Thursday, September 24, 2009
မေတ္တာပို့
ဒီနေ့ ဆရာတော်တပါး ကိုယ်တို့ဆိုင်လေးကို လာအားပေးခဲ့ပါတယ်။
ဆရာတော်က ၂၀၀ရခု စက်တင်ဘာလမှာ ဖြစ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ မေတ္တာပို့ လမ်းလျှောက်ခဲ့ကြသော ရဟန်းရှင် သံဃာတော် အရှင်သူမြတ်တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ လက်မောင်းမှာ ဆေးမင် တင်ခဲ့ပါတယ်။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ တဲ့။
23 comments:
  1. ညီမလေးက မြန်လိုက်တာနော် တို့ တော့ နောက်ကျသွားပြီ။
    အဝေးရောက် သံဃာက အထဲက သံဃာများကို ဂုဏ်ပြုတဲ့အတွက်ရော ပြည်တွင်းက လူအပေါင်းကို ဆုတောင်းပေးတဲ့ အတွက်ရော ၂ခုစလုံးစလုံးအတွက် သာဓုခေါ်လိုက်ပါတယ်။
    ReplyDelete
  2. သာဓု...သာဓု...
    ကျောက်ခဲသေးသေးလေးရေ
    ReplyDelete
  3. ကောင်းပ မြန်မာပြည်ပြန်ရင်တော့ဆရာတော်ဖမ်းခံနေရမယ်ထင်ပနော်
    ReplyDelete
  4. ဂုဏ်ယူစရာတစ်ခုပေါ့ တီချို..
    ReplyDelete
  5. တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ
    မအယ်
    ReplyDelete
  6. “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ”
    မြန်မာနိုင်ငံက လူတွေ အမြန်ဆုံး လွတ်မြောက်ကြပါစေ
    ReplyDelete
  7. လူအချင်းချင်း လှည့်ပတ်ချင်း ကင်းရှင်းကြပါစေ ... ။
    ကောက်ကျစ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ... ။
    ကျူးကျော်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ... ။
    ငြူစူလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ...။
    တယောက်တယောက် အမျက်ဖျောက် ချီးမြှောက်နိုင်ပါစေ ... ။
    အလွန်ကောင်းတဲ့ မေတ္တာပို့လေးပါ မမိုးချိုသင်းရေ ... ။
    အရေပြားထက်မှာတင် မဟုတ်ဘဲ နှလုံးသားထက်မှာ ကမ္ဗည်းထိုးနိုင်ဖို့ ကျမတို့အားလုံး ကြိုးစားရအုံးမှာ ... ။
    ReplyDelete
  8. ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ ၊
    အဖိနှိပ်ခံ မြန်မာပြည်သားများ
    လွတ်လပ် အေးချမ်းသာယာ ပျော်ရွှင်စွာ နေနိုင်ကြပါစေ ၊
    ReplyDelete
  9. အနောက်ဖက်မှာ ဆွဲကြိုးလေးတွေ တွေ့ ရတယ် အများကြီးဘဲနော်
    ReplyDelete
  10. ၀ိနည်းလွတ်ပါ့မလားဟင်။ မသိလို့ ရိုးရိုးသားသား မေးတာနော်
    ReplyDelete
  11. လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...
    ReplyDelete
  12. ဟုတ်ပါတယ်ဗျာ....ဆောင်းပြောသလိုပါပဲ.... ဘယ်လိုပြောရမလဲ မသိတော့ပါဘူး...
    ReplyDelete
  13. ma ma!!
    wishing u all the best!!
    ReplyDelete
  14. မရေ ... ဂုဏ်ယူစရာအဖြစ် နှစ်သက်မိပါတယ်။ လက်ရာလေး အရမ်းကြိုက်တယ် ။
    ReplyDelete
  15. လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ..
    ReplyDelete
  16. မေတ္တာရှေ့ရှုလို့ ကြံဆောင်သမျှအရာအားလုံး ဝိနည်းလွတ်ပါတယ်...
    ပစ္စေကဗုဒ္ဓကို ဟင်းလျာအလှူပြုဖို့ ကိုယ့်ကိုကိုယ် မီးတွင်းထဲ ခုန်ဆင်းခဲ့တဲ့ ဘုရားလောင်း ယုန်မင်းဟာ ပါဏာတိပါတကံ မထိုက်ခဲ့ပါဘူး...
    ဒူးသာဒူးပါ ကိုဝဏ္ဏရေ...
းဝ)
    ReplyDelete
  17. စာလာဖတ်သူများကို တခု ရှင်းပြချင်ပါတယ်။
    ဒီပုံဟာ ပြည်တွင်းက ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်တော်မူကြတဲ့ အရှင်သူမြတ်တွေကို ကြည်ညို လေးစားစိတ်နဲ့ တင်တယ်ဆိုတာ ပို့စ်မှာ ရှင်းပြပြီးပါပြီ။ လာမဲ့ တနင်္ဂနွေနေ့မှာ ပြုလုပ်မဲ့ ရွှေဝါရောင် တော်လှန်ရေး ၂နှစ်ပြည့် ဆွမ်းကျွေးအတွက် ယာယီ Airbrush tattoo ထိုးခြင်းသာ ဖြစ်ပါတယ်။ ဘာသာ သာသနာကို စော်ကားလိုစိတ် အလျင်းမရှိပါ။ ဆရာတော်ကိုယ်တိုင်ကလည်း ပြည်ပ အနောက်ဖက်ခြမ်းမှာ ပထမဆုံး ကံဆောင်ခဲ့တဲ့ ဦးဆောင် ဆရာတော်တပါးပါ။ သာသာရေးကို အကြောင်းပြပြီး အချင်းချင်း ရန်ပွားတာမျိုး မဖြစ်စေလိုလို့ အထင်မမှားစေချင်ပါရှင်။
    ခင်မင်လေးစားလျက်
    မိုးချိုသင်း
    ReplyDelete
  18. ညီမတို့ ကိုဝဏတို့  အပြစ်မဟုတ်ပါဘူး။ ၀ယ်သူ သဘောကျ လုပ်ပေးရမှာက ဆိုင်ရှင်ရဲ့ တာဝန်ပါ။
    ကျမက နဲနဲ မျက်စိလည်သွားလို့ သဘောရိုးနဲ့ မေးတာပါ။ ဆရာတော် ကလည်း ညီမ တို့ ကို အားပေး ချင်တဲ့စိတ်နဲ့  ဖြစ်မှာပါ။
    ReplyDelete
  19. “ရင်ထဲက အလှ”
    ရင်ထဲမှာ အလှတရားရှိရင် အပြင်က အမြင်တွေကိုလဲ လှစေတယ်။ ကိုယ့်ကိုယ်ကိုလဲ အလှမြင်တယ်။ သူတပါး ကိုလည်း နားလည်စွာနဲ့ အလှမြင်တယ်။
    နှလုံးသားမှာ ပညာအသိတွေ ကိန်းသူတို့ ရင်ထဲ
    မှာ ဒီအတွေးအမြင်တွေ ကွန်းခိုလာတယ်။ ပညာဗဟု သုတ များလေလေ သူတဖက်သားကို နားလည်လေလေ
    ပါပဲ။
    ကျနော်တို့ဘ၀တွေလဲ လူတလုံး သူတလုံး လှလှပပ ဖြစ်ခဲ့တာ မိဘ ဆရာသမားတို့ ရင်ထဲက အလှတရား ကြောင့်ပါ။ နိုင်ငံခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင် တွေရဲ့ရင်ထဲမှာ ဒီအလှတရားတွေ ကိုယ်စီရှိနေလို့ သူတို့လူထုအတွက် အကောင်းဆုံးတွေ ဖန်းတီးပေးနိုင် တာပါ။
    ကျနော်တို့တွေယုံကြည်တဲ့ဗုဒ္ဓတရားတော်အရဆိုရင်လဲ နိဗ္ဗာန်သွားကြမည့် သူတော်ကောင်းတွေ လမ်းစဉ်က လောကကို ကျေးဇူးတင်တဲ့မျက်လုံး နားလည်တဲ့မျက် လုံး အလှရှာတတ်တဲ့ မျက်လုံးများနဲ့ သနားကြင်နာတတ်
    စွာ ပြီးတော့ စာနာစွာ ကြည့်လေ့ရှိပါတယ်။
    ကျနော့်အနေနဲ့ စာဖတ်သူ၊ ရေးသူ၊ မိမိခံစားချက်တင်ပြ လာသူ အားလုံးကို လေးစားပါတယ်။ လူတိုင်းပဲ ကိုယ့်အမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိလို့ပါ။
    ရဟန်းတော်တပါး tattoo ထိုးတဲ့ကိစ္စမှာ ရဟန်းတော်ကို လဲ အပြစ်မမြင်သလို ဝေဖန်သူတွေကို အပြစ်မတင်လိုပါ ဘူး။ ဒါက အပြစ်မှ မဟုတ်ဘဲဟာ။ ရဟန်းတော်ရဲ့ရင်ထဲ မှာ ဘာရည်ရွယ်ချက်ရှိတယ်၊ ၀ိနည်းတော်က ဘယ်လိုရှိ မယ်ဆိုတာ ကျနော်တို့ အကုန်မှ မသိတတ်နိုင်ဘဲ။
    ကျနော်တို့တွေ တိုင်းပြည်ဟာ စေတီပုထိုး ဘုရားကျောင်
    ကန်တွေနဲ့ တိုင်းပြည်ဖြစ်လို့ ရဟန်းတော်များနဲ့ သူတို့ ကျင့်အပ်တဲ့ ၀ိနည်းတော်ကို တီးခေါက်မိသလောက်ပဲ သိနိုင်ပါတယ်။ tattoo နဲ့ ပတ်သက်လို့ တားမြစ်ထားတာ ကို မသိမှတ်ခဲ့ရဖူးပါ။ မကြားဖူးပါ။ ကိုယ်က ဗဟုသုတ နဲလို့လဲ ဖြစ်နိုင်တာပေါ့လေဗျာ။
    ဒါပေမဲ့ သတိထားမိတာ တခုက ရှေးလူကြီးတွေဟာ သူ တို့တွေ ပေါင်မှာ tattoo ထိုးကြတဲ့ကိစ္စ အားလုံးပဲ သိကြ မှာပါ။ မြန်မာဘုရင် အဆက်ဆက်က ရှေးမြန်မာကြီးတွေ ထိုးကွင်းမင်ကြောင် ဓလေ့ဆိုတာ ရှိနေပါတယ်။ သတ္တိရှိ သူတို့ တက်တူးထိုးကြ၊ အင်္ဂလိပ်ကို တော်လှန်ကြမယ်ဆို
    တဲ့ သူတို့ခေတ်မှာ လူငယ်၊ လူရွယ်၊ ရဟန်းတော်တွေ တက်တူး ထိုးကြတယ်ဆိုပဲဗျ။ ကျနော်တို့ရွာက ရှေးမှီတဲ့ ငယ်ဖြူဆရာတော်ကြီးတပါးဆို ထိုးကွင်းမင်းကြောင်တွေ
    နဲ့ ပြီးတော့ သူ့ကျောမှာလဲ နတ်ရုပ်လိုနဲ့ တောက်တက်၊ အိမ်မြှောင်လိုလို အကောင်တွေ ဆေးမင်ကြောင်တွေမြင်
    တယ်။ အကယ်၍ ၀ိနည်းအတွက် သိပ်အရေးကြီးမယ်ဆို
    ရင် ဆရာတော်ကြီးအနေနဲ့ သီလအပျက်ခံပြီး tattoo ထိုး
    လိမ့်မယ်တော့ ကျနော် မထင်မိပါဘူး။ အတွေ့အကြုံနဲ့ ကျနော့်အမြင်ကို မျှတာပါ။
    အားလုံးကို လေးစားခင်မင်လျက်
    ReplyDelete
  20. အဲလို tatoo မျိုးထိုးချင်တယ်။ ပုံကြီးရှိရင်ပို့လိုက်ပါလား။ ဆိုင်းမှာပြပြီးထိုးခိုင်ချင်လို့
    ReplyDelete
  21. လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
    မချိုသင်းရေ တဂ်ထားတယ်ဗျို့ အားတဲ့အချိန်ကျရင်
    ရေးပေးပါဦး
    http://saungyunela.blogspot.com/
    ReplyDelete
  22. ဟိဟိ… very creative... အဲလို ကိုယ်လိုချင်တဲ့ပုံလေးတွေ လုပ်လို့ ရလား…
    ReplyDelete
  23. အာပါတ်လွတ်တယ်လို့တော့မဆိုလိုချင်ပါဘူး...
    ဒါပေမဲ့...မြတ်စွာဘုရားက..ဂရုအာပါသ်နှင့်လဟုအာပါသ်
    ဆိုပြီးတော့ခွဲခြားပေးခဲ့ပါတယ်... tattoo ထိုးတဲ့ရဟန်းတော်
    ရဲ့စိတ်ထဲမှာ..လှဖို့ပဖို့မရှိတဲ့အတွက်အာပါသ်သင့်ရင်တောင်ကြီးလေးတဲ့အာပါသ်မဟုတ်ပါဘူး...ဘာပဲပြောပြောဂုဏ်ယူပါတယ်... လေးစားပါတယ်..
    ရွှေဝါရောင်ကိုလည်းကိုယ်တိုင်ဆင်နွဲခဲ့ဖူးပါတယ်...။
    ReplyDelete
အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။