေလိုက်ပါတယ် တဲ့၊ မမြင်ရလည်း ကိစ္စမရှိပါဘူး၊ မတွေ့ရလဲ ကိစ္စမရှိပါဘူး၊ သူ့ကို သတိရလွမ်းဆွတ်စိတ်နဲ့ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရာ လမ်းကို အလုပ်လုပ်ရင်း စိတ်ဖြေလိုက်ပါတယ် တဲ့။ ကဗျာလေးကို အောက်မှာ ပြန်ဖော်ပြထားပါတယ်။ ဖတ်ကြည့်ပါအုံးရှင်။
ထာဝစဉ်
မမြင်ရလည်း
သင်က ရဲဘော်ပင်။
မကြားရလည်း
အနားက ရဲဘော်ဟာ သင်။
မတွေ့ရလည်း
မနေ့က အတိုင်းပင်။
နေ့ရက်ကြာလည်း
သစ္စာမပျက်၊ အောက်မေ့လျက်နှင့်
တသက်သက်ပ ၊ လွမ်းဆွတ် တ ကာ
ဘ၀ကို မြှုပ်၊ အလုပ်လုပ်သည်
ဝိမုတ္ထိလမ်း
ထာဝစဉ် ။ ။
တင်မိုး
အဖေ ဒီကဗျာလေးကို အဲဒီတုန်းက နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်သွားပေးခဲ့ပါတယ်။ အဖေနဲ့အတူ ကိုယ့်အမ မနှင်းနဲ့ ကိုယ်ပါ လိုက်သွားခဲ့တာမို့ ပန်းချီကားနဲ့ တွဲရက် ဒီကဗျာလေး ဖတ်ပြီး သူ ပြုံးနေခဲ့တာ ခုထိ မှတ်မိနေပါတယ်။
အခုအချိန်ထိ “မမြင်ရလည်း သင်က ရဲဘော်ပင်” လို့ ဆိုနေရတုန်းကိုတော့ တကယ်ပဲ ၀မ်းနည်းနေမိပါတယ်။
မိုးချိုသင်း
47 comments:
  1. မိုးချီူသင်းကိုဝမ်းသာစေချင်ပါသည်။
    ReplyDelete
  2. ဒီကဗျာလေးဖတ်ပြီး ပြုံးနေမယ့် အန်တီစုကို ပြေးမြင်လိုက်သေးတယ်...
    အန်တီစုက ဆရာတင်မိုးရဲ့အကြောင်း ကောင်းကောင်းသိပြီးသားပါလေ...
    ကိုလူထွေးလဲ ဆရာကြီးရေးခဲ့တဲ့ ကဗျာတွေနဲ့  ပိုစ့်တင်ထားတယ်...
    လာဖတ်လှည့်...း)
    ReplyDelete
  3. ဘဘ ဆရာကြီး ဦးတင်မိုး ရဲ့  ဒီကဗျာလေး ဖတ်ရတာ
    ရင်ထဲ အတော် နာကျင်နေမိတယ် ။ ကိကိရဲ့ အဖေ ကိုလည်း သတိသွားရမိတယ် ။ ဒီမို အရေးနဲ့ ဒီစိ နဲ့ ဘဲ ဖေဖေ ဆုံးခဲ့ ရတာ ၉၃ ခုနှစ်ကပေါ့ ။ ခုချိန်ထိ သူ ဖြစ်စေချင်တာတွေ အကောင်ထည် မပေါ်လာသေးဘူး။
    မဝေးတော့တဲ့  ထာဝစဉ် ဖြစ်ပါစေ
    ReplyDelete
  4. ကဗျာလေးတင်ပေးလို့ ကျေးဇူးပါချိုသင်းရယ်။
    မမြင်ရလည်း သင်ကရဲဘော်ပင်လို့ ပြောနေရလို့ တစ်တိုင်းပြည်လုံး ၀မ်းနည်းနေတာပါလေ။
    မနေ့ ညကတောင် အကျဉ်းထောင်က အလင်းရောင်လာဖတ်ဖြစ်တယ်။
    ခဏခဏ ၀မ်းပဲ နည်းနေရတာပဲ။
    အယ်ဇီ
    ReplyDelete
  5. ကျွန်တော်လည်း စာရေးချင်စိတ်မရှိပါ။ ရေးပြီးသား စာကို အချိန်အရသာတင်လိုက်ရတာ...
    မမြင်ရလည်း သင်က ရဲဘော်ပင် တဲ့... ဟုတ်တယ်အမ... စိတ်တူတဲ့လူတွေအားလုံးလည်း မမြင်ဖူးကြပေမယ့် ရဲဘော်တွေပဲပေါ့...
    ReplyDelete
  6. မမိုး...
    ကဗျာကိုဖတ်..
    သက်ပြင်းချရင်း ၀မ်းနည်းစွာပြန်သွားပြီဗျာ..။
    ReplyDelete
  7. မချိုသငိးရေ...ဘာပြောရမှန်းမသိဘူး။
    စိတ်ထဲမှာ ၀မ်းနည်းနေမိတယ်။
    ဆရာက သူပြောချင်တာကို တိုတို နဲ့ 
    ရှင်းရှင်းလေး ရေးထားတာ...
    ReplyDelete
  8. မကြီးချိုသင်း
    တကယ် ဘာမှမသိခဲ့ဘူး
    မသိခဲ့ဘူးဆိုတာက ဖြစ်စဉ်တွေမဟုတ်
    ဖြစ်ပျက်ခဲ့တဲ့ ဆက်စပ်မှုတွေ
    ဒါပေမယ့် အခုချိန်မှာ မကြီးချိုသင်းတို့ မအယ်တို့
    ကိုထွေးတို့ စာတွေကိုဖတ်ပြီး
    ဝမ်းနည်းမိတယ်
    ဝမ်းနည်းတယ်ဆိုတာက ကိုယ့်အမတွေ အကိုတွေ ဖြစ်ပျက်ခံစားခဲ့တာကို ငါဘာလို့မသိခဲ့ပါလိမ့်ပေါ့
    အခုချိန်ပြောရင် ကိုထွေးကို ပြောခဲ့သလို အခုမှပါကွာလို့ ပြောရင် အပြောခံပါ့မယ်
    ဒါပေမယ့်ဝမ်းနည်းတယ်
    ဘာဖြစ်ဖြစ် ကျနော့်အမတစ်ယောက်လို ရင်ထဲမှာထားတဲ့ အမကြီးချိုသင်း ခံစားရသလို
    သားလဲခံစားနေရမှာပါ
    တစ်ချိန်ချိန်မှာ အမချိုသင်းအဖေ့အတွက် ဝမ်းသာစွာ ပြုံးနေမယ့် အပြုံးတစ်ခုကို ကျနော်မြင်ချင်ပါတယ်ဗျာ
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်
    ReplyDelete
  9. မရေ.......
    အကြိမ်ကြိမ်လာဖတ်ဖူးပေမယ့်
    တခါမှမမန့် ဖူးဘူးဒီတခါမန့် သွားတယ်
    တကယ်ပဲ ပျော်စေချင်ပါတယ်ရှင်
    ReplyDelete
  10. ဟုတ်တယ်မမိုးရေ ဘာလုပ်လုပ်စိတ်မပါဘူး အရမ်းခံစားရတယ်
    ဘ၀ကိုမြှပ်အလုပ်လုပ်သည်တဲ့
    သူ့ လိုအားလုံးကိုစွန့် လွှတ်ပြီး အနစ်နာခံ ကြိုးစားနေတဲ့ ခေါင်းဆောင်ကောင်းရှိတာတောင်ဘာမှ မပြောင်းလဲနိုင်သေးဘူးတဲ့လား
    သိပ်ချစ်တဲ့မြန်မာပြည် လွတ်မြောက်စေချင်လှပါပီ
    ဒေါ်အောင်ဆန်းစုကြည် အောင်မြင်ပါစေ
    မြန်မာပြည်သားအပေါင်းဘေးရန်ကင်းပါစေ
    ကို့ ဆုတောင်းတွေအားလုံးမပြည့်နိုင်ဘူးလို့ မပြောကြပါနဲ့ 
    ReplyDelete
  11. တော်တော်ကောင်းတဲ့ကဗျာပဲ.. သိပ်ကြိုက်တယ်...
    ReplyDelete
  12. ဆရာကြီးရှိနေသေးရင် နောက်ထပ်သေသပ်လှပတဲ့ ကဗျာတစ်ပုဒ်ကို ရေးမယ်ထင်မိတယ်။
    ReplyDelete
  13. “အဲဒီတုန်းက ဆရာတင်မိုးဆိုတာ အသက်ရှုရင်တောင် ကဗျာတွေ ထွက်ကျလာတတ်မယ့်သူမျိုးလို့  ကိုလူထွေး ထင်ခဲ့မိပါသေးရဲ့...” ကိုလူထွေးရဲ့ ပိုစ့်မှာ ရေးထားတာလေးပါ..
    အစ်မရေ..
    “ထာဝစဉ်” ကဗျာလေးရော ကိုလူထွေး တင်ထားတဲ့ ကဗျာတွေရော.. ရင်ဘတ်ကြီးနဲ့ သေချာ ဖတ်သွားပါတယ်..
    ReplyDelete
  14. ရင်ထဲမှာ အစဉ်အမြဲ ထာဝစဉ်ပါ ချိုသင်းရယ်…
    ကဗျာလေးက သိပ်ကို ထိမိပါတယ်…
    နှလုံးသားထဲမှာ အမေ့ပုံရိပ်အမြဲရှိနေတာ့ အမြဲအနားမှာပါ…
    ReplyDelete
  15. သိတယ်မမဒီရက်စိတ်မရွှင်ဘူးဆိုတာ။
    ကဗျာလေးကကောင်းလိုက်တာ။
    ReplyDelete
  16. ဘ၀ကို မြှုပ် အလုပ်လုပ်သည်
    ထာဝစဉ် ။ ။
    Nice, clear, wide mean, encourage and
    stable, strength
    I feel something that I can't explain.
    Bino
    ReplyDelete
  17. ဟုတ်တယ် အစ်မရယ်...ကဗျာလေး ဖတ်ပြီး ရဲ့ပြုံးနေမယ့်အန်တီစု ရဲ့ မျက်နှာလေးကိုမြင်ယောင် မိပါတယ်... ရင်ထဲမှာလဲ နာကျင်မိပါတယ်.. ဘယ်တော့များမှ....း(
    ReplyDelete
  18. အစ်မချိုသင်းရေ..
    ဘယ်တော့များမှ...
    ReplyDelete
  19. ဒီကဗျာလေးကြောင့် မျက်ရည်လည်ရင်းပဲ အားတက်မိပါတယ်..ဆရာကြီးရေ။
    လူ့ဘ၀ အတိုင်းအဆ ထက် ကျော်လွန် တဲ့.. မှန်ကန် မျှတ မူတွေ အတွက်- မမြင်ရလဲ.. ရဲဘော်တွေ ချည်းပါပဲ..အမ ချိုသင်းရေ။
    ReplyDelete
  20. အင်း... မတွေ့ရလည်း မနေ့က အတိုင်းပါပဲလေ...
    ReplyDelete
  21. အမေစု နဲ့ ပတ်သက်တဲ့ သတင်းလေးတွေကို လိုက်ဖတ်ရင်းနဲ့ မမိုးချိုသင်းရဲ့ ဘလော့ကို ထပ်မံပီးရောက်လာတာပါ။ အမေရဲ့ ဇွဲမာန်နဲ့ အာဇာနည်စိတ်ဓာတ် အကြောင်းကတော့ ဖတ်လိုက်ရတဲ့အခါတိုင်း ပါးပြင်ပေါ် ကြက်သီး ထမတတ်ပါဘဲ။ အမေ့ကို အားပေးချင်တယ်။ အာဇာနည်စိတ်ဓာတ် နဲ့ ပြည့်စုံတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါဗျာ။ မမိုးချိုးသင်း ရဲ့ အဖေရေးထားတဲ့ ကဗျာကို လေးစားစွာနဲ့ အလေးပြုသွားပါတယ်။
    ReplyDelete
  22. အဲဒီကဗျာလေးကို ဖတ်ရတဲ့အချိန် ရင်ထဲက တဆစ်ဆစ်နာကျင်ခြင်းက
    ပိုတိုးလို့လာပါတယ် ဆရာကြီးနဲ့ အမေ့ရဲ့ ပုံရိပ်တွေအာရုံအမြင်မှာ
    ထင်လာပါတယ် အမှန်ဆိုတဲ့တရားကို မြဲမြဲဆုပ်ကိုင်ထားတဲ့အမေ
    ကျနော်တို့ အားလုံးပေါ်မေတ္တာကြီးမားတဲ့အမေ လွတ်မြောက်ခြင်း
    မီးရှုးတန်ဆောင်ကိုင်ဆောင်လမ်းပြတဲ့ အမေ အမြန်ဆုံးလွတ်မြောက်ပါစေ
    thondrae
    ReplyDelete
  23. ကော်မင့်တွေ လာဖတ်သွားတယ်
    ReplyDelete
  24. မကောင်းတဲ့လူတွေ က အသက်ရှည်လွန်းတယ်။
    ReplyDelete
  25. မမချိုသင်းရေ....စာလုံးတိုင်းတလုံးတိုင်းက ဆိုလိုရင်းတွေ ပြည့်ဝနေတဲ့ဒီကဗျာလေးကိုသေချာလာဖတ်သွားပါတယ်။ အစကတော့ အနော်မမကို တဂ်ထားတာ။ခုမမစိတ်မပါနေတဲ့အချိန်ဆိုတော့ မရေးခိုင်းရက်တော့ပါဘူး။ မမစိတ်တွေပြန်ပါလာပါစေ။ ဒါမှ အသစ်လေးတွေဖတ်ရမှာ ။ဟဲဟဲ
    ReplyDelete
  26. လာဖတ်သွားတယ်...............မကြီးချိုသင်း
    ReplyDelete
  27. အမရေ.အမကို မြန်မြန်ဝမ်းသာစေချင်ပါတယ်
    ညီမတို့လဲ မြန်မြန်ဝမ်းသာချင်လှပါဘီအမရယ်
    ReplyDelete
  28. စိတ်ထဲမှာ အမြဲစွဲထင်နေစေမယ့်ကဗျာလေးတပုဒ်ပါပဲဗျာ
    ReplyDelete
  29. အမေစုက ဆရာကြီး အတွက် ထာဝရ ရဲဘော် ဖြစ်သလို အနော်တို့  အတွက်လည်း ထာဝရ အမေပါပဲ။
    အမေ့နေ့ ကို ရောက်တော့မှာ မကြာပါဘူး။
    ညီစေနော် ဒို့ ရဲဘော်!
    ReplyDelete
  30. ကျေးဇူးပါမိုးချိုသင်းရေ၊ ဆရာကြီးရဲ့ ကဗျာလေးတွေကို မကြာမကြာဖတ်နေရ တော့ ဆရာကြီးအဝေးတစ်နေရာမှာ ရှိနေသေးသလို ခံစားရပါတယ်။
    ReplyDelete
  31. ၀မ်းနည်းနေရုံနဲ့ မပြီးသေးဘူး၊ ရဲဘော်တို့။ မုန်တိုင်းကို ကျော်ဖြတ်ကြရအုံးမယ်။
    ReplyDelete
  32. 'ထာဝစဉ်' ကဗျာလေးကို ဖေ့စ်ဘွတ် မှာ ထပ်ဆင့် ဖေါ်ပြခွင့်ပြုပါရန်...။
    ReplyDelete
  33. အမရေ သတိရလို့ပါ။ ဘာမှတော့ မရေးဖြစ်သေးဘူး။ အပျင်းပင် အောက်ရောက်သွားလို့ :) နေကောင်းတယ် မဟုတ်လား။
    ReplyDelete
  34. အမေစုက ကျွန်တော်တို့ရဲ့ ထာဝစဉ် ခါင်းဆောင်ပါပဲ..
    ReplyDelete
  35. မမရေ...နေကောင်းရဲ့လား
    ReplyDelete
  36. တဂ်ထားပါတယ်ခင်ဗျာ။ ရေးပေးပါ
    ReplyDelete
  37. တကယ်ကိုဖောက်ထွက်တွေးပစ်တာ တော်တယ်ဗျာ။
    ကျနော့အမကြီးအဖြေက အနီးစပ်ဆုံးပဲ။ ဖုံးကညာတစ်ပါး လုံးရာကပြားတော့မှာပဲ...ငါ့နှယ်နော်
    ဒီနေ့ကံမကောင်းပါလား :P
    ReplyDelete
  38. ဟိုင်း ကျွန်တော်က ဒီနေ့မနက်မှ ဆရာကြီးဦးတင်မိုးရဲ့ တစ်လပြည့်ထုတ်တဲ့ ဖလ်မီအိမ်သို့ အလွမ်းစာလေးကို ဖတ်ပြီး ရောက်လာတာပါ။ဆရာကြီးဘလော့က တဆင့်ပေါ့။
    ဂုဏ်ယူပါတယ်ဗျာ။ ဆရာ့လို ပုဂ္ဂိုလ်မျိုးနဲ့ ဆွေမျိုးတော်စပ်ခွင့်ရတာ၊ ဆရာ့လို ကဗျာဆရာမျိုး မြန်မာပြည်မှာပေါ်ခဲ့တာ။ တကယ်ပါ။ စာအုပ်ဖတ်လက်စ တန်းလန်းကိုပဲ အွန်လိုင်းပေါ်တွေ့တဲ့ ရန်ကုန်က သူငယ်ချင်းကို ဒီအကြောင်း ပြောဖြစ်ခဲ့တယ်။
    ဆေးလိပ်လဲတို နေလည်းညိုပြီ ဆိုတဲ့ ဧည့်သည်ကြီးကဗျာနဲ့
    အလှကိုယ်စီဆိုတဲ့ ကဗျာလေးတွေက ကျွန်တော့်ရင်ထဲနေရာယူထားတာကြာပါပြီ။
    ပျော်ရွှင်ချမ်းမြေ့ပါစေ။
    ReplyDelete
  39. မခင်ဦးမေထက်တောင် ဒီ blog မှာပိုလူစီသလိုပဲ။ quality ကြောင့်ဖြစ်မယ်ထင်တယ်
    ReplyDelete
  40. မကြီးချိုသင်း ပျောက်နေတယ်
    နေကောင်းလား
    အိမ်ကိုတောင်လာဖူးနော်
    နေကောင်းပျော်ရွှင်ပါစေ
    ကိုယ့်အမတွေမလာတော့ မျှော်မိတယ်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်
    ReplyDelete
  41. ရောက်ပါတယ် အစ်မ
    ကျန်းမာပျော်ရွှင်ပါစေ
    ReplyDelete
  42. နေတိုင်းခေါင်းမလျှော်ရဘူးတဲ့ ဆြာဝန်ကမှာထားတယ်။ အဲ့ဒါခိုးလျှော်တာ
    ဒုက္ခပါပဲဗျာ။ အဲ့ဒါအနော့အကြောင်းရေးထားတာမဟုတ်ဘူးလေ။ :(
    နိုချင်လာဘီ အီး
    ReplyDelete
  43. နေကောင်းအောင်နေပါ မချိုသင်းရေ...
    ကျန်းမာရေးက အဓိကပါ...
    စိတ်ထောင်းတော့ ကိုယ်ကြေသတဲ့...
    စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့...
    ReplyDelete
  44. မချိုသင်းရေး...
    ဒေါ်ရွှေခိုင်ရဲ့ ကောမင့်အရှည်ကြီးကို ဖတ်လိုက်ရပြီး ဒေါသထွက်မိတယ်...
    မချိုသင်းရော အဲဒီအတွက် စိတ်မကောင်းဖြစ်နေသေးတာလား...
    အဲဒါကြောင့် စာမရေးဖြစ်တာဆိုရင်တော့ ဒင်းတို့တတွေကို ဒီနည်းနဲ့ ပျော်ခွင့်မပေးပါနဲ့ဗျာ...
    ကျွန်တော်တို့တတွေ မချိုသင်းအနားမှာရှိတယ်... မချိုသင်းနဲ့ စိတ်တူ.. ရည်ရွယ်ချက်တူ.. စေတနာတူကြသူတွေ မချိုသင်းဘက်မှာ အများကြီးရှိတယ်...
    ကိုလူထွေးထင်သလို မဟုတ်ဘဲ ထိုးမယ့်ဆင် တစ်လှမ်းဆုပ်နေရုံ ဆိုရင်တော့ welcome :)
    ReplyDelete
  45. မမြင်းရလည်းသင်ကရဲဘော်ပင်..
    ReplyDelete
  46. မမရေ ကိုကိုနိ မမနိဆီသွားလို့ရဘူး မမထုံသင်း လုပ်ပါအုံး
    ReplyDelete
  47. အော တော်တော်ရက်စက်တဲ့ မမနိစ်
    သိုင်းကျူးမမချိုသငိး အာပွားးးးးးးးးးးးးးးးးးး
    ReplyDelete
အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။