ကျောင်းသူ ကျောင်းသားဘဝ ပျော်စရာကောင်းတာတွေ ရေးမိတော့ တခြားသတိရမိလာတာ လေးတွေ ရေးချင်လာလို့ ဆက်ရေးပါရစေအုံး။
ကိုယ်က ဆယ်တန်းစာမေးပွဲ ဖြေပြီး ကျောင်းကြီးပိတ်တော့ အားအားရှိ အိမ်ရဲ့ ချောင်တချောင်ချောင်မှာ စာအုပ်တအုပ်ဖတ်ပြီး နေတာကိုး။ အဖေ့ကို လက်ဆောင် ပေးထားတဲ့ ရှုမဝ မဂ္ဂဇင်းတွေ၊ ပေဖူးလွှာ မဂ္ဂဇင်းတွေရယ် အမအကြီးဆုံး မစံ က တက္ကသိုလ် စာကြည့်တိုက်က အမြဲငှားလာပေးတဲ့ ဝတ္ထုတို ရှည်တွေ ဖတ်ပြီး စာရေးကြည့်ချင်စိတ် ဖြစ်လာလို့ ဟိုတစ ဒီတစ စာစ ရေးစ ပြုနေတဲ့ အချိန်ပေါ့လေ။
အဖေ့မိတ်ဆွေတွေလာရင် စာရေးတဲ့သမီးလေးက ဘယ်သူလေးတုန်း ပြပါအုံးဆရာ ဘာညာ ပြောရင် ကိုယ်က ချောင်ထဲမှာ ခွေခေါက်နေရာက ထွက်ထွက်ပြီး ပြုံးပြရတာ။ ချောင်တိုးထားလို့ စကပ်မှာလဲ ဖုံတွေလူးလို့။ အော် သမီးလေးက အမေတူလေးပဲ၊ အချောလေးပါလား (ဒါကတော့ ကိုယ့်ဖာသာကိုယ် ဖြည့်ထည့်လိုက်တာပါ) ဆိုရင် ကိုယ့်မှာ ကြည်နူးလို့။
အဲဒီတော့ တက္ကသိုလ် တတိယနှစ်ရောက်တဲ့အချိန်မှာ ကိုယ်က စာရေးတဲ့ အသိုင်းအဝိုင်းနဲ့ ခင်ခင်မင်မင် ဖြစ်နေပြီ။ စာရေးဆရာမ ဆိုသူတွေနဲ့ သူငယ်ချင်းဖြစ်နေပြီ။ တနေ့တော့ ပရယ်တီကယ်လုပ်ဖို့ Main ထဲအလာမှာ စာရေးတဲ့ အမလိုခင်နေတဲ့ မခက်မာနဲ့ တွေ့တယ်။
အမက ချိုသင်းကိုတွေ့တာနဲ့ အတော်ပဲ တဲ့။ မိတ်ဆက်ပေးချင်လို့ တဲ့။ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေချည်း စုပြီး မဂ္ဂဇင်းတအုပ်လုပ်မလို့ တဲ့။ (အဲဒီနှစ်က ရန်ကုန် နှစ်လည် မဂ္ဂဇင်း လုပ်ခွင့် ပိတ်ထားတယ်လေ)။ စာအုပ် နံမည်က ကံ့ကော်လှိုင်း တဲ့။ အဲဒီစာအုပ်လုပ်မဲ့အကိုကြီးတွေက ချိုသင်းဆီက စာမူတောင်းချင်လို့ ပြောနေတာ တဲ့။
ဒါနဲ့ ကိုယ်ရယ်၊ မိချောရယ်၊ နိုင်နိုင်ရယ်၊ စဝတရယ် မခက်မာ ခေါ်တဲ့ တောင်ငူဆောင် ရှေ့က တောင်ပိန္နဲပင်အောက်က ကင်တင်း ကို လိုက်သွားကြတယ်။ ထိုင်နေကြတာက မိန်းကလေး တဝိုင်း၊ ယောကျာင်္းလေး တဝိုင်း။ ကိုယ်တို့လာတော့ ခုံတွေ ဆွဲယူပြီး ယောင်္ကျားလေးဝိုင်းမှာ ဖြည့်ထိုင်ကြရတယ်။
ထိုင်နေတဲ့ ဝိုင်းထဲမှာ ဆံပင်အရှည်ကြီး စည်းထားပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ထိုင်နေတာ ကိုဝေလ တဲ့။ မျက်မှန်အကြီးကြီးနဲ့ ဆံပင် အရှည် ကောက်ကောက် နဲ့တယောက်က ကိုမောင်မောင်ထွေး တဲ့။ အရပ်ကြီးက မိုးထိုးနေတဲ့ ပုဆိုးတိုတို တက်ဝတ်ထားတဲ့ တယောက်က ကိုသက်ဇင် တဲ့။ နောက်တယောက် က ပိန်ပိန်ပါးပါး အသားဖြူဖြူ၊ သူက ကိုကျော်ဝဏ္ဏ တဲ့။ သူ့ကိုတော့ နောင်ကျရင် တသက်လုံး 24/7 (၂၄နာရီ ၇ ရက်) တွေ့ရမဲ့သူလို့ ဘယ်သိခဲ့ပါ့မလဲ။
သူတို့က စာအုပ်လုပ်ဖို့ ကြိုးစားနေတဲ့သူတွေပေါ့။ သူတို့မှာ ရှိတဲ့ ပိုက်ဆံလေးတွေ အော မှာ တဲ့။ ဘယ်သူ့ဆီကစာမူတွေတော့ ရပြီ၊ ဘယ်သူတွေက ပုံဆွဲမယ် ဆိုတာတွေ ပြောသေးတယ်။ ဆေးကျောင်းက သူတို့သူငယ်ချင်းတွေလဲ စာအုပ်လုပ်ကြတာ ဆရာဦးတင်မိုး ကဗျာတောင် စိစစ်ရေးက အဆုတ်ခံရသေးတယ် လို့ သူ့သူငယ်ချင်းတွေက ပြောတယ် တဲ့။
ဒါနဲ့ ကိုယ်လဲ စဉ်းစားတယ်။ အဖေ မဂ္ဂဇင်းတွေကို ကဗျာပေးရင် ကိုယ်က လက်ရေးလှတော့ ကိုယ်ပဲ စာအုပ်ထဲက အဖေပေးချင်တဲ့ ကဗျာကို ကူးပေးလိုက်ရတာပါ။ ဒါကြောင့် ဘယ်ကဗျာ ဘယ်သူ့ကို ပေးတယ်ဆိုတာ ကိုယ်သိနေတာ။ အခု ဆေးကျောင်းကို ဒီနှစ်အတွက် ကဗျာ မပေးရသေးဘူး။ အခု ဟိုပိန်ပိန်နဲ့တယောက်ကပြောနေတာ အဖေ့ ကဗျာ အဆုတ်ခံရတယ် ဆိုပါလား။ တခုခုတော့ မှားနေပြီထင်တယ်ပေါ့။
ကိုယ်လဲ မခက်မာကို သူတို့ ချိုသင်းကို အဖေ့သမီးမှန်း မသိဘူးထင်တယ်နော် အမ။ အဖေ့ ကဗျာ အဆုတ်မခံရပါဘူးလို့ တိုးတိုး ပြောလိုက်တယ်။ မခက်မာကလဲ သူ့သူငယ်ချင်းတွေ လျှောက်ပြောနေကြတာ လွန်ကုန်မှာစိုးလို့ ထင်ပါရဲ့။ ချိုသင်းက ဆရာတင်မိုး သမီးနော် ဆိုပြီး သတိပေးသလိုလိုနဲ့ တုံးတိကြီး ပြောချလိုက်တယ်။ သမီးရှေ့မှာ အဖေ့အကြောင်းတွေ လာရွှီးလို့ မရဘူးလေ။
တကယ်တော့ သူတို့က မိုးချိုသင်းဆိုတာလဲ မသိဘူး။ ဖတ်လဲ မဖတ်ဖူးဘူး။ ကြားဖူးသလိုလိုတော့ ရှိတာမို့ အသက် ၄၀တန်း အမျိုးသမီးတယောက်လို့ အစက ထင်တာတဲ့။ အခု တွေ့လိုက်တော့ ချွတ်တားလေး။ ရုပ်က ခွေးစုတ်ဖွားလေးလိုလို ဖြစ်နေလို့ အံ့သြနေတာ တဲ့။ နောက်မှ ပြန်ပြောပြတယ်။ ပုံဖော်ပုံကလဲ ခွေးစုတ်ဖွားဆိုတော့ သိပ်တော့ မနိပ်လှဘူး။ ဒါပေမဲ့ ကိုယ်ကလဲ ခွေးလေးတွေ ချစ်တော့ ရှိစေတော့ ပေါ့။
အဲဒီကစ လို့ ကိုယ်လဲ သင်နေတဲ့ Geology အပြင် လူငယ်တွေ ပြောပြောနေတဲ့ “သူနဲ့တော့ chemistry ရှိတယ်”ဆိုတာလို Chemistry ပါ ရောသင်လိုက်တော့တာပါပဲလေ။
သူ့ကို ဘူမိက ကိုယ့်ဆရာ ဆရာမတွေက ကိုယ့်ကို ချစ်ခင်သလိုပဲ ခင်ကြတယ်။ နောက်ဆုံးနှစ် Field ဆင်းတော့ ရန်ကုန်ဘူတာကြီးကို သူက လိုက်ပို့ချင်တာ ကိုယ့်အမက ဘူတာထိ လိုက်ပို့မယ်ဆိုတော့ သူလဲ သိသာသိစေ၊ မမြင်စေနဲ့ ဆိုသလို ကြံရတယ်။ ဒါနဲ့ မနက်အစောကြီးထ သူ့သူငယ်ချင်း ကိုဝေလနဲ့ ပဲခူးကို သွားပြီး ကိုယ်တို့ ရထားကြီးအလာ ပဲခူးဘူတာမှာ စောင့်ရတယ်။
ဝတ္ထုတွေထဲမှာလို နှင်းတွေ ဝေနေတုန်း ရထားကြီးအလာ မျှော်ရတာတွေဘာတွေ မဟုတ်ပါဘူး။ Field ဆင်းတဲ့အချိန် နွေခေါင်ခေါင် April ဆိုတော့ ပူလိုက် အိုက်လိုက်တာ လွန်ပါရော ဆိုသလိုပါ။ ဖြစ်ချင်းဖြစ် မြေကြီးကနေတောင် အပူခိုးတွေ ထ နေသလိုပဲ။
ပဲခူး ဘူတာဆိုက်တာ အလွန်ဆုံး ၁၀မိနစ်ပေါ့။ ကိုယ်က ရထားပေါ်က ပြူတင်းပေါက်ဘေးမှာ။ သူက ရထားအောက်က။ ပြုံးရင်း စကားပြောကြတာပါ။ သူ့အနောက်မှာ ကိုယ်တို့အတန်းက ယောကျာင်္းလေး သူငယ်ချင်းတွေက သူမသိအောင် တန်းစီပြီး အလေးပြုကြသေးတယ်။ ရန်ကုန်ကနေ ပဲခူးထိ လိုက်နှုတ်ဆက်လို့ တဲ့။
သူက မုန့်တွေ အအေးတွေ စားစရာတွေ အများကြီး ဝယ်ပြီး ပေးလိုက်တာ။ သူငယ်ချင်းတွေပါ စားဖို့ ဆိုပြီးတော့လေ။ တကယ်လဲ ကိုယ်စကားငုံ့ပြောနေတုန်း သူငယ်ချင်းတွေက နောက်ကနေ အထုပ်ထဲက စားစရာဟင်းတွေ အကုန် နှိုက်ထားလိုက်တယ်။ Field ထဲရောက်တော့ ဟင်းမကောင်းတိုင်း သူတို့ ပါလာ ဝယ်လာတဲ့ စားစရာတွေ ကိုယ့်ကို မျှကျွေးသလိုလိုနဲ့ ကျွေးတော့ ကိုယ့်မှာ ကျေးဇူးတွေများ တင်လို့။ ခရီးကပြန်လာမှ ကိုယ့်ပစ္စည်းနဲ့ ကိုယ့်ကို ပြန်ကျွေးနေမှန်း သိတယ်။
Field ဆင်းတဲ့ ၂၃ရက်တာကာလမှာ ကိုယ့်ဆီကို စာအစောင် ၂၁စောင် သူ့ဆီက လာတာလဲ ထည့် မှတ်တမ်းတင်ရမှာပေါ့လေ။ အဲဒီတုန်းကတော့ သူက တနေ့တစောင် ရေးတာပါ။ စာကလဲ ချစ်ကြောင်း ကြိုက်ကြောင်းမပါ ရိုးရိုးပါ။ ရန်ကုန်သင်္ကြန်မှာ သူတို့သူငယ်ချင်းတွေ ကားစုတ်ကြီးကို ဆေးမှုတ်ပြီး ရေပက်ခံထွက်ဖို့ ကြံစည်ကြတာတွေ ရေးထားတာ။
ရိုးရိုးရှင်းရှင်းနဲ့ ဖတ်လို့ကောင်းလို့ ကိုယ့်သူငယ်ချင်းတွေလဲ ယူဖတ်ကြတယ်။ ကိုယ်တို့ နေရတာ တောထဲ တောင်ထဲမှာဆိုတော့ မြို့အငွေ့အသက်လေးတွေကို လွမ်းတာလဲ ပါမှာပေါ့။ ကိုယ့်သူငယ်ချင်း စဝတကတော့ ညညဆိုရင် ကိုကျော်ဝဏ္ဏစာတွေ ဖတ်ရင်း မျက်နှာပေါ် စာလေးတင်ပြီး အိပ်တတ်တယ်။ ကိုယ်လုပ်ရမှာတွေ သူတို့ချည်း လုပ်နေကြတာပါလေ။
ဒါနဲ့ ကျောင်းပြီးလို့ ရေကြည်ရာ မြက်နုရာ အလုပ်သွားလုပ်တော့ ခွဲနေကြရသေးတယ်။ မင်္ဂလာဆောင်ဖို့ သူပိုက်ဆံစုတယ်။ နောက်မှ လူကြီးတွေထံ ခွင့်တောင်းပြီး လက်ထပ်ကြတယ်။ မင်္ဂလာဆောင်မယ်ဆိုတော့ ကိုယ်က မင်္ဂလာဦးအလှူလုပ်ချင်တာမို့ စကားဝါလမ်းက မင်းကွန်း တိပိဋက မှာ ဆွမ်းကျွေးတယ်။
ဖိတ်စာမှာ အဖေက ကဗျာစပ်၊ ကိုအော်ပီကျယ်က ကာတွန်းဆွဲပြီး ကိုစိုးဝင်းငြိမ်းက ဒီဇိုင်းလုပ်တယ်။ အဖေ့မိတ်ဆွေတွေရော ကိုယ်တို့ မိတ်ဆွေတွေရော လျှောက်ဖိတ်လိုက်တာ လာတဲ့မိတ်ဆွေပေါင်း ၁၇၀၀ ကျော်ပါတယ်။ ဘုန်းကြီးကျောင်းမှာ ရှိရှိသမျှ အခန်းတွေ အကုန်ဖွင့်ပြီး လူတွေကို ဧည့်ခံထားရတယ်။ ဘုန်းကြီးကျောင်းလဲ တခါတည်း လက်လန် သွားတယ်။ ဆရာတော်ကြီးက အဖေ့ငယ်သူငယ်ချင်း ဖြစ်နေလို့ တော်သေးတာပေါ့။
ဧည့်ခံတဲ့ ထောပတ်ထမင်းလဲ မလောက်ငတော့ သူငယ်ချင်းတွေ ဒံပေါက်တွေ ပြေးဝယ်ကြ၊ ရေခဲမုန့်တွေ ကုန်သွားတော့ မြို့ထဲပြေး ပုံးလိုက်ဆွဲလာကြ။ တချို့လဲ လာသာလာရ၊ လက်သာဖွဲ့ရ၊ ဘာမှ မစားသွားရတဲ့သူလဲ ရှိသေးတာ။ သူ့သူငယ်ချင်းတချို့ကတော့ ကူလုပ်ရတာ ဖတ်ဖတ်မောပြီး ဘာမှကို မစားလိုက်ရလို့ လမ်းဘေးဖြတ်သွားတဲ့ ရေခဲချောင်းသည်ကို ဝယ်ပြီး ရေခဲချောင်းစုပ်နေကြတယ်။
အဲဒီကတည်းက နှစ်ယောက် တဘဝ ထူထောင်လိုက်တာ ဒီနေ့ဆို ၁၃နှစ် ပြည့်ပြီလေ။ တနှစ်ပြည့်တိုင်း မိတ်ဆွေတွေကို သူက သူ့သည်းခံနိုင်စွမ်းကို မှတ်ကျောက်တင် နေသလိုလို ပြောနေတာပါ။ တကယ်က ကိုယ်ကလဲ နံမည်ပြောင်းဖို့ စဉ်းစားနေတာပါ။ ကိုယ့်ကို ဘလော့ဂ် သူငယ်ချင်းတွေပေးထားတဲ့ လှထုံ ဆိုတဲ့ နံမည်မှာ ခန္တီလှထုံ လို့ တိုးမှည့်မလို့ပါလေ။

(မတ်လ ၁ရက် မင်္ဂလာ ၁၃နှစ်ပြည့် အမှတ်တရ)
မိုးချိုသင်း
တိဲု့  ၁ .
ReplyDeleteဦးထားတယ။်
ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုးမြေကျ ပေါင်းသင်းနိုင်ကြပါစေ...ဗျာ။ ပထမဦးဆုံး ဆုတောင်းပေးရတော့မှာ ထင်နေတာ.... မခင်ဦးမေ က ဦးသွားရသေးတယ်။း-)
ReplyDeleteမမဂွိ မဖတ်ပဲ မဦးပါနဲ့ အောက်လက်နာတယ်း)
ReplyDeleteအမနဲ့ အကို နှစ်ယောက်ဘဝ ပျော်ရွှင်ကြည်းနူးပါစေ။
အယ် ဒီပို့စ်က ကြည်နူးစရာတွေပြည့်နေပါ့လား။ စာတွေ တနေ့တစောင်ဆိုတော့ ကိုကိုကျော်က လွန်တာပေါ့။ ဟား ဟား သူငယ်ချင်းတွေက မျက်နှာပေါ်စာတင်ပြီး အိပ်သတဲ့။ သူငယ်ချင်းတွေက မုန့်တွေ နှိုက်ထားမှာပေါ့ အမချိုသင်းက ကိုကိုကျော့်ကို ဘယ်လောက်ငေးနေလဲမှ မသိတာ။ မင်္ဂလာဆောင်ကလည်း ပျော်စရာကြီး။ ချစ်တဲ့အမချိုသင်းတို့စုံတွဲ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ကြည်နူးကြပါစေ။
ReplyDeleteနိနိ
သုနှင်းဆီ ဆီက နေ တွေ့လို့လိုက်လာတာ။ ကိုးမီနစ် အဂို ကတက်တထားတယ်။ 9 minutes ago
ReplyDeleteသူတို့က စာအုပ်လုပ်ဖို့ ကြိုးစားနေတဲ့သူတွေပေါ့။ သူတို့မှာ ရှိတဲ့ ပိုက်ဆံလေးတွေ အော မှာ တဲ့။
ခုခတ်လူငယ်တွေ နားလည်ကြပါ့မလားမသိ.ပြောပြကြပါ။ တို့ကတော့ နားလည်ပါ၏. အောတယ် ဆိုတာ ရှိတာ ပုံ သုံး အကုန်သုံးပစ်လိုက်တယ် ဆိုတာကို ဆိုလိုပါတယ်။
ရုပ်ကခွေးစုတ်ဖွားကလေး ယုံပါတယ်။ ညောင်ညောင် နဲ့လည်း ပွတ်သီးပွတ်သပ်နေတတ်သေးတယ်
ရန်ကုန် ကနေပဲခူးကိုလိုက်လာပြီး နှူတ်ဆက် တာများ ကြွားလို့ ပြောချင်လိုက်တာနော်။
ုကိုမဆလာက လဲ တို့နယ်ဆင်းတဲ့မြို့ကို ပါလိုက်လာတာပါ။ ရုတ်တရက်ကြီးတွေ့တော့ အလန့််တကြားစြဖ်သွားတယ။်
(ကဲပြောမိပြန်ပြီ။ ) ( တို့ မိုးချိုသင်း အကြောင်း ကိုအန်ဒီဆီမှာပြောထားတယ။် သွားဖတ်ပြီးပလား)
ပြောပရစစေဦးနော် ပြောချင်ုလိုက်တာ တို့မင်္ဂလာဆောင်တဲ့အကြောင်းလဲ . အို သူနဲ့ ဘာဆိုင်လို့လဲ ကိုယ့်ဘလော့မှာဘဲ ကိုယ့်ဘာသာ ပြန်ရေးတော့မယ။်
ဒါဘဲ။
ခန္ဓီလှထုံ လို့ပြောရအောင်ကိုကျော်က ဘာတွေများဆိုးနေလို့လဲ ။မဟုတ်တန်းတရားမပြောပါနဲ့ ဘောလုံးပွဲလေး အကြောင်းဘဲပြောပြီး ခေါင်းရင်းမှာ ပွဲစဉ်လေးလောက်ဘဲရေးထားတာကိုများ။ သူနျိပ်စက်နေတာ က ပိုဆိုးသေးတယ်။ သူသြာေ့ပာင်းရမှာပါ ခန္ဓီကျော် ဆိုပြီး (အိ မိန်းမနာမည်ကြီဖြစ်သွားပြီး နာမည် လှလှတော့ ချိုသင်းက စာရေးဆရာမကြီးဘဲ ခိုသင်းဘဲရေးပေးတော့)
တို့လဲငယ်ငယ်တုံးက အကြောင်းပြောချင်လိုက်တာ။ ဟိုတုံးက ဒီလိုလေ. ဒီတုံးကဟိုလိုတေ ဆိုပြီး။
သိတယ်လေ။ ကိုပေါလာမယ် ဆိုလို့ ကြိုဦးထားတယ။်
ReplyDeleteအပေါ်က ဒီဇနိက ဘယ်သူပါလိမ့် (ကိုနိပါလေ. သူက ပုံမှားရုကိချင်သေးတယ။် )
တှို့ကသေချာခံစားဖတ်နေတာ. သူတို့လိုတော်အိ လျော်အိ ဖတ်နေတာမဟုတ်ဘးူး။
Happy anniversary ပါ ချိုသင်းရေ.
ReplyDeleteသက်ဆုံ့းတိုင် ရိုးမြေကျ အိုအောင် မင်းအောင်ပေါင်းသင်းကြရပါစေ။
အေးနော်ကိုနိပြောတာ မှန်တယ် ဖတ်ပြီး မှ ရေးရင်ဆုတောင်းကလေး နဲ့ စလိုက်ရမှာ အခုတော့ မဖတ်ဘဲပျော်တဲ့စိတ်နဲ့ အရင်ဥိးမိသွားတယ။် နောင်ဆင်ခြင်ပါ့မယ်။ ကျေးဇူးပါ။ တကယ်။
ReplyDelete၁၃နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့စွာ ရိုးမြေကျပေါင်းသင်းနိုင်သော အိမ်ထောင်သုခအဝဝကို ရရှိခံစားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ် မချိုသင်းရေ...
ReplyDeleteတိုက်ဆိုင်လိုက်တာ ၁၃ နှစ်ဆိုတော့ အကိုတို့နဲ့ အတူတူပဲ...
ReplyDelete၁၃ နှစ်မှသည် နောင် နှစ်ပေါင်းများစွာ သက်ဆုံးတိုင် ပျော်ရွှင် ကြည်နူးစွာ လက်တွဲ လျှောက်လှမ်းနိုင်ကြပါစေ...
အစ်မချိုသင်းနဲ့ ကိုကိုကျော် ရိုးမြေကျပေါင်းသင်းနိုင်ကြပါစေဗျား။
ReplyDeleteကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့
ReplyDeleteရွှေရတု စိန်ရတုတိုင်အောင်
ကိုယ်စိတ်ချမ်းသာစွာ ကြောင်များစွာနဲ့ အတူ
ဖြတ်သန်းနိုင်ပါစေ။
(ကိုအကျော်နဲ့ ဘယ်လိုတွေ့လဲ သိချင်နေတာပါ
သိလိုက်ရလို့ ပျော်သွားတယ်)
ကျော်ခန္တီ လို့ပြောင်းသင့်တာပါလေ။
ReplyDelete၁၃နှစ်ဆိုတာ မနည်းဘူးနော်။ ဒီမှာ ၂နှစ်မပြည့်သေးဘူး
တောထွက်ချင်နေတာ။
ကိုကျော်ဝဏ္ဏ နှင့် မမိုးချိုသင်း တို့အတွက်
ReplyDelete~ ၁၃နှစ်မြောက် မင်္ဂလာ လက်ဆောင်မွန် ~
မြတ်စွာဘုရား သုံးခဲ့တဲ့ ဝေါဟာရတွေထဲက “ဒိဋ္ဌိသီလသာမည” တဲ့။
အမြင်ချင်းတူ, အကျင့်ချင်းတူ...
အတူတူ အဖော်ပြုနိုင်ပါစေ~
ဧရာသီတာ
အစ်မနဲ့ အစ်ကိုတို့ ရိုးမြေကျ လက်တွဲနိုင်ကြပါစေ။ အရင်က အကြောင်းလေးတွေ ဖတ်ပြီး ကြည်နူး သွားတယ်။
ReplyDelete၁၃နှစ်မှ နောင်နှစ်ပေါင်းများစွာတိုင်
ReplyDeleteပျော်ရွှင်ကြည်နှူးနိုင်ပါစေ..
(ဒီလိုလေးရေးရဖို့ကို သူများတွေရေးတာ
လိက်ကြည့်ရတာအမော..နောက်တော့ ကိုနိဆီက ကူးချလိုက်ပါတယ်..)
နောက်ပြီး..ကြောင်လေးတွေထဲက အထီးလေးတစ်ကောင်ကို
ကျော်လှ လို့ အမည်ပေးသင့်တယ်..
ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာဇာတ်လမ်းလေး ..... မမတို့နှစ်ယောက် ထာဝစဉ် ပျော်ရွှင်ချမ်းမြေ့ပါစေ
ReplyDeleteကြည်နူးစရာကောင်းလိုက်တာဗျာ မချိုသင်းရေ။ မချိုသင်းတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုးမြေကျ နေထိုင်ပေါင်းသင်းနိုင်ကြပါစေဗျာ..။
ReplyDeleteဖတ်ရတာ ကြည်နူးစရာလေး...
ReplyDeleteတစ်သက်လုံးပျော်ရွှင်ကြည့်နှုး လက်တွဲနိုင်ကြပါစေ..
အမ ကိုကျော်ဝဏ္ဏက အခုရော အမခရီးသွားရင် တစ်ရက် စာတစ်စောင်ရေးပေးသေးလား...
ဟီး.. ရန်တိုက်ပေးတာ... :P
မချိုသင်းရေ- ခုတော့..သိပြီ.. Chemistry ရှိခဲ့တာ။
ReplyDeleteဘေးက..ဇတ်ရံ ကောင်မလေး ၄ ယောက်ပုံပါ မြင်ယောင်မိတော့..ပုံကို ပေါ်နေတာပဲ။
အင်း- အချိန်တွေနော်..နဲနဲနောနော မဟုတ်။ နှစ်ပတ်လည်မှာ ၀က်သား မချက်ဘူးလား။း)
ပျော်ရွှင်ပါစေ။
ပြုံးချင်လို့ ပြန်လာဖတ်သွားသည်။
ReplyDeleteအမမိုးချို နဲ့ အကိုကျော်ဝဏ္ဏ.. ၁၃ နှစ် မင်္ဂလာခရီးမှသည် .. ဘိုးဘိုး ဘွားဘွားကြီးတွေဖြစ်သည်အထိ..ချစ်ခင်ပျော်ရွှင်နိုင်ပါစေ
ReplyDeleteညီမလေးရေ...
ReplyDelete၁၃ နှစ်မြောက် မင်္ဂလာ ရက်မြတ်မှ သည်
နှစ်ပေါင်း ရာချီ...
ရာသီ အလီလီ..ပြောင်း တဲ့ ထိ
...
တစ်ဦး ရင်ထဲ..တစ်ဦး စွဲ လို့
မယိုင်မလဲ..
တွဲ လက်မြဲစေ..
ပန်းတွေ ဝေသော..
အချစ်တော မှာ..
မေတ္တာ .. ဂရုဏာ..အကြင်နာကဲ..
ခရောင်းလမ်းလဲ ..လျှောက်ရဲသတ္တိ
အတူ ရှိစေ..
ပန်းတဲ့ ခရီး ..မငြီး မိစေ..
နားလည်မှု တွေ.. ပွင့်သစ်ဝေ ၍..
လက်တွဲ မြဲ ခိုင်...ချစ်နိုင်စေကြောင်း..
ဆုချွေတောင်း သည်...
ဤ ..နေ့မှ စ.... သက်ဆုံး တိုင်......
...
ချစ်တဲ့
မမသီရိ
ဒါနဲ့ မမ ဟိုတခါ comment မှာ တယောက်ရေးထားတဲ့ အင်းလျားမှာ ယပ်ထိုင်ခပ်ပေးနေတဲ့ အကြောင်းလေး
ReplyDelete:P
မမ kom<<< သူလဲ အားကျမခံ ရေးတော့မယ်။ ဖတ်ရချည်သေးရဲ့...
မမနဲ့ kkwn ပျော်ရွှင်ချမ်းမြေ့ပါစေ။
(၁.၃.၀၉) ၁၃ နှစ်မြောက်
ReplyDeleteမင်္ဂလာ ရက်မြတ်မှသည်ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုးမြေကျ ပေါင်းသင်းနိုင်ကြပါစေ။ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ကြည်နူးကြပါစေ။
မိပ။
၁၃ နှစ်ပြည့် မင်္ဂလာမှသည်.. နောက်နှစ်ပေါင်းများစွာ
ReplyDeleteတိုင်အောင် ပျော်ရွှင်ချမ်းမြေ့ဘွယ်ကောင်းသော
မင်္ဂလာနှစ်ပတ်လည်နေ့များကို ပိုင်ဆိုင်နိုင်ပါစေ မမရေ။
G ရေ၊
ReplyDeleteတောထွက်ချင်နေတာ ဆိုတော့ တို့ အမေ လိုတော့ မလုပ်နဲ့ နော်၊
အမေက တခါက ပြောဖူးတယ် (အိမ်ထောင်သက်၂၅နှစ်ကြော်ကြာမှ) "နင်တို့ ၄ယောက် နဲ့ နင်တို့အဖေ ကို ငါစိတ်ကုန်တယ်၊ ငါတောထွက်တော့မယ်၊ နင်တို့အဖေကိုပြောငါ့ကို ခြံထောင့်မှာတောလုပ်ပေးလို့။" တဲ့ G ရေ။
မပ။
ကိုကျော်ဝဏ္ဏနဲ့ မမိုးချိုသင်းတို့ အိမ်ထောင်ရေး ခရီး နှစ်ပေါင်း ၁၂၀ တိုင်စေသောဝ်။ (၁၂၀ ဆိုလုံလောက်ပါပြီနော်။ :) )
ReplyDeleteမမတို့ ၂ယောက်ပျော်ရွှင်ပါစေ။
ReplyDeleteချိုသင်းရေ...
ReplyDelete၁၃ နှစ်တောင် ရှိသွားပြီကိုး...
ချိုသင်းနဲ့ ကိုကျော်ဝဏ္ဏ တို့အတွက်
ကဗျာတိုလေး လက်ဆောင်ပေးလိုက်ပါတယ်...
Hours fly...
Flowers die...
New days, New ways passed by
But LOVE stays...
F O R E V E R ....
နောင်နှစ်ပေါင်းများစွာတိုင် လက်တွဲမပျက် အေးအတူ ပူအမျှ ပျော်ရွှင်ကြည်နူးကြပါစေ။
ကံ့ကော်လှိုင်းဖူးစာပေါ့နော် အမ။ ၁၃နှစ်မှသည် နှစ်ပေါင်းများစွာ ရွှေလက်တွဲလို့ပျော်ရွှင်နိုင်စေဖို့ မောင်လေးထုံမှ ဆုပြန်တောင်းပေးလိုက်ပါတယ်။ အမသင်တန်းစာရင်းသွားပေးထားတယ်ဗျ။ ဆရာမကအတွေ့တောင်မခံတာ တက်ခွင့်ရပါ့မလားတောင်မသိ။
ReplyDeleteမပ..
ReplyDeleteသူထွက်ချင်နေတာပါ။ မီးမီးထွက်ချင်တာ မဟုတ်ရကြောင်းပါ။
စွမ်းတယ်နော်.. အဟိ။
မချိုသင်း + ကိုကျော်ဝဏ္ဏ
ReplyDeleteနှစ်တွေ အများကြီး ဆက်ချစ်နိုင်ပါစေ... ပဲခူးထိတောင် လာစောင့်တာ.. မချစ်ဘဲ ခံနိုင်ရိုးလား.. သူများတွေ ကံကောင်းပုံများ။ အမတို့ဆီက အချစ်စစ်စစ် ဓါတ်တွေ ကူးစက် ခံစားသွားတယ်။
ချိုသင်း ၁၃ တဲ့လား.
ReplyDeleteနှစ် ၁၃၀ တိုင်ပါစေလို့ဆုတောင်းပေးပါတယ်
နောက်ကျသွားပေမယ့် ရှေ့ကလူတွေထက်ပိုတယ်နော်
ဘာမှမလုပ်ဘူးလား ကေပြောသလို ၀က်သားဟင်းလေး
ချက်ရင် လာစားမလို့ ...
ကိုကျော်ဝဏ္ဏ နဲ့ မခန္တီလှထုံ တို့ရဲ့ ၁၃-နှစ်မြောက်မင်္ဂလာနေ့လေးမှသည်...ပျော်ရွှင်ချမ်းမြေ့ စွာဖြင့် ယခုဘ၀မှသည်.. သံသရာဆုံးခန်းတိုင် အတူလက်တွဲ ပါရမီဖြည့်ဖက်များ ဖြစ်ကြပါစေသတည်း။ ဒူ ဝေ ဝေ..။
ReplyDeleteတို့ကတော့ Chemistry မရှိဘူး
ReplyDeletePhysics ပဲရှိတယ်။
မင်္ဂလာသက် ၁၃ နှစ် ဆိုတော့
စီနီယာတွေမို့
ဆုမွန်ကောင်းတောင်းရင်း
အလေးပြုလိုက်ပါတယ်
(ကိုကျော်ဝဏ္ဏ ကို :P)
ငထက်
၁၃ နှစ်ပြည့် မင်္ဂလာကို
ReplyDeleteဂုဏ်ပြုပါသည်။
ဂုဏ်ယူပါသည်။
ကြင်နာမှု့တွေ ၁၃၀နှစ်ပြည့် မင်္ဂလာတိုင်
....တစ်ဦးအပေါ် တစ်ဦးဆထက်တိုးပါစေ။
ဘိုကျော်ကို salute ပေးသွားပါသည်။
ReplyDeleteရောက်တာ နောက်တောင်ကျနေပီ၊၊ အစ်မ MCTကြီး ရဲ့ ပျော်ရွင်ချမ်းမြေ့ဖွယ် မင်္ဂလာ ၁၃ နှစ်အမှတ်တရ မှာ လိုအင်ဆန္ဒတွေပြည့်ဝပါစေ လို့ မင်္ဂလာ ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျ ၊၊
ReplyDeleteတက္ကသိုလ်အကြောင်းတွေ လွမ်းစွတ်ပြီး ပြောကြ
ReplyDeleteတောင်ငူဆောင်... ဘာဆောင် ညာဆောင်ပြီး ပြောကြတာကိုတွေ့တော့ ကိုယ့်ကိုယ်ကို လူဖြစ်နောက်ကျခဲ့လေခြင်းပဲ ပြန်ပြောရမလားမသိတော့ပါဘူး အမရေ။
ရန်ကုန်မှာရှိစဉ် လှိုင်သာယာမှာ တက္ကသိုလ် ၂လလောက်သွားတက်တုန်းက လူမဆန့်လို့ တစ်ခန်း ကျောင်းသား ၂၀၀ ကျော်ထားခဲ့တဲ့ အခန်းတွေကို ဘာအဆောင်ခေါ်လဲ မမှတ်ထားခဲ့တော့... မမှတ်ထားချင်ခဲ့တော့...
အစ်မရေ...
ReplyDeleteသိပ်ကိုမင်္ဂလာ၇ှိတဲ့ ကြည်နူးစရာကောင်းတဲ့ ပိုစ့်လေးပါ
အစ်မတို့ဇနီးမောင်နှံတစ်ယောက်ကိုတစ်ယောက်
မေတ္တာကြီးမားတာကိုလဲမုဒိတာပွားသွားပါတယ်
၁၃ နှစ်ခရီးမှသည် စိတ်၏ကိုယ်၏ ချမ်းသာကျန်းမာခြင်းတွေနဲ့ အိုအောင်မင်းအောင်ပေါင်းဖက်နိုင်ကြပါစေ..။
( ကိုကျော့်ကိုကျတော့ ဖြူဖြူ လေးတဲ့ ဟင်း!!မျက်နှာလိုက်တယ်..)
ပျော်၇ွင်ချမ်းမြေ့တဲ့ဘ၀လေးသက်ဆုံးတိုင်ပါစေ၊၊
ReplyDeleteသူများတွေက အမြဲ နံပါတ်၁ဦးနေလို့  လင်းက ဘိတ်ဆုံးမှ လာပါသည်။
ReplyDeleteနောက်နှစ်ပေါင်းများစွာတိုင် ကြည်နူးစရာ အမှတ်တရ နှစ်ပတ်လည် ပို့ စ်လေးတွေ ရေးနိုင်ပါစေ။
ကြောင်သားသမီးလေးတွေလဲ ဆထက်တပိုးတိုးပါစေ။
ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘ၀ ရှေ့လဲ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေဗျာ...။
ReplyDeleteDear Ma Cho Thin and Other-half
ReplyDeleteBig Congratulaitons for your wedding anniversary.
Wish you a happy long life together.
''Happy Anniversary'' to you two :)
ReplyDeleteWith metta,
Nu Thwe
မမိုးချိုသင်းရေ ... အမတို့ရဲ့ မင်္ဂလာဖိတ်စာလေး မြင်ဖူးတယ်။ အဲဒီဖိတ်စာက ကဗျာလေးက ...
ReplyDelete"နှင်းဆီပန်းတွေ မွေ့ရာခင်း" ...နဲ့ အစချီထားသလားလို့။
နောက်စာသားတွေ ပြန်စဉ်းစားနေတာ ၀ိုးတ၀ါးပဲ ... သေချာမမှတ်မိတော့ဘူး။ ၁၃ နှစ်တောင် ကြာပြီ ဆိုတော့လေ ... ။
မင်္ဂလာ ၁၃ နှစ် ပြည့်မှသည် ရာသက်ပန် ရိုးမြေကျ ... လက်ချင်းတွဲယှက်
စိတ်လက်ကြည်သာ
မေတ္တာပြည့်လျှမ်း
ကိုယ်စီကျန်းမာ
စိတ်ချမ်းသာလျက်
အသက်ထက်ဆုံး
ပျော်ပြုံးနိုင်ကြပါစေသား ... ။
်ဖတ်ရတာကြည်နူးစရာ ......အစ်မတို့စုံတွဲ ကြည်နူးစရာကမ္ဘာလေးထဲမှာပဲ သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ကြပါစေ.........
ReplyDeleteမချိုရေ.....
ReplyDeleteလာဆုတောင်းပေးတာ အရမ်းနောက်ကျသွားတယ်....
တစ်ဘဝစာမက...
ဘဝ အဆက်ဆက်စာသို့ လို့ဘဲတောင်းဆုချွေခဲ့ပါရစေ...
with love.....
ချိုသင်းရေ… ကိုယ့်ထုံးစံအတိုင်း မွေးနေ့ ပို့ စ်တို့  မင်္ဂလာနှစ်ပတ်လည်ပို့ စ်တို့ ဆို အရောက်နောက်ကျပြန်ပြီပေါ့…
ReplyDeleteရေးထားတာလေးက ချစ်စရာ ကြည်နူးစရာကောင်းလိုက်တာ…
ဖီးလ်ဆင်းတုန်း စာတွေ အများကြီးရေးတာတို့  ပဲခူးထိလိုက်ပို့ တာတို့  ကြည့်ရင် အဲဒီထဲက ချိုသင်းအပေါ်ဘယ်လောက် အလေးအနက်ထားသလဲ ပေါ်လွင်နေတာပဲနော် (မွေးနေ့ တူပေမယ့် ဒီနေရာမှာကတော့ အိမ်ကလူနဲ့ အတော်ကို ကွာပါတယ်)
စတွေ့ ပုံလေးကလဲ ရင်ခုန်စရာ…
အရမ်းစည်ကားတဲ့ မင်္ဂလာဆောင်လေးကို မနွှဲလိုက်ရပေမယ့် ကိုယ်ပါရောက်သွားသလို ကြည်နူးနေမိတယ်…
ချစ်စရာကောင်းတဲ့ ဒီစုံတွဲလေးရဲ့ ၁၃နှစ်မြောက်မင်္ဂလာမှသည် အမြဲသစ်တဲ့ အချစ်တွေ နားလည်မှုတွေ နဲ့  နောင်နှစ်ပေါင်းရာထောင်သောင်းတိုင်ပါစေလို့ …
၁၃ နှစ်မြောက် မင်္ဂလာမှသည် အနှစ် ၁၃၀ တိုင်ပါစေ...။
ReplyDelete** အရင်ဆုံးပြောရမှာက မမချိုသင်းကို ဒေါ်ခင်ဆွေဦးတို့၊ မိုးမိုး(အင်းလျား)မြနှောင်းညိုတို့နဲ့ ရွယ်တူတန်းတွေလို့ ထင်မိတာ သာမီးလွန်သလား....။ ကိုအကျော်ကဆို လူမမြင်ခင် အသက်၄၀ လောက်ထင်တာကိုကျ အပြစ်မပြောဝူးးးး.. အီးးး။
*** ကိုယ့်ဟင်းနဲ့ကိုယ် ပြန်ကျေးဇူးတင်နေရတယ်ဆိုလို့ ငယ်ငယ်ကတည်းက ထုံတာကိုး... ခွိ....။
ရှိတ်ရှိုးနဲ့နော်.....။
မမရေ.. ခွဲနေရတဲ့ ၂၃ ရက်အတွင်း စာ ၂၁ စောင်ရတာ ပျော်စရာကြီးနော်.. :P
ReplyDeleteအမ နဲ့ အကိုတို့ သက်ဆုံးတိုင် ရိုးမြေကျ ပေါင်းသင်းနိုင်ပါစေ .... :)
This comment has been removed by the author.
ReplyDeleteမမိုးချို...
ReplyDeleteတော်တော်ကိုကြည်နူးမိတယ်ဗျာ....
ရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးပါ..။
၁၃နှစ်မှသည် နှစ်ပေါင်း၁၃၀ တိုင်အောင် ပျော်ရွှင်ချမ်းမြေ့စွာ လက်တွဲကြည်နူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။
၁၃နှစ်မြောက် ၀က်သားဟင်းချက်သင့်တယ်နော်...။
တက်ဂ်ထားတယ်ဗျို့ 
ReplyDeleteမင်္ဂလာအမှတ်တရ ဆုတောင်း နောက်ကျသွားတယ်
ReplyDeleteမိသားစုလေး ရိုးမြေကျ ပျော်ရွှင်ကြပါစေ။
အစ်မတို့ဇာတ်လမ်းလေးကလည်းချစ်စရာကောင်းလိုက်တာနော်။
မချိုသင်းရဲ့ ပိုံစ်တွေ ဖတ်ရတာ အရမ်းကို စိတ်ချမ်းသာရပါတယ်...မချိုသင်းတို့ ဇနီးမောင်နှံ အသက်ထက်ဆုံးတိုင် ပျော်၇ွင်စွာ ပေါင်းသင်းနိုင်ကျပါစေလို့ ဆုတောင်းလိုက်ပါတယ်...။
ReplyDeleteပျော်ရွှင်ဖွယ်မိသားစုဘဝလေး နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲပါစေ....
ReplyDeleteအိုးးး ၁၃နှစ်.. ဟုတ်လို့လား..
ReplyDeleteစိတ်ထဲဖြင့် မနေ့တနေ့ကလို့ ထင်တုန်း..။ :)
ကဲ.... ချစ်မဆုံး ကြင်မဆုံး တဆယ့်သုံးမှသည်... နှစ်တရာ့သုံးဆယ်တိုင်စေသောဝ်...။
မနာလိုပါဘူး၊ ဂျမ်းကျတော့ တွေ့ ရတယ် ။ အဝေးကနေ ဂျမ်းကိုလှမ်းပြီးမနာလိုဖြစ်နေတာပါနော်။
ReplyDeleteဟီး ဂျမ်းကိုပြောခိုင်းလိုက်တာ ပြောပြလား ဟီးဟီး (ရှက်ရှက်နဲ့ ရီနေပါတယ်)
အမ အရောက်နောက်ကျပေမဲ့
ReplyDeleteအတို့ရဲ့ ပျော်ရွှင်စရာ ကြည်နူးစရာအတိတ်တွေကိုဖတ်ရင်း စိတ်ချမ်းသာမိပါတယ်။
မင်္ဂလာနှစ် ၁၃ နှစ်မှသည် ပျော်ရွှင်ချမ်းမြေ့သော ခရီးလမ်းကို တူနှစ်ဖြာ ရွှေလက်တွဲလို့ .သက်ဆုံးတိုင် ပေါင်းဖက်နိုင်ကြပါစေ... လို့
ချိုသင်း လင့်လာပေးတာ..http://manorhary-poemsilove.blogspot.com/
ReplyDeleteစီဘောက်မရှိတော့ ကွန်မင့်ထဲထားခဲ့ရင်း
ကိုတင်မင်းထက်ရဲ့ကွန်မင့်လေးတွေ့လို့ရယ်ရသေးတယ်
အင်းလေ သူကခုမှာတော့ physicsပဲရှိတယ်ပြော
ရတော့မှာကိုး..း)
အမ နောက်ကျသွားပေမယ့် လာနှုတ်ဆက်တယ်နော်။ သည်းခံပြီးတော့ပဲ အိုအောင်မင်းအောင်ပေါင်းလိုက်ပါဦး။ :D
ReplyDeleteအားကျစရာ ကောင်းလိုက်တာ။
ReplyDeleteအတင်းဝင်တိုက်ဆိုင်ရရင် မအယ်တို့ လည်း မတ်လထဲပဲ။
ဒီလင်ဒီမယား
ပျော်ရွှင်မဆုံး
တပြုံးပြူံး နှင့်
ငွေရတု ရွှေရတု
စိန်ရတု တိုင်
အချစ်တို့ ဖြင့် ခိုင်မြဲစေ
ပြုံးပျော်ကျန်းမာ ရွှင်လန်းပါစေ
မအယ်