လူတွေများ စကားပြောရင် ပုံစံအမျိုးမျိုး။
တချို့က ဖြေးဖြေးမှန်မှန် အသေအချာ စဉ်းစားပြီးတော့ ပြောတတ်တယ်။ တချို့ကတော့ အားတက်သရော မြန်မြန်ဆန်ဆန်။ တချို့ကတော့ တလျှောက်လုံး ငြိမ်နေပြီးမှ ပြောလိုက်တဲ့တလုံးကျတော့လဲ ပိဿာလေးနဲ့ နံဘေးပစ်သလို ပြောပြန်ရော။
အဲဒီလို ပြောတဲ့အခါမှာလဲ ကိုယ်စွဲနေတဲ့စကားလုံးကို စကားပြောနေရင်း ထပ်ခါထပ်ခါ သုံးတတ်တာ သတိထားမိတယ်။ အခုတလော ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲမှာရော၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေထဲမှာရော အဲဒါမျိုးလေးတွေကို ကိုယ် သတိထားမိနေတယ်။ အဲဒါကလဲ အထူးတလည် လုပ်ယူတာမဟုတ်ဘဲ ကိုယ့်ဖာသာကိုယ် သတိမထားလိုက်မိခင် ဖြစ်သွားတတ်တာမျိုး။ အကျင့်ဖြစ်နေတာ လို့ ပြောရမလား မသိဘူး။
ကိုယ့်အမျိုးသားရဲ့ သူငယ်ချင်း နယူးယောက်ခ်က အကိုတယောက်ကတော့ စကားပြောရင် အမြဲထည့် ပြောတတ်တာက “အေးလေ၊ အေးလေ” တဲ့။ ဒီကဖြင့် ဘာမှ မပြောရသေးဘူး။ သူက အေးလေ၊ အေးလေ နဲ့ ထောက်ခံနေပြီ။ သဘောကောင်းပုံများ ပြောပါတယ်။ သူများပြောရင် follow လိုက်ပေးတာ အကျင့်ပါနေတယ် ပြောရမှာပေါ့။
နောက်တယောက်ကတော့ စကားပြောရင် အမြဲ ထည့်ပြောတတ်တာက “ကိုယ်တကယ် အကောင်းပြောတာ” တဲ့။ သူကတော့ သူပြောမဲ့ စကားတခွန်းကို အလေးအနက် ဖြစ်စေချင်ပုံပါ။ ဒါပေမဲ့ သူ တခါမှ အတည် မပြောလေတော့ ဘယ်သူမှ မယုံကြလို့ ဒီတခါတော့ အတည်ပြောတာပါ လို့ ပြောချင်သလားမသိ။ ကိုယ်တကယ်အကောင်းပြောတာ လို့ စပြောရင် ပြုံးစိစိ ဖြစ်ရပြီ။ ချင့်ချိန်သာ ယုံပေတော့။ သူ ရွှီးတော့မယ်။
တချို့ကျတော့လဲ နိုင်ငံခြားရောက်နေလို့ ထင်ပါရဲ့၊ စကားပြောတာမှာ အင်္ဂလိပ်လို ထည့်ပြောတတ်တာပါ။ ကိုယ်ကတော့ အဲဒီလူနဲ့ စကားပြောရင် ရီချင်နေတတ်လို့ မနည်း အောင့်ထားရတာ။ သူက ဗမာလိုချည်း တောက်လျှောက် ပြောသွားပြီး နောက်ဆုံး အပိတ်လေးမှာ အင်္ဂလိပ်လိုလေး နဲ့ ပိတ်တတ်တာပါ။ you know what I mean တဲ့။
ကိုယ်လဲ အစကတော့ ကိုယ့်ကို ရှင်းပြနေတာမို့ အဲဒီလို ပြောတာ ထင်မိတယ်။ ဘယ့်နှယ် ဟုတ်ရမှာလဲ။ သူ့ဟာက အခွန်းတိုင်း ရှင်းပြတာ ဟုတ်ဟုတ် မဟုတ်ဟုတ် အဲဒါကြီးနဲ့ ပိတ်တော့တာ။
တချို့က ဖြေးဖြေးမှန်မှန် အသေအချာ စဉ်းစားပြီးတော့ ပြောတတ်တယ်။ တချို့ကတော့ အားတက်သရော မြန်မြန်ဆန်ဆန်။ တချို့ကတော့ တလျှောက်လုံး ငြိမ်နေပြီးမှ ပြောလိုက်တဲ့တလုံးကျတော့လဲ ပိဿာလေးနဲ့ နံဘေးပစ်သလို ပြောပြန်ရော။
အဲဒီလို ပြောတဲ့အခါမှာလဲ ကိုယ်စွဲနေတဲ့စကားလုံးကို စကားပြောနေရင်း ထပ်ခါထပ်ခါ သုံးတတ်တာ သတိထားမိတယ်။ အခုတလော ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲမှာရော၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေထဲမှာရော အဲဒါမျိုးလေးတွေကို ကိုယ် သတိထားမိနေတယ်။ အဲဒါကလဲ အထူးတလည် လုပ်ယူတာမဟုတ်ဘဲ ကိုယ့်ဖာသာကိုယ် သတိမထားလိုက်မိခင် ဖြစ်သွားတတ်တာမျိုး။ အကျင့်ဖြစ်နေတာ လို့ ပြောရမလား မသိဘူး။
ကိုယ့်အမျိုးသားရဲ့ သူငယ်ချင်း နယူးယောက်ခ်က အကိုတယောက်ကတော့ စကားပြောရင် အမြဲထည့် ပြောတတ်တာက “အေးလေ၊ အေးလေ” တဲ့။ ဒီကဖြင့် ဘာမှ မပြောရသေးဘူး။ သူက အေးလေ၊ အေးလေ နဲ့ ထောက်ခံနေပြီ။ သဘောကောင်းပုံများ ပြောပါတယ်။ သူများပြောရင် follow လိုက်ပေးတာ အကျင့်ပါနေတယ် ပြောရမှာပေါ့။
နောက်တယောက်ကတော့ စကားပြောရင် အမြဲ ထည့်ပြောတတ်တာက “ကိုယ်တကယ် အကောင်းပြောတာ” တဲ့။ သူကတော့ သူပြောမဲ့ စကားတခွန်းကို အလေးအနက် ဖြစ်စေချင်ပုံပါ။ ဒါပေမဲ့ သူ တခါမှ အတည် မပြောလေတော့ ဘယ်သူမှ မယုံကြလို့ ဒီတခါတော့ အတည်ပြောတာပါ လို့ ပြောချင်သလားမသိ။ ကိုယ်တကယ်အကောင်းပြောတာ လို့ စပြောရင် ပြုံးစိစိ ဖြစ်ရပြီ။ ချင့်ချိန်သာ ယုံပေတော့။ သူ ရွှီးတော့မယ်။
တချို့ကျတော့လဲ နိုင်ငံခြားရောက်နေလို့ ထင်ပါရဲ့၊ စကားပြောတာမှာ အင်္ဂလိပ်လို ထည့်ပြောတတ်တာပါ။ ကိုယ်ကတော့ အဲဒီလူနဲ့ စကားပြောရင် ရီချင်နေတတ်လို့ မနည်း အောင့်ထားရတာ။ သူက ဗမာလိုချည်း တောက်လျှောက် ပြောသွားပြီး နောက်ဆုံး အပိတ်လေးမှာ အင်္ဂလိပ်လိုလေး နဲ့ ပိတ်တတ်တာပါ။ you know what I mean တဲ့။
ကိုယ်လဲ အစကတော့ ကိုယ့်ကို ရှင်းပြနေတာမို့ အဲဒီလို ပြောတာ ထင်မိတယ်။ ဘယ့်နှယ် ဟုတ်ရမှာလဲ။ သူ့ဟာက အခွန်းတိုင်း ရှင်းပြတာ ဟုတ်ဟုတ် မဟုတ်ဟုတ် အဲဒါကြီးနဲ့ ပိတ်တော့တာ။
“ဒီကနေသွားရင် Garfield ရောက်တော့ ညာချိုးလိုက်၊ ဆိုင်လေးက အဲဒီနားမှာပဲ ရှိတယ်၊ you know what I mean?”
“ကျနော်လဲ အဲဒီ့ဆိုင်မှာပဲ အမြဲ ၀ယ်ဖြစ်တယ်။ သူက ဈေးလဲ သက်သာတယ်လေ။ you know what I mean”
နောက်တယောက်ကတော့ စကားအဆုံးမှာ မဟုတ်ဘူး၊ စကားအစမှာ ပြောတတ်တာပါ။ သူလဲ ဘိုလို တော့ခ်တာပါပဲ။ ဒါပေမဲ့ သူ့ဘိုစကားက သူများကို အလုပ်ပေးတဲ့ စကားပါ။ you remember တဲ့။
စကား စ မပြောနဲ့၊ ပြောတာနဲ့ you remember က စတယ်။ မေးခွန်းမေး အတော်ဝါသနာ ပါတာလား၊ မှတ်မိလားလို့ အဖော်စပ်တာလား မသိ။ သူ့မေးခွန်း မလာခင် စဉ်းစားရတာ ဦးနှောက်လဲ ပူပြီ။ ကြာတော့ မမှတ်မိဘူးဟေ့ လို့ အော်လိုက်ရတယ်။ ဘယ့်နှယ်၊ ပြော မပြောရသေးဘူး၊ ကိုယ်က ဘာမှတ်မိရမှာတုန်း။
နောက်တယောက်ကတော့ ပူးတွဲ အသုံးပြုတာပါ။ အင်္ဂလိပ်လိုရော ဗမာလိုရော ထည့်ပြောတာပါ။ နားထောင်နေတဲ့ ကိုယ် နားမလည်မှာ စိုးရှာပုံပါပဲ။ သူကျတော့ telling the truth တဲ့။
“Telling the truth အမ။ ကျမ တကယ် လိမ်မပြောဘူး။ အဲဒီအကျီ င်္လေးက ၁၅ကျပ်ပဲ ပေးရတာ” တဲ့..
“Telling the truth အမ။ ကျမ လိမ်မပြောဘူး။ သူက အဲဒီလိုကြီး မေးတာနော်” တဲ့.. အေးပါဟယ်၊ နင်လိမ်မပြောတာ ငါသိပါပြီ လို့..။
ကိုယ်ချစ်ခင်ရတဲ့ အမတယောက်ကတော့ ဆရာမလေ။ စာတွေ ရှင်းပြရလွန်းလို့လား၊ မိသားစုမှာ ဦးဆောင် အကြံထုတ်ရတဲ့သူမို့လား မသိ။ သူက စကားပြောရင် အနှစ်ချုပ် တတ်တယ်။ “အိသည်တော့ ” တဲ့..။
ပြောချင်တာက “အဲဒီတော့….” ပါ။ ဒါပေမဲ့ ကိုယ်တို့က အိသည်တော့ ပဲ ကြားတယ်။ ပထမတော့ နားထဲမှာ တမျိုးလေး၊ အဆန်းလေး ကြားလိုက်မိသလိုလို။ နောက်တော့ အဲဒီ အိသည်တော့…လေးကိုပဲ နားစွဲနေမိတော့တာလေ။
“အိသည်တော့၊ ပထမဆုံး ဟောလီးဝုဒ်ကို သွားမယ်၊ ပြီးမှ ဘိခ်ျကို ချီတက်ကြတာပေါ့၊ ဟုတ်ဖူးလား”
“အိသည်တော့၊ အမက ဟင်းချက်မယ်၊ ရှင်က ကြက်သွန်လှီး ပေး” တဲ့။
အမ အမျိုးသားကတော့ တမျိုးပါ။ ဘယ်လောက်များ သဘောတရားရေးတွေ စိတ်ထဲမှာရော အပြင်မှာပါ ဆွေးနွေး ငြင်းခုန်နေသလဲ မသိ။ သူအမြဲ ပြောတတ်တာက “သဘောတခုက…” တဲ့။ သဘောတရားရေးတွေ မဆွေးနွေးလဲ သူ့ သဘောတခုက ပါလာတာပါပဲ။ ဟုတ်ပါပြီ၊ သဘော ဘယ်နှစ်ခုများ ဖြစ်ချင်သေးလို့လဲ။
“သဘောတခုက ဒီလိုရှိတယ်လေ။ ကျနော်တို့ ပထမအဆင့်အနေနဲ့ ဒီလိုလေး သွားကြည့်မယ်၊ ပြီးတော့ ဟိုလို လုပ်ကြည့်တာပေါ့” တဲ့။
“သဘောတခုက ကျနော်တို့ ယောကျာင်္းလေးတွေက ကားတစီးနဲ့ သွားပြီး၊ ခင်ဗျားတို့ မိန်းကလေးတွေ က နောက်တစီးနဲ့ လိုက်ခဲ့ပေါ့” တဲ့..။
သူများတွေ အကြောင်းချည်း ပြောပြီး ကြိတ်ရီနေတယ် ဖြစ်မှာစိုးလို့ ကိုယ့်အကြောင်းလဲ ပြောပါအုံးမယ်လေ။ ကိုယ်က အခုလို စာရေးနေတဲ့အချိန်သာ မပါတာပါ၊ စကားပြောရင်တော့ အမြဲထည့်ပြောတတ်တာက “ဟို ဘာလဲ” တဲ့ (မရီပါနဲ့လေ..)
“ကိုယ်လဲ တယောက်တည်း (ဟို ဘာလဲ) အခုလို ရီစရာလေးတွေ ကြံဖန် ဟိုတွေး ဒီတွေး တွေးနေတော့ (ဟို ဘာလဲ) အနားမှာ အဖော်မရှိလဲ ပျင်းတော့ မပျင်းရဘူးပေါ့ ၊ ဟို ဘာလဲ ဘာလဲ ဘာပြောမလို့ပါလဲ….မေ့ကုန်ပါပြီလေ”
မိုးချိုသင်း
ကျနော်ကတော့ ( ဟုတ်သားပဲ ) တဲ့း)
ReplyDeleteအဘကိုတော့ သတိရတယ် သူကတစ်ခါခါ ပြောရင် ဘာညာကွိကွ တဲ့ ဘာကိုပြေားမှန်းနားမလည်လို့ မနည်းပြန်မေးရတယ် လူတစ်ယောက်ချင်းတိုင်းမှာတော့ ဒါမျိုး အကျင့်လေးတစ်ခုစီရှိမယ်ထင်တယ် ကျနော့် ဘော့စ်ဆို Talking ကောင်းတာ သူများက ဘာမှတောင်မပြောရသေးဘူး သူက “ ခါ ..ခါ .ခါ ” နဲ့ ဘေးကကြားရတဲ့ သူက ရယ်ချင်တယ် :P
ဟိုဘာလဲ... :P
ReplyDeleteသားကျတော့ စကားမြန်မြန်ပြောတဲ့အထဲပါတယ်
ReplyDeleteစကားထစ်တာကိုးး။း(
တစ်လုံးပြောဖို့မနည်းအားယူနေရတယ်
သုံးလေ့သုံးထရှိတာက.. အန်းအန်း(အင်းအင်း) တဲ့ :)
I know what you mean.By the way,ဂမ်ဘာာရီ လက်ဗလာနဲ့ပြန်လာပြန်ပြီတဲ့.ဟီးဟီးဟီး။
ReplyDeleteu no what I mean ဆိုလို့ကတော့.. သိဘူး လို့ ပြောလိုက်မှာပဲ..စိတ်လေသွားအောင်း)
ReplyDeleteစင်ကာပူကလူတွေ စကားပြောရင် I think, I think နဲ့ အမြဲစပြောကြလို့ သူငယ်ချင်း တစ်ယောက်က ဒီကောင်တွေ ဘာမှ မသေချာပါလား လို့ မှတ်ချက် ချဖူးတယ်။ :D
ReplyDeleteဟိုဘာလဲ..အမ..
ReplyDeleteကြားဖူးတာ..တချို့က စကားမပြောခင်..
Please ...ကျေးဇူးပြုပြီး..
အင်္ဂလိပ်လိုရော မြန်မာလိုရော ပြောတာ
ကြားဖူးတယ်..
ဟား ဟား ဟား ဟား... ဖတ်နေရင်းကို သဘောကျလွန်းလို့  ရီလိုက်ရတာ။
ReplyDeleteဟုတ်တယ် ဟုတ်တယ် ချိုသင်းရေ။
ကိုယ့်မှာလဲ ဒီလိုအကျင့်မျိုးရှိနေတာကြာပြီ။
အကျင့်ဆိုးမဟုတ်တာနဲ့ သတိထားပြီး မပြင်တော့တာ။
"သိတယ်မဟုတ်လား"။ KM
ဆိုလိုတာက I know what you mean ဆိုလိုတာက အမဘာကိုဆိုလိုတာလဲ ဆိုတာ သဘောပေါက်တယ်
ReplyDeleteဆိုလိုတာက ..........
ဆိုလိုတာ..........
ဆိုလို.........
ဆို......
တို့က သိလား?သိလား?
ReplyDelete:) စာဖတ်ရင်း၊ အပြုံးပန်းတော့ ပြုံးနေမိတော့တယ် အစ်မရေ၊
ReplyDeleteကိုယ့်ကိုယ်ကိုလည်း ပြန်စဉ်းစားနေမိတယ်၊ ဘာအသုံးများလဲလို့ပေါ့။
ဟိုနင်းလေ…ဟိုနင်း….နဲ့ ပြောတတ်တဲ့ လူတွေလည်းရှိတယ်။
ReplyDeleteတခုတော့ ရှိတယ်….. ဆိုတာလည်း ရှိသေးတယ်။
ကျွန်တော်မမှားဘူးဆိုရင်..ဆိုပြီးစကားအမြဲခံတတ်တဲ့
ReplyDeleteသားတစ်ယောက်ကိုသွားသတိရပါတယ်။ဒီကလေးကသူ့
ကိုယ်သူအမြဲတမ်းကောင်းအောင်နေတတ်သူဆိုတော့
အဲလိုလေးကလည်းအမြဲရှိနေတတ်တယ်..လို့တွေးပေး
ရတယ်။း)
ဟုတ်ကဲ့လား...
ReplyDeleteဆိုတာ ကျနော့်အဖေ ပြောတတ်တာပေါ့
(အင်း ဟုတ်ကဲ့ သာ လိုက်ဖြေရရင် ပြီးမှာတောင် မဟုတ်ဘူး)
ချိုသင်းရေ...
ReplyDeleteရယ်ရသတော့... ဟီဟိ
ကိုယ့်သူငယ်ချင်း တစ်ယောက်ကတော့ စကားပြောရင် “ဟိုဥစ္စာ... ဟိုဥစ္စာ...” ဆိုပြီး စ ပြောတတ်တယ်။ အမြန်ပြောတော့ ဟုတ်စာ.. ဟုတ်စာ... ဆိုပြီး ဖြစ်ဖြစ်သွားတာပေါ့...။ ခုလဲ အဲဒီအတိုင်း ပြောနေတုန်းပဲ...။
တဆက်တည်းမှာပဲ အကျင့် ဆိုတဲ့စကားလုံးကို အတွေးနယ်ချဲ့သွားပါတယ်...။
ရုံးက အန်တီကြီးဆိုရင် စကားတစ်ခွန်းပြောဖို့အရေး ကျက်က... ကျက်က လို့ ၁ဝ ခါလောက်ပြောတယ် ။
ReplyDeleteနောက်တစ်ယောက်က ခေါင်းကုတ်ပြီး အ..အ.အ..တဲ့... ခွိ....
ရီသွားတယ်..တွေးသွားတယ်.. ပြန်စဉ်းစားတယ်.. တို့လည်း ဘယ်လိုပြောတတ်သလဲလို့..။ လူတကိုယ် အကျင့်တမျိုးဆီပဲနော်..။
ReplyDeleteသိလား အမ အမပြောတာကိုဖတ်ရင်းနဲ့  ဟီးဟီး သိလား စဉ်းစားလိုက်တာ သိလားကို ခနခနသုံးတယ်။ သိလား
ReplyDeleteဟီးး။.. ရှာရှာဖွေဖွေ ရေးတတ်ပါတယ် မမိုးချိုသင်း
ReplyDeleteversion မျိုးစုံ တွေ့ဖူးတယ်။
ဆိုတော့ကာ.. ဆိုတော့ကာ..
ဘယ်လိုပြောရမလဲ....
ဟတ်လား... ဟတ်လား..
နော်.. နော်..
အင်္ဂလိပ်လိုကတော့
well.. well..
sort of.. sort of..
and so on and so forth..
ဒီလိုအမြဲထည့်ပြောဖူးသူတွေ ကြားဖူးတယ်။
စလုံးတွေကတော့ actually.. actually တို့ this one, that one တို့စကားထဲ အမြဲထည့်ပြောကြတယ်။ သြော်.. ပြီးတော့ နာမည်ကျော်.. lah.. တွေရောပေါ့။
ဘလော့ဂ်ထဲမှာ ကဗျာဆရာ တစ်ယောက်ကတော့
ကဗျာထဲမှာ ဖြစ်လေတယ်.. ရှိလေတယ်.. ဒီလို "လေ" တွေထည့်ထည့်ရေးတာ သတိထားမိတယ်. အပြင်မှာ စကားအခန့်တွေ ပြောပါများလို့ ထင်ပါတယ်။ ဘယ်သူလဲတော့ ပြောတော့ဝူး.။ ဟီး.. ။
ပန်ဒိုရာကိုယ်တိုင်လည်း ဘယ်လိုတွေပြောမိလဲ မသိပါဘူး။ ပြန်သတိထားကြည့်လိုက်ဦးမယ်။
ဟိုဘာလဲချင်း တူတွားပီ.. ပျော်လိုက်တာ...။
ReplyDelete"ဟမ် ..."
ReplyDeleteဟီးဟီး အဲဒါ ကိုယ့်အကျင့်။
း)...
ReplyDeleteတော်တော် ရေး တတ်တယ်..
ကိုယ့် ဆရာ တစ်ယောက် ရှိခဲ့ ဖူးတယ်..
ဟတ်လား...ဟတ်လား..၂ ခါ ဆင့်ပြီး..စကားတစ်ခွန်း..
၃ ခါ လောက် ပါတတ်တာ...း).......
ညီမ စာတွေ အားလုံး ကြိုက်ရဲ့....
အပျော်ဖတ်လေး ထဲ မှာ..ဒီပို့စ်လေး ရယ်....
ပြီးတော့..အစွဲ အလန်းများ ..ရယ် ဆို တာလေး...
အမြဲ ..ခေါင်းထဲ မကြာ ခဏ ရောက် တယ်...
.....
တို့ ကဗျာတွေ ထဲ..တော့....ကွယ်... ဆိုတာလေး
ထည့် ရတာ ..အင်မတန်ကြိုက်.........း)....
....
မပန်ပြောတဲ့ ကဗျာ ဆရာ...ဘယ်သူ လဲ လို့ ရိပ်မိ သလိုပဲ........း).......
အမချိုသင်း အစုံအစုံ ရယ်ရတယ်တော့။ ဒါပေသိ ကိုယ့်မှာလည်း ဘာအကျင့်ရှိလဲ ပြန်စဉ်းစားမိသွားတယ်။ ဒါပေသိ အဖြေမထွက်သေး။ ကွန်းမန့်တွေလည်း ရယ်ရတယ်တော့။ လူတကိုယ် အကျင့်တမျိုးပေါ့နော်။
ReplyDeleteနိနိ
အကို့ သူငယ်ချင်း တယောက်ကတော့ စကားစပြောတာနဲ့ ဘုရားကို ဆွဲထည့်တာပဲ...
ReplyDeleteI swear to God နဲ့ စကားကို စတာ...း)
ဘုရားလည်း သနားပါတယ်... သူတယောက်တည်းနဲ့ တနေ့တနေ့ ဘယ်လောက် နားငြည်းနေမလဲ မသိ...း)
အစ်မရေ.......
ReplyDeleteညီမတို့ ဘကြီးတစ်ယောက်ကတော့..ဘာမှမပြောရသေးဘူး
အခုန ငါပြောထားသလိုမျိုး နဲ့ စတာ...
ဘာမှလဲပြောမထားတော့ ဘာထောက်ခံရမှန်းလဲမသိ
ခက်တာက သူ့ကိုတစ်မျိုးလုံးကလည်းကြောက်ရသေး..အစ်မရေ..
လေးစားခင်မင်စွာ.
အိန္ဒြာ
အစ်မ MCT စာအရေး တအားကောင်းဒယ် ၊၊
ReplyDeleteများပီဗျာ ..များပီ၊၊ :P
ချိုသင်းရေ… တို့ မောင်နှမတွေကတော့ သိလား…သိလားလို့ ထည့်ပြောတတ်တယ်… ဘာမှမပြောခင်ကတည်းက သိလားက လာပြီ…
ReplyDeleteအကျင့်လေးတစ်ခု နဲ့ comment တွေကိုဖတ်ပြီး ရယ်သွားပါတယ် အစ်မ :)
ReplyDeleteအသက်ကလေးကကြီးလာပြီကိုး
ReplyDeleteိlisten to me..
ReplyDeletedo you understand..
အဝှာလေ...
ReplyDeleteလူတိုင်းမှာတော့ အကျင့်တစ်မျိုးစီပေါ့နော်
အဝှာလေ...အင်း
သတိမထားမိတာပေါ့လေ...
မမ KOM လိုမျိုး တစ်ယေက်လည်း အလုပ်ထဲမှာ ရှိတယ်။ listen နဲ့စပြီး do you understand နဲ့ ဆုံးတယ်။ တစ်ယောက်တစ်မျိုးစီနော်။ အမပြောမှပဲ သတိထားမိတယ်။ အိမ်မှာ 'ဘာမှန်းလဲ မသိဘူး' လို့ ပြောလွန်းလို့ ခုထိ မသိသေးဘူးလားလို့ စ ခံရတယ်။
ReplyDeleteဒိမယ် ငါပြောပြမယ် လို့ အမြဲပြောတဲ့ လို့ဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိသေးတယ။်
ReplyDeleteမချိုသင်းရေ ဖတ်ပြီးတော့ပြုံးရပြန်ပြီ...ကျနော်ကတော့
ReplyDeleteဘာမှမပြောခင်မှာ You know တွေသိပ်သုံးတဲ့
လူတွေနဲ့စကားပြောရတဲ့အခါဆိုရင် စိတ်ထဲမှာ တွေးနေမိတာလေး တစ်ခုရှိတယ် ”အင်း” ဘာမှတောင်
မပြောရသေးပဲ ဘယ့်နှယ် ဒီယူနိုးကြီးက အရင်ရောက်
ချလာရသလဲလို့ပေါ့
ဟိုဥစ္စာ လို့ပြောတတ်တာလဲ ကြားဖူးတယ်။ ဟိုဥစ္စာ ဟိုဥစ္စာ ဆိုတော့ ဘာမှန်းမသိတော့ဘူး :D။
ReplyDeleteI use "even" so often.
ReplyDeleteEven in my dream.
ha ha ha
ညီမကကျတော့ ဟဲ့ အဲ့တာအရေးမကြီးဘူး.. ဆိုတာကို အမြဲဖြတ်ဖြတ်ပြောလို့ ညီမလေးက ဒါဆို အရေးကြီးတာ အရင်ပြော ..ဆိုပြီး အမြဲထောက်တယ်..နောက် စကားပြောရင်းလဲ ဒီ..ဒီ..ဒီ..ဒီဆိုတာက အမြဲပါတယ် ဟိဟိ
ReplyDeleteကျနော်လည်း သိလား ကို သုံးတတ်တယ်.. အမေကဆို နင့်ဟာ ဘာမှလည်း မပြောရသေးဘူး “သိလား” ဆိုတော့ “မသိဘူးဟေ့”ဆိုပြီး ရွဲ့ပြောပါလေရော.. အပေါ်က comment တွေ ဖတ်ပြီး ရီရတယ်.. “သိလား” က ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး.. ဟီ..ဟိ.. မမတန်ခူးရောပဲ.. :D
ReplyDeleteအစ်မ ရီလိုက်ရတာနော်။ ဖတ်ဖူးတဲ့ ကာတွန်းတကွက် သတိရတယ် ဆိုရှယ်လစ်ခေတ်က ပါတီခေါင်းဆောင် တယောက်က အကျင့်ပါနေတဲ့ အတိုင်း သူ့မိန်းမကို ပြောတာလေ “ကဲ ဒီအင်္ကျီကို တပိုင်းကလျှော်မယ် တပိုင်းက မီးပူတိုက်မယ် ဟုတ်လား” ဆိုတော့ သူ့မိန်းမက တပိုင်းကိုလျှော်ပြီး ကျန်တဲ့တပိုင်းကို တကယ် မီးပူတိုက်ထားလိုက်တယ် :P (တူးကတော့ ဘာဆက် ပြောရမှန်းမသိတော့ရင် ဘာညာပေါ့ လို့ ထည့်ပြောတတ်တယ် အဟိ)
ReplyDeleteဒီပို့စ်လေးကို သဘောကျမိတယ်၊ လူတွေက စကားပြောရင် တခုခုအသုံးအနှုန်းကို သုံးပြီး ပြောရာက အကျင့်ပါသွားတတ်ကြတယ်၊
ReplyDeleteသတိပြု ဆင်ခြင်ရင်တော့ အဲဒီအကျင့်က ပျောက်သွားတတ်ပါတယ်၊ ကျေးဇူးပါ....။
လာရယ်သွားတယ် အစ်မ။ :D
ReplyDeleteကိုယ့်ကိုယ်ကိုလဲ သတိထားကြည့်လိုက်ဦးမယ်။
စာရေးသိပ်တတ်တယ်...
ReplyDeleteသဘောတခုက...
ဟို....ဘာလဲ
ဆရာမောင်သာရလိုဘဲ...
ရေးသမျှ စာဖြစ်နေတာဘဲ..။
Moe Cho Thinn said...
ReplyDeleteအော်..ခုမှ သဘောပေါက်တယ်။ kmsl ရန်ကုန်က ပြန်လာလို့ kmsl လုပ်ခဲ့တာတွေကို ဒီဘလော့ဂ်မှာ မမ လာရင်ဖွင့်နေတာကိုး။ အစကတော့ အသေနှိပ် တထောင် ပို့စ်ကတည်းက နားမလည်ခဲ့ဘူး။ ခုတော့ ရေးတေးတေး ရှိလာပြီ။ မမရယ်..ရင်ဖွင့်ပါ၊ ရင်ဖွင့်လိုက်စမ်းပါ။ အမြဲလာဖတ် နားထောင်ပေးနေပါတယ်။ Hmmm.....
February 7, 2009 12:47 AM
Moe Cho Thinn said...
ဟေ့ မမ
မကျေနပ်လို့ ထပ်ရေးတယ်။ kmsl ကြီး ပိုက်ဆံ မချေးချင် မချေးပါနဲ့၊ ရပါတယ်။ သူ ဒီလိုလုပ်နေတဲ့ အလှူတွေကို သာဓု မခေါ်နိုင်ဘူး လို့ သိလား။
February 7, 2009 12:50 AM
Moe Cho Thinn said...
အခုပြောနေတာ လှထုံ နော်။ လှထုံကို ပိုက်ဆံချေးတဲ့ စာရင်းထဲက ဖျက်လိုက် လို့ သိလား။ (စိတ်ဆိုးရင် သိလား တွေကလဲ အထပ်ထပ် ပါသေးတာ :)
nonymous said...
မမ...
ဒါတွေက ကိုမဆလာပြောပြမှ မမသိရတာလေ....
မမ မသိအောင် ဘယ်လောက်တွေများ... အင်းးးး
မတွေးတော့ပါဝူးလေ......မမကိုယ်စားရင်မောဘာဒယ်....
ဟင်း............................................................
..................................................................
(သက်ပြင်းရှည်ကြီး ချသံ၊ သက်ပြင်းက ဘယ်လောက် ရှည်လဲဆို ၂ ကြောင်းတောင်ဖြစ်သွားဒယ်..ခွိခွိ..)
ဟိဟိ အချွန်နဲ့ မ, ပါဘူး... လှံဖျားလေးပေါ် ကိုမဆလာကို တင်ထားပေးတာပါ...။
** မချိုသင်း ပေါက်ကွဲနေတာကို ဖတ်ပြီး အူနာအောင်ရယ်ရပါကြောင်း။
ပုံ/ ဆင်ထုံ
မိုးချိုသင်းပေါက်ကွဲတာသိတ်ရယ့်တာဘဲ ကိုကိုကေ်ျာ်သာ အဲလို လုပ်ရင်
ReplyDeleteစာရေးတဲ့စခန်းလဲ မရောက်သလို တရားစခန်းလဲမရောက်သေးပါကြောင်း လို့ statusကိုပြင်ပါ။
ReplyDeleteစာရေးတဲ့စခန်းက အဝေးကြီးလားဟင်၊ ဘာလို့မရောက်သေးတာလဲ။
ReplyDeleteအမကတော့လေ... ဒါလေးကို စာကောင်းတစ်ပုဒ်ဖြစ်အောင်ရေးတတ်တယ်... ဖတ်ပြီး ရီလိုက်ရတာ...
ReplyDeleteဖေဖေပြောဖူးတာရှိတယ်... သူ တက္ကသိုလ်မှာတုန်းက တစ်ခုခု အစရှာမရရင် ဟိုဟာကွာ.. နဲ့ပြောတတ်တော့ အောက်ပြည်က သူ့သူငယ်ချင်းက သူ့ကို ကိုဟိုဟာလို့ ခေါ်တာတဲ့....
အဲဒါနဲ့ သူကမှတ်ထားပြီး အဲဒီ သူငယ်ချင်းက ဟိုဒင်းလေကွာလည်းပြန်ပြောရော... ကိုဟိုဒင်း လို့ပြန်ခေါ်တယ်တဲ့...
အကျင့်တစ်ခုကတော့ ရှိတတ်တယ်... you know..
မမရေ
ReplyDelete၀တီကတော့သူငယ်ချင်းတွေကိုနောက်ပြောရင်းနဲ့
ပြောတတ်တဲ့စကားတခုရှိတယ်
'' မည်သို့ပင်ဖြစ်စေကာမူ .... "
ဝတီခင်
ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲတဲ့။ တစ်ယောက်ယောက်က မေးရင် မသိတာများလို့ မသိဘူးလို့ပြောနေကျ။ မသိချင်ရင် ကျွန်တော့်ကိုမေးပါ :)
ReplyDelete