ဆိုင်လေးအကြောင်းရေးမိတော့ ဘလော့မိတ်ဆွေမောင်နှမများက ဆုတောင်းပေးကြတာ ကျေးဇူးတင်မိ ပါတယ်။ အားပေးတဲ့ စာတလုံးချင်းစီတိုင်းကို စိတ်လဲ ကြည်နူး၊ အားလဲ ရှိပါတယ်။ တကယ်တော့ ကိုယ်က ပျော်စရာသာ မှတ်မိချင်သူမို့ ကိုယ်သတိရတာလေး ရေးနေမိတာ။ ဘ၀ဆိုတာ ပျော်စရာချည်းပဲတော့ ဘယ်ဟုတ်ပါ့မလဲ။
ကြုံလာတဲ့ အခက်အခဲကို ပျော်ပျော်ရွှင်ရွှင် ခေါင်းအေးအေးနဲ့ ဖြတ်သန်းနိုင်ဖို့သာ ကြိုးစားမိတာပါ။ စိတ်ဓာတ်ကျတဲ့အခါ ရှိရင်လည်း ကိုယ်ချစ်ခင်သူတွေနဲ့ ခွဲခွာရတဲ့ သေခြင်းတရားထက်တော့ ဘယ်အရာမှ မဆိုးဝါးလောက်ဘူး လို့ ဖြေရတယ်။ ကိုယ်ကျန်းမာနေရင် စိတ်ကျန်းမာဖို့ ကိုယ်ကိုယ်တိုင်ပဲ အဓိက တတ်နိုင်ပါလိမ့်မယ်လေ။
ဒါကြောင့်မို့ ဘလော့မှာ စာလာဖတ်ပြီး မမြင်ဖူးပေမဲ့ ခင်မင်ရင်းနှီးနေတဲ့ မိတ်ဆွေတွေကို ကိုယ်ဆိုင်ဖွင့်စ ကြုံရတာလေးတွေ ပြောပြချင်သေးတယ်။ သူငယ်ချင်းအချင်းချင်း ရင်ဖွင့်တယ် ဆိုပါတော့။
ကိုယ်တို့ ဆိုင်လေးက သိပ်မကြီးတဲ့ Mall တခုရဲ့ အောက်ထပ်ကလေးမှာပါ။ ပထမဆုံး ဒီ Mall ကို ရောက်ဖူးတာ ဒီဆိုင်လေး ဖွင့်မယ် ဆိုတော့မှပေါ့။ မိတ်ဆွေတယောက် ပြောလို့ အိမ်နဲ့လဲ သိပ်မဝေးတာမို့ သဘောကျမိတာ။ ဒါနဲ့ စ ငှားဖို့ မန်နေဂျာနဲ့ စကားပြောရတယ်။
မန်နေဂျာကြီးကလဲ သဘောကောင်းလိုက်တာ။ ကိုယ်တို့ရဲ့ ပထမဆုံး စ လုပ်တဲ့ ဆိုင်လေး ဆိုတာလဲ သိရော ဆိုင်အတွက် လိုအပ်တဲ့ မှန်ဘီရိုတွေ၊ ရှိုးကေ့စ်တွေ အကုန်ပေးတယ်။ သူပိုင်တာတွေ ငှားတာ တဲ့။ ဘာမှ ပိုက်ဆံ ပေးစရာ မလိုဘူး တဲ့။ ဒါနဲ့ ကိုယ်တို့လဲ “မူချို ဂရာဆီယာ” လို့ ပြောရတာပေါ့။ အဲဒီအဓိပ္ပါယ်က ကျေးဇူး အများကြီး တင်ပါတယ် တဲ့။
ဆိုင်ခန်းလေးက ပေ ၂၀ ပတ်လည်လေး။ ဆိုင်ရှေ့မှာ မက္ကဆီကန် တိုင်းရင်းဆေးလေးတွေ ရောင်းတဲ့ဆိုင် ရှိတယ်။ ချောချောဖြောင့်ဖြောင့် မက္ကဆီကန်မလေး ဈေးရောင်းတယ်။ သူ့နံမည်က လက်တီ တဲ့။ ဘေးက အခန်းက အားကစားအ၀တ်တွေ ရောင်းတဲ့ဆိုင်။ သူ့ပိုင်ရှင်က မျက်နှာသိပ်ချိုတဲ့ အမျိုးသမီး။ Sandra တဲ့။ သူက အမြဲတမ်း ပြုံးနေတာ။
ညာဖက်က အခန်းကတော့ ကွန်ပျူတာတွေ ပြင်တဲ့ လူ။ သူ့နံမည်တော့ ခက်လို့ မမှတ်မိဘူး။ သူက မနက်ဆိုရင် ကိုယ်တို့ဆိုင်ဖက် ကူးလာပြီး radio control helicopter တွေကို လာလာ ငေးတတ်သူ။ သူ့စိတ်ကူးထဲမှာ ဟယ်လီကော်ပတာတွေ ပျံနေတာ မြင်နေပုံပဲ။ မနက်ဆို တချက်တော့ ပြေးလာကြည့်တာပဲ။ ငါ တနေ့ ၀ယ်ကို ၀ယ်မယ်လို့ ပြန်သွားတိုင်း ပြောတတ်သေးတယ်။
ရှေ့ဖက်က နောက်တဆိုင်ကတော့ ကိုးရီးယား အမျိုးသမီး Kim ဖွင့်တဲ့ အ၀တ်ဆိုင်ပဲ။ ကိုးရီးယား မင်းသမီးလေးတွေ လှသလောက် သူကတော့ မတူခြားနားသူပါလေ..။ ဒါပေမဲ့ သဘော သိပ်ကောင်းတယ်။ ဈေးဝယ်လစ်တိုင်း ကိုယ်တို့ခြမ်းဘက် ပြေးလာပြီး ဒီလိုနေရာချ၊ ဒီနေရာမှာ ဒါကိုထား နဲ့ လာပြောပြတတ်တယ်။ သူခြေဟန်လက်ဟန်နဲ့ ပြောပုံက ဒါရိုက်တာကြီးတယောက် ပြောနေသလိုမျိုး။ ကိုယ်တို့လဲ ပါးစပ်ဟ ပြီး ငေးနေရတာ။
သူသင်ပေးချင်လဲ သင်ပေးချင်စရာပါ။ ကိုယ်တို့ ဆိုင်လေးမှာ tattoo corner လေး ထားသလို၊ မိန်းကလေး အလှအပ ပစ္စည်းလေးတွေ၊ လူကြီးကစားတဲ့ remote control ကား၊ ဟယ်လီကော်ပတာလေးတွေ ရောင်းသေးတာ။ ပြင်ဆင်ပုံကလဲ နှစ်ယောက်သား စိတ်ကူးတည့်ရာ လုပ်ကြတာ ရီမုဒ် ကွန်ထရိုး မော်တော်ကားတွေက အပေါ်မှာ ပျံလို့၊ ဟယ်လီကော်ပတာတွေက အောက်မှာ ၀ပ်လို့။ ဟ တလွဲတွေတော့ ဖြစ်ကုန်ပြီလို့ ပြောပြီး ရီရသေးတယ်။
ပစ္စည်းဝယ်တော့လဲ ကိုယ့်ဆရာက ကိုယ်ဝယ်တုန်း ဘေးက အကြံပေးပါတယ်။ “ဒါတွေ မ၀ယ်နဲ့ ချိုသင်း၊ ဘယ်သူမှ မကြိုက်ဘူး၊ ဟိုဟာမျိုးတွေ ၀ယ်..” စသဖြင့်ပေါ့။ တကယ်ကျတော့ သူမ၀ယ်ခိုင်းတာတွေချည်း ရောင်းရတာ။ သူ့များ လုံးလုံးပုံမိရင် အခက်။ ဖက်ရှင် မျက်စိ ရှိတယ် ဆိုရမှာပေါ့လေ။
ဒါပေမဲ့ ကိုယ်က သူရွေးချယ်တာတွေ သိပ်မစွံတဲ့အကြောင်း လူထူထူမှာ မပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကလဲ ကိုယ့်ကို ရွေးထားတာဆိုတော့ကာ ကိုယ်လဲ မစွံတာကြီး ဖြစ်နေအုံးမယ် ဆိုပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းသလို ဖြစ်မှာစိုးလို့။ ဒါမျိုးက အသံတိတ်နေတာ ကောင်းလိမ့်မယ်။
သူကတော့ ကိုယ့်ကို ပြောပါတယ်။ ချိုသင်းက အမြဲပြုံးနေလို့ အားကိုးပြီး ဆိုင်ဖွင့်ဖို့ စဉ်းစားတာနော် တဲ့။ သူ့လိုသာဆိုရင် မပြုံးတတ်ဘူး ဆိုပဲ။ ဒါနဲ့ ကိုယ်လဲ အားတက်ပြီး ဈေးဝယ်လာတိုင်း ကိုယ်ကချည်း ပြုံးပြုံး ပြုံးပြုံး နဲ့ စကားသွားပြောတာပါ။ ပြောပုံကိုလဲ ကြည့်ပါ။ ကောင်လေးတယောက် ဈေးလာဝယ်တော့…
“ကိုယ့်မိန်းကလေးကို လော့ကက်လေး လက်ဆောင်ပေးချင်တယ်။ မင်းသာဆိုရင် ဘယ်လိုမျိုး လော့ကက်လေး ကြိုက်မလဲ၊ ကိုယ့်ကို ရွေးပေးမလား”
“ရတယ်လေ၊ ဒါမျိုးလေးဆို ရှင့်မိန်းကလေး ကြိုက်မှာပဲ”
(ကိုယ်ရွေးပေးလိုက်တာ အသဲပုံ လော့ကက်လေးပါ။ အသဲတော့ အသဲ၊ ဒါပေမဲ့ ခရမ်းရောင် အသဲ။ အသဲက လတ်ဆတ်ပြီး နီနေသင့်တာ၊ ကိုယ်က အသဲပုတ်ကြီး ရွေးသလို ဖြစ်နေပါပေါ့၊ ကောင်လေးလဲ ခေါင်းကို တွင်တွင် ကုတ်တယ်။)
ဒီတခါတော့ အဖွားအရွယ် မိန်းမကြီးတယောက် လာဝယ်ပြန်တယ်။
“ဒီဆိုင်ဖွင့်တာ မကြာသေးဘူး ထင်တယ်။ ငါကြိုက်တာလေးတွေ ရှိတယ်။ ဒီဆွဲကြိုးလေး နှစ်ကုံးစလုံး ထုတ်ပြပါအုံး။”
ကိုယ်ကလဲ ပြုံးပြီး ဆွဲကြိုးလေးတွေ ထုတ်၊ သူ့ကို မှန်ရှေ့မှာ ဆင်ပေးလိုက်တယ်။
“လှတယ်နော်။ ဒါပေမဲ့ ဒီဆွဲကြိုးလေးက ပိုပြီ ဖန်စီ ဖြစ်တယ်” (သူသိပ်ကြိုက်နေတဲ့ ဆွဲကြိုးလေးကို ပြပြီး ပြောတာ)
“ဟုတ်တယ်၊ အဲဒါက လူငယ်တွေနဲ့ ပိုလိုက်တယ်”
(ကိုယ်ပြောတဲ့သဘောက ငယ်တဲ့သူတွေနဲ့ လိုက်တယ်ဆိုတော့ အဖွားက အသက်ကြီးပြီ၊ ဒါမျိုးတွေ ဆွဲမနေနဲ့တော့ လို့ ပြောသလို ဖြစ်နေပြန်ရော..၊ အင်း ဒုက္ခ ဒုက္ခ)
ကိုယ်လဲ ကြိုးစားပြီး သင်ယူနေတာပါပဲ။ ရောင်းတဲ့နေရာမှာ မနိပ်တောင် ၀ယ်တဲ့နေရာမှာတော့ ဟန်ကျချင်ပါသေးတယ်။ တခါကတော့ ဒီလက်ကောက်လေးတွေ လှလိုက်တာဆိုပြီး ၀ယ်လာတာ ဆိုင်ရောက်တော့ ဖွင့်ကြည့်မှ နားကပ်တွေ ဖြစ်နေလို့ မျက်လုံးကလယ်ကလယ် ဖြစ်ရသေးတယ်။ ဘယ်သူက လှည်းဘီးလောက်ဟာကြီးကို နားဆွဲလို့ ထင်မှာတုန်း။ ခေတ်ကလေးတွေများ တယ်နားလေး ချင်သကိုး။
ဆိုင်တွေမှာလဲ သီချင်းလေးတွေ ဖွင့်ကြသေးတယ်။ ကိုယ်လဲ သူဖွင့် ကိုယ်ဖွင့်ပေါ့ ဆိုပြီး DVD သေးသေးလေး တခု သယ်သွားတယ်။ ဘေးဆိုင်တွေ နားဝင်ပီယံ ဖြစ်မဖြစ်တော့ မသိဘူး၊ ကိုယ်ကတော့ ပျော်ပျော်ရွှင်ရွှင် ဆိုတော့တာပါ။ မြန်မာသီချင်းတွေမို့ပါ။
မြန်မာသီချင်းတွေမှာလဲ ခေတ်ပေါ်ဟော့ရှော့၊ ဟစ်ပ်ဟော့ လေးတွေ ဖွင့်တာ မဟုတ်ပါဘူး။ Radio Alive ဆိုတဲ့ ရေဒီယို သီချင်းလေးတွေ ဖွင့်တာပါ။ “သူမလာတာ သုံးလေးငါးရက် ကြာပြီရှင်” တို့ဘာတို့ပေါ့။ ဈေးဝယ်ကို စောင်းဆိုတယ်လို့ မထင်ကြပါနဲ့လေ။ သူတို့လဲ နားမလည်ကြပါဘူး။ နောက် ကိုယ်ကြိုက်တဲ့ “အရပ်သုံးစကားမို့ ကဗျာမဆန်ပါတယ်….” လို့ ဆိုပစ်လိုက်တော့ ကဗျာဆန်တောင် ဘေးလူတွေက နားမလည်တော့ မျက်လုံးအပြူးသားပေါ့။ ဘာမှတော့ မပြောကြတော့ပါဘူး။
တခါတလေ DVD ဖွင့်ရင်း “ဆရာမ၊ သမီး ဗိုက်ထဲက အောင့်အောင့်နေတယ်” တို့ “အသင် ရုက္ခစိုးမင်း…..” ဘာညာ ကယ်ပါ စသဖြင့် ပညာပေးတွေ လာနေလို့ ပြေးပိတ်ရသေးတယ်။ ကိုယ့်ဟာနဲ့ကိုယ်တော့ အလုပ်တော်တော်ရှုပ်သား။
ဘာပဲဖြစ်ဖြစ် ကိုယ် ဒီဆိုင်လေးကို ချစ်ပါတယ်။ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် လုပ်နေမိတာမို့ မပြည့်စုံပေမဲ့လည်း အနည်းဆုံး စိတ်ချမ်းသာမှုလေးတော့ ရနေပါတယ်။ ကိုယ်လုပ်သမျှ ကိုယ်ကျေနပ်ရင် ဘ၀မှာ နေပျော်တယ်လို့ ထင်မိသေးတယ်။
ဒါကြောင့် ကိုယ့်မှတ်တမ်းလေးမှာ အမှတ်တရ ရေးခြစ်လိုက်ပါရဲ့။

မိုးချိုသင်း
no. 1.....
ReplyDeleteno. 1.....
ReplyDeleteဝေး..ပျော်စရာကြီး..ဟယ်လီကော်ပတာ တစ်စီးဝယ်မယ်။
ReplyDeleteနားဆွဲကြိုက်တယ်တော့ ဘီးလောက်ကြီးတာတွေ မပန်ချင်တော့ဘူး။
အလုပ်ထဲက တစ်ယောက် ငြိပြီး နားပြတ်မလိုဖြစ်တာ မြင်ပြီးကတည်းကပဲ အစ်မရဲ့။
း)
မူချို.ဘရာစီယာ....အဟီး
ReplyDeleteဟား ဟား အမရေ တော်တော်ရီရတယ် ဒါပေမဲ့ ဆိုင်ဖွင့်ထားတာတော့ ချီးကျူးပါတယ်
ReplyDelete"...ဒါပေမဲ့ ကိုယ်က သူရွေးချယ်တာတွေ သိပ်မစွံတဲ့အကြောင်း လူထူထူမှာ မပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကလဲ ကိုယ့်ကို ရွေးထားတာဆိုတော့ကာ ကိုယ်လဲ မစွံတာကြီး ဖြစ်နေအုံးမယ်..."
ReplyDeleteဒီစကားကို နည်းနည်း အကျယ်တဝင့်လေး ရှင်းပြစေချင်ပါတယ်...းD
အဖွားအတွက်တော့ လက်ဝါးကပ်တိုင်ပုံပါတဲ့ ဆွဲကြိုးလေးတွေ ရွေးပေးစေချင်တယ်...
"ဘုရားတရား လုပ်တော့..." ဆိုတဲ့ သဘော့ပေါ့...းP
muchas gracias ဆိုတော့ အဲဒီမှာ ဆိုင်ဖွင့်ရင် စပိန်စကားရော သင်ရဦးမှာလား...
ReplyDeleteးဝ)
အမရေ စင်ကာပူရောက်တုန်း cream သွားဝယ်တာ သတိရတယ်.. ကိုယ်က အနံ့လေးနဲ့ ဗူးလေးပဲ ကြည့်တာ ရောင်းတဲ့ မိန်းကလေးက ဒါနင်တို့ အရွယ် အတွက် မဟုတ်ဘူး ဆိုပြီး မရောင်းဘူး ဆရာ... သူ့ကို စိတ်ဆိုးရမလို ကျေးဇူးတင်ရမလိုပေါ့။ အမှန်အတိုင်း ပြောတော့လည်း လူတွေ က မကြိုက်ချင်တာ သဘာဝပဲလား မသိပါဘူး အမရယ်။ စိတ်ကူးထဲ အမတို့ဆိုင်လေးကို မြင်ယောင်နေတယ်။
ReplyDeleteမချိုသင်းရေးထားတဲ့ အမှတ်တရစာလေးတွေကို စိတ်ကြည်နူးပျော်ရွှင်စွာနဲ့ ဖတ်သွားပါတယ်ရှင်။း)
ReplyDeleteအဆင်ပြေပါစေ မချိုသင်းရေ။
အဟက် .. ခုခေတ်က 3 in 1 လေ ။။
ReplyDeleteအကွင်းတခုထဲ ၃ မျိုး သုံး လို့  ရတာ ။
ခြေကျင်း ။ လက်ကောက် ။ နားကွင်း .. တပ်ချင်တဲ့ နေရာတပ်လို့ ရတယ်လေ ..
မိုက်တာပေါ့နော် . ခြွေတာရေး လေ မချိုသင်းရေ ..
အရင်က ဆလင်းဘက်သေးသေးလေးတွေ ကိုင်ကြတာ လည်း ခုခေတ်ကျ ပုလင်းဘက် လို့ တောင် ခေါ်ရမလို ဘဲ..
နောက်ဆို ဆာလာအိတ် ကို လွယ်ကြတော့မယ်ထင်ရဲ့ ..
မူချို ...ဆိုတော့ မချိုသင်း နာမယ်လဲပါတယ် ..
ကောင်းတယ်နော် ။။ အဓိပ္ပါယ်လေးက .. ဟီး
အများကြီး ဈေးရောင်းကောင်းပါစေ... ဆိုရင် ဘယ်လိုပြော ရ မလဲ ဟင်...
သိပါဘူး.. ခေါင်းစဉ်ဖတ်ပြီး.. တယောက်တယောက်က မိုးချိုကို အသံဝဲ၀ဲနဲ့ခေါ်ပြီး ဂရာ့ဆီယာ့ လုပ်တယ် မှတ်တာ.. :D
ReplyDeleteမချိုသင်း ရယ်..ပြုံးလိုက်ရတာ.. တပုဒ်လုံး..
ReplyDeleteဆရာမ သမီးဗိုက်ထဲက..အောင့်အောင့် လာတယ်ဆိုမှ..ဟီးကနဲ့..ရီချလိုက်မိပါလေရော။။။။
သမီး ဗိုက်ထဲ အောင့် အောင့် နေလို့..း)
ReplyDeleteအဆင်ပြေပါစေ ချိုသင်းရေ
အရောင်းရော အ၀ယ်ပါ အဆင်ပြေပါစေ
ဟာသဥာဏ်ရွှင် တဲ့ စာရေးဆရာမလေး ဆိုင်လေး က
လာလည်ချင်စရာ
ဈေးဝယ် ချင်စရာ ဖြစ်မှာ အမှန်ပါ
နီးရင်တော့ မမ က အမြဲ ဖောက်သည်ဖြစ်မှာ အမှန်..း)
လက်ကောက်လောက် ကြီး တဲ့ နားကွင်းတွေ ရော ၀ယ်လိုက်မှာ နော် ..း)
စာရေးကောင်းလိုက်တာ။
ReplyDeleteဆရာသမီးပီသပါတယ်။
ဆိုင်မှာလုပ်ကူမယ်ဆို စပိန်စကားသင်ရဦးမှာပေါ့။
ReplyDeleteခက်တယ်ဗျာ..... ခန့်မခန့်တော့မသိဘူး နှုတ်ခမ်းနာက ဆေးလိမ်းချင်နေဘီလေ
မမချိုသင်း
ReplyDeleteဆိုင်မှာပျော်နေတယ်ဆိုလို့ ဝမ်းသာပါတယ်..။
မမလည်း ကိုအကျော် ရွေးဝယ်လာတာတွေ သိပ်လူကြိုက်များ၊ သိပ်အဖိုးတန်တာပဲလို့ လူထူတိုင်းပြော၊
ကိုအကျော်ကလည်း မမရွေးဝယ်လာတာတွေ သိပ်လူကြိုက်များ၊ သိပ်အဖိုးတန်တာပဲလို့ လူထူတိုင်းပြော၊
ဒါဆို အိုကေသွားပြီ...။
ရုက္ခစိုးဆိုတာ ခများလား....။ :P :D
မကြီး ဟယ်လီကော်ပတာလေး တစ်နေ့နေ့ လာဝယ်ဦးမယ်
ReplyDeleteအားကျလိုက်တာ'မ' ။
ReplyDeleteကိုယ်ကိုယ်ပိုင်အလုပ်လေးနဲ့ကိုယ်နေခွင့်ရတာ
ကောင်းလိုက်တာ ။
မချိုသင်း တို.ဆိုင်လေး ဝယ်သူတွေနဲ့ အမြဲစည်ကားနေပါစေ။
သဘောတကျလာဖတ်သွားပါတယ်ရှင်။ အမ ဆိုင်လေး အမြဲရောင်းကောင်းပါစေနော်။ :)
ReplyDeleteမမ နေကောင်းလား။ညီမလေးကိုမှတ်မိလား။အန်တီမာ တူမလေးလေ။မမနဲ့အတူတူလည်ဖူးတယ်လေ။ မမ ညီမလေးချင်းမိုင်းရောက်နေတာ။ မမ စာတွေလဲဖတ်ရတယ်။ညီမလေးသတိရနေတာ။မမ ပျော်ရွှင်ပါစေနော်။
ReplyDeleteချစ်တဲ့
ညီမလေး
မမ နေကောင်းလား။ညီမလေးကိုမှတ်မိလား။အန်တီမာ တူမလေးလေ။မမနဲ့အတူတူလည်ဖူးတယ်လေ။ မမ ညီမလေးချင်းမိုင်းရောက်နေတာ။ မမ စာတွေလဲဖတ်ရတယ်။ညီမလေးသတိရနေတာ။မမ ပျော်ရွှင်ပါစေနော်။
ReplyDeleteချစ်တဲ့
ညီမလေး
မမရေ... မှန်တာပေါ့...စိတ်လေး ချမ်းသာနေဖို့ အရေးကြီးတယ်လေ... .. ဖတ်နေရင်းနဲ့... ကိုကျော်ဝ ဏ္ဏ...အရွေးမတတ်ကြောင်း ကိုရီရသေးတယ်...။
ReplyDeleteမမ အဆင်ပြေပျော်ရွှင်ပါစေ..။
လူငယ်နဲ့လိုက်တယ်ဆိုတဲ့ဆွဲကြိုးလေးချန်ထားပေးပါ အစ်မ ။ လာဝယ်မယ် ။ :P
ReplyDeleteတချိန်လုံး ပြုံးပြုံး ပြုံးပြုံး နဲ့ ဖတ်လာတာ၊ လက်ကောက်နဲ့ နားကွင်းမှားဝယ်တဲ့ နေရာရောက်တော့ ၀ါးလုံးကွဲသွားတယ်။
ReplyDeleteချိုသင်းစာလေးတွေ ဖတ်တိုင်း စိတ်ချမ်းသာရ၊
ကြည်နူးရတယ်။ ချိုသင်းလိုဘ၀အမြင်မျိုးနဲ့
နေတတ်ချင်တယ်။ စာလဲရေးတတ်ချင်မိတယ်။ အခုလုပ်ချင်တာလေးတွေ
အကောင်အထည်ဖော် လုပ်နေရလို့ စိတ်ချမ်းသာတယ် ဆိုတော့ တကယ့်ကို ၀မ်းသာမိပါတယ်။ ရှေ့လျှောက် ဒီ့ထက် ပျော်ရွှင် အောင်မြင်နိုင်ပါစေချိုသင်းရေ။
သူကလဲ ကိုယ့်ကို ရွေးထားတာဆိုတော့ကာ ဆိုတဲ့ နေရာလေးမှာ ရယ်လိုက်ရတာ :D
ReplyDeleteမ က ဒီလောက်ချစ်ဖို့ကောင်းတာ
မရဲ့ အပြုံးချိုချိုပုံလေးကို မြင်ဖူးတော့ ဆိုင်လေးထဲမှာ မရဲ့ အပြုံးချိုချိုလေးတွေကို မြင်ယောင်ပြီး စိတ်ချမ်းသာ ပျော်ရွှင်မိပါတယ်။
နည်းနည်းလေးလွဲနေတာလေးတွေကိုက ချစ်စရာ =)
မိုးချိုရေဆိုင်လေးကဘယ်နားမှာလဲ။ရောင်းကောင်းပါစေ
ReplyDeleteနော်။မိုးချိုရဲ့စာလေးတွေဖတ်ရတာရိုးသားတယ်လို့ခံစား
ရတယ်။အပြင်မှာမမြင်ဘူးပေမဲ့သူငယ်ချင်းအရင်းလိုခင်နေတယ်။
Su Su
ရီလိုက်ရတာ သမီးဗိုက်ထဲကတောင် အောင့်လာတယ်။
ReplyDeleteဟားဟား
မမပျော်ရွှင်ပါစေ။
မိန်းမရေ မချိုသင်း ပို့ စ်အသစ်တင်တယ်တဲ့။
ReplyDeleteဘာတဲ့လည်း လို့ လည်း မေးလိုက်ရော သူကတော့ ခေါင်းစဉ် ဖတ်ပြတာ။
မအယ်က ဘယ်လိုကြားလည်းဆိုတော့ မူကြို ဘရာဇီယာတဲ့။
ချိုသင်းက ဆိုင်မှာ ကလေး ဘရာဇီယာ ရောင်းတဲ့အကြောင်းရေးတယ် ထင်တာ။
ရီရတယ် ချိုသင်းရယ်။
ရီရလို့ ချိုသင်းကို မူချို ဂရာဆီရာပါပဲ။
မအယ်
ဟိုလား အမီကို...
ReplyDeleteကိုမိုစတား...ချိုသင်းစာလေးတွေဖတ်ရတာ
ပေါ့ပေါ့ပါးပါးနဲ့ ပြုံးချင်စရာလေးတွေချည့်...
ပြောတာဆိုတာ သုံးတာနှုံးတာ..အန်တီစန်း နဲ့တူတူလာပြီ...
အဲလိုဆိုင်လေးတွေဆို စိတ်ဝင်စားတယ်
ReplyDeleteချိုသင်းရောင်းတာဆိုတော့ ပိုပြီးလာကြည့်ချင်တယ်
နားဆွဲကြီးကြီးတွေလက်ကောက်လုပ်ဝတ်ကြတာပေါ့း))
ချိုသင်းရေ..အဲဒီလို ဆိုင်မျိုးဆို သိပ်သဘောကျတာပဲ.. မျိုးစုံ ငေးရတာကိုး။ ချိုသင်းစာတွေ ဖတ်ရတာ စာဖတ်သူတွေပါ လိုက်ပျော်ရလို့ ကုသိုလ်တော်တော်ရမယ်..
ReplyDeleteချိုသင်းတို့စုံတွဲက တကယ်လိုက်ဖက်ညီပြီး ချစ်ဖို့ကောင်းလိုက်တာနော်..ကောင်းပါတယ်.. စိတ်ချမ်းသာရင် ပြီးရောပေါ့...ဆိုင်လေးလည်း ချိုသင်းရဲ့ ချိုသောအပြုံးလေးတွေနဲ့ မှန်ကန်တဲ့ စကားတွေ ဆိုမှုကြောင့် တိုးတက်အောင်မြင်ပါစေ..:)
မမချိုသင်းရေ..
ReplyDeleteသီချင်းဖွင့်တာကြည့်ဖွင့်နော်..
ညီမတော့..ဖီလင်အောင်လို့ မဖွင့်တော့ဘူး..
ဟိုး..အဝေးမှာနေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင်
ပြန်ဆုံနိုင်ဖို့ နေ့ရက်ကလေးတွေ မရောက်သေးခင်..
ဘာညာပေါ့..ဖီလင်နဲ့..
တရုတ်မတွေက ကွိကွိကွကွ လိုက်ဆိုကြပါရောလား..
သူတို့သီချင်းတဲ့...
သေပြီဆရာပဲ...းP
ချစ်ခင်လေးစားစွာ
အိန္ဒြာ
ဈေးရောင်းရတာ..ပျော်စရာပါ..
ReplyDeleteဒီမှာတော့..ကိုယ့်အဖွားအရွယ်..
ကိုယ့်ကြီးတော်အရွယ်လောက်ကိုလဲ
မမ...မမ...နဲ့ ခေါ်ပြီး ညာရောင်းနေရတယ်..
မလှထုံရေ..
ရောင်းပန်း ၀ယ်ပန်းကောငိးပါစေ..
"ကိုယ်လုပ်သမျှ ကိုယ်ကျေနပ်ရင် ဘ၀မှာ နေပျော်တယ်လို့ ထင်မိသေးတယ်။"... မှန်လိုက်လေ အမရာ...။ အမ ပျော်နေတယ်ဆိုလို့ ဝမ်းသာပါတယ် အမရေ..။ :)
ReplyDeleteဟလို ...
ReplyDeleteကျနော် တက်တူးထိုးဘို့ (ထိုးပေးမဲ့သူ နေရာနော်) လျောက်ထားတဲ့ ကိတ်စလေး သိပါရစေ ...း)
ပျော်စရာလေး တီချိုသင်းရေ..
ReplyDeleteး)
မူ(န်)ချို ဂရာဆီယာ..း)
ReplyDeleteAnother great one, Ma Ma! I can die in peace if I can possess 1/10000th of your writing skill. I can't wait to read your new post. I wish you lots of happiness and a great success doing what you enjoy to do.
ReplyDeleteမမိုးချို....
ReplyDeleteဒီအတိုင်းဆို...
နောက်ထပ် ဆိုင်ခွဲလေးထပ်ဖွင့်ရတော့မယ်...။
စောင့်ကြည့်...။
အရောင်းစာရေးမ အလုပ်လာလျှောက်လို့ ရမလားဟင်..း-)
ReplyDeleteချိုသင်း ပြောတဲ့စကားလေးတွေ အသံလေးတွေ က မှော်ဓါတ်ပါသလိုဘဲ ကြားရတဲ့သူ မငြင်းချင်ဘဲ ၀ယ်သွားမှာ သေချာတယ်
" ချိုသင်း ပြောတဲ့စကားလေးတွေ အသံလေးတွေ က မှော်ဓါတ်ပါသလိုဘဲ ကြားရတဲ့သူ မငြင်းချင်ဘဲ
ReplyDelete၀ယ်သွားမှာ သေချာတယ် "
ဟေ..ဟေ့ :-)
မောင်ကြီးရေ..အဲဒါအမှန်ဘဲလား..
ဘေးဆေးဆိုင်ကောင်မလေး ကို.. very very ကာလီရန်တေး လို့ပြောလိုက်ပါဟာ...:))
ကိုရင်(မောင်ကြီးနဲ့နှမငယ်ဘော်ဘော်)
ပို့စ်လေးဖတ်ရတာ စိတ်ချမ်းသာစရာကောင်းလိုက်တာမချိုသင်းရေ..
ReplyDeleteပြုံးစရာလေးတွေတော့ကျန်ခဲ့တာချည့်ပါပဲ
အဆင်ပြေပါစေ....
အရမ်းဖတ်လို့ ကောင်းလိုက်တာ မမရယ်
ReplyDeleteများများဆက်ရေးပါအုံး
မမဆိုင်လေးတနေ့ တခြားတိုးတက်ကြီးပွားပါစေ
အမရေ...ချစ်စရာကောင်းအောင်ရေးတတ်လိုက်တာ။
ReplyDeleteအမစာလေးတွေဖတ်တိုင်းပျော်သွားရတယ်။
အမဆိုင်လေးရောင်းကောင်းပါစေ ...
By: Orange Chit Thu
ဝလုံး ရှည်ရှည်မျောမျောလေးရယ်... ၀လုံး ၀ိုင်းဝိုင်းစက်စက်ကလေးရယ်...။ အဲဒီ ၀လုံးလေးနှစ်လုံး ကပ်ကပ်သွားပြီး အနားသတ်မျဉ်းတွေ ပျက်သွားရာက နှစ်ခုဆက်သွားတော့ အသည်းပုံလေး ဖြစ်သွားတယ်...။ အဲဒီကတည်းက စွဲသွားတာ အခု ရေးတဲ့ ပို့စ်အထိပဲ...။
ReplyDeleteူရေဒီယို ကွန်ထရိုး ဟယ်လီကော်ပတာ အတွက် Consultant လိုရင် ပြောပါ။ :D အလုပ် ကြိုလျှောက် ထားချင်လို့ပါ။
ReplyDeleteMa Moe Cho Thin,
ReplyDeleteI like your writing.It is very simple and touchable.
Keep it up.
Good luck for your new business.
Cheers,
Ma Sanda
အစ်မ ဘာအကြောင်းအရာပဲရေးရေး ဖတ်လို့ ကောင်းနေတာပဲ။ စာရေးသိပ်ကောင်းတာပဲ။ ကြိုက်တယ်။
ReplyDeleteဘာပဲလုပ်လုပ် စေတနာကောင်းကောင်းနဲ့ ကြည်ကြည်လင်လင် ပျော်ပျော်ရွှင်ရွင် လုပ်ကိုင်တတ်တဲ့ ချိုသင်းတို့ နှစ်ယောက်ရဲ့ ချစ်စရာဆိုင်ကလေးက တကယ်ကိုပဲ အောင်မြင်မှာပါ...။
ReplyDeleteကိုယ်ပိုင်အလုပ်ကလေးဆိုတော့ တွေးကြည့်ရင်းနဲ့ကို သဘောကျနေမိတယ်...။
အဲ... “ဆရာမ.. သမီးဗိုက်ထဲက အောင့် အောင့်နေတယ်” ဆိုရင် ခပ်မြန်မြန်လေး ပြေးပိတ်တယ် ဆိုလို့ မှာထားရအုံးမယ်...။ ကြော်ငြာထဲက “အဘရေ...” လို့ ခေါ်ရင်လဲ ယောင်ပြီး “ဟေ..” လို့ ထူးမနေနဲ့ အုံးနော်...။
:D
ReplyDeleteအစ်မဆိုင်ကို ရောက်တော့မှ လက်ကောက်လောက်ကြီးတဲ့ နားဆွဲကြီး ၀ယ်ဆွဲပစ်လိုက်ဦးမယ်။
ReplyDeleteတစ်စုံတစ်ယောက်က လာဖြေရှင်းပါဆိုလို့..
ReplyDeleteကိုယ့်အစ်မအရွယ်လဲ မမပဲခေါ်ပါတယ်..
ကိုယ့်ညီမလေးအရွယ်လဲ မမလို့ချစ်စနိုးခေါ်ပါတယ်
အဟဲ..
စိတ်မဆိုးနဲ့တော့နော် ညီမလေး မမကွန်...
ကြုံလို့ ကြွားရဦးမယ် radio helicopter က ဝယ်ပြီးသွားပြီ။း) tatto ထိုးဖို့ လက်မောင်းကြွက်သားတက်အောင် ကြိုးစားလိုက်ဦးမယ်။
ReplyDeleteအဆင်ပြေပါစေ။
Moe Gift Shop ကို ရွာဆော်ကြီးမှာ စတွေ့လိုက်တယ်။ ဂရာဆီယာအပြင် အူးနို၊ ဒိုး၊ သရေ့စ် တွေလည်း ကျွမ်းပြီးသားထင်တယ်။ ဆိုင်ပိုင်ရှင်ရဲ့ ဈေးရောင်းတဲ့အတွေ့အကြုံတွေ ဆက်လက်စောင့်ပြီး လာဖတ်အုံးမယ်။ အောင်မြင်ပျော်ရွှင်တဲ့ မိုးဂစ်ဖ်လျှော့ ဖြစ်ပါစေလို့ . . by the way, ဆိုင်မှာလူလိုရင် tweet လက်အုံးနော် . .
ReplyDeleteအစ်မချိုသင်းရေ
ReplyDeleteကိုယ့်စီးပွားကိုယ်လုပ်ရတာ ပျော်စရာ
ကိုယ့်ကိုယ်ကို ပိုင်တယ်လေ
BTW, ဆိုင်လေးရဲ့ ပုံလေးကို ဓါတ်ပုံရိုက်ပြီးတင်ပေးပါ
ရှေ့က မင်းသားနဲ့မင်းသမီးပါမယ်ဆိုရင် ပိုကောင်း၏
ခင်မင်စွာဖြင့်
သီဟသစ်
အဲဒီဆိုင်လေးမှာ မချိုသင်းနဲ့ အတူ ဈေးရောင်းချင်တဲ့ စိတ်ဖြစ်သွားတယ်..
ReplyDeleteပျော်စရာကောင်းမယ်နော်..
သားက ဈေးရောင်းတာကိုသဘောကျတယ်..
လူအများနဲ့ဆက်ဆံရလို့ 
ချစ်ခင်လေးစားစွာဖြင့်
မတွေ့ မမြင် မကြင်တာ ကြာပြီးဆိုတော့ ရောက်လာပါတယ်..
ခုလဲ နာလန်နည်းနည်းထူလာလို့ 
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ချိုသင်းရေ… ပြုံးနေတဲ့ ချစ်စရာဆိုင်ရှင်လေးဆီ ဈေးလာဝယ်ချင်ပါရဲ့… ဒါပေမယ့် အန်တီဘာယူမလဲလို့ တော့ ပြုံးပြုံးလေးမမေးနဲ့ နော်… ဒီက မမလို့ ခေါ်မှာ ၀ယ်မှာ… ချိုသင်းရဲ့ဆိုင်နီးနားချင်းနဲ့ ချိုသင်းဆိုင်လေးကို မျက်စိထဲ မြင်ကြည့်မိနေတယ်… မိသားစုလေးတွေပါ စိတ်ဝင်စားမယ့်ဆိုင်လေးပါ… အဖေက တက်တူးထိုး… အမေက ဖန်စီလေးတွေကြည့်… သားလေးက ကစားစရာကြည့်… ဟုတ်လို့ နော်… ဈေးရောင်းကောင်းပါစေ ညီမရေ…
ReplyDeleteအစ်မကြီး Shakira နဲ့ တကယ် တူနေပြီလား။ ဟဲဟဲ။
ReplyDeleteစီပုံး မရှိလို့ ဒီမှာပဲ လာအော်သွားတယ်။ :P
အမချိုသင်း စာလေးတွေ ကြိုက်လိုက်တာ..း)
ReplyDeleteချိုသင်းရေ.ကိုနေ၀င်းအောင်ဒီနေ့ အင်တာနက်ကြီးရသွားပြီ သူမြန်မာလိုမရိုက်တတ်သေးဘူး သူရိုက်တတ်သွားရင်တော့ ချိုသင်းဘလော့မှာလာရေးမှာ.
ReplyDeleteကိုကျော်ဝဏ္ဏက ရောင်းစွံတဲ့ပစ္စည်းတွေမရွေးတတ်ဘူးလို့ လာနောက်နေမှာ.
အစ်မရေ
ReplyDeleteဘာရေးရေးဖတ်လို့ကောင်းလိုက်တာ။ အိမ်ပြန်သွားတာ (၆)လဆိုတော့ အခုအဟောင်းတွေပြန်ဖတ်နေတာ။ ဗိုက်ထဲကအောင့်တဲ့အကြောင်းလည်းရောက်ရော အော်ရယ်မိပါလေရော။ အောင်မလေးလက်မည်းကြီးလို့ ထအော်မိဦးမယ်နော်။
ဟယ်လီကော်ပတာကိုတော့ စိတ်ဝင်စားတယ်။ ဒီကကျောင်းသားတွေ ညနေဆိုကွင်းထဲမှာ ဆော့လေ့ရှိတယ်။ မကြီးမငယ်နဲ့အမြဲငေးနေကြ။
Hi ahma
ReplyDeletemy name is aung moe . from mandalay our family is arrived to usa since 2006 .I just want to contact to aba u tin moe .my mom is from zagan kanmyaal . she know u tin moe and she ever told me about your dad thatwhy they give my name tin aung moe and my brother name tin moe . but right now my mom and my bro are pass away previous 8 years ago i going to kan myaal zagan .phayar phayar sintelwa chaung is very mutty my car is cant drive but lovely kind of our native culture they help me .its ok . you know bagyi u khway thoe . my uncle is passaway since 1990 .his nameis u taw maung police but really drink man . bytheway maybe next year i may be go to visit myanmar pyi , i try to go kanmyaal zagan
ahma say likethat taw thay pi
next time ,
right now i lived in washington seattle .working at boeing my email address is aungmoemdy@gmail.com
thanks ahama
may wish you healthy and happy