အခုတလော လူလဲ အလွမ်းတွေနဲ့ပိ လို့ နေလို့ မကောင်းဘူး။ မြန်မာပြည်က သင်္ကြန်ကိုလွမ်း၊ မရှိတော့တဲ့ မိသားစုဝင်တွေကို လွမ်း၊ မြန်မာနှစ်ကူးမှာ ပျော်ခွင့် မရနိုင်ရှာသူတွေကို လွမ်း အစုံပါပဲ။ စိတ်မပျော်ရင် စိတ်မရွှင်ရင် စာမရေးချင်တော့ ဘလော့ဂ်လဲ မရေးဖြစ်ဘူး။
စိတ်မပျော်တော့ လူလဲ နေမကောင်းလို့ ဆေးရုံချည်း သွားလို့ နေရတယ်။ ဆရာဝန်က တိုက်တွန်းတာတွေလဲ နားမဝင်၊ ပေတေလို့ နေမိတယ်။ ကိုယ့်အမျိုးသား ပြောပြောနေသလို ခေါင်းမာလွန်းလို့ လေတိုက်ရင်တောင် ထန် ထန် ထန် နဲ့ မြည်နေသလိုမျိုးပေါ့။ သူများလုပ်ချင်လာအောင် အားပေးမယ်၊ တွဲကူမယ် မစဉ်းစားဘဲ ဒါ လုပ်ရမယ်၊ ဒါ လုပ်သင့်တယ် ဆိုတာတွေ မပြောသင့်ပါဘူးလို့ ဘုတောချင်မိတယ်။
အဖေရှိစဉ်က အဖေအမြဲပြောပြောနေတဲ့ စကားတခွန်းကို အခုတလောမှ ပိုနားလည်လာ သလိုပဲ။ အဖေက ဘာမှ အရေးမကြီးပါဘူး သမီးရယ် တဲ့။ အရင်ကတော့ ဘယ့်နှယ် အရေးမကြီးရမလဲ လို့ ထင်မိတာ။ ကိုယ့်မှာ ကိစ္စတိုင်း အရေးကြီးနေလို့ စိတ်ပင်ပန်းလိုက်တာ။ အသေးစိတ်ကလေးတွေကအစ ပူပန်နေရတာ။ လူလည်း အပူသည်ကြီးကို ဖြစ်လို့။
ဒီရောက်စက ပထမဆုံး စ နေဖြစ်တဲ့ အခန်းလေးကနေ ပြောင်းမယ်ဆိုတော့ ကိုယ်တယောက်တည်း တနေ့လုံး တကုပ်ကုပ်နဲ့ သိမ်းထုပ်နေတာ ပြီး မပြီးနိုင်ဘူး။ အဲဒီမှာ အဖေက ကိုယ့်အနားလာပြီး ပြောတာပါ။
အဲဒါတွေ ဘာမှ အရေးမကြီးပါဘူး သမီးရယ်၊ သမီးကို ကြည့်ရတာ ပင်ပန်းလိုက်တာ တဲ့။ အိမ်ပြောင်းတာများ သီချင်းလေးဆိုပြီး ပျော်ပျော်ရွှင်ရွှင် ပြောင်းတာပေါ့ တဲ့။ ကိုယ်က သီချင်းဆိုပြီး အိမ်ပြောင်းရမယ် ဆိုတာ နားကို မလည်ခဲ့ဘူး။ ဒါဆို ဒီပစ္စည်းတွေ ဘယ်သူ သိမ်းမလဲ အဖေရဲ့ ဆိုပြီး နားမလည်လေခြင်းဆိုပြီး ငိုလိုက်တာ။
အဖေပြောချင်တာက ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်လုပ်စရာတွေကို အေးအေးချမ်းချမ်း လုပ်စေချင်လို့ ပြောတာပါ။ စိတ်ဖိစီးတဲ့ဒဏ်နဲ့ လူ ပင်ပန်းပြီး နွမ်းကြေမှာကို စိတ်သက်သာရာ ရစေချင်လို့ နှစ်သိမ့်တာပါ။ ပူပန်တာတွေကို ကြိုပြီး မောမနေဖို့ သတိပေးတာပါ။
လူရယ်လို့ ဖြစ်လာမှတော့ မော စရာတွေ အနည်းနဲ့အများ ရှိတာပါပဲ။ ကိုယ်လဲ တခါတလေတော့ မောနေတယ်။ အဲဒီအခါ ကိုယ်နိုင်သလောက် လုပ်မယ် ကြိုးစားမယ်၊ မလုပ်နိုင်တာ မဖြစ်နိုင်တာတော့ မဖြစ်လဲ အရေးမကြီးတော့ပါဘူး၊ ပူပန်မနေတော့ပါဘူး လို့ စိတ်ထားတတ်အောင် နေမှ သက်သာရာရတော့မှာပေါ့။ အဲဒါက ပြောတော့သာ လွယ်တယ်၊ တကယ်နားလည် ကျင့်သုံးဖို့ ခက်တာ ကိုယ့်လက်တွေ့။
ကိုယ်တို့ အလုပ်က warehouse ဖက်မှာ အလုပ်သမားတယောက် ရှိတယ်။ သူ့နံမည်ရင်းတော့ ကိုယ်မသိဘူး။ သူ့ကို အလုပ်သမားအချင်းချင်းက ခေါ်တာ loco (လိုကို) တဲ့။ လိုကို ဆိုတာ မက္ကဆီကန်လို အရူး လို့ ပြောတာ။
သူ့ကို ကြည့်ရင် အမြဲတမ်း သွား၃၆ချောင်း ပေါ်အောင် ရီလို့။ လူက ကတုံးကေ နဲ့။ ကိုယ်ကာယနဲ့ အလုပ်လုပ်ရသူမို့ ဗလက ခပ်တောင့်တောင့် အရပ်ကပုပု။ တခါတလေများ ပြုံးပြုံး ပြုံးပြုံးနဲ့ မြန်မြန်သွက်သွက် လုပ်နေတာ တကိုယ်လုံး ပေတူးလို့။ ကိုယ်တို့မှာ ချမ်းချမ်းစီးစီး အနွေးထည် အထပ်ထပ် ဝတ်နေချိန်မှာ သူက တီရှပ်လေးတထည်နဲ့ ပြေးလွှားနေတယ်။
သူ့ကို warehouse က လူတိုင်း ချစ်ကြတယ်။ သူ့ကို စ နောက်လဲ စိတ်ဆိုးပုံ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သဘောကောင်းတာကိုးလို့ ကိုယ်က ထင်မိတာ။ နောက်မှ တစေ့တစောင်း သတိထားကြည့်မိတာ သူ့မှာ သူများနဲ့ မတူတဲ့ အရည်အချင်း ရှိတာတွေ့ရတယ်။
လိုကိုကြီး ဒီလာ လုပ်ပါအုံး ဆိုလဲ ပြေးသွားတာပဲ။ သူနိုင်ရင် ကူထမ်းလိုက်တာပဲ၊ သူလဲ လုပ်နိုင်ရက်သားနဲ့ အလုပ်သမားအချင်းချင်း ငါ့ကို ပြန်ခိုင်းနေတယ် လို့လဲ စိတ်ထဲမှာ မရှိ။ လိုကိုရေ ဟိုကို သွား၊ ဒါတွေ ပြီးအောင်လုပ်ပြီးမှ ပြန် နော် ဆိုလဲ ပြုံးဖြီးဖြီးနဲ့ လုပ်တာပါပဲ။ ဒါ သူ့အလုပ်မို့ လုပ်ရမှာပေါ့လို့ ပြောချင်လဲ ပြောနိုင်တာပေါ့။ ဒါပေမဲ့ သူ့အလုပ်မှာကို သူက ပင်ပန်းလှချည့်လို့ သဘောမထားဘဲ ပျော်ပျော်ရွှင်ရွှင် လုပ်နေတာကို ကိုယ်က ပြောချင်တာပါ။
အဲဒီတော့ သူ့ကို ခိုင်းတဲ့လူလဲ စိတ်ချမ်းသာတယ်၊ လုပ်နေတဲ့သူကိုယ်တိုင်လဲ စိတ်ပျော်ရွှင်တယ်။ အလုပ်တာဝန် ၀တ္တရားဆိုတာရဲ့ အထက်မှာ လိုကို က မိန့်မိန့်ကြီး ရှိနေတယ်။ သူ့အလုပ်ကို သူတာဝန်ကျေနေတာ ဘယ်သူ့ကိုမှ ကြေငြာမနေဘူး၊ အနှောင့်အယှက် ပေးမနေဘူး၊ ပင်ပန်းလိုက်တာလို့လဲ မညည်းညူဘူး။
တနေ့က သူ့ရဲ့ supervisor က သူ့ကို နေ့စားမို့ နှစ်ပတ်တခါ သူလုပ်တဲ့ အချိန်ပို လုပ်ခတွေကို ရှင်းပြရင်း ပိုက်ဆံ တွက်ပေးနေတာပါ။ မင်းလုပ်တာက ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ဘယ်လောက်၊ ဘယ်နေ့မှာ ဘယ်လောက် ဆိုတာ အသေအချာ ရှင်းပြနေတာပါ။ သူက သွားတွေပေါ်အောင် ပြုံးလို့။ နားလည်ပုံလဲ မရပါဘူး။
အားလုံး ရှင်းပြပြီးတဲ့အခါ သူ့ကို ပိုက်ဆံပေးလိုက်တော့ သူပိုက်ဆံယူပုံကို ကိုယ့်မှာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားမိတယ်။ သူက ပေးလိုက်တဲ့ ပိုက်ဆံတွေကို သူ့လက်ကြမ်းကြီးနဲ့ ဆုပ်ခြေသလို လုံးပြီး ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်တာပါ။ ဘယ်လောက်ရယ်လို့လဲ မရေတွက်၊ လျော့သလား လဲ မစဉ်းစား၊ ကျန်တာတွေ နားမလည်ဘူး။ သူအလုပ်လုပ်တယ် ပိုက်ဆံရတယ်။ ပြီးပြီ။
ကိုယ်လဲ အခုတလော စိတ်ပင်ပန်းနေတုန်း အေးရာ အေးကြောင်း လျှောက်စဉ်းစားမိတာ လိုကို့ ကိုပဲ သွားသွားမြင်နေတယ် ဆိုပါတော့။ တခြားတော့ တောင်တောင်အီအီ မတွေးပါနဲ့လေ။ ခဏလောက် လိုကို ဖြစ်ဖို့ကိုတောင် တော်တော်ခက်ခဲတာ စဉ်းစားနေမိလို့ပါ။

မိုးချိုသင်း
လိုကို ဖြစ်စေသတည်း...
ReplyDeleteဘော့စ် တယောက်က ပြောဖူးတယ် အရေးကြီးတာ ဘာမှ မရှိဘူးတဲ့... လူတွေက VIP, URGENT, CONFIDENTIAL စုံနေအောင် ဖိအားမျိုးစုံပေးပြီး ကိုယ့်ကို ခိုင်းတဲ့ အချိန်မှာ အဲ့ဒီစကားကြားလိုက်ရတာ ပေါ့ပါးသွားတယ်... အမချိုသင်း နှစ်သစ်မှာ စိတ်ပေါ့ပါး လန်းဆန်းပြီး ပျော်ရွှင်ပါစေ
ဟေဟေဟေ
ReplyDeleteကိုယ်ကတော့ လိုကို ဖြစ်နေတာကြာပြီ။
ခုတော့ ချိုသင်းနဲ့ ဆိုတော့ ဆိုလို မဟုတ်တော့ဘူး။
လိုကို အလိုရှိသည်။
မင်္ဂလာနှစ်သစ်ပါ။ KM
ReplyDeleteမမချိုသင်း
ReplyDeleteနေမကောင်းဘူးပေါ့။ စိတ်မလန်းရင်လူလည်း မလန်းတတ်တော့ဘူးအမရေ။ လိုကို ဖြစ်ချင်ရင်ဖြစ်ရမှာပေါ့အမရာ။ အားမလျော့ပါနဲ့။အနော့်ကို နမူနာကြည့် မမချိုသင်းဘလော့မှာ comment နောက်ဆုံးကပဲရေးနေရလို့ ရှေ့ကတက်နိုင်ဖို့ကြိုးစားတော့....ကြည့် ။။။ ရှေ့မှာ မီယာတယောက်ပဲရှိတယ်။ (ပျော်လိုက်တာ။။။ဟဟ)။ အဲလိုပဲ လိုကို ဖြစ်ချင်တဲ့မမချိုသင်း တရက်လေးပဲဖြစ်ဖြစ်။။။။ဖြစ်ကိုဖြစ်ရမှာ။ အနော်ရဲရဲကြီး အာမခံတယ် ချစ်မရေ။ www.kyiphyupaing.blogspot.com
Ma Ma Moe
ReplyDeleteHappy Myanmar New Year !
Chit Kin Lay Sar Yat :D
ဟာ...သွက်လိုက်တဲ့ ဂျူနိုနဲ့ contact. ဒီက ရှေ့မှာ မီယာတယောက်ပဲရှိတယ်ဆိုပြီး အားတက်သရောနဲ့ ကွန့်မက် ရေးတုန်းရှိသေး။ သူတို့က တင်ပြီးပြီ။ မမချိုသင်းရေ။။။။အနော်တော့ လိုကို ဖြစ်တော့ဘူး။ လိုကိုပြုတ်ဖြစ်သွား ပြီ။ မမချိုသင်းကို လည်းအာမခံရဲတော့ဘူး။ ပြန်ရုပ်သိမ်းမှဖြစ်တော့မယ်။။
ReplyDeleteအမယ်လေး တွတ်ပီကံမကောင်းပါလားနော်။။။။သွားပါပြီ။
ချိုသင်းရေ.. ဟုတ်ပါတယ်..တခါတလေ ကိုယ်မလုပ်လို့ မဖြစ်ဘူး..လုပ်ရမှာတွေကလည်း ဆက်တိုက်ဆိုရင် လူက အိပ်လို့လည်း မပျော်နိုင်တော့ဘူး..ဟိုဟာလေးလည်း မဖြစ်သေးပါဘူး..ဒီဟာလေးလည်း ငါလုပ်မှ ဖြစ်မှာပါနဲ့.. အေးချမ်းတယ်ကို မရှိပါဘူး..။ တို့လည်း လိုကိုလို အပူအပင်ကင်းကင်းနဲ့ ဘာမှ ပြောနေဆိုမနေပဲ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာလေး နေရရင်ကောင်းမယ်..။ လိုကို ဖြစ်ချင်တယ်..တို့လည်း..။
ReplyDeleteနှစ်သစ်မှာ ကျန်းမာပျော်ရွှင် အလွမ်းတွေပြေပါစေ...ချိုသင်းရေ..
ဝပ်ဒ်ထဲက ဆရာဝန်က သူနာပြုဆရာမပေါက်စကို လူနာ သွေးဖောက်ဖို့  ပြောတယ် ...
ReplyDelete"ဆရာမ အခန်း ၁၂ က လူနာကို သွေးဖောက်ပြီးပြီလား"
သူနာပြုဆရာမ ပြန်ပြောတာက
"ဖောက်တော့ဖောက်ထားတယ် ဆရာ... ဒါပေမယ့် သွေးက ခြောက်လီတာထက် ပိုမရဘူး" တဲ့...
လိုကိုဖြစ်ချင် ကြိုက်သလောက်ဖြစ်ပါ... ကိုယ့်ကျန်းမာရေးလည်း ဂရုစိုက်ပေါ့... မချိုသင်းတစ်ယောက် ခြောက်လီတာလောက်တော့ မဖောက်လိုက်နဲ့ နော်...
ချိုသင်းရေ့ အကိုကတော့ ရိုးရိုး လိုကိုတောာင် မကဘူး မူချိုလိုကို ဖြစ်ချင်ပါရဲ့...း)
ReplyDeleteဒါပေသည့် ဘ၀ဆိုတာကလည်း ဖြစ်ချင်တာ မဖြစ်တာကများနေတော့ လိုကိုဖြစ်ဖို့လည်း တကယ်တော့ မလွယ်ပါဘူးလေ...း)
ဆရာတင်မိုး ကဗျာတ္ဂေကို ကြိုက်နေခဲ့တာကြာပါပြီ။ကျေးဇူးပါခင်ဗျာ။
ReplyDeleteဆရာတင်မိုး ကဗျာတစ်ပုဒ်ထဲမှာပြောတယ်
"အခက်အခဲတ္ဂေ့က ဖျက်ခ္ဂဲ၍ ပစ်ကြလော့
အကြောက်သန်အတ္ဂေးဖောက်ပြီး နောက်ပြန်ပြေးပေါက်မရှာနဲ့
ရှေ့ကိုသာဆက်လျှောက် တနေ့နေ့မှာရောက်ရမယ်တဲ့"
အဲ့ဒီ့အတိုင်းပေါ့ အစ်မကြီးရေ ...
ပျော်ပါစေခင်ဗျာ
လင်းကြယ်ဖြူ
အစ်မကတောင်..လိုကိုလို ဖြစ်ချင်နေလား။
ReplyDeleteအစ်မစာဖတ်ပြီး အားမွှေးရတဲ့ သူတွေရှိပါတယ် ..
ချိုကို ရယ်
စိတ်တော့မရှိပါနဲ့ အစ်မရယ်...အစ်မကို လိုကို မဖြစ်စေချင်ပါဘူး။စာတွေ မဖတ်ရမှာ စိုးလို့  ...:P
ReplyDeleteဟေ့
ReplyDeleteနေကောင်းအောင်နေလေ..
တို့လည်းလာမှာသွားသလိုနေနေတယ် ..း)
လိုကို မဖြစ်တောင် ကိုယ်လိုလေးတော့ ဖြစ်အောင်
နေလိုက်နော်း)
ချိုသင်းရေ… ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပါညီမရယ်… အဲဒါက ခေါင်းမမာသင့်ဘူးလေ… ဆရာလုပ်တာမဟုတ်ဘူးနော်… အသက်ကိုဥာဏ်စောင့်တဲ့… အချိန်မှန် စား အချိန်မှန် ဆေးသောက်နော်… တခြားကိစ္စတွေကိုတော့ လိုကိုလို ရောင့်ရဲစိတ်ချမ်းသာအောင် နေတတ်တာ ကောင်းပါတယ်ညီမရယ်… အမဒီတခေါက်ပြန်သွားတော့ ကိစ္စသေးသေးလေးကအစ serious ဖြစ်နေလို့  အမေက ညည်းကြည့်ရတာပင်ပန်းလိုက်တာအေ တဲ့… အဲဒီတော့မှ ကိုယ့်ကိုယ်ကို ပြန်သတိထားမိတယ်… ဒီနိုင်ငံက အကျင့်တွေလေ… တနေ့ တနေ့  စိတ်ပန်းလူပန်းနဲ့  ရှားပါးတဲ့အချိန်တွေမှာ အမောတကော ရုန်းကန်နေရတဲ့ဘ၀က အကျင့်တွေပေါ့… အဲဒီအရှိန်ကြီးက မသေပဲ မြန်မာပြည် အနားယူဖို့ ပြန်တာတောင် ပါသွားတာ… တနည်းအားဖြင့် တရားမရှိတာပေါ့ညီမရယ်… တခါတခါ လူကြီးကို မောလို့ … ဘဘဂျမ်းပြောတာ အရမ်းမှန်ပါတယ်… တကယ်တော့ ဘာမှအရေးမကြီးပါဘူးလေ… ချိုသင်းရေ စိတ်ညစ်နေတဲ့ကိုယ့်ကိုယ်ကို လိုကိုကိုတွေးပြီး ပြန်ဆန်းစစ်တတ်တဲ့ ညီမကို လေးစားမိပါတယ်… များသောအားဖြင့်က စိတ်ညစ်နေလေ စိတ်ညစ်စရာတွေ တွေးလေးမိုလား… ပြီးတော့ စိတ်ညစ်နေတဲ့သူတွေအားလုံးကိုလဲ လိုကိုလို နှလုံးသွင်းတတ်ဖို့  သတိပေးတဲ့ ပို့ စ်လေးမို့  ကျေးဇူးပါညီမရေ… နှစ်သစ်မှာ စိတ်ကြည်လင်ချမ်းမြေ့လို့  ရောဂါဘယကင်းဝေးပြီး ကျန်းမာပါစေလို့ ….
ReplyDeleteကျန်းမာရေး ဂရုစိုက်ပါအမ ထန်ထန်ထန် သိပ်မလုပ်နဲ့လေနော်။ လိုကိုခဏတော့ဖြစ်ပေါ့ ပြီးရင် တော့ မမုံချိုသွင်းပဲနော်
ReplyDeleteနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ မချိုသင်း။ စိတ်ညစ်ခဏပါ အားလုံးကောင်းသွားမယ်။
ReplyDeleteလိုကိုဖြစ်အောင်ခဏတဖြုတ်ကြိုးစားနို်င်ဖို့တောင် ခက်တယ်နော်...
ReplyDeleteနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့နိုင်ပါစေ မချိုသင်းရေ
တကယ်တော့ လိုကို လိုဖြစ်နိုင်ဖို့ တကယ်မလွယ်..
ReplyDeleteဒီစာလေးဖတ်အပြီးမှာ သတိထားမိသွားတယ်..
ဒီတလော စိတ်တွေ အဖိစီးခံနေမိတာတွေကိုပေါ့...
နည်းနည်းတော့ လျှော့မှလို့ အသိဝင်သွားတယ်.. :)
အမရေ... ကျန်းမာရေးအတွက်တော့ ခေါင်းမမာပါနဲ့။ လုပ်သင့်တာတွေကိုလုပ်ပါနော်။ ကျန်းမာမှ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရှိမှာပေါ့။
ReplyDeleteကျွန်တော်ကတော့ လိုကို တစ်ဝက်လို့ပြောလို့ရမလား။ လုပ်ရင်းလုပ်ရင်း စိတ်တွေ ဖိစီးလာရင် မနေနိုင်တော့ဘူး တခါတလေ အလုပ်အတူလုပ်တဲ့လူတွေနဲ့ ဖြစ်နေတဲ့ ပြဿနာတွေကို ဟာသလုပ်ပစ်လိုက်တယ်။
ဆရာကြီးတင်မိုးပြောတာလည်း ဟုတ်ပါ့နော်။ သတိထားပြီးလုပ်ရင် ကိုယ်ရော၊ ဘေးကလူတွေပါ စိတ်ချမ်းသာတာပေါ့။
အမ ပျော်ရွှင်ချမ်းမြေ့ပါစေ။
အဲဒါတွေ ဘာမှ အရေးမကြီးပါဘူး သမီးရယ်၊ သမီးကို ကြည့်ရတာ ပင်ပန်းလိုက်တာ တဲ့။ အိမ်ပြောင်းတာများ သီချင်းလေးဆိုပြီး ပျော်ပျော်ရွှင်ရွှင် ပြောင်းတာပေါ့
ReplyDeleteThat is intentional talk with wisdom.
သူက ပေးလိုက်တဲ့ ပိုက်ဆံတွေကို သူ့လက်ကြမ်းကြီးနဲ့ ဆုပ်ခြေသလို လုံးပြီး ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်တာပါ။ ဘယ်လောက်ရယ်လို့လဲ မရေတွက်၊ လျော့သလား လဲ မစဉ်းစား၊ ကျန်တာတွေ နားမလည်ဘူး။ သူအလုပ်လုပ်တယ် ပိုက်ဆံရတယ်။ ပြီးပြီ။
Every Loco's activities are innocent without knowledge / commonsense
It is difficult follow as normal person.
I want also to be a Loco, some time.
Thank a lot.
Bino
မမချို မြန်မြန် နေကောင်းပါစေ။ ဒီ post လေး ဖတ်ရတာ ကျေးဇူးတင်လိုက်တာ။
ReplyDeleteအမရေ.. ကျန်းမာရေးကိုတော့ ဂရုစိုက်ပြီး နေကောင်းအောင် နေပါနော်.. :)
ReplyDeleteအခုလို စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေချိန်မှာ ဒီပို့စ်လေး ဖတ်လိုက်ရတာ အဖိုးတန်တယ်.. ကျနော်လည်း စိတ်ရှုတ် စိတ်ညစ်နေလို့... လိုကိုလို ဖြစ်ဖို့တော့်ကြိုးစားရဦးမယ်အမ..
အဲလို ခပ်ဆင်ဆင်အကြောင်းလေး ဟိုနေ့ကတင် အမေနဲ့ ပြောမိသေးတယ်...
ReplyDeleteလိုကို လိုနေနိုင်ဖို့တော့ မလွယ်ဘူး အန်တီချို
ကြိုးစားပြီတော့သာ စိတ်ချမ်းသာအောင်နေပါ...
စိတ်ချမ်းသာအောင်နေပါ။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမှာ။ ကျန်းမာရွှင်လန်းပါစေ။
ReplyDeleteလိုကိုလိုဖြစ်ချင်တယ်...........
ReplyDeleteအစ်မချိုသင်းရေ..
ReplyDeleteလူရောစိတ်ရော..နေကောင်းပါစေအစ်မရယ်..။
လိုကို့ကို အားကျလိုက်တာ...
ဘာ..မှမတွေးတတ်တာ အကောင်းဆုံးပဲနော်..အစ်မ
ချစ်ခင်လေးစားတဲ့
နေကောင်းအောင်နေပါ မမချိုသင်းရေ....။
ReplyDeleteစိတ်လည်း ချမ်းသာအောင်နေ....။
အမရေ နေကောင်းကျန်းမာအောင် နေပါဦး။း)
ReplyDeleteကျနော်လည်း အခုတလော စိတ်တွေပင်ပန်းနေလို့ ဘလော့ဂ်ပေါ်မှာ စာတောင် မရေးဖြစ်ဘူး။ စိတ်ထောင်းလို့ ထင်ပါရဲ့ ကျန်းမာရေးလည်း နည်းနည်းချူချာတယ်။ စိတ်ထဲတော့ တင်းထားတယ် ဘာတွေပဲ ဖြစ်ဖြစ် တရှုံးကနေ ၂ ရှုံးမဖြစ်အောင် စိတ်ကို ဆင်ခြင်ပြီး နေနေပါတယ်။း)
အမတယောက်လည်း စိတ်တွေ ကြည်လင်ရွှင်လန်းပါစေ။
အစ်မချိုသင်းရေ..
ReplyDeleteလိုကိုတော့ မဖြစ်စေချင်ပါဘူးဗျာ..
အစ်မ စိတ်ချမ်းချမ်းသာသာနဲ့ အလုပ်တွေလုပ် စာတွေ ရေးနိုင်ပါစေ ဗျာ..
မမ နေကောင်းပါစေ။ နေကောင်းအောင်နေပါနော် မမ..။ မမက စိတ်တွေညစ်လာရင် တရားလေးထိုင်ကြည့်ပါလား ဟင်.. ၅မိနစ်ရရ ၁၀မိနစ်ရရပေါ့.. (ဆရာလုပ်တာမဟုတ်ပါဘူးမမ အကြံပေးကြည့်တာပါ.. မမစိတ်ပျော်အောင်လို့.) မမပျော်မှ မမကစာတွေ များများရေး... ညီမတို့တွေလည်း မမရေးတဲ့စာတွေ များများဖတ်ရတာပေါ့။ :)
ReplyDeleteအမရေ...ဒီစာလေးဖတ်အပြီးမှာလဲ အဖေ့ကိုသတိရစရာလေးတွေပေါ်လာလို့...
ReplyDeleteညီမရဲ့အဖေကတော့...လောကမှာဘာမှမဟုတ်ဘူးဆိုတာရယ်
ဘာမှမဟုတ်တဲ့လောကကြီးထဲမှာ ဒီနေ့ကိုဘယ်လိုကျော်ဖြတ်ရမလဲပဲစဉ်းစားပါတဲ့...
မနက်ဖြန်မှာဘာဖြစ်ရမယ်ဆိုတာထက်ဖြစ်လာမဲ့မနက်ဖြန်ကိုရင်ဆိုင်ပြင်ဆင်ပါတဲ့
အေးချမ်းတယ်ဆိုလို့လက်ကိုင်ထားဖို့ကြိုးစားပေမဲ့တခါတလေလဲသတိလက်လွတ်ဖြစ်တာပါပဲ
ကျန်းမာရေးကိုတော့ဂရုစိုက်ပါ..ဒီနေ့ကိုကျော်ဖြတ်ဖို့နဲ့ဖြစ်လာအုံးမဲ့မနက်ဖြန်ကိုရင်ဆိုင်ဖို့အတွက်လေ..........
This comment has been removed by the author.
ReplyDeleteအမရေ...ဒီစာလေးဖတ်အပြီးမှာလဲ အဖေ့ကိုသတိရစရာလေးတွေပေါ်လာလို့...
ReplyDeleteညီမရဲ့အဖေကတော့...
လောကမှာဘာမှမဟုတ်ဘူးဆိုတာရယ်
ဘာမှမဟုတ်တဲ့လောကကြီးထဲမှာ ဒီနေ့ကိုဘယ်လိုကျော်ဖြတ်ရမလဲပဲစဉ်းစားပါတဲ့...
မနက်ဖြန်မှာဘာဖြစ်ရမယ်ဆိုတာထက
်ဖြစ်လာမဲ့မနက်ဖြန်ကိုရင်ဆိုင်ဖို့ပြင်ဆင်ပါတဲ့
အေးချမ်းတယ်ဆိုလို့လက်ကိုင်ထားဖို့
ကြိုးစားပေမဲ့တခါတလေလဲသတိလက်လွတ်ဖြစ်တာပါပဲ
ကျန်းမာရေးကိုတော့ဂရုစိုက်ပါ..
ဒီနေ့ကိုကျော်ဖြတ်ဖို့နဲ့
ဖြစ်လာအုံးမဲ့မနက်ဖြန်ကိုရင်ဆိုင်နိုင်ဖို့အတွက်လေ........
sorry အမ...maw နဲ့ grace ကတစ်ယောက်တည်းပါ....
ReplyDeleteno choice လုပ်ရမှဖြစ်မှာဆိုမှတော့ ပျော်ပျော်ရွှင်ရွှင်လုပ်လိုက်တာပဲကောင်းပါတယ် ။ စိတ်ညစ်ညစ်နဲ့လုပ်လဲ ဒီအလုပ်ပဲ ၊ ပျော်ပျော်ရွှင်ရွှင်လုပ်လဲ ဒီအလုပ်ပဲ။ ဘာမှအရေးမကြီးပါဘူး ။ အားလုံးအေးဆေးလို့သာသဘောထားလိုက် ။အစ်မ မြန်မြန်ပြန်နေကောင်းပါစေ ။
ReplyDeleteတကယ်လို့  မနက်ဖြန်မှာ သေရမယ်ဆိုရင် ဒီနေ့ အရေးကြီးနေတာတွေဟာ ဘာမှအရေးကြီးတော့ပါဘူး၊ ကိုယ့်ရဲ့ နောက်ဆုံးအချိန် ရင်ဆိုင်ဖို့ အတွက်ပဲ ပြင်ဆင်ရတော့မှာပါ၊
ReplyDeleteအမ ~ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ . . .
ရွှေခိုင်
ချိုသင်းရယ်...
ReplyDeleteလိုကိုက ဖြစ်ပြီးသားပါ ဟဲဟဲ
အမကတော့ အမြဲပဲပြုံးနေ ရယ်နေတဲ့ ချိုသင်းပုံ လုံးလုံးလေးကို ပဲ မျက်စိထဲ မြင်နေတာပဲ..
အချိန်တန်ရင် အားလုံးပြီးသွားမှာပါ...
၂ယောက်စလုံး ကျန်းမာရွှင်လန်းပါစေနော်..
လိုကိုလိုဖြစ်ချစ်ရင် ...ခေါင်းမမာသင့်တာကိုမမာနဲလေ အစ်မရဲ့ ..
ReplyDeleteလိုကို ပျော်နေတာ ကျန်းမာနေသေးလို့ ..
ဘေးနားကနေ စိတ်ပူရတာ ခံစားနေရတဲ့သူထက်လည်းမလျော့ဘူး ...။
ဒီလူကြီးက သူတော်ကောင်းကြီးမို့လို့ ... အစ်မကို သိပ်ဂရုစိုက်တာနေမှာ ...။
ကိုယ့်အတွက် အကျိုးရှိတာကို တိုက်တွန်းရင် ...အချိန်မဆွဲပါနဲ့ ...အထူးသဖြင့် ကျန်းမာရေးမှာ ... ဆရာဝန်တွေက မလိုအပ်ရင်မပြောလောက်ပါဘူးလေ...။
ခင်မင်စွာဖြင့် ..
Z
...ကျွှန်တော်လည်း လိုကိုနီးပါးဖြစ်နေပြီနဲ့တူတယ် တော်တော်တော့ကျင့်ရတယ် MCT ရေ ဟ ဟ...ခုတော့လူတွေကကိုယ့်ပြန်လန့်နေတယ် ရုးနေပြီထင်လို့ ဟား ဟား ဟား
ReplyDeleteမမိုး..
ReplyDeleteနေမကောင်းဘူးလား..
စိတ်ကိုဖြေလျှော့နေပါ...။
ဖြစ်ပျက်ကို နှလုံးသွင်းနိုင်ရင်...
မမိုး ဖေဖေပြောခဲ့တဲ့..
ဘာမှအရေးမကြီးပါဘူး သမီးရယ်ဆိုတဲ့စကားလေးကို နားလည်လာပါလိမ့်မယ်...။
မမိုးက ပိုပြီး သိမှာပါ..
မကျန်းမာတဲ့ အခါ ခဏတော့ ဒီလိုပါဘဲ..။
စိတ်အေးချမ်းပါစေ နေကောင်းပါစေ..။
တို့လဲစိတ်တွေသိပ်ညစ်နေလို့ လိုကိုတကယ်ဖြစ်ချင်နေတယ် ... ဘယ်လောက်ငြိမ်းချမ်းလိုက်တဲ့ စိတ်လဲ ...
ReplyDeleteတန်ခူးတို့က ညီမဆိုတော့ ညီမပေါ့ ... စာအဟောင်းတွေအကုန်လုံးဖတ်သွားတာ လွန်ခဲ့တဲ့ ၂လလောက်ကတည်းက ... ပေါ့ပါးစေတဲ့ စာလေးတွေအတွက် ကျေးဇူး။
အလုပ်ကိုတော့ ပျော်ပျော် လုပ်နေတာပါပဲလေ။ တခါတလေ အတိုက်အခိုက်တွေက အများသား။ ကိုယ်က ပေးသမျှ တာဝန် လုပ်ပေးပေမယ့် ကူညီပေးပေမယ့် တချို့ကလည်း မကြိုက်ဘူးနော်။ လိုကို ဖြစ်နေတာတောင် လိုကို မကြိုက်တဲ့ လူတန်းစားက ရှိသေးတယ်ဗျာ။ လောကကြီးမှာ အဲဒါမျိုးတွေလည်း ရှိနေတတ်ပါတယ်လေ။
ReplyDeletema ma moe choe thin
ReplyDeleteအစ်မ မမြဲ အားပေးနေမယ်...
ReplyDelete