ကိုယ်လဲ ခုတလော စာရေးချင်စိတ် မရှိဘူး ဖြစ်နေတယ်။ ဒါနဲ့ တရက် နှစ်ရက်လောက် ကွန်ပျူတာ မဖွင့်ဘဲ ပစ်ထားလိုက်တယ်။ ကိုယ့်ဘလော့ဂ်လဲ သွားမကြည့်ဘူး။ ရမလား လို့ နေကြည့်တာ၊ ပြီးတော့လဲ အညှို့ခံရတဲ့သူလို သူ့ရှေ့ သွားထိုင်မိပြန်တာပါပဲ။
စာလာဖတ်တဲ့ ညီမလေးတွေက သူတို့ သိနေတဲ့ အကြောင်းအရာလေးတွေ ဆွဲထုတ်ပြီး ကိုယ့်ကို ဟိုအကြောင်းလေး ရေးပါလား၊ ဒီအကြောင်းလေး ပြောပါအုံး ဆိုပြီး ပြောတယ်။ ကျေးဇူးလဲ တင်ပါတယ်။ ဒါပေမဲ့ တခါတလေကျရင်တော့ ကိုယ့်ဖာသာကိုယ် အားငယ်ပြီး စာဖက်မလှည့်ဘဲ တခြားဟာတွေ စိတ်ဝင်စားနေပြန်ပါရော။
တခါက ကိုယ်လဲ စာမရေး စာမဖတ်ဘဲ တခြား ကိစ္စတွေ စမ်းလုပ်ကြည့် စိတ်ဝင်စားဖူးပါတယ်။ အဲဒီတုန်းက ကိုယ်က စင်ကာပူကနေ ရန်ကုန်မှာ ပြန်နေစဉ်ကာလ။ ၂၀၀၀ ခုနှစ်လောက်က ပေါ့။ အဲဒီတုန်းက ကိုယ့်အမျိုးသားရော ကိုယ်ပါ ပြန်လာပြီးမှ သူက အလုပ်ကိစ္စတွေ မပြတ်သေးတာမို့ ပြန်သွားရတယ်။ သွားလိုက် ပြန်လိုက်ပေါ့။
ကိုယ်ကတော့ လည်ရာ ပြန်စားရေး။ ကလေး ကဗျာစာအုပ်လေးတွေ၊ ကိုယ်တို့ နှစ်ယောက် ကြိုက်တဲ့ ဟိုးအရင် ရွှေသွေးမှာပါတဲ့ ဆရာဦးဘကြည် ပန်းချီနဲ့ စာလေးတွေ ဆရာကြီးဆီက ခွင့်တောင်းပြီး သပ်သပ်ရပ်ရပ် ၄ရောင်နဲ့ ပြန်ထုတ်ဖို့ လုပ်နေတုန်း။ အဲဒီမှာ ဒီဇိုင်း ကိစ္စနဲ့ အကိုလို ခင်နေတဲ့ ဒီဇိုင်းဆရာ ကိုစိုးဝင်းငြိမ်းအိမ် ၀င်ထွက်တော့ အိုးလေးတွေမှာ ပုံလေးတွေကပ်ထားတဲ့ (အိုးပန်းချီ ခေါ်မလား မသိဘူး) အရုပ်အိုးလေးတွေ တွေ့တာကိုး။
တွေ့တွေ့ချင်း သဘောကျလိုက်တာ။ ဘယ်လိုလုပ်ရလဲ သင်ပေးပါဆိုပြီး ပူဆာတော့ သူက အိုးလုံးလုံး လှလှလေးတွေ ၀ယ်ပြီး ခံဆေး သုတ်၊ ပြီးရင် ပုံလေးတွေကို ကပ်တာ တဲ့။ ဒါနဲ့ သူကိုယ်တိုင် မင်းဓမြ လမ်း (တကယ်က မင်းဓမ္မလမ်းပါ) မှာ အိုးလေးတွေ သွာ်းဝယ်ကြတယ်။
ပန်းစိုက်ဖို့လဲ မဟုတ်၊ ပုံကပ်ဖို့ လွယ်အောင် အိုးလုံးလုံးလေးတွေ လိုက်ရွေးဝယ်ရတာ။ ဒါနဲ့ ကိုယ်က အိုးကြီးကြီး တလုံးရယ်၊ အိုးအသေးလေး ၂လုံးရယ် ဝယ်ခဲ့တယ်။ ခံဆေးသုတ်ဖို့ ဆေးအဖြူလဲ ဝယ်တယ်။
ကိုယ့်မှာ လုပ်ချင်လိုက်တာ အခုကိုပဲ ထမင်းမေ့ ဟင်းမေ့ လုပ်လိုက်ရမှ နေသာ ထိုင်သာ ရှိတော့မယ် ဆိုတဲ့အတိုင်း။ ဒါနဲ့ ဘာပုံကပ်ရမလဲ စဉ်းစားလိုက်တာ သူလဲ အိမ်မှာ မရှိတော့ သူ့အတွက် အမှတ်တရ တခုခု လုပ်ပေးမယ်လို့ စိတ်ကူးမိတယ်။
အဲဒီတုန်းက အိမ်မှာ သူဖတ်တဲ့ ဘောလုံးဂျာနယ် (အားကစား ဂျာနယ်) တွေ တပုံကြီး ဖြစ်နေတာ။ ဒါနဲ့ သူ့အကြိုက် ဘောလုံးသမားတွေ အကုန်လုံး လက်နဲ့ ကိုယ် လိုချင်သလောက်လေး ဆုတ် ဆုတ်ပြီး လိုက်ဖက် လှပအောင် အိုးမှာ ကပ်တယ်။ ကတ်ကြေးနဲ့ ညှပ်ရင် ရသားပေါ့။ ဒါပေမဲ့ မလှဘူး ထင်တယ်။ လက်နဲ့ ဆုတ်ထားတာကို ကပ်မှ ပိုလှတယ် ထင်လို့လေ။
ဘက်ခမ်းနဲ့ သူ့သားလေးပုံ၊ ဇီဒန်းပုံ၊ ရွိုင်းကင်း ပုံ။ အဲလက်စ် ဖာဂူဆန်တောင် ပါသေး။ အိုးက လက်တပွေ့လောက် ကြီးတော့ တော်တော် ပုံရှာကပ်ယူရတာ။ အိုး အတွင်းရော အပြင်ရောပေါ့။ စ လုပ်တော့ ညနေပိုင်းလောက် ကနေ လုပ်တာပါ။ တညလုံး ညလုံးပေါက် မပြီး မချင်း ပုံရှာ ဆုတ် ကပ် လုပ်တယ်။ အရင်လိုတာလဲ မဟုတ်ဘဲနဲ့။
အိုးလေးပြီးတော့ ကျေနပ်ပြီး ဧည့်ခန်းမှာ ထားလိုက်တယ်။ ဘောလုံးသမား ပုံတွေချည်း။ ကိုယ့်ဖာသာကိုယ် သဘောတွေကျလို့၊ သူနားက ဖြတ်သွားတိုင်း ကြည့်လိုက်၊ ပြုံးလိုက်၊ အိုးလေးကို ပွေ့ထားလိုက်၊ မြှောက်ကြည့်လိုက်၊ သူငယ်ချင်းတွေ လာရင် ပြ လိုက်။
ဒါနဲ့ သူ ပြန်လာရော ဆိုပါတော့။ လေဆိပ်က ကြိုလာကတည်းက အိမ်ရောက်ရင် အံ့သြစရာ ပြချင်တာ ရှိတယ် ပြောလာတယ်။ အိမ်ရောက်တော့ အရုပ်အိုးလေးကို ပြလိုက်တာပေါ့။ သူကလဲ အံ့သြပြီး လှလိုက် ကောင်းလိုက်တာ တဲ့။ ဘယ်လိုလုပ်သလဲ တဲ့။ ဒါနဲ့ ကိုယ် ဆုတ်ထားတဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်အပုံလိုက်ကြီးကို လက်ညှိုးထိုးပြလိုက်တာပေါ့။
အစုတ်စုတ်ပြဲနေတဲ့ သူ့ဂျာနယ်တွေ မဂ္ဂဇင်းပုံကြီးကို ကြည့်ပြီး တော်တော်မျက်နှာ မကောင်းဘူး။ ဟာ ကနဲ မိုက် ကနဲ ဖြစ်သွားပုံရပေမဲ့ ကိုယ်က ပြုံးကြည့်နေတော့ သူ အတော် အိနြေ္ဒဆယ် ထားရပုံပဲ။ သူက ဒါတွေ ဖတ်လိုက် သဘောကျလိုက်နဲ့ အပန်းဖြေတာ မဟုတ်လား။ မချိပြုံးပေါ့။
နောက်တော့ ကိုယ်က အလိုက်တသိနဲ့ ဓာတ်ပုံဖက် လှည့်သွားပါတယ်။ ဓာတ်ပုံတွေ ကူး၊ ရေဆွတ်ပြီး ဓာတ်ပုံ စက္ကူသားတွေ ခွာပြီး အိုး လုပ်ပြန်တယ်။ ဓာတ်ပုံဆိုတော့ အရောင်လေးတွေ တောက်ပြီး တမျိုး လှပြန်တာပဲ။ ဒီတခါတော့ နှစ်ယောက်တည်း ပုံတွေချည်း ရွေးထုတ်ပြီး ကူးရ၊ ကပ်ရ ပေါ့။ ပုံကူး၊ ပြန်ဆုတ် ဆိုတော့ ပိုက်ဆံကုန်တာပေါ့။ ဒါလဲ မသက်သာဘူးပေါ့လေ။
ဘောလုံးပုံနဲ့ အိုးကတော့ ရန်ကုန်အိမ်မှာ ရှိသေးမယ် ထင်တယ်။ အဲဒီ နှစ်ယောက် ဓာတ်ပုံတွေနဲ့ အိုးကတော့ သူနဲ့ စိတ်ဆိုးတုန်းက နံရံကို ပစ်ပေါက်ပြီး ခွဲလိုက်လို့ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားပြီ။ ကိုစိုးဝင်းငြိမ်းကတော့ ပြောတယ်၊ performance တွေ သိပ်မလုပ်နဲ့ တဲ့။
အခုတော့ ကျောက်တုံးလေးတွေပေါ်မှာ ပန်းချီခြယ်တာ စိတ်ဝင်စားပြီး ဆေးတွေ ဝယ်ထားလိုက်တယ်။ ကျောက်တုံးဆိုတော့ မကွဲနိုင်တာလဲ ပါတာပေါ့လေ။

မိုးချိုသင်း
တို့ ၁
ReplyDeleteကျွန်တော့်အဖေက ပန်းကန်စက်မှာလုပ်ဖူးတော့ ပန်းကန်တွေမှာ ဓါတ်ပုံတွေကပ်တာတို့ ရှုခင်းပုံတွေတပ်တာတို့ ပန်းအိုးတွေမှာ ပုံတွေကပ်တာတွေတော့ မြင်ဖူးတယ်ခင်ဗျ။ မြေအိုးမှာကပ်တာတော့ မမြင်ဖူးသေးဘူး။
ReplyDeleteစာရေးဆရာက စာရေးချင်စိတ်မရှိဘူးဆိုတော့ သားလဲဘာပြောရမှန်းမသိတော့ဘူး။
အရီးကွန် မဖတ်ဘဲဦးသွားတယ် ..
ReplyDeleteဟုတ်မှာ ..ကျွန်တော်ဆိုရန်ကုန်နေတုန်းက ဘောလုံးဂျာနယ်တွေ အမြဲစုစုထားတာ။ ပျင်းရင် အဟောင်းကလဲ ပြန်ပြန်ဖတ်သေးတာ။ တော်တော်များလာလို့ အိမ်ပွလာမှသာ အိမ်ရှင်မလက်အပ်လိုက်ရတယ်။ ကိုယ့်ဘာသာဆို ဆက်သိမ်းချင်နေဦးမှာ။
ReplyDeleteဖတ်ပါတယ်။ အရှည်ကြီး ကွန်မက်ရေးမှာ ဆိုတော့ နေရာဦးထားတာ။ အကြမ်းကတော့ ဖတ်လိုက်ပြီးပါပြီ။
ReplyDeleteစာရေးဆရာက စာရေးချင်စိတ်မရှိရင် ဒါအကွက်ဘဲလေ. စာရေးဆရာမဟုတ်တဲ့သူ kom က ရေးမှာပေါ့ /အဲဒီလိုမျိုးု စီးရီးပြိုင်မထွက်ရင် မှ ကိုယ့်ဆီ ကို လူလာများမှာပေါ့။
စက္ကူတွေဆုတ်နေကတည်းက အဆူခံရတော့မယ်ဆိုတာ သိသားဘဲ။ ခလေးများ စာအုပ်ဆုတ် နေသလိုပေါ့ ။ သူဆိုးလွန်းပါတယ်။ တို့ ဆို …. (အိ ……..လာပြန်ပြီ။ သူ့ဘလော့လာဖတ်တာ ကိုယ့် အကြောင်းမပါစေရ။)
ပြီးတော့သူကဘဲ ခန္တီလှထုံလို့ နာမည်ပြောင်းချင်သေးတယ်။ ကိုကျော် ဘဲပြောင်းပါစေ.(ကျော်ခန္တီုံ)။ မိုးချိုသင်း နျိပ်စက်တာ က ပိုများတယ်။
စိတ်ဆိုးခဲတဲ့သူ ဘာပြူလို့စိတ်ဆိုြးီပီး ပေါက်ခွဲ ပစ်လိုက်တာလဲ သိပရစေ။ အမှူ က အတော်ကြီးမဲ့ပုံဘဲ။
ကျောက်တုံးကို သေးသေးလုပ်ပါ။ beach က ကျောက်တုံးလေးတွေ ဆို အန္တရာယ်လဲကင်း လှလဲလှ။ ဆေးကတော့ ကြိုက်ရာခြယ်နိုင်ပါတယ။်
အိုးပန်းချီတော့ မတွေ့ဘူးသေးဘူး။ ပုလင်းပန်ချီတော့ ..အောက် က လင့် imaginary clcouds ဆီမှာ ရှိတယ်။ သွားကြည့်လို့ရပါတယ်။ စိတ်ဝင်စားပါလား။ နောက်တစ်ခါ အလုပ်ရတာပေါ့။
ကိုကျော်က သောက်တတ်ရရင်တော့ ကုန်ကြမ်းများများ ရတာပေါ့လေ။
http://imaginarycloudsno2.blogspot.com/2009/02/blog-post_25.html
http://imaginarycloudsno2.blogspot.com/2009/01/blog-post_6953.html
status: အလုပ်များလို့ စာရေးကြဲအုံးမယ်..
ReplyDeleteအဟက် ဟက် .ရိုးနေပြီ။
အစ်မရေ ကျောက်ခဲနဲ့တော့ မပစ်နဲ့နော်။
ReplyDeleteမချိုသင်းပို့စ်တွေက ဘယ်အချိန်ဖတ်ဖတ်ပြုံးစရာတွေနဲ့ပြည့်လို့ဗျာ..အားကျတယ်...
ReplyDeleteငါ့ညီမရယ် ရီရလို့မှ ပါးစပ် မပိတ်သေးဘူး
ReplyDeleteအိုးကို ပေါက်ခွဲပစ်တယ်ဆိုတော့ လန့်သွားတာပဲ...
ကျောက်တုံးတွေလည်း
စုမထားကြပါနဲ့တော့ ကွယ်တို့...း)
ဟီးး သဘောကျသွားပြီ ။ တူလို့  လင်းကတော့ ပုလင်းလေးတွေ လုပ်တာ ( နောက်မှ ပို့ စ်ရေးအုန်းမယ် အကြံရပြီ) ။
ReplyDeleteလင်းတို့ နှစ်ယောက်က တစ်ယောက် တစ်ယောက် အမှားလုပ်ပြီးရင် ပုလင်းလေးတွေမှာ ပုံလေးတွေ ကပ်တဲ့ အခါ၊ စာတွေရေးလိုရေးနဲ့  sorry bottle ဆိုပြီး ပြန်ပြန်ချော့ကြတာ။ သိပ်စိတ်ဆိုးတုန်း လာပေးရင်တော့ ပေါက်ခွဲပစ်တာဘဲ
မချိုသင်း ..ဦးဘကြည် ကာတွန်းလေး တွေ ပြန်ထုတ်ဖြစ်သေးလား..စိတ်ဝင်စားတယ်။
ReplyDeleteအိုးပန်းချီကတော့.. အဟဲ..ကိုအောင်သာငယ်ပြောသလို.. အိုးခွဲတာ ဘာမှ မဖြစ်ဘူး..
ခဲ ပန်းချီတော့ မလုပ်နဲ့နော်..
အဲဒီအိုးမျိုးလေ
ReplyDeleteကိုစိုးဝင်းငြိမ်းဆီမှာတွေ့ခဲ့တာ
ချိုသင်းသင်ပေးလိုက်တာထင်တယ်
ဟဲဟဲ
း)
အိုးကလေးတွေ အကြောင်းလာဖတ်သွားတယ်...
ReplyDeleteငယ်ငယ်က သူများတွေလုပ်တာ ကြားဖူးတယ်.. ကိုယ်တိုင်တော့ မလုပ်ဖူးပါဘူး။ ဒါနဲ့ စကားမစပ် ဘာတွေတွေးပြီး အားငယ်နေလဲချိုသင်းရေ...
အလုပ်တွေများနေလား...
နေကောင်းအောင်နေနော်...
ချိုသင်းရေ..
ReplyDeleteညီမကျောက်ပန်းချီး ရေးနေတော့ ကိုကျော်ဝဏ
က နဖူးလေး ဘာလေး ယား မနေဘူလား..း)
ကျောက်ခဲ ကတော့ မကွဲတတ်ဖူးနော်...း)
ဦးဘကြည် ရဲ့ ပန်းချီတွေ ဆိုလို့
မမ လဲ ဦးဘကြည်ရဲ့ ပန်းချီတွေ အရမ်းကြိုက်တာ
ငယ်ငယ် တုန်း က ဇာတ်တော်ကြီး ဆယ်ဘွဲ့ သရုပ်ဖေါ်ပုံတွေ နဲ့ တေဇ စာအုပ်တွေ အများကြိး သိမ်းခဲ့ ဖူးတယ်..
ခုတော့ .. အိမ်မှာများ ရှိနေမလား.. မသေချာတော့ဘူး
ကိုယ်သွားလေ ရာ သယ်တဲ့ အထဲ တော့ အဲဒီစာအုပ်လေး တွေ က မပါခဲံ့နိုင်တော့ဘူး.. များလဲ များတာကိုး .. မမ က လတိုင်း စုခဲ့ တာ..
ညီမလေး ဆွဲ တဲ့ ကျောက်ပန်းချီလေးတွေ
အချိန်ရရင် တင်ပေးပါလား
အားပေးရအောင်...
အဲ..
ReplyDeleteရွှေသွေးနဲ့ တေဇ မှားသွားလို့...း)
ဟိုအရင်းက ရွှေသွေး က တေဇ လို
သေးသေးလေး ထုတ်ခဲ့သေးတာနော်
း)
ဒါမျိုးလေးတွေများ မလုပ်တတ်ပေါင်။ အမချိုသင်းက အတော်စားလေးပါ။ ကိုကျော်တို့တော့ ကလေးအဆိုးလေးကို မွေးစားမိထားတယ်။ ပစ်ပေါက်တာတဲ့ ကြောက်ချာကြီးပါလားနော်။ အိုးကလေးကို ပုံကြည့်ရရင် ကောင်းမှာပဲလို့။ ဘလော့ဂ်တော့ မပိတ်ပါနဲ့နော် အမချိုသင်း။ စာပေအိုအေစစ်လေး ပျောက်သွားမှာ ကြောက်လို့ပါ။
ReplyDeleteနိနိ
မချိုရေ....
ReplyDeleteဘောလုံးပုံ အိုးလေး အော့(က်)ရှင်မှာတင်ရောင်း မ ရာ...
ပြီးတော့ ပိုက်ပိုက်ရရင် မုန့်ဝယ်ကျွေးနော် :P
သြော်... ဒါနဲ့ ရန်ဖြစ်လို့ အိုး ပေါက်ခွဲတာက တော်သေးတယ် တော်ကြာ ကျောက်တုံးနဲ့တော့ သူ့သွားပေါက်နဲ့ဦးနော်..
ဟီးးးးးး
with love...
ညတ်ချွာဖြား... အိုးကို ပစ်ပေါက်ခွဲလိုက်တယ်တဲ့....။
ReplyDeleteချစ်လို့ကျီစယ် သေသွားတယ်.. ဘာဖြစ်လဲ..ဘာဖြစ်လဲ...။
ဂျီးဒေါ်လင်းကလည်းကဗျာဆန်၊ မမချိုသင်းကလည်းကဗျာဆန်...။
(အားငယ်ထှာ...)
ဒေါသကလည်းကြီးလိုက်တာနော်။အိုးလေးနှမြောစရာ။
ReplyDeleteမြေအိုး၊ကြွေအိုးလေးတွေဆို သဘောကျတယ်။
အစ်မချိုသင်းရေ..
ReplyDeleteလှလိုက်တဲ့ နူးညံ့လိုက်တဲ့ အတွေး..လေးပါလား..
တစ်ယောက် စိတ်ကြည်နူးစေနိုင်တာကို
တစ်ယောက်ကဖြည့်ဆည်းပေးချင်နေတာ.ကိုက..
သိပ်ကို လှပနေတာပါ..
အိုးလေးကို..ကိုင်ပေါက်ပစ်လိုက်တာ..လဲ
ကဗျာပဲ အစ်မ..(အဟဲ)
ပြီးမှ အိုးကွဲလေးတွေကိုကိုင်ပြီး..
မျက်ရည်လေးဝေ့ဝေ့နဲ့ နှစ်ယောက်အတူတူသိမ်းရင်း
ပြေလည်သွားတဲ့အခန်းကျန်ခဲ့တယ်..။
ကျောက်တုံးဆိုပြီး..ခဏခဏတော့ပေါက်မခွဲပါနဲ့ အစ်မရယ်..
အစ်ကိုကြီး...သနားပါတယ်..
(အစ်မ ကျောက်ပန်းချီလေးတွေ ဓါတ်ပုံရိုက်ပြီးပိုစ့်တင်ပါလား..လို့..)
ဒီတစ်ခါများ အိုး ပန်းချီ ပြန်လုပ်ချင်ရင်လေ ..
ReplyDeleteအတာအိုးလေးမှာ ချိုသင်းပုံတွေချည်း - ကပ်၊
ပန်းစိုက်အိုးလေးမှာ ကိုကျော်ဝဏပုံတွေ - ကပ်။
၂ အိုးယှဉ်ပြီးထားရင် တွေ့တဲ့သူတိုင်း
ကြိုက်ကြမှာ သေချာတယ် ..
:P :P :P :P :P :P :P
အစ်မ ကျောက်တုံးလေးတွေ ပုံပြ..ကြည့်ချင်လို့ အစ်မလက်ရာကို ..
ReplyDeleteအစ်မရေ..ကျောက်ခဲက ပိုအန္တရာယ်များမယ်ထင်တယ်..
ReplyDeleteခင်လို့ သတိပေးတာနော်..:P
ကျောက်တုံးလေးတွေဆေးများများခြယ်။
ReplyDeleteအမဘာရေးရေးကြိုက်တယ်။ အမြဲလာဖတ်ဖြစ်ပါတယ်။ comment ရေးရင် ဘာရေးရမှန်းမသိတာနဲ့ ဒီအတိုင်းပြန်ပြန်သွားတာ။ ဒီတစ်ခေါက်တော့comment ရေးခဲ့ပါတယ် :D
ReplyDeleteပြုံးသွားတယ်ပေါ့..
ReplyDeleteမချိုသင်းရေ အိုးပန်းချီ မြင်ဖူးချင်တယ်...ကြုံရင် ပြပါဦး.. စာရေးချင်စိတ်ပေါ်အောင် ဘာလုပ်ပေးရမလဲ.. သီချင်းဆိုပြရမလား.. ဟင်းချက်ကျွေးရမလား... please name it!
ReplyDeleteမမိုး...
ReplyDeleteအနုပညာဗီဇလေးကတော့ ကောင်းရှာသား...
ဒါပေမယ့် မမိုးနဲ့ ပါတ်သက်ရင် တဖက်လူတွေ အမြဲတမ်း မျက်နှာမကောင်းဖြစ်ဖြစ်သွားတယ်...
မမိုးတို့ အိမ် ကျနော် လာလည်ရင် ဘယ်မျက်နှာနဲ့ လာရမလဲမသိ..။
အမရေ အဲဒီအိုးပန်းချီဆိုတာလေး ဓါတ်ပုံကြည့်ချင်လိုက်တာ။ ခဲပန်းချီဆိုရင်တော့ ကိုကျော်ဝဏ္ဏကို hard hat လို protective gear ၀ယ်ထားခိုင်းပြီးမှ ဆွဲရင် ကောင်းမယ် ထင်တယ်။ :P
ReplyDeleteမမရေ.. အိုးပန်းချီ မမြင်ဖူးဘူး.. ဒါပေမယ့် အမ ကြိုးစားပမ်းစား ဘောလုံးသမားပုံတွေ ဖြဲလိုက် ကပ်လိုက်လုပ်နေတာ ဖတ်ရင်း တခုခုတော့ မှားတော့မယ်ထင်တယ်လို့ တွေးရင်း ပြုံးလိုက်မိတယ်.. အဟီး.. အကိုကျော်ဝဏ္ဏက အမကို စိတ်မဆိုးဘူး မို့လား။ အိုးကတော့ ပေါက်ခွဲပစ်လိုက်ပြီဆိုတော့ ကျောက်တုံးပန်းချီလုပ်ဖြစ်ရင် တင်ပေးပါဦး.. ကြည့်ချင်လို့ပါ.. :)
ReplyDeleteချိုသင်းရေ..
ReplyDeleteအဲဒါတော့ တကယ်စိတ်ဝင်းစားသတော်...။
ကြုံတဲ့အခါ လာသင်ဦးမှပါ...။
လိုအပ်ရင် လုပ်စားရအောင်လို့.. :D
အဲဒီ့အိုးလေးတွေ မြင်ဖူးချင်လိုက်တာ။
ReplyDeleteThis comment has been removed by the author.
ReplyDeleteကိုကျော်ဝဏ္ဏနဲ့ကိစ္စတွေညင်ညင်သာသာဖြေရှင်းပါ mct၊ဘေးအိမ်တွေကရဲခေါ်လို့ ၂ယောက်ကို ကြည့်လိုက်ရင်လည်းmctပဲလူဆိုးထင်မှာ၊နောင်ဆိုဘာမှလုပ်မနေနဲ့အကျီင်္ချွတ်ဗလသာပြ
ReplyDeleteလိုက်...."ရှင်မေ့နေပြီလား...ဟင်း ဟင်း ဟင်း"
ဆိုပြီး။
တော်တော်ရက်စက်တဲ့အစ်မပဲ။ ကိုယ့်လက်ရာ အမှတ်တရလှလှလေးကို အဲလိုလုပ်ပစ်ရတယ်လို့။ :P
ReplyDeleteခံဆေးဆိုတာ ဆီဆေးတို့၊ ရေဆေးတိုနဲ့တူလား။ တခြားအမျိုးအစားလား။ ညီမ ၅လပိုင်းကျောင်းပိတ်လို့ အိမ်ပြန်ရင်လုပ်ကြည့်ချင်လို့။
ချိုသင်းက အဲဒီလို အိုးလေးပေါက်ကွဲပြီး စိတ်ဆိုးတတ်မယ်လို့  မထင်ရဘူး…
ReplyDeleteအဲဒီအိုးလေးတွေ ကြည့်ချင်လိုက်တာ…
ကျောက်တုံးလေးတွေ ပန်းချီချယ်ရင် ဓာတ်ပုံလေးတွေပါ တင်ပေးနော်…
အဲဒီဘက်မှာ အတော်ညံ့သူမို့  သူများလုပ်တာလေး သွားရည်ကျချင်လို့ ပါ…
ရောဂါတက်ရင် အသဲအသန်လုပ်တတ်တာတော့ တူတယ်…
အနုပညာဘက်တော့ မဟုတ်ပါဘူး… တချောင်းထိုးတို့  တက်တင်းတို့ … ရောဂါတက်တုန်းက ညမအိပ်ပဲထိုးခဲ့တာ…
ချိုသင်းရေ… ကျောက်တုံးက မကွဲတတ်ပေမယ့် နှဖူးပေါက်တတ်နော်… သတိထားဦး… (စတာပါညီမရေ)
သူ့ထက်ကဲ ရွှေပြည်စိုးနဲ့ တွေ့နေပြီ။
ReplyDeleteမသီတာက ပန်းကန်ပြားပျံလောက်ပဲ စမ်းသပ်ပျံသန်းဖူးတာ၊ ချိုသင်းကတော့ အိုးပျံကြီးတောင် အောင်မြင်စွာ လွှတ်တင်ပြီးပြီ ဆိုပဲ...
အမရေ ဆက်ထားတယ်လေနော့ နောက်ထပ်တော့ဆက်ရန်ရှိသေးတယ်ဗျ။ အောက်ဖက်မှာပဲ ထပ်ထည့်ထားတာဗျ။ ဆောရီး
ReplyDeleteအိုးကလေးဆိုတော့ စိုင်းစိုင်းရဲ့ အိုးကလေးနဲ့များ ဘယ်လိုများ ပတ်သက်မလဲလို့..။
ReplyDeleteအိုးလုပ်နည်းလေးကို စိတ်ဝင်စားလိုက်တာ..။ ဟဲဟဲ.. ဂျာနယ်တွေ စုတ်ပြီး အမှတ်တရ လုပ်တာကိုသဘောကျသွားတယ်..။ အင်းလေ..အိုးကလေးမှာဆို တပေါင်းတည်း အမှတ်တရပိုဖြစ်တာပေါ့နော်..။
ကျောက်ခဲတွေကရော ဘယ်လိုလုပ်ရတာပါလိမ့်.. အိမ်မှာတော့ ဆောင်လို့ မဖြစ်ပါဘူး.. နဂိုထဲက ပျံချင်ရာ ပျံနေတဲ့ဟာတွေကို ရှောင်နေရတာနဲ့...:)
ဘုရား... အိုးပျံနဲ့ ပန်းကန်ပြားပျံနဲ့
ReplyDeleteမချိုသင်းနဲ့ မသီတာကို ဖားထားမှ..
MCT အိုးပျံကြီးတဲ့လား ဘုရားဘုရား
ReplyDeleteဟီဟိ... အမ လုပ်တဲ့ အိုးလေးတွေကို မြင်ဖူး လိုက်တာ အီစကို တယောက်ထဲ ဟဲဟဲဟဲ။
ReplyDeleteအမရေ ဘာတွေအားငယ်နေတာလဲ၊ ဘဝ ဆိုတာပျော်စရာပါ။
မိပ။
ကျောက်တုံးက မကွဲပေမယ့် ခေါင်းကတော့ ကွဲနိုင်တယ်နော် အစ်မ။ ပါဖောင်မန့်တွေ သိပ်မလုပ်နဲ့အုံးဆိုတာလေးကို သတိရမိတယ်။ အဟား...
ReplyDeleteဘုရား...ဘုရား.....ကျောက်တုံးပန်းချီတဲ့.....
ReplyDeleteကိုဝဏ္ဏရေ.... ဆိုင်ကယ်ဦးထုပ်လေးဘာလေးဝယ်ထား
အခြေအနေမကောင်းရင်... ဆောင်းဖို့....ဟီ...ဟိ...
အဖော်ရပြီ။ ကိုယ်က စိတ်ဆိုးရင် ပန်းကန်တွေပေါက်ခွဲတယ်။
ReplyDeleteဟဲဟဲ... အချိန်သာရမယ်ဆိုရင် အဲ့လိုမျိုး လေးတွေ ၀ါသနာပါသား...
ReplyDeleteGood Idea..
ReplyDeleteဟဟဟ ကောင်းတယ်..ကျောက်တုံး နဲ့ဆိုရင် ကြောက်စရာကြီး...
ReplyDelete