Thursday, January 21, 2010

သာမန်အဖိုးကြီး

အလုပ်များနေတာရော၊ ဒီလို လ မျိုးမှာ အလုပ်များနေ အလုပ်ရှုပ်နေအောင် ကြိုးစားပြီး နေနေမိတာရောကြောင့် ဘလော့လေးကို လှည့်မကြည့်ဖြစ်တာ ကြာပါပြီ။ ဒီလိုလတွေဆို ရာသီဥတုက အေးအေး၊ လူ့ခံစားချက်က ခပ်ဆွေးဆွေးမို့ အသံတိတ်လို့သာ ကြိတ်မှိတ်နေချင်မိတာပါလေ..။

ဒါပေမဲ့ ဒီနေ့တော့ အဖေ့ ကဗျာလေး တပုဒ် တင်ချင်မိတယ်။ ကဗျာ နံမည်က အဖိုးကြီး စစ်တမ်း တဲ့။ ဖတ်ကြည့်ပါအုံး..။

အဖိုးကြီး စစ်တမ်း

အသက်ကလေးထောက်ခါမှ
အရက်ခွက်ကလေး တမြှောက်မြှောက်
ချက် အောက် စကားတွေ တပြောပြောနဲ့
တသောသောနေ
အမောဖြေတတ်တဲ့ အဖိုးကြီး။

သေရိပ်နီးခါမှ
စိပ်ပုတီး နာနာကိုင်
မဟာမြိုင် တောရမှီးပေမဲ့
ဒေါသကလဲ ကြီးတတ်သေးရဲ့
လောဘမီးကလဲ အရှိန်ဟပ်
အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။

ရွာလယ်မှာ စွာကျယ် စွာကျယ်နဲ့
ငါဟယ် မင်းဟယ်
ငြင်းမယ် လို့ မကြံနဲ့
မင်းတို့က မမှန်
ငါသာလျှင် အမှန် လို့၊ ငါ မာန်တွေ တက်
ငါ အရိုးမျက်နေတဲ့၊ လက်တို အခက်ပို အမျက်သို နေတဲ့ အဖိုးကြီး။

ဒီလို အဖိုးကြီးမျိုးတော့ ဆောရီး..ဆောရီး
မဖြစ်ချင်ပေါင်။

ကြွေခါနီးတဲ့ သစ်သီးလို
အသက်ကြီးတော့လဲ အဖိုးကြီး ဖြစ်မှာပေါ့လေ..
ဒါပေမဲ့ ရိုးရိုးကုပ်ကုပ်
ပုဆိုးစုတ်ကလေးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အလုပ် ကိုယ်ဆင်း၊ ကိုယ့်ယာခင်း ကိုယ်စိုက်
လျှာအလိုမလိုက်၊ ဘာကိုမှ မကြိုက်
ပျော်ပိုက်ရာ တော်ထိုက်ရာနေ
စာပေလဲ မပြတ်၊ ကဗျာတွေလဲ ဖတ်
ရပ်သူ ရွာသားတွေနဲ့
ထပ်တူမခြား နေတတ်တဲ့
ဇရပ်ငုံးတို တာတမံ ခရိုး အနီးက
မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးပဲ ဖြစ်ချင်တယ်။

တင်မိုး
၁၄၊၉၊၂၀၀၃


ဒီနေ့တနေ့လုံး ဟင်းတွေ ချက်ပြီး မနက်ဖန်မှာ ဆွမ်းကပ်ဖို့ ချက်ပြုတ် ပြင်ဆင်နေပါတယ်။
အရင်က ကိုယ်ဟင်းချက်ရင် နံဘေးက စားပွဲလေးမှာ စာရေးရင်း စကားပြော အဖော်လုပ်ပေးတတ်တဲ့၊ သမီးဘာချက်ချက် ကောင်းတာပဲ ပြောတတ်တဲ့၊ မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးကို လွမ်းဆွတ်မိပါရဲ့..။

အလွမ်းခရီး ၃နှစ် ပြည့်ခဲ့ပြီလေ..။
ပြုသမျှ ကုသိုလ်အစုစု ကို ရောက်ရာဘ၀က သာဓု ခေါ်ပါ အဖေ..။

မိုးချိုသင်း

56 comments:

  1. ရောက်တယ်ဗျာ။ စာလာဖတ်ဖြစ်ပါတယ်။

    ReplyDelete
  2. ကဗျာလေး ကြိုက်တာ မမချိုသင်းရေ..

    ReplyDelete
  3. ချိုသင်းရေ

    ဒီနေ့ မှာ သတိတွေ ပိုရပါတယ်။ (KM)

    ReplyDelete
  4. ကျွန်တော့် ရှိစုမဲ့စု ကုသိုလ်တွေကိုလည်း အမျှဝေလိုက်ပါတယ် ဆရာ။

    ချိုသင်းရေ ကျေးဇူးပါပဲ။ ကောင်းလိုက်တဲ့ ကဗျာ။

    ReplyDelete
  5. ရိုးရိုးကုပ်ကုပ်
    ပုဆိုးစုတ်ကလေးနဲ့ပဲဖြစ်ဖြစ်
    ကိုယ့်အလုပ် ကိုယ်ဆင်း၊ ကိုယ့်ယာခင်း ကိုယ်စိုက်
    လျှာအလိုမလိုက်၊ ဘာကိုမှ မကြိုက်
    ပျော်ပိုက်ရာ တော်ထိုက်ရာနေ
    စာပေလဲ မပြတ်၊ ကဗျာတွေလဲ ဖတ်
    ရပ်သူ ရွာသားတွေနဲ့
    ထပ်တူမခြား နေတတ်တဲ့
    ဇရပ်ငုံးတို တာတမံ ခရိုး အနီးက
    မပြတ်ပြုံးချိုနေတဲ့ သာမန် အဖိုးကြီးပဲ ဖြစ်ချင်တယ်။

    ကြိုက်တယ် ချိုသင်းရေ...:)

    ReplyDelete
  6. အမရေ သတိရနေတာကို ကိုယ်ချင်းစာမိပါတယ်။

    ရိုးရိုးကုပ်ကုပ် ပုဆိုးစုတ်ကလေးနဲ့ ဆိုတဲ့စကားသားကို ဖတ်လိုက်ရတာ ဆရာကြီးပုံကို မျက်စိထဲမြင်ယောင်မိလာတယ်။ ဆရာကြီးကလည်း တသက်လုံး ရိုးရိုးကုပ်ကုပ် ပုဆိုးစုတ်ကလေးနဲ့ပဲနေသွားတာကိုး...

    ReplyDelete
  7. တို့လဲ အဲလို သာမန် အဖွားကြီး ဖြစ်ချင်တယ်...

    ReplyDelete
  8. ကဗျာလေး ကောင်းလိုက်တာ မမရေ။ အလွမ်းခရီး သုံးနှစ်...။ မမတို့ပြုသမျှ ကုသိုလ်တွေအတွက် ဘဘကောင်းရာဘုံဘဝကနေ ပြုံးလို့သာဓုခေါ်နေမှာပါ။

    ReplyDelete
  9. ရေချိုးဆိပ် post ကို တင်တော့ တွေးနေမိတယ်။
    နှစ်သက်ကြည်မွေ့တဲ့ အရာတွေနဲ့ တန်ဖိုးထားပြီး နောက်ကလိုက်မိတဲ့ အရာတွေဟာ ဘာဖြစ်လို့များ ကွာနေတာပါလိမ့်လို့။

    ခု ကဗျာကို ဖတ်ပြီး ထပ်တွေးမိပြန်တယ်။

    တချို့ကျတော့ ရွေးစရာ မရှိလို့၊ တချို့ကျတော့လည်း ရွေးကိုရွေးချင်လို့...

    ReplyDelete
  10. ဆရာကြီးရဲ့ ကဗျာကို ဖတ်ခွင့်ရတာ ကျေးဇူး အမ၊ မိသားစုနဲ့ထပ်တူ ဆုတောင်း အမျှဝေပါတယ်။

    ReplyDelete
  11. ဒီနေရာကနေဆရာကြီးကိုလာဦးညွှတ်ပါတယ်

    ReplyDelete
  12. အလွမ်းခရီး ၃ နှစ် ရှိခဲ့ပြီကိုး...
    ချိုသင်းနဲ့ ထပ်တူ ခံစားမိပါတယ်...
    ချိုသင်းပြုသမျှ ကောင်းမှုကုသိုလ်တွေ အဖေရောက်ရာ ဘဝကနေ ပြုံးပြီး သာဓုခေါ်နေမှာပါ...

    ReplyDelete
  13. ဆရာကြီးပြုံးနေတာ မြင်ယောင်နေတယ် ချိုသင်း ရေ.
    ကမ္ဘာ့အာဏာရှင်တွေ အာဏာမဲ့ပြီးသေတော့ လွမ်းဆွတ်
    တဲ့သူက ဘယ်လိုများမများ မသိ။ မြန်မာအာဏာရှင်ကြီးတွေ သေတော့ မိသားစုလောက်ပဲလွမ်းကြမယ်တူပါတယ်
    ဆရာကြီးလို ရိုးရိုးအဖိုးကြီးဖြစ်ချင်တဲ့ သူတော့ ချစ်တဲ့ပြည်သူအားလုံးက တသသ မိသားစုနဲ့ ထပ်တူအမျှ.

    ReplyDelete
  14. ချိုသင်းနဲ့အတူ အားလုံးလည်းလွမ်းနေကြမှာပါ
    သာမန်အဖိုးကြီးမဟုတ်တဲ့ ကဗျာဆရာကြီးကို...

    ReplyDelete
  15. စာလာဖတ်ပါတယ်အစ်မ။

    ReplyDelete
  16. ဆရာကြီးက မြင့်မြတ်တဲ့ ဘုံကနေ သာဓုခေါ်နေမှာပါ။

    မအယ်

    ReplyDelete
  17. မမိုးချိုသင်းရေ .. အဲဒီကဗျာလေး ဖတ်ခဲ့ဖူး နှစ်သက်ခဲ့ဖူးပါတယ်။
    မနေ့ညက ကလေးကဗျာလေးတွေအကြောင်း ရေးရင်း ဆရာကြီးကို သတိရနေမိသေးတယ်။ ကျမတို့ငယ်ငယ်က ဆရာကြီးရဲ့ ကဗျာလေးတွေနဲ့ ကြီးပြင်းခဲ့ကြရတာ။
    ဆရာကြီး ကွယ်လွန်တာ နှစ်တွေ ဘယ်လောက်ကြာကြာ ကဗျာတွေကတော့ အမြဲရှင်သန်နေမှာပါ။ လွန်ခဲ့တဲ့ ၃ နှစ်က ကျမဘလော့မှာ တင်ခဲ့ဖူးတဲ့ ပို့စ်လေး အမကြုံရင် ဖတ်ရအောင် လင့်ခ်ထည့်ပေးလိုက်ပါတယ်။
    http://maydar-wii.blogspot.com/2007/01/blog-post_23.html

    ReplyDelete
  18. ကျွန်တော်လည်း တချိန်ကျရင် သာမန်အဖိုးကြီးပဲ ဖြစ်ချင်တယ် ။

    ReplyDelete
  19. သာမန်အဖိုးကြီး မဟုတ်တဲ့ ကျနော့်တို့ရဲ့ ကဗျာအဖိုးကြီးကို သတိရလွမ်းဆွတ်လျက် ဖတ်သွားပါတယ်။

    ReplyDelete
  20. စာပေမပြတ်ပဲ
    အမြဲပြုံးချိုနေတဲ့
    အဖိုးကြီး
    အဖေကြီးရဲ့
    သမီးပဲ ဖြစ်ချင်ပါတယ် အမ။

    ဒီတစ်ခါ ဘာဟင်းတွေ ချက်လဲ အမ။
    :)

    ReplyDelete
  21. ဘဘ ကဗျာလေးအလွမ်းပြေတင်ပေးတာကျေးဇူးပါ။ ဖတ်တိုင်းလဲမရိုးနိုင်သလို..တစ်ခါဖတ်ရုံနဲ့ တန်းမြင်ယောင်လို့ရတဲ့အတွက် အခုထိ လေးလေးစားစား ဖတ်မိနေတုန်းပါ။

    ReplyDelete
  22. ၃ နှစ်ပြည့်သွားပြီပေါ့..

    ကဗျာဆရာတွေ သေရင် ငရဲမလားဘူးမမ

    ကောင်းရာသုဂတိကနေ စောင့်ကြည့်နေမှာပါ..

    ReplyDelete
  23. ကဗျာဆရာကြီး အခုဆို ဦးမာဂအကြောင်း ကဗျာတွေ စပ်နေလောက်ပြီ...

    နတ်သမီးနတ်သားတွေလည်း သီချင်းအတူဆိုရင်း ပွဲကျနေလောက်ပြီ...

    နတ်ကျောင်းသားလေးတွေဆိုလည်း တပျော်ပျော် တပြုံးပြုံးနဲ့ ကဗျာတွေ လိုက်ရွတ်နေလောက်ပြီ...

    ReplyDelete
  24. ..ဝက်သားဟင်း........မှ ပါရဲ့လား။

    ReplyDelete
  25. အဖိုးကြီးက..အဖိုးကြီးရဲ့ကဗျာကိုဖတ်ပြီး...
    လွမ်းလိုက်တာ.....

    ReplyDelete
  26. အမရေ ကဗျာလေး ဖတ်ပြီး အပြင်မှာ မမြင်ဖူးတဲ့ အမတို့ သားအဖပုံကို မှန်းကြည့်မိတယ်... စိတ်မကောင်း မဖြစ်ပါနဲ့ အမ... တူတူနေခဲ့ရတုန်းက ပျော်ရွှင်ခဲ့ရတာလေးတွေ ပြန် အမှတ်ရပြီး အလွမ်းဖြေနိုင်ပါစေ

    ReplyDelete
  27. ကျနော်လုပ်ခဲ့ဖူးသမျှ ကုသိုလ်ကောင်းမှုတွေလည်း မျှဝေပေးလိုက်ပါတယ်

    ချစ်ခင်စွာတမ်းတသော သမီးရဲ့ ကုသိုလ်မျှဝေသံများ ဆရာကြီးကောင်းရာဘုံဘ၀မှ ကြားသိပါစေ...

    ReplyDelete
  28. ကဗျာလေးက အရမ်းကောင်းတာပဲ အမ ရယ်

    ReplyDelete
  29. သတင်းထဲမှာ ကြားလိုက်တယ်။ ၃နှစ်တောင် ပြည့်ပြီးကိုး။ ဘာမှမကြာလိုက်သလိုပဲ။

    ReplyDelete
  30. အမရေကြိုက်လို့ကူးသွားပါတယ်ဒီမှာကကိုယ်ကြိုက်တဲ့လူကိုလွတ်လွတ်လပ်လပ်အားပေးပိုင်ခွင့်ရှိတယ်နော် ခင်မောင်ရင်ကိုမှီလို့လားမေးမဲ့သူမရှိဘူးနော်။
    နဂိုယာကလာလည်သွားပါတယ်

    ReplyDelete
  31. “edAÁmefodkU ta&mufoGm;&ef
    ocFskdKif;aygif;rsm;pGmudk
    ausmfjzwf&ef 0Hrav;awmhjyD” wJhvm;/

    q&ma&;cJh ajymcJhovdk
    cJGxm;&pfcJhjyDaygh/

    wcgwcgaojcif;w&m;[m
    vlrSm;ac:wwfovm;/

    Please convert to Myanmar fornt

    r,Hkcsifbl;q&m&,f
    q&muG,fvGefjyDwJh/

    q&mhtwGuf trSwfw&pum;
    ESKwfzsm;rSm pHGUtae&JU/

    tvGrf;ajywJhvm; AsmwdkU&,f
    awG;rd a&;rdwdkif; tvGrf;awGydkaeygw,f/

    ReplyDelete
  32. Please convert Myanmar fornt

    “edAÁmefodkU ta&mufoGm;&ef
    ocFskdKif;aygif;rsm;pGmudk
    ausmfjzwf&ef 0Hrav;awmhjyD” wJhvm;/

    q&ma&;cJh ajymcJhovdk
    cJGxm;&pfcJhjyDaygh/

    wcgwcgaojcif;w&m;[m
    vlrSm;ac:wwfovm;/

    r,Hkcsifbl;q&m&,f
    q&muG,fvGefjyDwJh/

    q&mhtwGuf trSwfw&pum;
    ESKwfzsm;rSm pHGUtae&JU/

    tvGrf;ajywJhvm; AsmwdkU&,f
    awG;rd a&;rdwdkif; tvGrf;awGydkaeygw,f/

    ReplyDelete
  33. To reach to the heaven
    To pass a lot of grave
    It’s doesn’t matter that you said.

    Sir, as you wrote, you said
    Did you leave us?

    Some time the dead
    It can call wrong person!

    I don’t want to believe that
    Sir was dead.

    The condolence words
    Can’t be out form my mouth

    How can I get forget, friends
    Whenever I though, I write I can’t help missing you Sir.

    ReplyDelete
  34. ရိုးရိုးကုပ်ကုပ် နေတတ်တဲ့ ဆရာ့ကို သတိရမိပါတယ်။

    ReplyDelete
  35. ချိုသင်းရေ....
    မနေ့ကပဲ အင်းစိန်အိမ်ကို ဆွမ်းကျွေးရောက်ခဲ့တယ်။
    မိုအေးဆီကိုတောင် ဖုန်းဆက်လိုက်သေးတယ်...။

    ReplyDelete
  36. မမိုးချိုရေ
    ကဗျာလေး လာဖတ်သွားတယ်နော်
    တနေ့ တနေ့  ဘာpost တင်လဲ လာကြည့် ရတာ အမောပဲ
    စာအသစ်တင်ထားတာတေ့ရင် ၀မ်းသာတယ်
    နေကောင်းကျန်းမာပါစေ

    ReplyDelete
  37. ကဗျာလေးက ကောင်းလိုက်တာ..
    ဆရာကြီးလည်း ကောင်းရာမွန်ရာဘဝကနေ သာဓုခေါ်နေမှာပါ...

    ReplyDelete
  38. ကဗျာလာဖတ်သွားပါတယ်

    ReplyDelete
  39. http://swenaing.blogspot.com/ကိုလည်းလာလည်ဖို့ဖိတ်ခေါ်ပါတယ်

    ReplyDelete
  40. အဲဒီ သာမန်အဖိုးကြီးက..ကျမတို့ မျိုးဆက်ကို.. မနီကလေး တို့ က တဆင့်.. သွန်သင်ပြခဲ့တယ်လေ..

    ReplyDelete
  41. စာဖတ်ပြီး လွမ်းစရာဖြစ်သွားတယ် ညီမရေ

    ReplyDelete
  42. မမရေ..
    ကဗျာလေးဖတ်ရတာ မှတ်သားဖွယ်ပါပဲ။ ပူးတေ အသက်ကြီးလာရင်လဲ ကဗျာထဲက အဖိုးကြီးလို သာမန်အဖွားကြီးဘဝပဲဖြစ်ချင်တာ။ မာန်မာနတွေ၊ အာဂါတ(ဂကြီးရှာမတွေ့လို့)တွေနဲ့၊ ဘုန်းကြီးကျောင်းသွား၊ စိပ်ပုတီးဆံထုံးမှာပတ်၊ ဆွဲကြိုးကြီးကို ချက်လောက်ထိရောက်အောင်ဆွဲ၊ လက်တွေ ၁၀ချောင်းလုံးမအားအောင် စိန်လက်စွပ်တွေစွပ်ထားပြီး၊ ထမင်းချိုင့်ကြီးက ၅ ဆင့်ချိုင့်ကြီးနဲ့ အသုတ်၊ အကြော်၊ ပုဇွန်ထုတ်ဆီပြန်၊ အရည်တမျိုးနဲ့ ဓမ္မမိတ်ဆွေယောဂီအချင်းချင်း အားကျအောင် သားကြီးကလေ အမေရိကားမှာ၊ အငယ်မက ဂျပန်မှာ၊ သားနဲ့ ချွေးမ၊ သမီးနဲ့ သမက်ရဲ့ အရေးကိစ္စအားလုံးကို သူဘယ်လို ဘယ်ပုံ စီစဉ်ပေးရတာ စသည်ဖြင့် တနေကုန် တယောက်ပြီးတယောက်ကို လိုက်ပြောပြီး (နားထောင်တဲ့ လူကတော့ပြောင်းသွားတယ်၊ သူကတော့ ဒိုင်ခံပဲ) ညနေနေစောင်းတော့ ဂျိုင့်ကြီးကို အိမ်ဖော်မလေးကို ကိုင်ခိုင်းပြီး အိမ်ကလာကြိုတဲ့ကားပေါ် မိန့်မိန့်ကြီး တက်ထိုင်ပြန်သွားတဲ့ အဖွားကြီးလိုလဲ မဖြစ်ချင်ဘူးမမရေ။
    မမရေ ရေးရင်းနဲ့ ရှည်သွားတာ ခွင့်လွှတ်ပါနော်။
    ညီမ ဒီတခါ 2009 July မှာ ရွာပြန်တုန်းက ဝါဆိုလပြည့်နေ့မှာ ဘုန်းကြီးကျောင်းရောက်တယ်။ ဥပုသ်သည်တွေကို ဝေယျာဝစ္စလုပ်ပေးလို့ရယ်၊ ဘုန်းဘုန်းဆီ သွားပြီး ဆေးလေးဘာလေး လိုအပ်တာလေး သွားလှူတာလေ မမရေ။ အဲလို အဖွားကြီးတွေ အတော်များများတွေ့ခဲ့တယ်။ ဓမ္မအကြောင်း ပြောဆိုဆွေးနွေးနေတဲ့ ယောဂီတော်တော်လေး နဲနေပြီ။ မရှိဘူးလို့မပြောပါဘူး။ အဲလို တကယ် ဓမ္မကို သေချာလိုက်စားတဲ့ ယောဂီတွေလဲရှိမှာပါ။ သူတို့ကလဲ အပေါ်ကလို အဖွားကြီးတွေများတဲ့ နေရာမျိုးတွေ မလာတော့တာ မလာချင်တော့တာထင်တယ်။ ပူးတေတောင်တရက်ထဲနဲ့ အတော်စိတ်ပျက်သွားတယ်။ :(

    မမတို့ဖေဖေရေးတဲ့ ကဗျာလေးက တော်တော်လေးကို ထိမိလှပါတယ်။ မမတို့ဖေဖေ ဆရာကြီးဦးတင်မိုး ကောင်းရာဘုံဘဝကို ရောက်ရှိနိုင်ပါစေလို့ လေးလေးနက်နက် ဆုတောင်းလိုက်ပါတယ်။
    ခင်မင်စွာဖြင့်
    ပူးတေ

    ReplyDelete
  43. သုံးနှစ်တဲ့လား ချိုသင်း ရေ ... ဆရာကြီး ဦးတင်မိုး ရဲ့ 
    ချစ်စရာကောင်းတဲ့ အပြုံး ကတော့ မျက်စိထဲ မြင်ယောင်နေဆဲပါ ... လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က
    ဆရာကြီး ဦးတင်မိုး ကို နယူးယော့ မှာ စတွေ့ တုန်းက
    ဆရာကြီးရဲ့  ခြေအိတ်လေး ပေါက်နေတာ( အမှန်တော့ ဆရာကြီး က အ၀တ်အစား ဂရုမစိုက်လို့ပါ... တို့လည်းေ ခြအိတ်အပေါက် တခါတလေ ၀တ်တတ်တယ် ) တွေ့ မိလို့
    တို့ အိမ်မှာ အပို ၀ယ်ထားတဲ့ ခြေအိတ်တွေ ရှိနေတာနဲ့
    ဆရာကြီးကို ပေးခဲ့တာ ကို အခုအချိန်ထိ အမြဲတမ်း မှတ်မှတ်ရရ သတိယ နေဆဲပါ ...

    mie nge

    ReplyDelete
  44. မမချိုသင်း
    မမရဲ့စာတွေ အရမ်းဖတ်လို့ကောင်းတယ်
    ကဗျာတွေနဲ့စာတွေအတွက်ကျေးဇူးပါ။

    ခင်တဲ့
    ညီမလေး

    ReplyDelete
  45. အရမ်းကို နှစ်သက်မိလို့ ကဗျာလေး ကူးချင်ပါတယ်....။ အဖေ့ ကို စာရေးရင်..ထည့်ပေးလိုက်ချင်လို့ပါ...။

    ReplyDelete
  46. လာလည်ပါသည်။ဖိတ်ခေါ်ပါသည်။မကြာခဏရောက်ပေမဲ့
    ဘာမှ မရေးဖြစ်ခဲ့ပါ။http;//kokhine.blogspot.com

    ReplyDelete
  47. link ချိတ်ခွင့်ပြုပါ။

    ReplyDelete
  48. i want to be that kind of old man toooo.....

    ReplyDelete
  49. သာမန်အဖိုးကြီးပဲဖြစ်ချင်ပါတယ်။
    ကဗျာလေး ကို အရမ်းသဘောကျမိပါတယ်။
    တင်ပြပေးတဲ့အတွက်ကျေးဇူးပါ။
    ဆရာကြီးဦးတင်မိုးအတွက်လဲ စိတ်မကောင်းဖြစ်မိပါတယ်။

    ReplyDelete
  50. ကဗျာလေး လာဖတ်သွားပါတယ်။ ကောင်းမှုကုသိုလ်အတွက်လည်း သာဓုခေါ်သွားပါတယ်။

    ReplyDelete
  51. May buddha keeps U Tin Moe wishes come through to be a simple a boe gyi.

    ReplyDelete
  52. အဖိုးကြီးနှစ်မျိုးထဲမပါလို့ မြန်မာပြည်က တတိယ နိုင်ငံရေးအင်အားစုတွေလို့ နာမည်ပေးထားကြသလို ကိုယ့်ကိုယ်ကိုလည်း တတိယအဖိုးကြီးလို့ နာမည်များပေးရကောင်းမလား တွေးမိတယ်။ ပြောမှားဆိုမှားရှိလည်း စိတ်ဆိုးလိုက်ပါ။

    ReplyDelete
  53. ကဗျာကို အရမ်းသဘောကျတယ် အန်တီရေ...

    ReplyDelete
  54. လွမ်းပင်ကလေး

    ပုတီးကုံးကလေးနဲ့
    ဇနီးဆုံးခဲ့ပြီ၊

    ...စမ်းချောင်းမှာ သူ့ကိုမြင်
    ပန်းပင်မှာ သူ့ကိုတွေ့
    လမ်းကွေ့မှာ သူ့ကိုကြည့်
    အမြဲသတိရသည်။

    အတိတ်ဟာ
    အရိပ်ပမာ အမြဲလိုက်
    တစိုက်စိုက်ရှုရသည်
    ကြည်လင်သော အာရုံ၌၊

    ' သူသာရှိလျှင် '
    ဤစကားစုအစဉ်က
    ငါ့ရင်မှာ လှိုင်းလိုပုတ်နေတော့
    သူ့ရုပ် ၊ သူ့မူဟန်
    သူ့အသံ သူ့စကား
    သူ့စိတ်ထား တမြင်မြင်နဲ့
    လွမ်းပင်ကလေးစိုက်။

    တင်မိုး
    ၂၃-၁၁-၉၀

    http://sawthetlin.blogspot.com/2011/01/blog-post_29.html

    ReplyDelete

အမှတ်တရ ရေးခဲ့မလား ...
သိမ်းထားချင်လို့ ။