Friday, July 24, 2009
ပေါက်ကရ ကဗျာ ပျော်စရာ
ဒီနေ့ အီးမေးလ်ထဲမှာ လန်ဒန်က ညီမငယ် ဇီဇ၀ါ က စာပို့လာတယ်။ tag ထားတယ် တဲ့။ ကိုယ်ကလဲ စာမရေးဖြစ်တာ ကြာနေပြီဆိုတော့ စာရေးဖို့ လမ်းစ ရသွားတာပေါ့။ သူ ရေးစေချင်တာက ငယ်ငယ်တုန်းက ရွတ်ခဲ့၊ဆိုခဲ့တဲ့ ပေါက်တတ်ကရ ကဗျာလေးတွေပါ တဲ့။ မြန်မာပြည်က ကလေးတွေ ဘယ်လို ကဗျာလေးတွေနဲ့ ကြီးပြင်းလာသလဲ သိချင်လို့ ဆိုပဲ။
တကယ်က ကိုယ်ငယ်ငယ်က ကဗျာလေးတွေ ဆိုနေရရင် ပျော်နေတာ တဲ့။ ကလေးကဗျာလေးတွေကို အဖေက သင်လိုက်၊ အမေက သင်လိုက် နဲ့မို့ ကိုယ်ကလဲ အမူအရာလေးတွေ အမျိုးမျိုး လုပ်ပြီး ဆိုခဲ့တာပါ။
ဧည့်သည်လာတိုင်း ကိုယ်က အဖျော်ဖြေခံ ဖြစ်ရတာပါ။ သမီးရေ ဟိုကဗျာလေး ဆိုပြ လိုက်ပါအုံး ဆိုရင် ကိုယ်က ကိုယ်လေးယိမ်းပြီး ဆိုတော့တာပါ။ ကက်ဆက် နှိပ်လိုက် သလိုပေါ့။ အဖေ့ ကဗျာလေး ဖြစ်တဲ့ ယုန်ကလေးက နားရွက်ထောင် ပညာရှိယောင်ယောင် ဆိုရင် ယုန်နားရွက် ထောင် ပုံလေး လုပ်ပြသေးတာ တဲ့။
ဒါပေမဲ့ အဖေတို့ အမေတို့က မသင်ရပါဘဲ၊ ကျောင်း ကလဲ မသင်ရပါဘဲ အမတွေ သူငယ်ချင်း တွေ ဆိုနေကြတဲ့ အင်မတန် အတတ်မြန်တဲ့ ပေါက်တတ်ကရ ကဗျာလေးတွေလဲ ရှိတတ်သေးတယ်။ ဒါမျိုးဆို နှစ်ခါလောက် ကြားလိုက်ရင်ကိုပဲ အလွတ်ရနေပြီ။ နောက်တီးနောက်တောက် ဥာဏ်က ဒါမျိုးဆို ကောင်းတယ်လေ။
ငယ်ငယ်က ဘာရယ်မဟုတ်ဘူး၊ မိုးရွာတာနဲ့ အော်ဆိုပစ်လိုက်တဲ့ စာလိုလို ကဗျာလိုလိုလေး ကို အရင်ဆုံး မှတ်မိတယ်။ အဲဒါကတော့
မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ်
တဲ့..
အဲဒီလို အော်ဆိုတဲ့ အရွယ်က မေမေပြန်လာရင် နို့စို့တဲ့ အရွယ် မဟုတ်တော့တာတော့ သေချာတယ်။ ဒါပေမဲ့ မိုးရွာရင်တော့ ဆိုမိတာပဲ။ နောက်ထပ် မိုးရွာရင် ဆိုမိတာလဲ ရှိသေးတယ်။
နေပူမိုးရွာ သူခိုးလာ
လာတဲ့သူခိုး လှံနဲ့ထိုး
သူခိုးအီးပေါက် တို့မကြောက်
ဆေးတံကြီးနဲ့ ခေါက်
ဒေါက် ဒေါက် ဒေါက်
… တဲ့။
သူခိုး အီးပေါက်တာတော့ ဘယ်ကြောက်လိမ့်မတုန်း၊ ဓားနဲ့ ပေါက်တာမှ မဟုတ်ဘဲကိုး။ ကိုယ်က လှံကြီးနဲ့တောင် ပြန်ထိုးမယ် ဆိုထားတာ မဟုတ်လား။ ကဗျာထဲမှာတော့ သတ္တိခဲ ပေါ့။
နောက်တပုဒ်ကတော့ ကြက်ဖခွပ်တမ်း ကစားရင် ဆိုတာမျိုးပါ။
ငါတို့ကြက်ဖ နိုင်နိုင်၊ ရွှေဖလားနဲ့ ကြက်သားကိုင်
နင်တို့ ကြက်ဖ ရှုံးရှုံး၊ ကြေးဖလား နဲ့ ကြက်ချေးတုံး..
တဲ့။
တကယ်က ကြေးဖလား နဲ့ ကြက်သားတုံး ဖြစ်ရမှာ ထင်တယ်။ ကိုယ်လဲ ဖျက်ဆိုတာကို စွဲနေလေတော့ မူရင်းက ဘာမှန်းတောင် မသိတော့ဘူး ဖြစ်နေတယ်။ ကိုယ်ကြီးလာလို့ အမေ့ကျောင်းမှာ ဆရာမပြန်လုပ်ရင်း ကလေးတွေကို ဒီကဗျာလေး ပြန်သင်ပေးတော့ ကြက်ချေးတုံး လို့ပဲ ဆိုဆို မိနေလို့ အဲဒီနေရာရောက်ရင် ပါးစပ်ပိတ်ထားရတော့တာ။
နောက်ထပ်လဲ ကိုယ်တို့တွေ ဆိုကြတာ ရှိသေးတယ်။
ကတုံးပြောင် အုန်းမောင်
တောင်ပေါ်တက် ဇီးကွက်
ရေထဲကျ ငါးပြေမ ..
တဲ့။
တောင်ပေါ်တက်တော့ ကတုံးက ဘယ်လို ဇီးကွက်ဖြစ်သွားသလဲတော့ ကိုယ်မသိဘူး။ ဆိုလို့ ကောင်းနေတာတော့ အမှန်ပဲ။ တခါကများ အဲဒီလို ဆိုကောင်းတုန်း ကိုယ်တို့ အိမ်ဘေးက အံတီက လာပြောရှာတယ်။ အဲဒီကဗျာ မဆိုပါနဲ့ သမီးတို့ရယ်၊ ဘာဖြစ်လို့ဆိုတော့ အံတီ့အဖေနံမည်က ဦးအုန်းမောင် ဖြစ်နေလို့ပါ တဲ့။
နောက်ပြီး ငယ်ငယ်က မွေးနေ့တွေနဲ့ ပတ်သက်ပြီး ပေါက်ကရ ကဗျာလေးလဲ ဖျက်ဆိုလိုက်သေးတယ်။ အဲဒါက
တနင်္ဂနွေ ဂဠုန်၊ ချီးတွေ ငုံ
တနလာင်္ ကျား၊ နတ်ပြည် သွား (ကိုယ်က တနလာင်္ သမီးကိုး)
အင်္ဂါ ခြင်္သေ့၊ ချီးတွေ တွေ့
ဗုဒ္ဓဟူး ဆင်၊ ချီးတွေ နင်
ကြာသပတေး ကြွက်၊ ချီးတွေ လျက်
သောကြာ ပူး၊ ချီးတွေ လူး
စနေ နဂါး၊ ချီးတွေ စား
… ဆိုပဲ။
ကိုယ့်နေ့နံ တခုသာ အကောင်း လုပ်ပစ်လိုက်တာပါ။ ကျန်တဲ့ နေ့သမားတွေ အကုန် ချီးနဲ့ တွေ့လိုက်၊ ငုံခိုင်းလိုက်၊ စားခိုင်းလိုက်၊ လူးခိုင်းလိုက် နဲ့ တချို့ဆို စားလို့ နင်တောင် နင်နေရော ဆိုပါ့လား။ ဆိုးတယ် ပြောရမှာပေါ့နော်။
ကလေးဆိုတော့လဲ ချီးလို့ ပြောလိုက်ရင်ကို အတော် ရင့်သီးသွားပြီ ထင်တော့တာလေ။ ဒါ့အပြင် ပေါက်ကရဆို ဥာဏ်နီဥာဏ်ဝါလေးတွေကလဲ အသားကုန် ထွက်တာ ဆိုတော့ ဒါမျိုးတွေ ခု ကြီးတဲ့အထိလဲ မှတ်မိနေသေးတာ။
နောက်တခါ အုပ်စုလိုက် ၀ိုင်းထိုင်ပြီး ခေါင်းပုတ်တမ်း ကစားရင်လဲ ဘိုကျားသေနတ် ဆွဲရမှာကို ကောင်းကောင်း မဆွဲဘူး။ သူ့အလှည့် ကိုယ့်အလှည့် အချင်းမများရအောင် ကဗျာလေးနဲ့ မဲ ချ လိုက်သေးတာပါ။ အဲဒီလေးက
အီး အီး ဘယ်သူပေါက်
နင် ပေါက်
ပေါက်တဲ့လူ မှန်မှန်ပြော
အီးဘွတ်တရားဟော
ဟောလို့ မသေ
သံပုရာရည်
ဘွတ် ရွှတ် ဒိုင်း………
တဲ့။
ဒိုင်း ကျတဲ့သူက ခေါင်းငုံ့ပြီး ခေါင်းပုတ်တမ်း ဆော့ကြရတာ။ ခေါင်းပုတ်တမ်းဆော့တာ အီးပေါက်တာနဲ့တော့ မဆိုင်ဘူး ထင်တယ်လို့ ကြီးလာမှ တွေးမိပေမဲ့လဲ အချိန်က နှောင်းသွားပါပြီ။ ကိုယ်ငယ်ငယ်က အကြိမ်ပေါင်း များစွာ ရွတ်ပြီးသွားပြီလေ။
ဒီလိုမျိုး ပြောလို့ ကိုယ် ငယ်ငယ်က တော်တော် ဆိုးခဲ့ ပေခဲ့တယ်လို့ ထင်သွားမှာလဲ စိုးမိသား။ အဲဒီလိုတော့လဲ စာဖတ်သူတွေကို မထင်စေချင်ပါဘူး။ တကယ်က ပျော်ရွှင်တဲ့ ကလေးဘ၀လေး ရခဲ့တယ်လို့သာ ကိုယ့်ဖာသာကိုယ် ဖြေတွေးတွေးလိုက်ရတာပဲ။
စာဖတ်သူတွေ ဆိုခဲ့တဲ့ အဲဒီလို ပေါက်ကရ ကဗျာလေးတွေကိုလဲ ကွန်မန့်မှာ ရေးပေးခဲ့ရင် ကျေးဇူးတင်မိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ညီမ ဇီဇ၀ါက မှတ်တမ်းလေး ပြုစုထားချင်လို့ပါတဲ့။
ကဲ ကလေးဘ၀ကို ခဏ ပြန်ရောက်ကြပါစို့လေ။
မိုးချိုသင်း
132 comments:
  1. ကဗျာလေးတွေကို စားမြုံပြန်သွားပါတယ် အစ်မ။း)
    ReplyDelete
  2. နောက်ဆုံးနှစ်ပုဒ်ကလွဲရင် အကုန်ဆိုဖူးတယ်အမ။
    အမနဲ့အတော်တူတယ်။
    ReplyDelete
  3. အစ်မချိုသင်းရေ..အမြဲရောက်ပေမယ့် ခုမှ ပထမဆုံးစပြီးကွန်မန့်ပေးတာမို့ အမှားပါရင်ခွင့်လွှတ်ပါ။
    ကဗျာတွေအားလုံးညီမတို့ဆိုခဲ့ဖူးတာတွေနဲ့အတူတူတွေပဲ။ဒါမယ့်စကားလုံးလေးတွေတော့ကိုယ်သန်ရာ၊သန်ရာယူလို့လား မသိ၊မတူတာလေးတွေတော့ရှိသား။
    ကတုံးပြောင် အုန်းမောင်
    တောင်ပေါ်တက် ဇီးကွက်
    ရေထဲကျ ငါးပြေမ (ပြီးတော့ဆက်လိုက်သေးတယ်)
    ဆီနဲ့ကျော်..အံ့ကျော်၊
    ကရာတေး
    မာမာအေးက သီချင်းဆို
    တင်တင်ညိုက ကားပေါ်တက်..
    ဇော်ဝမ်းနဲ့ဖက်..။
    ဟိဟိ..
    မှန်မမှန်သေချာမသိပါဘူး။ကလေးဘ၀တုန်းက ကဗျာ၊
    စာနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကလဲ မဟုတ်တော့ မှားကောင်းမှားနိုင်ပြီး၊ရိုင်းတောင်ရိုင်းနေဦးမှာ..။
    ညီမလဲ တနင်္လာဆိုတော့ ကိုယ့်နေ့ပဲ အကောင်းပြောပြီး သူများကိုအဲ့လို နောက်ရတာကိုက
    အရသာ။နော်..။
    အီး အီး ဘယ်သူပေါက်
    နင် ပေါက်
    ပေါက်တဲ့လူ မှန်မှန်ပြော
    အီးဘွတ်တရားဟော
    ဟောလို့ မသေ
    သံပုရာရည်(သားငံပြေ တဲ့)
    ဘွတ် ရွှတ် ဒိုင်း………
    သားငံပြေလို့ ညီမတို့ကဆိုတာလေ။
    လေးစားခင်မင်စွာဖြင့်
    ညီမ
    Mirror
    ReplyDelete
  4. ကတုံး..ကတုံး..တယ်လီဖုန်း..
    ရန်ကုန်မြို့ .ကို..ဆက်ပါအုံး..
    တစ်နာရီ..ဖုန်းကြိုးပြတ်..ကတုံးခေါင်းမှာ..
    ချီးတုံးကပ်....ဟီးးး
    အစ်မလိုပါပဲ..နဒီ..လဲ..ဆိုရင်.
    ချီးနဲ့ ..ကို..မလွတ်ဖူး...
    ReplyDelete
  5. ငယ်ဘ၀လေး.. ပြေးမြင်မိတော့တယ်..း)
    ReplyDelete
  6. ကဲ မောင်နှမတွေ မွေးရက်တူနေပြီ ဘယ်လိုလဲ...
    အကြီးကမုန့်ဝယ်ကျွေးပါခင်ဗျာ
    ReplyDelete
  7. ဟားဟား...
    မမချိုသင်းရေ..
    ရယ်လိုက်ရတာ...
    ငယ်ငယ်တုန်းကလေ...
    သွားတာကခြေထောက်
    ထောက်တာကခြေဖျား...
    ဖျားတာကနေမကောင်း...
    အဲ......
    ကျန်တာတွေကတော့ မေ့ကုန်ပြီ..
    အဲဒါမျိုးတွေလည်း ရွတ်ခဲ့သေးတယ်လေ....
    ReplyDelete
  8. အမရေ ဒီငယ်ဘဝလေးတွေကို ပြန်တွေ ကြည့်ရင် ကြည်နှုးမှုတွေ အပြည့်နဲ့  ပေါ့
    ဒါပေမယ့်လည်း ပြန်ယူလို့ လည်းမရတော့ ပြန်တွေးပြီး ကြည်နှုးနေရတော့တာပဲ
    ReplyDelete
  9. This comment has been removed by the author.
    ReplyDelete
  10. ကျနော်တို့လဲ ရွတ်ခဲ့တာပါဘဲ
    မမိုးချိုသင်းလောက် မမှတ်မိတော့ဘူး
    တော်တယ်ဗျာ။
    ReplyDelete
  11. This comment has been removed by the author.
    ReplyDelete
  12. လေတွေ မိုးတွေ တိုက်ပါလို့၊ ကဆုန်လပြည့်ကျော်
    ဘိုကေလေးတွေလာပါလို့၊ ခုံဖိနပ်နဲ့ဆော်။
    ငိုရီ ငိုရီ ဆန်တစ်ပြည်၊ ငိုမဲ့ငိုမဲ့ ဆန်တစ်ခွက်။
    တစ်ခုခုလုပ်မိလို့ လူကြီးကို တိုင်မယ်ပြောရင်
    "တိုင်တစ်လုံး တစ်မတ် ၊ နင့်ပါး ငါချ.. ဂွပ်.. "
    ကဗျာတော့ မဟုတ်ဘူးထင်ပ...၊
    တစ်ခါပဲပြောခဲ့ရတယ်..။ တကယ်သွားတိုင်လိုက်လို့ ကိုယ့်အစ်မကို "နင့်ပါးငါချ" ပြောတဲ့အပြစ်နဲ့ ဆူခံလိုက်ရတာ....။
    ReplyDelete
  13. ကတုံးပြောင် အုန်းမောင်
    တောင်ပေါ်တက် ဇီးကွက်
    ဇီးကွက်ရွှေချ ရွှေဘ
    ရွှေဘအိမ်မှာနေ ကျော်ဆွေ
    ကျော်ဆွေအပြင်ထွက် တင်တင်ညိုနဲ့ဖက်။
    ဒွတ်ခ... ပေါက်တတ်ကရတွေ မှတ်မိနေတယ်.. တော်မှပဲ။
    ReplyDelete
  14. ကျောင်းပြေး ကျောင်းပြေး နှုတ်ခမ်းမွေး
    ဗာရာဏသီ ကြိုးနဲ့ချည်
    ချည်ကြိုး ချည်ကြိုး(ခြေကျိုး လားမသိပါ) တုတ်နဲ့ထိုး။
    ReplyDelete
  15. ချိုသင်းသိပ်တော်တာပဲ
    တနလာင်္ကျားနတ်ပြည်သွားတဲ့
    အပြည့်အဝထောက်ခံလိုက်တယ်း)
    နောက် ကေလည်း လာထောက်ခံလိမ့်ဦးမယ်း)
    ReplyDelete
  16. Ah Ma yal.....
    Chit sayar kg ag yay tat lite tar...
    Ah Ma sar twe phat tine, sate nyit tar twe pyawt pyawt twer dae. Ah Ma yat Di post lay phat p Nge Bawa ko tha di lal ya twer dae. P tot khu so, ae di ah than twe ko di mhar ma kyar ng bu lay, ta myo gyi pae.
    By: Orange Chit Thu
    ReplyDelete
  17. အောင်မာ တနင်္လာကျား အီးတွေချား ကိုများ..
    အဲဒီကဗျာလေးတွေ အကုန်ရွတ်ဖူးတယ်။ :)
    ReplyDelete
  18. တနလာင်္ ကျား၊ နတ်ပြည် သွား...တဲ့
    မချိုသင်းကလည်း သူ့ နေ့ ကျတော့ အကောင်း။
    ဟွန်းးးး ဘယ်ရမလဲ ..
    တနလာင်္ကျား ၊ -ျီးတွေစား ။
    ဗုဒ္ဒဟူးဆင် ရွှေပုံတင် ...(ဟဲ ဟဲ)
    ရွာငယ်ဇနပုဒ် မီးလေးမှိတ်တုတ် .
    ခွေးနွားသိုးဆိတ် မြည်သံ
    ဟိုကလဲ ပဲ ပဲ
    ဒီကလဲ ပဲ ပဲ ..ပဲ ပဲ ပဲပဲ..
    ခုတော့ ရွာကြီးတောင် မီးမရှိပူးးးးးးးးးးး
    ကယ်ကြပါဦးးးးးးးးးးးးးးးးးးးးးး
    ReplyDelete
  19. ပျော်စရာကြီးအစ်မရေ..
    ငယ်ဘဝလေးကို လွမ်းသွားတယ်..း)
    ReplyDelete
  20. ဒါမျိုးတော့ စိတ်ဝင်းစားတယ်မောင် ..
    အုန်းသီးလေးလုံး၊ မလေးလုံး
    တလုံးဆွမ်းတော်တင်၊ တလုံးရေထဲကျ
    ငါကောက်လို့ရ
    .. .. .. .. .. ..
    နောက်တခုက သေချာမမှတ်မိတော့ဘူး ..
    ထူထူထဲထဲ ပိုးတောင့်တဲ
    ပြားပြားစက္ကူ အလံထူ
    ခြေကျိုး ခြေကျိုး အပ်နဲ့ထိုး .. ဆိုတာလေ၊ ဘယ်သူများ မှတ်မိကြလဲ။
    ReplyDelete
  21. ပုဇွန်ဇိပ် . .ဇိပ် မောင်ရင်လာ တံခါးပိတ် .. ဂျိပ်
    .. .. .. .. .. .. ..
    ကျီးဖြူကျီးမဲ ၂ ကောင်ထဲ
    ကျီးမဲ ဘယ်မှာနေ
    ကျီးဖြူအိမ် ဘယ်မှာဆောက်
    ဟောဒီနားမှာ ဆောက်
    အာလောက်လောက် .. အာလောက်လောက်
    ReplyDelete
  22. ချစ်စရာကောင်းသလို အဓိပါယ် အပြည့်ပါတာလေးသတိရတယ်
    " စာကလေးနှစ်ကောင် မင်္ဂလာဆောင်
    ခြင်ထောင် ထောင် မီးခွက်မှုတ်
    ကျလိ ကျလိ လုပ် " တဲ့
    ဟဲ ဟဲ...
    ReplyDelete
  23. ကလေးဘ၀တုံးကလဲကြိုက်ခဲ့ လူကြီးဘ၀ရောက်တော့ ကဗျာစပ်တဲ့သူကို အထင်ကြီးခဲ့တဲ့ကဗျာလေးပါ..
    " စာကလေးနှစ်ကောင် မင်္ဂလာဆောင်
    ခြင်ထောင်ထောင် မီးခွက်မှုတ်
    ကျလိ ကျလိလုပ် " တဲ့
    စဉ်းစားမိတိုင်း သဘောကျတယ်။ ဟဲဟဲ
    ReplyDelete
  24. တပြား နှစ်ပြား ပဲလင်ပြား၊ ပြားလက်စက္ကူအလံထူ၊ ထူထူထဲထဲ ပိုးတောင့်တဲ၊ ပဲရေသောက် နို့ရေသောက်၊ တောက်တီးတောက်တဲ့ ပဲလဝါ၊ ကဒါကဒီး အောက်ကိုစီး၊ မိမိရွှေတောင် ပိုးရွှေကောင်၊ ရွှေကောင်တစ်ဖက် လက်ဝဲ တစ်ချောင်းထွက်။
    အုန်းသီးတစ်လုံး၊ မလေးလုံး၊ တစ်လုံးဆွမ်းတော်တင်၊ တစ်လုံးရေထဲကျ၊ ငါကောက်လို့ရ၊ ရော့.. ဝေစားကြ
    (ကိုတင်မင်းထက် မန့်တာဖတ်ပြီး သတိရသွားတာ..)
    စာကလေးဆိုလို့..
    စာကလေးfင်၊လောက်စာလုံးဝင်၊ကယ်ကြပါအုံးရှင်....။
    အဲဒါလည်း အော်ဆိုဖူးတယ်။ :D
    ReplyDelete
  25. ကတုံးပြောင် အုန်းမောင်
    တောင်ပေါ်တက် ဇီးကွက်
    ရေထဲကျ ငါးပြေမ .. ကဗျာလွဲရင် ကျန်တာ အကုန်လုံး အခုထိရတယ် မရေ...
    အခုလို ပြန်ဖတ်ပြီး စိတ်ထဲက ရွတ်ရတာတင် ပျော်ဖို့ ကောင်းလိုက်တာ။
    ReplyDelete
  26. အစ်မက ကဗျာလေး တွေကိုတော်တော် မှတ်မိနေတာပဲ။ ကျွန်တော်တော့ မမှတ်မိတော့ဘူး.... အစ်မစာမရေးတာကြာသွားတယ်နော်။
    ReplyDelete
  27. i agree wt "တနလာင်္ ကျား၊ နတ်ပြည် သွား"
    i was born on Monday too :)
    Gd day!
    ReplyDelete
  28. စကားပီမပီ ရွတ်တာလေးတွေ ရှိသေးတယ် ..
    ၁။ တုံးအောက်ကဖား၊ ဖောင်းတဲ့ဖားကဖောင်း၊ ပြားတဲ့ဖားကပြား။
    ၂။ ရွှံ့ပေါ်ရှဉ့်ပြေး၊ ရှဉ့်မွှေးရွှံ့မလူး
    ၃။ တောင်ပေါ်ကရှမ်းကလေး၊ လျှော်ထမ်းလို့ပြေး
    ရှည်တဲ့လျှော်ကရှည်၊ တိုတဲ့လျှော်ကတို
    ReplyDelete
  29. နတ်ပြည်သွားမယ့် ကျားတွေ နတ်ပြည်ဆိုတာ
    မတ်တပ်ကြီးသွားလို့မရဘူး၊
    စန့်စန့်ကြီးနဲ့ ခန့်ခန့်ကြီးသွားရတာ :P
    ReplyDelete
  30. ဟုတ်ပါ့ မနော်ရယ်- တနင်္လာတွေကလေ.. အဲဒီလို..ချစ်ဖို့ကို ကောင်းတာ..အဟဲ။
    ကဲကဲ..ဇီဇ၀ါ လုပ်တာနဲ့ ကျမလဲ ရေးရတော့မယ်။ အမချိုသင်းကို စောင့်နေတာ။ ( ကဗျာဆရာကြီး သမီး က..ဘယ်လို ပေါက်ကရာ ကဗျာတွေ ဆိုခဲ့သေးလဲ သိချင်လို့)း)
    ကဗျာတွေက..တော်တော်တူပါတယ်။ ညစ်တီးညစ်ပတ် ကျပုံခြင်းလေးတွေသာ နဲနဲကွာတာ။
    ယုန်လေးက..နားရွက်ထောင်ကတော့..ကျမ ရဲ့ပထမဆုံး ပွဲတက်ကဗျာလေ။း)
    ReplyDelete
  31. မမရေ ရီလိုက်ရတာ ဆိုတာ။
    comment တွေထဲမှာတော့ စင်စင် ရေးထားတာတွေ အရီရဆုံး...
    မနီကလေး ဘယ်ကလာ
    အိမ်ကထွက်လို့လာ
    မနီကလေး ဘယ်ကိုသွား
    စာသင်ကျောင်းကို သွား
    စာသင်ကျောင်းက ဘာတွေသင်
    စာရေးစာဖတ်သင်
    စာရေး စာဖတ် ဘာလုပ်ဖို့
    မနီ လိမ္မာဖို့။
    ဘယ်ရမလဲ။ ဆိုချင်တာပေါ့။
    ပေါက်ကရ ကဗျာတွေက သူများဆိုလို့ ကုန်သလောက်ရှိနေပြီမို့ ပေါက်ကရ မဟုတ်တာဘဲ ကောက်ဆိုလိုက်တယ်။
    ပါပီလေး ပုတုတု
    သူ့စကား ၀ုဝု၀ု
    သူ့စကား လူမသိ
    လူ့စကား သူမသိ
    သနားပါဘိ။
    (သူငယ်ချင်းတွေ ပြောတဲ့ အကြောင်းအရာ ကိုယ်လိုက်မမီရင် အဲဒီကဗျာ ကောက်ရွတ်ပေးလိုက်တယ်)
    ReplyDelete
  32. ချိုသင်းရေ
    မူကွဲလေးတွေ။
    ကြက်တူရွေး အာခေါင်နီ
    ကွမ်းကလပ်ကိုချီ
    မချီပါနဲ့  ကိုကြက်တော
    ဘကြီးလာမှပြော
    နင့်ဘကြီးငါမကြောက်
    ဆေးတံကြီးနဲ့ ခေါက်
    ဒေါက်..ဒေါက်...ဒေါက်။
    --------------------------------
    တနင်္ဂနွေ တနင်္လာ
    ငပျင်းအမေ ထမင်းဆာ
    အင်္ဂါ ဗုဒ္ဓဟူး၊ ဖင်မှာတုတ်(ဒုတ်)စူး
    ကြာသာပတေး သောကြာ
    ဆရာကလေးပေါက်(ရောက်)လာ
    စနေ တခုထဲ
    မိုးတွေလေတွေရွှဲ။
    -----------------------------------
    ညောင်ပင်တစ္ဆေ ဝေလေလေ
    သင်ဘယ်အရပ်မှာနေ။
    (မှတ်မိသူများ ဆက်ဖြည့်ပေးကြပါအုံး)
    -----------------------------------
    ဟောသည်လောက်ကြီး။
    ဟောသည်လောက်သေး။
    ---------------------------------
    လက်ပေါ်ရွှေချ ရွှေဘ
    ရွှေဘက စိတ်ဆိုး
    (ဟဲဟဲ...ထုံးစံအတိုင်း ၀ိုင်းဆက်ပေးကြပါအုံး)
    -----------------------------------------------
    အင်္ဂလိပ်ကြက်ဖ ဗိုလ်ကြက်ဖ
    အင်္ဂလိပ်ကြက်ဖ ဗိုလ်ကြက်ဖ
    (ဘာရယ်မှန်းမသိ၊ ကြက်ဖခွတ်တုန်းကဆိုခဲ့တာလေ)
    -----------------------------------------------
ူL.O.N.D.O.N လန်ဒန်
    L.O.N.D.O.N လန်ဒန်
    ဆိုပြီး အော်လိုက် နောက်လှည့်ကြည့်ပြီး
    လှုပ်တဲ့သူကို ဖမ်းလိုက် လုပ်ခဲ့တာ
    ခလေးဘ၀က မမေ့နိုင်စရာ ကဗျာလေး။
    ------------------------------------------
    အပျိုကြီးတွေ လင်မရလို့  လန်ဒန်မြေပဲယို..
    ဆိုတာလဲ အော်ခဲ့ဘူးသေးတယ်။
    --------------------------------------
    လက်ချောင်းလေးတွေ အခေါ်အဝေါ်ကို
    မှတ်မိအောင် သင်ပေးတဲ့ ကဗျာလေးကိုလဲ
    သတိရမိပါတယ်။
    မမ ညှိုးမနေပါနဲ့ ၊ လည်လည်သွားမယ်
    ကြွယ်ကြွယ်လဲ လိုက်မယ်
    သန်းသန်းလဲ ချန်မထားနဲ့ ။
    --------------------------------------
    ယုန်ကလေးက နားရွက်ထောင်
    ပညာရှိ ယောင်ယောင်....
    ------------------------------------
    ငယ်စဉ်ကလေး ဘ၀ကို ပြန်ရောက်သွားစေတဲ့
    ဒီ post အတွက် ကျေးဇူးပါ ချိုသင်းရေ။
    အခါအခွင့်သင့်တိုင်း မြန်မာ့ဓလေ့ မြန်မာ့ယဉ်ကျေးမှုတွေ ရွတ်ဆိုပြတတ်တဲ့
    ချိုသင်းဖေဖေ ကိုလဲ လွမ်းမိပါတယ်။ KM
    ReplyDelete
  33. ညောင်ပင်တစ္ဆေ (ဝေလေလေ)
    နင်ဘယ်ကိုင်းမှာနေ (ညောင်ကိုင်းမှာနေ)
    နင်ဘာသီးစား(ညောင်သီးစား)
    နင်ဘာရေသောက်(ညောင်ရေသောက်)
    *** တောင်ငူတက္ကသိုလ်ကို ပြောင်းသွားရတဲ့ သူငယ်ချင်းဆရာမက ငါတို့ ခု ညောင်ပင်တစ္ဆေတွေ ဖြစ်ကုန်ပြီတဲ့..။ သူတို့ကျောင်းက ညောင်ကိုင်းရွာမှာ သွားဖွင့်ထားတာတဲ့....။
    မမခြင်ထောင် ဘယ်လောက်ပေးရတယ်။ ငါးမူးတစ်ကျပ်ပေးရတယ်။
    ငါ့ရောင်းစမ်းကွယ်။
    မရောင်းနိုင်ဘူး၊ မေမေဆူလိမ့်မယ်။ မေမေဆူရင် တို့ဆီပြေး ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေ
    (အဲဒါက ဝိုင်းကြီး ပတ်ပတ် ကစားမှ ဆိုတာမဟုတ်လား)
    ReplyDelete
  34. ဒီတခါ နောက်ဆုံးပါပဲ :D
    (အပျိုကြီးမူကွဲ -)
    အပျိုကြီးတွေ လင်မရလို့
    ည ည ထလို့ခုန်၊ ကြမ်းတွေကျိုးကုန်
    ကောက်ညင်းဆန် ခုနှစ်တောင့်နဲ့
    အနောက်တောင်ထောင့်ကို ပစ်
    .. .. .. .. .. .. .. .. .. ..
    (စာကလေးနောက်ဆက်တွဲ -)
    စာကလေး_င်လောက်စလုံးဝင် ကယ်ကြပါဦးရှင်
    မကယ်နိုင် ထဆင်ထူးဝ လုံး ၂ လုံးပြူး
    .. .. .. .. .. .. .. .. .. ..
    (နောက်တခု -)
    ညီအမ ၂ ယောက် _င်ကကောက်
    လင်ရပေါက်နဲ့ ဝေးလေပြီ
    ReplyDelete
  35. ပြန်ငယ်သွားသလိုပဲ....
    ReplyDelete
  36. တစ်ပြား နှစ်ပြား လင်ပန်းပြား၊
    ပြားလန်းစက္ကူ ဖလံထူ၊
    ထူထူထဲထဲ ပိုးတောင့်တဲ၊
    ကျွဲရေသောက် နွားရေသောက်၊
    ဒေါင်ဒင် နင်တစ်ဖက် ငါတစ်ဖက်၊
    ထွက် လိုက် ကြ စို့ မောင် မင်း ကြီး လက် တစ် ဖက် ထွက်။
    လက်ဖဝါးလေးတွေကို ထောက် ထောက်ပြီးဆိုတာလေ အမ။ နောက်ဆုံး 'ထွက်' ကျတဲ့လက်က ထွက်ရတယ်။ ပထမပိုင်းက ပုံမှန်ဆိုယင်း ထောက်သွားတာ။ နောက်ဆုံးစာကြောင်းကတော့ စကားလုံးတစ်လုံးကို လက်ဖဝါးတစ်ခုနှုန်းနဲ့ ဖြေးဖြေးချင်း ရွတ်ရတယ်။ နောက်ဆုံးကျန်နေတဲ့ လက်ပိုင်ရှင်က ခေါင်းငုံ့ရတယ်လေ။
    နောက်တစ်ပုဒ်က
    သာအေးfင် လောက်စာလုံးဝင်၊
    ကယ်ကျပါအုန်းရှင်၊
    မကယ်နိုင်ဘူး 'ထ'စင်ထူး၊
    'ဝ'လုံး နှစ်လုံးပူး။
    သာအေးနေရာမှာ ကိုယ် စ,ချင်တဲ့သူရဲ့ နံမည်ထည့်ဆိုတာအမ။
    နောက်တစ်ပုဒ်က
    ဝိုင်းကြီး ဝိုင်းကြီးဘယ်လောက်ကြီး၊
    ဟောသည်လောက်ကြီး။
    ဝိုင်းလေး ဝိုင်းလေးဘယ်လောက်သေး၊
    ဟောသည်လောက်သေး။
    မလေးခြင်ထောင်ဘယ်လောက်ပေးရတယ်၊
    ငါးမူးတစ်ကျပ်ပေးရတယ်၊
    ငါ့ကိုပြန်ရောင်းပါလားကွယ်၊
    မေမေဆူလိမ့်မယ်။
    မေမေဆူရင် တို့အိမ်ပြေး၊
    သံပုရာသီး ခုနှစ်လုံး၊
    ဟတ်ချိုး ဟတ်ချိုး ဟတ်ချိုး။
    ဒီကဗျာလေးက ကစားတဲ့သူတွေအားလုံး လက်တွေတွဲထားပြီး အဝိုင်းကြီးလုပ်ပြီး ဆိုကြတာ။ ဝိုင်းကို ကဗျာစာသားအတိုင်း ကြီးလိုက် သေးလိုက် လုပ်ကျတာ။ နောက်ဆုံး ဟတ်ချိုးဟတ်ချိုးလဲဆိုရော လက်တွေတွဲထားရင်းနဲ့ ခုန်ကြတာ။ ပျော်စရာ အရမ်းကောင်းတယ်။ ငယ်ငယ်က ဘဝလေးကို လွမ်းလိုက်တာအမရယ်။
    ReplyDelete
  37. တစ်ပြား နှစ်ပြား လင်ပန်းပြား၊
    ပြားလန်းစက္ကူ ဖလံထူ၊
    ထူထူထဲထဲ ပိုးတောင့်တဲ၊
    ကျွဲရေသောက် နွားရေသောက်၊
    ဒေါင်ဒင် နင်တစ်ဖက် ငါတစ်ဖက်၊
    ထွက် လိုက် ကြ စို့ မောင် မင်း ကြီး လက် တစ် ဖက် ထွက်။
    လက်ဖဝါးလေးတွေကို ထောက် ထောက်ပြီးဆိုတာလေ အမ။ နောက်ဆုံး 'ထွက်' ကျတဲ့လက်က ထွက်ရတယ်။ ပထမပိုင်းက ပုံမှန်ဆိုယင်း ထောက်သွားတာ။ နောက်ဆုံးစာကြောင်းကတော့ စကားလုံးတစ်လုံးကို လက်ဖဝါးတစ်ခုနှုန်းနဲ့ ဖြေးဖြေးချင်း ရွတ်ရတယ်။ နောက်ဆုံးကျန်နေတဲ့ လက်ပိုင်ရှင်က ခေါင်းငုံ့ရတယ်လေ။
    နောက်တစ်ပုဒ်က
    သာအေးfင် လောက်စာလုံးဝင်၊
    ကယ်ကျပါအုန်းရှင်၊
    မကယ်နိုင်ဘူး 'ထ'စင်ထူး၊
    'ဝ'လုံး နှစ်လုံးပူး။
    သာအေးနေရာမှာ ကိုယ် စ,ချင်တဲ့သူရဲ့ နံမည်ထည့်ဆိုတာအမ။
    နောက်တစ်ပုဒ်က
    ဝိုင်းကြီး ဝိုင်းကြီးဘယ်လောက်ကြီး၊
    ဟောသည်လောက်ကြီး။
    ဝိုင်းလေး ဝိုင်းလေးဘယ်လောက်သေး၊
    ဟောသည်လောက်သေး။
    မလေးခြင်ထောင်ဘယ်လောက်ပေးရတယ်၊
    ငါးမူးတစ်ကျပ်ပေးရတယ်၊
    ငါ့ကိုပြန်ရောင်းပါလားကွယ်၊
    မေမေဆူလိမ့်မယ်။
    မေမေဆူရင် တို့အိမ်ပြေး၊
    သံပုရာသီး ခုနှစ်လုံး၊
    ဟတ်ချိုး ဟတ်ချိုး ဟတ်ချိုး။
    ဒီကဗျာလေးက ကစားတဲ့သူတွေအားလုံး လက်တွေတွဲထားပြီး အဝိုင်းကြီးလုပ်ပြီး ဆိုကြတာ။ ဝိုင်းကို ကဗျာစာသားအတိုင်း ကြီးလိုက် သေးလိုက် လုပ်ကျတာ။ နောက်ဆုံး ဟတ်ချိုးဟတ်ချိုးလဲဆိုရော လက်တွေတွဲထားရင်းနဲ့ ခုန်ကြတာ။ ပျော်စရာ အရမ်းကောင်းတယ်။ ငယ်ငယ်က ဘဝလေးကို လွမ်းလိုက်တာအမရယ်။
    ReplyDelete
  38. ငယ်ဘ၀လေးကို အရမ်းသတိရမိပါရဲ့ ..ဒါပေမဲ့ ခုခေတ်ကလေးတွေကတော့ ကိုယ်တို့ ငယ်တုန်းကလို ဘ၀မျိုးတွေနဲ့ ဆော့ဖူးမှာမဟုတ်ဘူး... ကိုယ့်တူလေး၊တူမလေးတွေက.. တီတီတို့ ငယ်ငယ်တုန်းက တီဗီလည်းမရှိ၊ ကွန်ပြူတာလည်းမရှိဆိုတော့ ဘာလုပ်နေကြတုန်းတဲ့....
    သူတို့ ကို ကိုယ်တို့ ငယ်တုန်းက မျောက်ရှုံးအောင်ဆော့တဲ့ အကြောင်းတွေပြောတော့..အဲလိုကစားချင်လိုက်တာတဲ့.. ဒါပေမဲ့ အဲလိုမျိုးတွေ ကစားဖို့  သူငယ်ချင်းမရှိဘူးတဲ့.....တကယ့်ကို ပျောက်ဆုံးသွားသော နိဗာန်ဘုံ ဘဲနော်.....
    ReplyDelete
  39. အစ်မချိုသင်းရေ
    ကျွန်တော်တော့ သိပ်မမှတ်မိတော့လို့ မှတ်မိတဲ့သူတွေ ရေးသွားတာကို ဖတ်ပြီး သဘောကျသွားပြီ
    ခင်မင်စွာဖြင့်
    သီဟသစ်
    ReplyDelete
  40. ...
    မြင်တာက မျက်စိ
    စိတာကသွား
    သွားတာက ခြေထောက်
    ထောက်တာက လက်
    လက်တာက ကျောက်
    ကြောက်တာက သရဲ
    ရဲတာက သွေး
    သွေးတာက သနပ်ခါး
    ခါးတာက ငရုပ်
    ယုတ်တာက နင်
    နင်တာက ထမင်း
    မင်းတာက ငါ (ကိုယ့်ကိုယ်ကိုယ် “မင်း” လို့ပြောတယ်ထင်တာပဲ)
    သေချာမမှတ်မိတော့ဘူး။ အစလည်း မမှတ်မိတော့ဘူး။
    အစ်မပို့စ်ရော ကွန်မန့်တွေရော အကုန် ကောင်းတယ်။း)
    စကားမစပ် kiki ပြောတာကမှ အမှန်။ :P
    ReplyDelete
  41. အပေါ်က ကိကိ ပြောသွားတာ သဘောတူပါတယ်...
    တို့ရွာနောက်ဖေး ချောင်းရိုးမှာ -ျီးတုံးလေးတွေ
    ပေါလောပေါလော
    ဘယ်သန်ရင်ဘယ်နဲ့ကုန်းပါ ညာသန်ရင်ညာနဲ့ကုန်းပါ........
    နောက်ပိုင်းမေ့ကုန်လို့ သိသူရှိရင် ဖြည့်စွက်ပေးပါ...
    ဂတုံး ဂတုံး တယ်လီဖုန်း...ရန်ကုန်မြို့ ကိုဆက်ပါဦး
    ဆယ်နာရီမှာ ဖုန်းကြိုးပြတ် ကတုံး-င်မှာ စက္ကူကပ်...
    ဘုတ်ဆုံ ဘုတ်ဆုံ မဘုတ်ဆုံ
    မဘုတ်ဆုံ တင်ပဆုံကြီး လှည်းလုပ်လို့စီး ဘုတ်အီး....
    မှတ်မိသလောက်ပါ...
    mie nge
    ReplyDelete
  42. ကလေးစာပေ ပျောက်ကွယ်သွားတဲ့အချိန်မှာ
    ဒါလေးတွေ ပြန်ကြားရတာ
    လွမ်းစရာ
    ReplyDelete
  43. မမရေ
    ကောင်းလိုက်တဲ့ ကဗျာတွေ ကော်မန့် ပေးသူတွေက ပြန်ရေးတဲ့ ကဗျာတွေလည်း အရမ်းရီရတာပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
    ReplyDelete
  44. အချိန်တော်တော်ပေးလိုက်ရတယ်... တန်ပါတယ်...မမချိုသင်းအပါအ၀င်..အားလုံးရေးထာတဲ့ ကဗျာလေးတွေ ရွှတ်ကြည့်ုလိုက်၊ သဘောကျလိုက်... ကိုယ်ငယ်ငယ်က ဘာဆိုခဲ့ပါလိမ့် ပြန်စဉ်းစားလိုက်နဲ့....း))
    ReplyDelete
  45. ငယ်ငယ်က ဆိုး...ဆိုတယ်ပေါ့
    ဘာ.. အခုမှလာပြီး ကြောက်ပါပြီလဲ...
    ငယ်ငယ်က ဆိုးတာ ခွင့်လွှတ်လို့ရပါတယ်..
    ကြီးမှ မိုက်ကန်းနေကြတာသာ ဆိုးလွန်းတာ...
    ... ... ..
    မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ပါ
    ဖားပါရင် တကောင်ပေးပါ...
    မျက်လုံးရယ် ကြောင်တောင်တောင်နဲ့
    ဖားကောင်ကသေး...
    အဲလိုခပ်ဆင်ဆင်တော့ ဆိုဖူးတယ်...
းဝ)
    ReplyDelete
  46. ဒီကဗျာကော ရကြလား...
    Talkii ကဗျာနဲ့ ခပ်ဆင်ဆင်
    တစ် .... နှစ် ......၊ သုံး.......
    သုံးတာက ပိုက်ဆံ
    စနာ က ဇော်လင်းမိန်းမ
    မ တာက ဘိုးဘိုးအောင်
    အောင် တာကစာမေးပွဲ
    ပွဲ တာက သီတင်းကျွတ်
    ကျွတ် တာကလုံခြည်
    ခြည် တာက ကြိုး
    ကျိုး တာက လက်
    လက် တာကကျောက်
    ကြောက် တာက သရဲ
    ရဲ တာကသွေး
    သွေး တာက သနပ်ခါး
    ခါး တာက ဆေး
    ဆေး တာက ရေ
    ရေ တာက
    တစ်၊ နှစ်၊ သုံး.....
    ReplyDelete
  47. တောင်ပေါ်က ရှမ်းကလေး လျှော်ထမ်းလို့ ပြေး
    တိုတဲ့ လျှော်ကတို ရှည်တဲ့ လျှော်ကရှည်..
    ဘီးလူး ကတုံး နှစ်ကောင် ဒူးနှလုံးထောင်..
    ReplyDelete
  48. I know , you know
    နှစ်ယောက် နိုးတော့
    သူခိုး မခိုးနိုင် ။
    **************************
    တစ် တက် တစ်တက် တောက်
    နာရီပေါ် ကြွက် ကလေးလျှောက်
    နာရီသံ အချက်ပေး
    ကြွက်ကလေးဆင်းလို့ ပြေး
    **************************
    ငါးကလေး တကောင် ဖမ်းမိတယ်
    ဘာဖြစ်လို့ လွှတ်လိုက်တယ်
    ကျတော့ လက်ကို သူကိုက်တယ်
    အာ လာ လား ... အာ လာ လား
    ReplyDelete
  49. တနလာင်္ကျား နတ်ပြည်သွားကို အပြတ်အသတ်ထောက်ခံပါ၏.. ခင်မင်းဇော်လည်း ထောက်ခံပါလိမ့်မည်..။ ဟီဟီ...
    ပေါက်ကရဆိုရင်တော့ သတိရတာတခု ပြောပေးဦးမှ..
    မယ်သီလရင် သေးပေါက်ချင်
    နန်းတော်အောက်ကိုဝင်
    နန်းတော်အောက်က တစ္ဆေခြောက်.. ၀င်းဦး နှုတ်ခမ်းမွှေးပေါက်..။
    ဟီဟိ.. ၀င်းဦးခမျာ မဆီမဆိုင်။ ပြီးတော့ အဲဒါက ညစ်တီးညစ်ပတ်အဓိပ္ပါယ်ထင်တယ်.. အဲဒါအော်ဆိုရင် လူကြီးတွေ ဆူတယ်လေ..။
    နောက်ရှိသေးတယ်..
    ရွှေစွန်ညို ဘာလိုလို့ဝဲ..
    မထွေးလိုလို့ဝဲ..
    မထွေးမပါ ဒို့ချည်းလာ
    ပါပါလျက်သား နောက်ကထား
    မထွေးအသားခါးလှတယ်
    ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်
    ချောင်းငယ်ရေ နွေမှာခမ်း
    မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်
    မြစ်ငယ်ရေလည်း နွေမှာခမ်း
    ပင်လယ်ရေနဲ့ ဆေးပါ့မယ်
    ပင်လယ်ရေ ဘယ်မခမ်း မထွေးအမိဖမ်း။ ဒါကတော့ ကစားရင်းဆိုတာပေါ့နော်..။ အမှတ်ရစရာပေါက်ကရလေးပါပဲ။ :)
    ReplyDelete
  50. သိန်းဇော်ကတဲ့ပွဲ သိန်းဇော်ပွဲ...
    ငကွ ကတဲ့ပွဲ ငကွပွဲ...
    (အမြန်ဆိုရန်)
    ReplyDelete
  51. ကွန်မန့်တွေဖတ်ပြီး ရီသွားတယ်...
    ကိုယ် ငယ်ငယ်က ဆိုခဲ့ဖူးတာတွေတော့
    တော်တော်များများတူနေတာပဲ...
    တချို့တော့ မမှတ်မိတော့ဘူး...
    ReplyDelete
  52. ကဗျာလေးတွေ အကုန်လုံးကို ရင်းနှီးနေတယ်။ တူတူပဲ အစ်မရေ။
    ReplyDelete
  53. မိုးရွာရင် ဖားရိုက်မယ်
    မေမေလာရင် ကြော်ခိုင်းမယ်
    ဖေဖေလာရင် အရက်နဲ့ မြည်းကြမယ်။
    အဲဒါ ငယ်ငယ်က ပြောင်ပြီး ဆိုခဲ့တဲ့ ကဗျာ။
    နောက်ပြီး ကျောင်းမှာ အသင်းအချင်းချင်း နောက်ပြီး ဆိုကြတဲ့ ကဗျာတွေ မှတ်မိသေးတယ်။
    ဘုရင့်နောင် ပုလင်းထောင်
    ထောင်လို့မရ အိမ်ထောင်ကျ
    ကလေးဆယ်ယောက်ရ။
    အလောင်းဘုရား သူတောင်းစား
    လပြည့်ကျော် ခုနှစ်ရက်
    ခွက်စုတ်ကလေးနဲ့ထွက်။
    ကျန်စစ်သား နဲ့ ဗန္ဓုလ ကတော့ ရိုင်းလို့ ဆိုမပြတော့ဘူး။ :D
    ReplyDelete
  54. ငယ်ငယ်က ပေါက်တတ်ကရ ဆိုခဲ့တာတွေ အားလုံး ၀ိုင်းပြီး ရေးထားကြတာ ပျော်စရာကြီး... အမချိုသင်းရေ ငယ်ငယ်ဘ၀တွေကို လွမ်းလိုက်တာ
    ReplyDelete
  55. ဉာဏ်ကနဲနဲထူတော့ကဗျာဆိုအလွတ်ရဖို့တော်တော်ခဲရင်းတယ်။ Logic နဲ့ မှတ်ရတာတို့ အကျိုးအကြောင်း ဆက်စပ်မှတ်ရတာလို့လောက်ပဲ မှတ်မိလွယ်တယ်။ မမိုးချိုသင်းကိုတော့ချီးကျူးရမယ်။
    မိုးရွာရင် မိုးရေချိုးမယ်
    မေမေလာရင် နို့စို့မယ်
    ဖေဖေလာရင် အုန်းသီးခွဲစားမယ် တဲ့..
    ကိုင်ဇာ့သီချင်းထဲမှာကြားဘူးတာကောင်းကောင်းမှတ်မိတယ်
    ReplyDelete
  56. တပြား၂ပြားပဲလင်ပြား
    ပြားတဲ့စက္ကူ အလံထူ..ထူထူထဲထဲပိုးတောက်တဲ
    ကျွဲရေသောက် နွားရေသောက်
    မောင်မင်းကြီးလက်တဘက်ထွက်တော်မူပါအုံး
    (အဲ့တာကနောက်ဆုံးလက်တဖက်ျန်တဲ့သူခေါင်းငုံ့ကြေးကချားတဲ့ဟာ)
    ...။...
    ဟီးးအန်တီချို..ကတော့နော် ကတော့
    တနင်္လာကျား နတ်ပြည်သွား
    နတ်သားလေးနဲ့ညား..
    နတ်သားစောင့်ကန်ပက်လက်လန်...။
    ...။...
    ကတုံး ကတုံးတယ်လီဖုန်း
    ၇န်ကုန်မြို့ကိုဆက်ဘာအုံး
    တနာရီမိုင်ခြောက်ဆယ်
    ကတုံးဖင်ခေါင်းကျယ်..။
    ........။....
    မိုး မိုးဘာလို့ရွာ ဖားအော်လို့ရွာ
    ဖားဖားဘာလို့အော် မြွေကိုက်လို့အော်
    မြွေမြွေ ဘာလို့ကိုက် ဖားအော်လို့ကိုက်။
    ...။...
    တိုင်တလုံး ငါးပြား နင့်ပါးငါချ ဗျတ် ဗျတ် ဗျတ်။
    ..။..
    ဆိုင်လားမဆိုင်လားမသိ..အိမ်ကျိုအိမ်ကျား အိမ်အောက် အိမ်ခေါင်မိုး သစ်ပင်ပေါ် နေရာစုံအောင်ပုန်ပီး တဒိုင်းဒိုင်းနဲ့ ပစ်၇တဲ့ပချပ်သနတ်ပစ်တမ်းကစား၇င်ရွတ်တာလေးလည်းကြည့်အုံးးနော်..
    တစ် နေရာယူ
    နှစ် အဆင်သင့်
    သုံးကျည်ဆန်ထဲ့
    လေး မောင်းချိန်
    ငါး ၀ပ်
    ခြောက် ပစ်နိုင်ပီပီပီပီ။
    ....။....
    ဟူး..ဖလတ် ဖလတ်....
    မိနစ်၂၀ဆယ်လောက်ကြာတယ်...စင်းစား၇တာ အေ၇းထဲ လာလာချက်တာလေးတေကပြန်ဖြေနေတော့
    ကဗျာလေးတေ ဆန့်ငင်ဆန့်ငင်ဖစ်ဖစ်တွားတယ်ချင်...။
    ReplyDelete
  57. တနလာင်္ ကျား၊ နတ်ပြည် သွား (ကိုယ်က တနလာင်္ သမီးကိုး)
    ချိုသင်းရေ... အမလဲ အဲလိုဆိုခဲ့တာပဲ...ဟဲဟဲ... တူပြန်ပြီနော်...
    ReplyDelete
  58. မချိုသင်း ကလေးဘ၀ကို သွားတော့လဲ အားလုံးက တက်ညီလက်ညီသွားလို့ပါပဲလား။ ကျနော်တော့ ငယ်ငယ်တုန်းက ကျနော်တို့တွေ ကလေးဘ၀ အချင်းချင်း စိတ်ဆိုး စိတ်ကောက်တဲ့အခါ ကလေးဆိုတော့ သိပ်လဲ ကြာကြာ မနေနိုင်ပါဘူး။ ဒါနဲ့ တယောက်က ပြန်စခေါ်ချင်နေပြီ။ ဒါပေမယ့် နောက်တယောက်ကျတော့ ခပ်တင်းတင်းပဲ။ အဲဒီမှာ စကားကလဲ ပြန်မပြောချင်သေးတော့ စောင်းပြောသလို ဆိုတဲ့ ကဗျာပြောင်လေး တခု သတိရမိတယ်။ အပေါ်မှာ ရေးသွားလဲ မတွေ့မိသေးဘူး။ ကဗျာက နည်းနည်းတော့ ရင့်သလိုလိုတော့ ရှိသား။ ဘာတဲ့...။
    သူနဲ့လဲ မခေါ်
    ငါနဲ့လဲ မခေါ်
    သောက်ရှက်လဲ မရှိ
    အိမ်သာထဲက ငပိ
    စားကြည့်...၊ အားရှိ...တဲ။
    အိမ်သာထဲမှာ ဘယ်ကငပိက ဘယ်လိုရှိပြီး အားရှိတာလဲတော့ မသိဘူး။ ကလေးတုန်းကတော့ တော်တော်လေးကို ဆိုခဲ့ဖူးတာပဲ။ :D
    ReplyDelete
  59. ကျန်သေးတယ်တခု...
    ဟိတ်ကောင်မလေး နင့် fင်မှာပွေး မြွေ၂ကောင်နဲ့တွေ့တော့ ခုန်ဆွခုန်ဆွပြေး...
    (မှတ်ချက်။ ။မြွေ၂ကောင် ပွေးယားနာပျောက်ဆေး)
    ReplyDelete
  60. This comment has been removed by the author.
    ReplyDelete
  61. သြော်..တတ်သည့်ပညာ မနေသာဆိုသလိုပါပဲလားးး
    အားလုံး စည်းစည်းရုံးရုံးနဲ့ တနိုင်တပိုင် လက်စွမ်းပြ လိုက်ကြတာ... စောစောပိုင်းက သမီးလေး ဘလော့ဂ်လည်ရင်း တခွီခွီ ဖြစ်နေရခြင်း အကြောင်းရင်း အခုမှသဘောပေါက်တော့တယ်၊ ဘာလေးပဲရေးရေး ချစ်စရာကောင်းတဲ့ ချိုသင်းေ၇ မျှော်ရကြိုးနပ်ပါတယ်။ ချိုသင်းတင်မဟုတ်ဘူး တပျော်တပါးကြီး ပါဝင်ဆင်နွှဲ သွားကြတဲ့ပညာရှင်တွေကိုလည်း ချစ်ခင်စွာ မှတ်တမ်းတင်သွားပါတယ်။
    ReplyDelete
  62. အမချိုသင်းဆီမှာရော မကေဆီမှာရော ကဗျာတွေ ရေးထားတာ ပြန်ဖတ်ရတာ ပျော်စရာကြီး.. စိတ်ထဲမှာ ပြန်လိုက်ဆိုရင်း ငယ်ငယ်တုန်းက လို အကျယ်ကြီး အော်ဆိုချင်စိတ်တွေ ပေါက်တယ်.. အမတို့ တော်တော်မှတ်မိတယ်နော်.. :)
    ReplyDelete
  63. ရေးထားတာတွေ တော်တော်စုံနေပြီ။ ရယ်ပြီးပြန်သွားပါတယ်။
    ReplyDelete
  64. အင်္ဂါခြင်္သေ့ ဘုရားရှေ့ မဟုတ်ဘူးလား ခင်ဗျ။
    ReplyDelete
  65. အီး ဒူ ဒင်၊ သှူ့နှာခေါင်းဝင်၊ ငါ့နှာခေါင်းဝင်၊
    တောက်ကျိုးနည်း ပေါက်တဲ့ fင်။
    အီး အီး ဘယ်သူပေါက်၊ မောင်ပေါက်၊ ပေါက်တဲ့သူ မှန်မှန်ပြော၊ အီးပုတ်တရားဟော၊ ဟောလို့မကျေ သံပုရာရေ၊ ဒိုင်း ဘွတ် ရွှတ်....။
    ထိုင်ကစားနေကြရင်း အီးစော်နံရင် တရားခံရှာတဲ့ ကဗျာ၂ပုဒ်၊ ရွတ်ရင်း တစ်ယောက်စီကို လက်ညှိုးထိုးသွားတာ ကဗျာအဆု့းမှာ လက်ညှိုးကျတဲ့သူ အီးတရားခံ။
    ReplyDelete
  66. မမရေ...
    ညီမတို့ငယ်ငယ်က အော်ဆိုခဲ့ဖူးခဲ့တာကတော့“
    .. ၀င်းဦးနဲ့ ၀ါဝါ၊ လမ်းလျှောက်လို့လာ
    ရဲသားကြီးက အပြစ်ပေး၊ ၀င်းဦးနှုတ်ခမ်းမွှေး.. တဲ့
    ReplyDelete
  67. တနင်္လာ ဘာညာနဲ့..
    ကတုံးပြောင်းအုန်းမောင်ကလွှဲလို့ အကုန်ကြားဖူးတယ်..
    2 peace ဆိုတာ..
    လက်နှစ်ချောင်း..
    ချောင်းတာက သူခိုး
    ခိုးတာက ပိုက်ဆံ
    စန္ဒာက ဇော်လင်းမယား..
    ယားတာက ၀ဲ..
    ၀ဲတာက စွန်..
    စွံတာက မျက်စိ
    စိတာက သွား..သွားတာက ခြေထောက်
    ထောက်တာက လက်..လက်တာက ကျောက်
    ကြောက်တာက သရဲ..ရဲတာကသွေး
    သွေးတာက သနပ်ခါး..ခါးတာကကြက်ဟင်းခါးသီး
    သီးတာက သရက် ...ယက်တာက ချည်
    ချီတာ က ကလေး လေးတာက ကျောက်တုံး
    တုံးတာက ..နင်..။။
    ဟီးး..ပြီးပါပြီ။။
    ReplyDelete
  68. တောင်ပေါ်က သခွားသီး
    ဓါးလေးနဲ့ ပါးပါးလှီး..
    ငပိရည်သုတ်...ဆားရည်သုတ်..
    စာကလေး အမွေးနုတ်..ဗြုပ်..
    သံပုရာရည် ညှစ်..ဗြစ်..
    (သတိရတာတွေ ပြန်ရေးကြည့်တာ..)
    ReplyDelete
  69. ငယ်တုန်းက မောင်နှမတွေ စုပြီး ခြေထောက်လေးတွေ ဆန့်ထား၊ စက်ဝိုင်းပုံလေး ၀ိုင်းပြီး ခြေထောက်တွေကို အလယ်မှာ စုထား၊ တစ်ယောက်က မျက်စိမှိတ်ပြီး ခြေထောက်တစ်ခုကို ဖမ်းဆုပ်ထားပြီးရင် ဒါဘယ်သူ့ခြေထောက်လို့ မေးရင် ကျန်တဲ့သူတွေက မောင်ရင်ခြေထောက်၊ မောင်ရင်ဘယ်သွား၊ ဆွမ်းခံသွား၊ ဆွမ်းဆွမ်း ဘယ်မှာ၊ ကြောင်စားကုန်ပြီ၊ ကြောင်ကြောင်ဘယ်မှာ ဖျာတလိပ်နဲ့ မိုးပေါ်တက်သွားပြီ ဆိုပြီး မျက်စိမှိတ်ထားတဲ့သူကို ကျန်တဲ့သူတွေက ဒါဘယ်သူ့ခြေထောက်လို့မေးရော။
    အဲ့ဒီအခါကျ မျက်စိမှိတ်ထားတဲ့သူက ဘယ်သူ့ခြေထောက်ပါဆိုပြီး အဖြေကို ပြန်ပြောရတာလေးကို သတိရတယ်။
    အမမိုးချိုဘလော့ဂ်မှာ ၀ိုင်းပြီးရေးပေးကြတဲ့ ကဗျာလေးတွေ ဖတ်ရတော့ ငယ်ငယ်လေးတုန်းက ပေါက်ကျော်မ လုပ်ခဲ့တာတွေကို လွမ်းလိုက်တာ
    ReplyDelete
  70. မအယ် ရွတ်တဲ့ ကဗျာတွေက ဆင်ဆာ မလွတ်လို့ မရေးတော့ ဘူး။
    ကော့မန့် တွေက ရီရတယ်။
    စင်စင်ရေ ဘလော့လေး တခုလုပ်ပါဗျို့ ။
    မအယ်
    ReplyDelete
  71. This comment has been removed by the author.
    ReplyDelete
  72. ba
    ဆက်ဆိုလေ..ဟီးး
    အောင်ထွန်းလေးက ..
    အိပ်လို့ပျော်..
    ...... ပေါ်
    မယုံရင် ချိန်ကြည့်
    ငါးပိသာလောက်ရှိတဲ့
    ..ဟီးးး
    ကဗျာတွေေ၇ာ ကော်မန့်တွေ ရောဖတ်တာ ရီလိုက်ရတာ..
    အားလုံးတူတယ်..။
    ReplyDelete
  73. တို့ရွာသားတွေက ပြောတယ် အဲဒိစာတွေက ဒေါသသင့်နေတယ်တဲ့ ပေါက်ကရကဗျာ ပျော်စရာကို ပြောတာနော် ထားပါတော့ ရွာကလေးကို အလည်လာပါဦး http://four-8km.blogspot.com/
    ReplyDelete
  74. သူနဲ့လဲမခေါ်ပဲ ငါနဲ့လဲမခေါ်ပဲ မခေါ်ပဲနဲ့
    စားတော်ပဲ ပဲကြီးလှော်နဲ့ လဲ ဗြဲးးးးးးးးးးးးး
ိ့်
    ReplyDelete
  75. နေပူမိုးရွာသူခိုးလာ
    လာတဲ့သူခိုး လှံနဲ့ထိုး
    ထိုးလိုက် ထိုးလိုက်
    ဘထက်ချိုက် ဘကုန်အောက်ကလိုက်
    ကျွန်တော်တို့ကတော့ အဲ့ဒိလိုဆိုတာပဲ။း)
    ReplyDelete
  76. ဒီကစားနည်းကိုရော ကစားဖူးလား
    ရွှေစွန်ညို ဘာလို့ဝဲပါတယ်
    မထွေးလိုလို့ ၀ဲပါတယ်
    မထွေးမပါ တို့ကြီးလာ
    ပါပါရဲ့သား နောက်ကထား
    မထွေးအသားခါးလှတယ်
    ချောင်းငယ်ရေနဲ့ဆေးပါမယ်
    ချောင်းငယ်ရေ နွေမှာခန်း
    မြစ်ငယ်ရေနဲ့ဆေးပါမယ်
    မြစ်ငယ်ရေ နွေမှာခန်း
    ပင်လယ်ရေနဲ့ဆေးပါမယ်
    ပင်လယ်ရေ ဘယ်မခန်း
    မထွေးအမိဖမ်း
    ဟေး ဟေး ဟေး
    ငါ တို့ ငယ်ငယ်တုန်းက အဲဒီလိုမျိုးလည်း ကစားခဲ့သေးတယ်။ :)
    ဒီလိုမျိုးရော အော်ခဲ့ကြသေးလား ??????
    ၁၆ တစ်လီ ၁၆
    ၁၆ နှစ်လီ ပဲပြုတ်
    ပဲပြုတ်ကို ဆီ ဆမ်း ဇော်ဝမ်း
    ဇော်ဝမ်း က အိမ်ပေါ်တက် တင်တင်ညို နဲဖက်
    တင်တင်ညိုက ကလေးမွေး အောင်ထွန်းလေး။
    ဟားဟားဟား.....
    ReplyDelete
  77. ဟားဟားဟား မမချိုသင်းရေ...တနင်္လာကျား နတ်ပြည်သွားတဲ့ ကောင်းလိုက်တာ ဂွတ်လိုက်တာ။ အနော်ငယ်ငယ်က မသိခဲ့ဘူး ။ တနင်္လာကျား အီးတွေစား အင်္ဂါခြင်္သေ့ဘုရားရှေ့ဆိုပြီးအင်္ဂါသားသမီးတွေက စလာတိုင်း ဒေါသတွေ အတောင့်လိုက်အလိပ်လိုက်ထွက်လာရတာ
    ခုတော့ ရပြီ။ တနင်္လာကျားနတ်ပြည်သွားးးးးးးးး
    ဟုတ်ပြီကွ ရှယ်ပဲ
    ReplyDelete
  78. စာကလေး စာကလေး
    ပူကျိကျိ ပူကျိကျိ
    နင်ဘယ်ဘက်ကို ယိမ်းမယ်
    ငါညာဖက်ကို ယိမ်းမယ်
    ယိမ်းတဲ့ ဘက်ကို ငါလိုက်မယ်
    လိုက်ကွယ်(အဲဒါလေးကတော့ ကျောင်းမှာ မုန့်စားဆင်းချိန်မှာ ဆော့တဲ့စာကလေးဖမ်းတဲ့ကဗျာ)
    လက်ချင်းဆိတ်ပြီးဆိုမိတာက ပုစွန်ဆိတ် ပုစွန်ဆိတ် မောင်ရင်လာ တံခါးပိတ်ချိတ်....
    ထမင်းအိုးလေးတည်ပြစေဦး
    ဟင်းအိုးလေးတည်ပြစေဦး
    ရေနွေးအိုးလေးတည်ပြစေဦး (တံခါးကြီးဖွင့်ပေးစေချင်လို့)
    ဖိုးသာထူး ဖိုးသာထူး
    အလွန်ဝတဲ့ ဖိုးသာထူး
    ဖိုးသာထူးက ဗိုက်ပူပူ
    ဖိုးဝကြီးနဲ့တူ
    မတူသလားတူသလား
    ဒီမှာကြည့်ပါလား
    ReplyDelete
  79. ကဗျာတော့ မဟုတ်ဘူး။ ကစားနည်းလေးပါ။ ဒါပေမယ့် ပါးစပ်က ပေါက်ကရ ရွတ်ရတာ ပျော်စရာပါ။
    ၁။ မဂျာရူး ကစားနည်း
    ခွေးရူး က အရူးမ မဂျာရူး၊ ကျန်ကလေးများက အရူးမ ကို စသူများ
    မဂျာရူး။ ။ ဂျုံး...ဂျုံး...ဂျုံး...
    ကလေးများ။ ။အိမ်ရှေ့က ဘယ်သူတုန်း။
    မဂျာရူး။ ။မဂျာရူး။
    ကလေးများ။ ။ဘယ်သွားမလို့တုန်း။
    မဂျာရူး။ ။ရန်ကုန်တိရစ္ဆာန်ရုံသွားမလို့။
    လိုက်ကြဦးမလား။
    ကလေးများ။ ။မလိုက်ချင်ဘူး။
    မဂျာရူး။ ။ဘာဖြစ်လို့တုန်း။
    ကလေးများ။ ။ကျားတွေ၊ဆင်တွေ ကိုက်မှာစိုးလို့။
    မဂျာရူး။ ။မလိုက်ချင်နေ၊ သွားမယ်။
    ကလေးများ။ ။မဂျာရူး နေပါဦး။ မဂျာရူးနေပါဦး။
    မဂျာရူးက ပြေး။ ကလေးတွေက မဂျာရူးနေပါဦး ကို မနားတမ်း အော်ရင်း နောက်က လိုက်ပြေး။ ခဏနေတော့ မဂျာရူးက စိတ်တို။ ကလေးတွေကို ပြန်လိုက်ဖမ်း။ ကလေးတွေက ထွက်ပြေး။ မိတဲ့ကလေး ခွေးရူးဖြစ်၊ မဂျာရူးလုပ်။ ကစားနည်း ပြန်စ။
    ၂။ ဆီမီးခွက် ကစားနည်း
    ကလေးသုံးယောက် ၁၂၀ ဒီဂရီခြားစီ မတ်တပ်ရပ်လျက် ခြေတစ်ချောင်းထောက်။ ကျန်တစ်ချောင်းစီကို သုံးချောင်းထပ်လိမ်။ လိမ် ပုံက ပထမ တစ်ယောက်ရဲ့ ခြေချောင်းကို နောက်တစ်ယောက်ရဲ့ တစ်ချောင်းပေါ် ထပ်။ ကျန် တစ်ယောက်က သူ့ခြေချောင်းကို ဟို နှစ်ယောက်ခြေချောင်းနှစ်ခု အနက် အောက်က ခြေချောင်းကို အောက်က ထိုး၊ ပေါ်က ခြေချောင်းကို အပေါ်က ထိုး။ ဆီမီးခွက် ပုံစံရ။ ဖြုတ်လို့ ခက်ပြီး သုံးယောက် အတွဲလိုက်ဖြစ်။ ပြီးရင် ခုန်ရင်း၊ လှည့်ရင်း ဆိုရန်
    ဆီးမီးခွက်ပြောင်းပြန် ပိုးလိုးပက်လက်လှန်
    မောင်ရင် ဘယ်သွား
    ဆွမ်းခံသွား။
    ဆွမ်းခံရာက ဘာပါတယ်။
    မုန့်လုံးကြက်ဥ ပါပါတယ်။
    မုန့်လုံးကော။
    ကြောင်ချီသွားပြီ။
    ကြောင်ကော။
    သစ်ခေါင်းထဲ ၀င်သွားပြီ။
    သစ်ခေါင်းကော။
    မီးနဲ့ ရှို့ ပလိုက်ပြီ။
    မီးကော။
    ရေနဲ့ လောင်းပလိုက်ပြီ။
    ရေကော။
    သမုဒ္ဒရာထဲ ၀င်သွားပြီ။
    သမုဒ္ဒရာကော။
    ဆင်ကြီးကိုးကောင် သောက်လို့ ကုန်ပြီ။
    အဲလို ဆိုလို့ မပြီးခင် ခြေချောင်းအတွဲ ပြုတ်ရင် အဲဒီ သုံးယောက် ရှုံး။ နောက် သုံးယောက်စ။
    ReplyDelete
  80. တောင်ပေါ်က ရှမ်းကလေး လျော်ထမ်းလို့ပြေး. တိုတဲ့ လျော် က တို ..ရှည်တဲ့လျော်ကရှည်.။
    ကဲဆို.
    ReplyDelete
  81. ရွေလ မှာ ယုန်ဝပ်လို့ ဆန်ဖွပ်တဲ့ အဖိုးအို.
    ဟော ကြည့်ပါဆို..
    ReplyDelete
  82. တနင်္ဂနွေ ဂဠုန်၊ ချီးတွေ ငုံ
    တနလာင်္ ကျား၊ နတ်ပြည် သွား (ကိုယ်က တနလာင်္ သမီးကိုး)
    အင်္ဂါ ခြင်္သေ့၊ ချီးတွေ တွေ့
    ဗုဒ္ဓဟူး ဆင်၊ ချီးတွေ နင်
    ကြာသပတေး ကြွက်၊ ချီးတွေ လျက်
    သောကြာ ပူး၊ ချီးတွေ လူး
    စနေ နဂါး၊ ချီးတွေ စား …
    အဲဒီကဗျာမှန်တယ်
    ကျနော်လည်းတနလာင်္သားမို့ပြောတာ...ဟဲဟဲ
    ဖတ်ပြီးအူတောင်နာမတတ်ပဲ မချိုသင်းရေ
    ဘွတ်ရွှတ်ဒိုင်းပြီးတော့
    မလှဝိုင်းလို့ထပ်ထည့်လိုက်သေးတယ်လေ
    ဘိန်းမုန့်ကိုရွှေချ ရွှေဘ
    ရွှေဘကို ခြင်ထောင်ထောင် ဦးသိန်းမောင်
    ဦးသိန်းမောင်ကိုရဲကဖမ်း သာဆန်း
    သာဆန်းကိုဂတုံးတုံး ဦးကျောက်လုံး
    ဦးကျောက်လုံးကကုတင်ပေါ်ကပြုတ်ကျ တင်တင်မြ
    တင်တင်မြကခြေထောက်တဘက်ရှည် ဝါဝါဝင်းရွှေ
    ဝါဝါဝင်းရွှေကတွင်းတူး ဝင်းဦး
    ဝင်းဦးကသေးနဲ့ပန်း ဇော်ဝမ်း
    အဟီး။။။။မကြီးမငယ်ဝင်ဆော့သွားမိတယ်
    ReplyDelete
  83. ကြာသာပတေးကြွက် နတ်ပြည်တက်မဟုတ်ဘူးလား ဟီးဟီး။ ကဗျာတွေက တော်တော်စုံနေတယ်။ စဉ်စားစရာ ကျန်တော့ဘူး။ :D
    ReplyDelete
  84. တောင်ပေါ်က သခွားသီး ဓါးကလေးနဲ့ပါးပါးလှီး။
    ငါးပိရည်သောက် ဆားရည်သောက် စာကလေးအမွှေးနှုတ်။ ဗြုတ်။ ခရမ်းချဉ်သီး အရည်ညှစ်။ ဗျစ်။
    ဟီးဟီး ဟုတ်လားမသိဘူး ငယ်ငယ်တုန်းကတော့ အလိုဆိုတယ်။ ဝင်ပြီးလက်ဆော့သွားတယ်။ :)
    ReplyDelete
  85. ကြာသာပတေးကြွက် နတ်ပြည်တက်မဟုတ်ဘူးလား ဟီးဟီး။ ကဗျာတွေက တော်တော်စုံနေတယ်။ စဉ်စားစရာ ကျန်တော့ဘူး။ :D
    ReplyDelete
  86. အုန်းသီးလေးလုံး မလေးလုံး
    တလုံး ဆွမ်းတော်တင် တလုံးရေထဲကျ
    ငါကောက်လို့ ရ
    ReplyDelete
  87. ၀ါဆိုဝါခေါင် ရေဖောင်ဖောင် သပြေသီးမှည့်ကောက်ရအောင်
    အမရေ မြန်မာပြည်ကိုမလွမ်းဘူးလား ..ဒီမှာမိုးတွေအရမ်းရွာတာပဲ
    ReplyDelete
  88. ကျွန်မက တနင်္လာသမီးဆိုတော့ တနင်္လာကျား နတ်ပြည်သွားကိုတော့ ကျွန်မလည်း လုံးဝ ထောက်ခံတယ်။ ကျွန်မက စကားပြေဆိုရင်တော့ အကုန်နီးပါး ပြန်ရွတ်ဖို့ မှတ်မိပေမယ့် ကဗျာက သိပ်ညံ့လို့ ခေါင်းထဲမှာ တပုဒ်လုံးကို မှတ်မိနေတာ သိပ်မကျန်တော့ဘူး။ သူငယ်တန်းတုန်းက ရွတ်ခဲ့တဲ့ ကဗျာတခုတော့ မှတ်မိနေတယ်။
    ပျိုလေးတို့ အိမ်ဦး
    ဆတ်သွားဖူးက တရုံနှစ်ရုံ
    ကျေးတွေကအုံ
    မအုံပါနဲ့ ကိုရွှေကျေး
    ပျိုတို့မောင် ရှင်လိင်ပြန်ရင်
    နားပန်ဖို့လေး။
    ကျွန်မတို့ သူငယ်တန်းတုန်းက သင်တာ
    က ကလေးငယ် ချစ်စဖွယ် မဟုတ်ဘူး။ ကျွန်မ ရ တန်းရောက်တဲ့အချိန် စနစ်သစ် ပြောင်းမှ ကကညက် ပေမှာ ခြစ်ကနေ ကကလေးငယ် ချစ်စဖွယ် ဖြစ်သွားပါတယ်။ အရင်က ဆိုခဲ့တဲ့ ကကြီး ခခွေးကဗျာက..
    က ကညက် ပေမှာခြစ်
    ခ ခရာ အသံသာ
    ဂ ဂဏန်း ရေမှာဖမ်း
    င ငရုပ်စိမ်း စပ်ရှိန်းရှိန်း
    စ စပါး တို့အားထား
    ဆ ဆရာ ရိုသေပါ
    ဇ ဇရပ်မှာ တည်းခိုပါ။
    ည ညအခါ လသာသာ
    တ တလင်းဝယ် စပါးနယ်
    ထ ထမင်းနဲ့ တပို့တွဲ
    ဒ ဒရယ်လေး ဘေးမဲ့ပေး
    ဓ ဓနိပင် အသုံးဝင်
    န နယုန် လေရူးသုန်
    ပ ပလောင် ဒို့ညီနောင်
    ဖ ဖရုံတော ဒို့ရွာတော
    ဗ ဗလ အင်အားပြ
    ဘ ဘရက် ရွှေဒေါင်းခွက်
    မ မမအဖေါ်ရ
    ယ ယမင်းပပ၀င်း
    ရ ရထား စီးလို့သွား
    လ လမင်း ထိန်ထိန်လင်း
    ၀ ၀ကလေး ၀ိုင်းဝိုင်းရေး
    သ သမင် အပြေးလျင်
    ဟ (ကျွန်မတို့ သူငယ်တန်းတုန်းက ဟအတွက် ကဗျာမရှိပါ။)
    အ အလံ အောင်ပွဲခံ။
    ReplyDelete
  89. ဂတုံးပြောင် အုံးမောင်
    တောင်ပေါ်တက် ဇီးကွက်
    ရေထဲကျ ငါးပြေမ
    တုတ်နဲ့ထိုး ငါးမြွေထိုး
    ဆီနဲ့ကြော် အမလေးတော်
    ဂတုံးဂတုံးတယ်လီဖုန်း
    ရန်ကုန်မြို့ကိုဆက်ပါဦး
    တစ်နာရီ ပြားခြောက်ဆယ်
    ဂတုံးဖင်ခေါင်းကျယ်
    ရော့ငါးပြား
    ဂတုံးမုန့်ဝယ်စား
    အီး အီး ဘယ်သူပေါက်
    မောင်ပေါက်
    ပေါက်တဲ့လူ မှန်မှန်ပြော
    အီးဘွတ်တရားဟော
    ဟောလို့မကြေသံပရာရေ
    ဘွတ်ရွှတ်ဒိုင်း
    တောင်ပေါ်ကခရမ်းသီး
    ဒါးနဲ့ပါးပါးလှီး
    အီး
    ကျောင်းပြေးကျောင်းပြေးနှုတ်ခမ်းမွှေး
    ဗာရာဏသီးကြိုးနဲ့ချည်
    ချည်ကြိုးချည်ကြိုးအပ်နဲ့ထိုး
    ကျောင်းပြေးလူမိုက်ဒုတ်နဲ့ရိုက်
    မရိုက်ပါနဲ့ဆရာရယ်
    ဒုတ်ကျိုးပါ့မယ်
    ဗထက်ချိုက်ပေါ်ချော်လဲ
    ဘကြီးနှုတ်ခမ်းကွဲ
    ၁ ၂ ၃
    ၃ တာကပိုက်ဆံ
    စန္ဒာက ကျော်ဟိန်းမိန်းမ
    မတာက ဘိုးဘိုးအောင်
    အောင်တာက စာမေးပွဲ
    ပွဲတာကသီတင်းကျွတ်
    ကျွတ်တာကလုံချည်
    ချည်တာကကြိုး
    ကျိုးတာကလက်
    လက်တာကကျောက်
    ကျောက်တာကသရဲ
    ရဲတာကသွေး
    သွေးတာကသနပ်ခါး
    ခါးတာကဆေး
    ဆေးတာကပန်းကန်
    ကန်တာကဘောလုံး
    လုံးတာကဂေါ်လီ
    လီတာကအလီ
    အတာကရွှေမိ
    မိတာကသူခိုး
    ခိုးတာက နင်
    သူများပြောတိုင်းလိုက်ပြောတယ်
    ဇောင်းခါးသီးစော်နံပါတယ်
    ဇောင်းခါးသီးကအပုပ်
    ဟဲ့သရဲရုပ်
    အမရေ သူများတွေရေးထားတာအားကျလို့
    စဉ်းစားပီးဝင်ရေးတာ
    နဲနဲတောင်များသွားဘီ :P
    ReplyDelete
  90. နောက်တခါ လာဖတ်ပါတယ်။ ဟိုခေတ်က မင်းသားမင်းသမီးတွေလည်း ပေါက်ကရကဗျာထဲ တော်တော်ထည့်အရွတ်ခံရရှာတယ်။ နောက်ထပ် မှတ်မိသေးတယ်
    လမ်းလျှောက်လို့လာ
    ရဲဌာနက အပြစ်ပေး
    ReplyDelete
  91. 91 ကောမန့်မြောက်မှာ အားလုံးသိရက်နဲ့ မေ့ကျန်ခဲတဲ့ တပုဒ်ရေးပေးခဲ့မယ်။
    အကျီ င်္ဆင်တူ ဘောင်းဘီဆင်တူ
    ခွေးကလေးနဲ့တူ။
    အကျီ င်္ကွက်ကျား ဘောင်းဘီကွက်ကျား
    ခွေးကလေးနဲ့ညားးးး။
    အကျီ င်္နဲ့ ဘောင်းဘီ ၀မ်းဆက်ဝတ်ထားတဲ့ ကလေးချင်းတွေ့ရင်နောက်တဲ့ ကဗျာလေးပေါ့။
    ကျမတို့တုန်းကတော့ ခွေးကလေးနဲ့ညားး လင်မယား လို့ ထည့်ဆိုလိုက်သေးးးးး
    ReplyDelete
  92. This comment has been removed by the author.
    ReplyDelete
  93. ဘလောင်တောင်တောင် ဗေဗေ့ဂျိ
    နည်းသူထွက် များသူလိုက်
    ဘလောင်တောင်တောင် ဗေဗေ့ဂျိ
    စိန်ပြေးတန်း မကစားမှီ အဲလိုလေးဆိုပြီး လက်ဝါး ကို မှောက်တဲ့သူ နဲ့ လှန်တဲ့သူ ခွဲပြီးကြတယ်
    နောက်ဆုံးကျန်တဲ့ ၂ ယောက်ကို တစ်ယောက်က အစားဝင်ပေရင်
    ဒီလိုဆိုကြသေးတယ်
    ပတ်စားဝင် ဆီဆွတ် .....တဲ့
    ReplyDelete
  94. ငါ့နောက်ကလိုက် ငါ့နောက်လိုက်၊
    ငါ့ရှေ့ကသွား ငါ့နွား။
    ReplyDelete
  95. ကြက်ဖခွပ်ရင် စာအုပ်ထဲလည်း သင်ရတဲ့
    " ကြက်ဖတိန်ညင် တောကိုဝင်......"
    အဲဒါဆိုရင်ဆောင့်ကြောင့်ထိုင် ခြေတဖက်စီ ဘေးထိုးခွပ်ရတယ်..
    နောက်တစ်နည်းက
    "အင်္ဂလိပ်ကြက်ဖ ဘိုကြက်ဖ"
    ဆိုရင် မတ်တပ်ရပ် ခါး နှစ်ဖက်ထောက်ပြီး ခြေတစ်ဖက်စီ ရှေ့ထိုးခွပ်ရတယ်။
    ReplyDelete
  96. လက်ဆော့ချင်လို့အစ်မရေ
    အီးဘူဒေါင်ဒင်
    တယောနက်နဲ့ထိုးတဲ့
    သောက်ကြိုးနဲ ပေါက်တဲ့ဖင် တဲ့ ဟီဟိ။ ငယ်ငယ်က သယ်ယင်းတယောက် ဆိုပြတာ
    ReplyDelete
  97. မမချိုသင်း (၃)ပွဲတောင်လာစားတယ်။တကယ်ကြီး ? အမလေးပျော်စရာကြီး။ ဟဲဟဲ ။ဆိုင်ဖွင့်တော့မယ်။မမချိုသင်းတောင် ဒီလောက်စားရင်သူများတွေတော့...............မမ....အင်းစိန်ဈေးက အသက်၃၈ နှစ်လောက်ရှိတဲ့အကိုကြီးလေ။သူကကွမ်းအမြဲမြုံ့တယ
်လေ။ ၃ရုံနဲ့ ၄ ရုံကြားလောက်မှာခြင်းကြီးနဲ့ ဒုတ်ထိုးအမြဲရောင်းတယ်လေ။ သူ့ကိုမမသိလား? စားဖူးလား? အရမ်းကောင်းတာပဲလေ။ သူ့ဒုတ်ထိုးကို သတိရလိုက်တာ
    ReplyDelete
  98. ထုပ်ပေါ် ခွက်တင်
    ခွက်ဖင် ကြွက်တိုး
    ကြွက်တိုး ခွက်လန်
    ခွက်မထနိုင် ကြွက်မထနိုင်
    ခွက်လဲလဲ ကြွက်လဲလဲ
    ခွက်ကလပ်လပ် ကြွက် ပလပ်လပ်
    ....။....
    ReplyDelete
  99. စာလာဖတ်သူများ၊ ကွန်မန့် လာရေးပြီး ကိုယ်ငယ်ငယ်က ဆိုခဲ့ဖူးတဲ့ ပေါက်ကရ ချစ်စရာ ကဗျာလေးတွေ မျှဝေကြတဲ့ ဘလော့မိတ်ဆွေ သူငယ်ချင်းများအား ကျေးဇူး အထူးတင်မိပါတယ်။
    ရွှင်လန်းချမ်းမြေ့ကြပါစေ။
    မိုးချိုသင်း
    ReplyDelete
  100. peace ဆိုတာ ၂ချောင်း
    ချောင်း တာက သူခိုး
    ခိုး တာက ပိုက်ဆံ
    စန္နာ ကကျော်ဟိန်း မိန်းမ
    မ တာက ဘုရား
    ယား တာက ဝဲ
    ဝဲ တာက စွန်
    စွံ တာက မျက်စိ
ိစိ တာက သွား
    သွား တာက သတ္တဝါ
    ဝါ တာက နနွင်းမှုန့်
    မှုန့် တာက မြေကြီး
    ကြီး တာက ကြီးတော်
    တော် တာက ဦးလေး
    လေး တာက ကျောက်တုံး
    တုံး တာက နင်
    နင် တာက ထမင်း
    မင်း တာက ဘုရင်
    ယဉ် တာက လှတာ
    လှ တာက ငါ။
    အန်တီကြီး ကို မကြောက်လို့
    လန်ဒန်မြေပဲယို ပဲယို
    ဆရာဝန်ကြီး အပ်နဲ့ထိုးလို့ -င်ရိုးကျိုးပါပြီ။
    ReplyDelete
  101. ပျော်စရာကဗျာတွေကိုလာခံစားသွားပါတယ်။
    ReplyDelete
  102. မမိုးချိုးသင်းကျွန်တော်တို့ရဲ့အင်းစိန်မင်းကြီးလမ်း
    အမှတ်တယအကြောင်းလေးတွေလည်းရေးပါအုန်းနော်၊
    လွန်ခဲ့တဲ့နှစ်(၂၀)၀န်ကျင်အကြောင်းတွေပြန်ခံစား
    ကြည်နှူးမိကြဖို့ပါ။
    ReplyDelete
  103. မမိုးချိုးသင်းကျွန်တော်တို့ရဲ့အင်းစိန်မင်းကြီးလမ်း
    အမှတ်တယအကြောင်းလေးတွေလည်းရေးပါအုန်းနော်၊
    လွန်ခဲ့တဲ့နှစ်(၂၀)၀န်ကျင်အကြောင်းတွေပြန်ခံစား
    ကြည်နှူးမိကြဖို့ပါ။
    ReplyDelete
  104. မမိုး
    ရေးထားတဲ့ ပို့ စ်နဲ့ ကွန်မန့် တွေဖတ်ပြီး
    သူငယ်ပြန်ချင်လာလို့ မနည်းအောင့်ထား၇တယ်း)
    ReplyDelete
  105. ချိုသင်းရေ..
    ကောင်းပါ့..အားလုံးကို Record လေးလုပ်ပေးစေချင်ပါတယ်..
    နောင်အခါကလေးတွေအတွက်ပြောပြနိုင်တာပေါ့..
    ငါမှတ်မိနေတာတစ်ခုက..
    "အိစံကွားလား..ဘိုကွားလား
    အိစံကွားလား..ဘိုကွားလား" လို့အော်လေ့ရှိတာကို..
    ဘာ အဓိပ္ပါယ်လည်းဆိုတာအခုထိမသိ..:))
    နေလင်း
    ReplyDelete
  106. ကလေးဘ၀ပြီးတော့
    ကျောင်းတက်တုန်းကပေါ့
    “အမေနေကောင်း သားဆုတောင်း
    ပို့ပါငွေ ၅သောင်း”
    ဟီးဟီး................
    ReplyDelete
  107. ကော်မန့် ၁၀၀ကျော်ကို ထပ်လာဖတ်ပြီး ရယ်သွားပါတယ်.. :D
    ReplyDelete
  108. အစ်မ မိုးချို ခင်ဗျာ... လင့်လေးယူသွားပါတယ်နော်....ကျွန်တော့်ကို အစ်မလင့်လေးယူသုံးခွင့်ပြုပါ......
    ReplyDelete
  109. ရောင်စုံဘောလုံး ~~~~ ရောင်စုံးဘောလုံး
    တလုံးငါးပြား ~~~ တလုံးငါးပြား
    ကြိုက်တဲ့အရောင်ရွေးပါ ~~~ ကြိုက်တဲ့အရောင်ရွေးပါ
    တလုံးငါးပြား ~~~ တလုံးငါးပြား
    တစ် နှစ် စာ ကိုချစ်
    သုံး လေး မသိတာမေး
    ငါး ခြောက် နှစ်ချင်းပေါက်
    ခုနစ် ရှစ် (ဟီးးး ဘာလဲမသိဘူး မေ့သွားလို့ )
    ကိုး တဆယ် ကြိုးစားမယ်
    ReplyDelete
  110. ဘယ်သူမှမရေးသေးတာဝင်ဖြည်.လိုက်မယ် ငယ်ငယ်က ဆင်တူဝတ်လာတဲ.ကလေးတွေဆို “အင်္ကျီဆင်တူဘောင်းဘီဆင်တူ ခွေးကလေးနဲ.တူ “ ဆိုပြီးလိုက်အော် ကြတာ “ တိုင်၁ လုံး ၅ကျပ် နင်းပါးငါချ ပိုက်ဆံငါးကျပ်ရ .“ ဟိဟိ ကျနော်တို.ခေတ်က ၅ကျပ်ဖြစ်သွားပြီ
    ReplyDelete
  111. အလုပ်ထဲရောက်တော့ ဒီလိုဆိုကြရော
    “လာပါပြီ ကျွန်တော်များ ယောင်ဝါးဝါးနဲ့ပါ
    ဟုတ်တာ မဟုတ်တာ အပထား
    ဟန်ရေးပြဖို့ပါ”
    ကျွန်တော်က တော့ အခုထိ ပေါတုန်း ပေါ့
    :}:):]
    ReplyDelete
  112. စံပယ်နှစ်ပွင့် ထရံကာ
    ငါ့ကိုချစ်ရင် စာပြန်ပါ
    (အဲ့ဒါ ရည်းစားစာထဲမှာ ရေးတာ)
    ...
    ဝင်းဦးနဲ့ ဝါဝါ
    လမ်းလျှောက်လို့လာ
    ဝါဝါကစိတ်ဆိုး
    ဝင်းဦး ထိပ်ကိုထိုး
    ဝင်းဦးကြီးက မခံနိုင်
    ရဲမင်းကြီးနဲ့တိုင်
    ရဲမင်းကြီးက ဆလန်ပေး
    ဝင်းဦး Xင်လှန်ပြေး။
    ...
    မင်းသမီး စန္ဒာရယ်
    ကျနော့်လက်ကိုဆွဲတယ်
    နာမည်ကြီးတဲ့ ကိုကျော်ဟိန်းဟာ
    ဆိုက်ကားနင်းနေတယ်
    အခုတော့ ဆွေဇင်ထိုင် ငါးရောင်းနေရတယ်
    ပွဲဈေးတန်းမှာ ဘိုဘိုဟန်
    ဖိနပ်ချုပ်နေရတယ်
    ...
    သင်္ကြန်ခါတော် ရေကစားကြတာ ပျော်ရွှင်စရာ
    စိုးမြတ်သူဇာရေကစားထွက်တာ BL မပါ
    ReplyDelete
  113. 113commentsတဲ့၊ စံချိန်ပဲ..နော်။
    ဂုဏ်ယူပါသည်။
    ReplyDelete
  114. http://lynnnayko.blogspot.com/2009/08/21st-anniversary.html
    ReplyDelete
  115. အမခွင့်ယူထားတာကြာနေပြီလားလို့....။ :D
    ReplyDelete
  116. KOM:အပြစ်ကင်းတဲ့ ချစ်ခြင်းဖြစ်ပါစေ။
    ReplyDelete
  117. သူများတွေ လို ရေးချင်လို့ စဉ်းစားနေတာကြာပေါ့ အခုတော့ ပေါက်ကရ ကဗျာတွေ စဉ်းစားလို့ ရပြီ
    တစ်ယောက်ယောက်က မဟုတ်တာလုပ်ရင် လူကြီးတွေ သိအောင်ပြောမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ကဗျာက
    - တိုင်မယ်တိုင်မယ် အိမ်မြှောင်ကပ်နေတယ်
    မတိုင်ဘူး မတိုင်ဘူး အိမ်မြှောင် မကပ်ဘူး။
    - တိုင်တစ်လုံး တစ်မတ် မ၀ယ်နိုင် ပါးချ လခထုတ်မှ တစ်ကျပ်ရ။
    တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ပြီးတော့ အဲဒီလူက လာပြန်ခေါ်ရင်တော့
    - မခေါ်ပဲနဲ့ လာခေါ်တယ် ဂျောင်ဂျမ်းသီးစော် နံပါတယ်၊
    ဂျောင်ဂျမ်းသီး ပုလွေမှုတ် ဟောဒီမှာ သရဲရုပ်။
    ရန်ဖြစ်လို့ ကိုယ်က စရိုက်ချင်ရင်တော့-
    ဦးသူချ အသူခံ လည်သူဆိတ် ဘေးသူကန် မကန်လေးချက် ကန်လေးချက် ၁ ၂ ၃ ၄ ဆိုပြီး ရိုက်လိုက်တာပဲ။း)
    ရန်ဖြစ်ထားတဲ့သူက တံတွေးကို အသံထွက် ပြီး ထွေးလာရင်တော့-
    ထွီထန် ကုလားမ ချီးစော်နံ လို့ ပြန်ပြောရတယ်။
    ကတုံး တုံးထားတဲ့ လူဆိုရင်တော့
    - ကတုံး ကတုံး အုံးခြစ်လုံး ရန်ကုန်မြို့ ကို ဆက်ပါအုံး ရန်ကုန်မြို့ က ဖုန်းကြိုး ပြတ် ကတုံးခေါင်းပေါ် အီးတုံးကပ်။
    မျက်လုံးပြူးတဲ့ကောင်ဆိုရင်-
    ဇီးကွက် မျက်ပြူး ရေထဲကူး ငါမသေဘူး ရေကူးတက်တယ်။
    ပုဆိုး အဆင်ကို လိုက်ပြီး လူနာမည်ခေါ်တာကြတော့
    - ပုဆိုး ပြာနဲ့ ကိုဖိုး တာ၊ ပုဆိုးကွက်နဲ့ ကိုဖိုးသက်၊ ပုဆိုးနီနဲ့ ကိုဖိုး ကြည်၊ပုဆိုးစိမ်းနဲ့ ကိုဖိုးသိန်း၊ ပုဆိုးကြားနဲ့ ကိုဖိုး ခွား။
    ဖန်ခုန်ရင် ရွတ်တဲ့ ကဗျာကတော့-
    ကလင်ကလောင်ကလက် ချဉ်ပေါင်ရွတ် ဟင်းချက်။
    ReplyDelete
  118. ဟိ.. အားလုံးရွတ်ဖူးတယ် ငယ်ငယ်က.. :D
    တနင်္လာကျား နတ်ပြည်သွား နတ်သမီးလေးနဲ့ညား။
    ဟောလို့မသေ သံပုရာရည် တောင်ပေါ်ကသခွါးသီး ဓါးနဲ့ပါးပါးလှီး အီး.. တဲ့
    ပေါက်ကရတဲ့ ကြုံတုန်းရွတ်ထားမှ..
    ကတုံးကတုံးတယ်လီဖုန်း ရန်ကုန်မြို့ကိုဆက်ပါဦး
    တစ်နာရီ ကျပ်သုံးဆယ် ကတုံးဖင်ခေါင်းကျယ်..။
    မို့မို့မြင့်အောင်..
    အောင်တာကစာမေးပွဲ၊ ပွဲတာကဘုရား
    ယားတာက၀ဲ၊ ၀ဲတာကစွန်
    စွန်တာကမျက်စိ၊ စေ့တာကသွား
    သွားတာကခြေထောက်၊ ထောက်တာကလက်
    လက်တာကကျောက်၊ ကြောက်တာကသရဲ
    ရဲတာကသွေး၊ သွေးတာကသနပ်ခါး
    ခါးတာကကြက်ဟင်းခါးသီး၊ သီးတာကဗူးသီး
    ကိုရင်နှာဘူးကြီး..။
    ဒါဆို ဆက်ချင်သေးရင်ရ၏.. ဒီလို
    “သွေးတာကသနပ်ခါး၊ ခါးတာကဆေး
    ဆေးတာကပန်းကန်၊ ကန်တာကဘောလုံး
    လုံးတာကကျောက်တုံး၊ တုံးတာ နင်
    နင်တာကထမင်း၊ မင်းတာကဘုရင်
    ယင်တာက ယင်ကောင်၊ (မရတော့ဘူး မေ့ပြီ)
    တုံးအောက်ကဖား၊ ပြားတဲ့ဖားကပြား
    ဖောင်းတဲ့ဖားကဖောင်း (အမြန် ၃ခေါက်ဆိုရန်)
    ထုတ်ပေါ်ခွက်တင်၊ ခွက်ဖင်ကြွက်တိုး
    ကြွက်တိုးခွပ်လဲ၊ ကြွက်လဲလဲခွက်လဲလဲ
    ခွပ်မထနိုင်၊ ကြွက်မထနိုင်
    ခွက်ပိုးလိုးပက်လက်၊ ကြွက်ပိုးလိုးပက်လက် (အမြန်ရွတ်ရန်)
    မိုးရွာရင်မိုးရေချိုးမယ်
    မေမေလာရင် နို့ကိုက်မယ်
    ဖေဖေလာရင် ခွေးနဲ့ရှူးတိုက်မယ်.. :D
    ReplyDelete
  119. မမရေ...ဘလော့ဂ်လောက ကခွင့်ယူထားတာဘယ်တော့ခွင့်ရက်စေ့မှာလဲဟင်။။
    အနော်ပို့စ်အသစ်မျှော်နေမယ်နော်
    ချစ်တဲ့
    ReplyDelete
  120. အဲ.. လုပ်ကာမှ ငယ်ဘ၀ကို သတိရသွားပြန်ပြီဗျာ
    ReplyDelete
  121. အမရေ... အမမရေးတာကြာလို့ အမစာပြန်ရေးအောင် တဂ်ထားပါတယ်။
    အမနေကောင်းလား....
    နေမကောင်းလို့ စာမရေးတာလားဗျို့
    ReplyDelete
  122. သာကြောင်းမာကြောင်းလေး သတင်းကောင်းပါးပါဦးဗျို့...
    မိဘပြည်သူများ စိတ်ပူပင် သောကရောက်နေကြရပါကြောင်း...
    ReplyDelete
  123. အမ ခွင့်ရက်က စပယ်ရှယ်ခွင့်ထင်တယ်၊ အကြာကြီးပဲနော်။
    သတိယနေပြီ၊ နူးညံ့စေတဲ့ စာကို ဖတ်ချင်လှပြီလေ။
    ReplyDelete
  124. မမရေ့ 
    ပြန်လာပါတော့နော်
    စောင့်နေရတာ လည်ပင်းညောင်ရေအိုးဖြစ်နေပြီနော်
    ချစ်ညီမလေး
    လုလု
    ReplyDelete
  125. အင်း..ကွန်မင့်တွေကလည်းများလိုက်တာ ဘာရေးရမှန်းတောင် မသိတော့ဘူး ဘာမှမရေးတာပဲ ကောင်းမလားမသိဘူး အင်း တနင်္ဂနွေဂဠုန် အီးတွေငုံဆိုတာကိုတော့ အပြည့်အ၀ ကန့်ကွက်တယ် တနင်္ဂနွေ ဂဠုန် မော်ဒယ်တွေအုံ ဆိုမဆိုးဘူး အဟဲ ကျနော်က တနင်္ဂနွေသားလေ..
    ReplyDelete
  126. This comment has been removed by the author.
    ReplyDelete
  127. Ma Ma....we had slightly different version when we were young. I switched from 'စ' to ' သ' as I don't want it to be inappropriate on your wall. ဟီးဟီး :D
    အီး အီး ဘယ်သူပေါက်
    မောင် ပေါက်
    ပေါက်တဲ့လူ မှန်မှန်ပြော
    အီးဘွတ်တရားဟော
    မဟောလေခြင်း ဟောလေခြင်း
    တောင်ပေါ်က'သောက်'ချီး
    ပြုတ်သုပ်စား………
    ReplyDelete
  128. အမမိုးရေ
    အမရေးထားတာတွေကော ကွန်မန်းတွေကောဖတ်ပြီးတော့
    တော်တော်လေးကို အူတက်အောင်ရယ်လိုက်ရတယ်။ဟားးးးးဟားးးးးးး
    အခန်းထဲကသူငယ်ချင်းတွေကိုလည်းအော်ဖတ်ပြလိုက်ပါတယ်
    ပြီးတော့ အားလုံးမေ့နေတာလေးကို ဝင်ရေးသွားတယ် ဘယ်ရမလဲ
    အေ ဘီ စီ ဒီ မတက်ဘဲနဲ
    အရပ်ထဲကိုဝင်
    ဖိနပ်ခိုးတာနင်...။
    ဆိုပြီးတော့ လက်ညိးထိုးပြီးဆိုတာလေ...
    ReplyDelete
  129. အမ အပေါ်က jan ဆိုတာကျနော်ပဲနော်
    ReplyDelete
  130. မမိုးချိုသင်းရေ... အခုမှ ဒီပိုစ့်လေးကို ဖတ်ဖြစ်လို့ အခုမှဘဲ ရေးလိုက်ရပါတယ်။ တော်တော်လေးတော့ နောက်ကျနေတဲ့ ကော်မန့်ပါဘဲ။ ဒါပေမဲ့ ဖတ်ပြီးတော့ မရေးဘဲမနေနိုင်တာနဲ့ဘဲရေးဖြစ်သွားပါတယ်။ ငယ်ငယ် တုံးက အချိန်လေးတွေကိုလဲ အရမ်းကိုလွမ်းမိ သွားလို့ပါ။ အဲဒီ ကဗျာတွေအားလုံး (ကော်မန့်တွေ ထဲက ကဗျာတွေ အားလုံးပါ ပါပါတယ်) ကို ငယ်ငယ် တုံးက ရလဲရခဲ့ အားရပါးရလဲ ဆိုခဲ့ဖူးပါတယ်။ အတော် များများကိုလဲ အခုအချိန်ထိ မှတ်မိနေတုံးပါဘဲ။ အဲဒီခေတ်တုံးက ကလေးတိုင်းလိုလိုလဲ အဲဒီ ပေါက်ကရ ကဗျာလေးတွေအားလုံးနဲ့ ရင်းနှီးခဲ့ကြပါတယ်။ ကလေး အားလုံးဟာ တပျော်တပါးကို ဆိုခဲ့ကြတာပါ။ ပျော်စရာ အကောင်းဆုံး အချိန်လေးတွေပါဘဲ။ အခုခေတ် ကလေး တွေကိုတော့ အတော်ကြီးကို သနားမိပါတယ်။ သူတို့ခမျာ တွေမှာ အဲဒီလိုဆိုစရာ ကဗျာတွေမရှိ တော့ပါဘူး။ ဟိုခေတ်တုံးက ကလေးတွေလို ကဗျာဆိုပြီး တပျော်တပါးဆော့ဖို့လို့လဲ အချိန်မရှိရှာကြ တော့ပါဘူး။ ကဗျာဆိုဖို့ ဝေးလို့ ထုပ်စည်းတိုးတယ် ဆိုတာတောင် ဘာမှန်းမသိကြတဲ့ ကလေးတွေ ဖြစ်နေကြ ပါပြီ။
    ငယ်ငယ်တုံးက ဆိုခဲ့တဲ့ ကဗျာလေးတစ်ချို့ ထပ်ရေးပေး လိုက်ပါတယ်။
    ~~~ ကကြီး ခခွေး အိမ်ကိုပြေး
    အပြေးမတတ် ထမင်းငတ်
    မတ်တပ်ရပ်လို့ လမ်းမှာငို
    ပုရွက်ဆိတ်တွေ ကိုက်လို့ဆို....
    နောက်တစ်ခုက....
    ~~ သစ်ပင်ပေါ်မှာ ထိုင်နေတဲ့ တောက်တဲ့ တောက်တဲ့
    မိုးလေ၀သ ဟောနိုင်တဲ့ တောက်တဲ့ တောက်တဲ့
    အိုးဟောလိုက်စမ်းပါအုံး..
    မိုးရွာမလားတောက်တဲ့ အိုတောက်တဲ့။ (ဒီကဗျာ ကိုက သံစဉ်လေးနဲ့ သီချင်းဆိုသလို ဆိုတာပါ)
    နောက်ထပ်တစ်ခုရှိပါသေးတယ်။
    ~~ ခါချဉ်စစ်တပ် ချီတက်လာ
    ပုရွက်ဆိတ်များကို ချေမှုန်းကာ
    ခါချဉ်ခေါင်းကြီး အိုးစည်တီး
    ခါချဉ်ပေါင်ကျိုး တယောထိုး
    တောက်တဲ့ မြီးတို သီချင်းဆို
    ကြက်ဖို ကြက်မ နှစ်ပါးသွား
    ဇီးကွက် ဖိုမ အော်လို့သာ
    ခွေးစုတ်မကြီး ငိုချင်းချတယ်လေး.....။ ။
    ရီစရာပြောရအုံးမယ်။
    အဲဒီကဗျာကိုဆိုရင် မျက်စိထဲမှာ အဲဒီထဲက တိရစ္ဆန် ဒုက္ခိတ တွေကိုပါ မျက်စိထဲမှာမြင်ယောင်သေးတာ.... နောက်ဆုံး ခွေးစုတ်မကြီး ငိုချင်းချတဲ့ အထိဘဲဆိုပါတော့
    စဉ်းစားမိရင် အခုအချိန်ထိ ရီချင်သေးတယ်။
    ကျေးဇူးပါဘဲ မမိုးချိုသင်းရေ ပျော်စရာကောင်းတဲ့ ငယ်ဘ၀လေးတွေကို ပြန်ပြီးအမှတ်တရဖြစ်စေခဲ့တဲ့ အတွက်ပေါ့။
    အိမ်ချစ်
    ReplyDelete
  131. ဒီထဲက ကဗျာလေးတွေ အားလုံးကိုဖတ်မှတ်ပြီး နောင်ခေတ်ကလေးတွေကိုပြဖို့ စုစည်းသွားပါတယ် ခင်ဗျ
    Post ရေးသားသူနဲ့တစ်ကွ Comment မှာ ဝေမျှပေးခဲ့ကျတဲ့ သူတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ပါခင်ဗျ
    ReplyDelete
အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။