နှစ်သစ်ကို ကြိုဆိုခြင်း

ဘလော့လေးကို နှစ်သစ်ကြိုတဲ့အနေနဲ့ အကျီ င်္လှလှလေး ၀တ်ပေးလိုက်ပါတယ်။ အပြောင်းအလဲလေးလဲ ဖြစ်၊ ကောင်းမွန် လှပတဲ့ ရှေ့ရေးကိုလဲ မျှော်လင့်မိလို့ပါပဲ။

ကိုယ်က ကံ့ကော်တောမှာ မွေးခဲ့သူမို့ ကံ့ကော်ပန်းလေးနဲ့ အလှဆင်ချင်မိတယ်။ အဲဒါကို စိတ်ရှည်ရှည်နဲ့ လိုချင်တဲ့ပုံစံအတိုင်း ဒီဇိုင်းရေး၊ စာလုံးလေးတွေ ပြောင်းထည့် အလှဆင်ပေးတဲ့သူများက ကာတွန်း ကိုဝင်းထွန်း နဲ့ ကိုမင်းကျော် တို့ပါ။ သူတို့က ကွန်ပျူတာနဲ့ web page ပညာ ကျွမ်းကျင်သူတွေပေါ့။ သူတို့ကို ဒီနေရာကနေ ကျေးဇူး မှတ်တမ်းပြုပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ နှစ်သစ်ကို ကြည်ကြည်နူးနူး ရွှင်ရွှင်လန်းလန်း ကြိုလိုက်ပါပြီ။ နှစ်သစ်မှာ မြန်မာပြည်သူ ပြည်သားတွေ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ လွတ်လပ်ပြီး တရားမျှတတဲ့ လူ့ဘောင်သစ်တခုကိုလဲ အတူ ၀ိုင်းပြီး တည်ဆောက်နိုင်ပါစေလို့ မျှော်လင့် ဆုတောင်းမိပါတယ်။


မိုးချိုသင်း


65 comments:

. said...

Happy New Year.. အစ်မချိုသင်း :)

မေဓာဝီ said...

မမိုးချိုသင်း အင်္ကျီအသစ်ကလေးနဲ့ဆိုတော့ လူတောင်မှားတယ်။ (ဘလော့မှားပြီး ရောက်သွားသလားမှတ်တာ။) လှတယ် အမရေ ... ။
နှစ်သစ်မှာ ပျော်ရွှင်ငြိမ်းချမ်းပါစေ ... ။

ကိုလူထွေး said...

နှစ်သစ်ကြိုပုံက တကယ် 'လန်း' တယ်...

လွတ်လပ်ပြီး တရားမျှတတဲ့ လူ့ဘောင်သစ်တခုကိုလဲ အတူ ၀ိုင်းပြီး တည်ဆောက်နိုင်ပါစေလို့ ထပ်တူ ဆုတောင်းမိပါကြောင်း...

Happy, Healthy and Hopeful Newyear...

းဝ)

tin min htet said...

ချိုသင်း မင်္ဂလာနှစ်သစ်ပါ ..

tin min htet said...

တသက်လုံး သနပ်ခါးလေးနဲ့ နေလာတာ အလှပြင်မယ့်ပြင်တော့လည်း ကိုရီးယားမင်းသမီးလောက်ကို ပြင်လိုက်တာကိုး။

ကောင်မလေးတွေ အလှပြင်ပြီး မှန်ရှေ့မှာ ပြုံးစိစိနဲ့ ထိုင်ကြည့်နေသလို၊ ကိုယ့် ဘလော့ဂ်ကို ထိုင်ကြည့်နေမယ်ထင်တယ်။

(Word Verification ဖြုတ်လိုက်ပါလား)

Unknown said...

:)
သိပ်လှတာပဲ...

ကိုချစ်ဖေ said...

ဘလော့ကလန်းတယ်ဗျား..ကိုကျော်ဝဏ္ဏနဲ့ ချိုသင်းတို့ဆီဖုန်းမဆက်ဖြစ်သေးတာပါ..အယ်လ်အေရောက်နေတာတော့ ၂၁.၁၂.၂၀၀၉ နေ့ထဲက ကိုရစ်တို့လဲလာမယ်ဆိုတော့ လာတော့မှပဲ ဆုံဖြစ်တော့မလားလို့..ကားလဲ မမောင်းနိုင်သေးတော့လေ.ကျမ်းမာရေးကလဲသိပ်မကောင်းလှသေးလို့ငြိမ်နေတာ..
မင်္ဂလာနှစ်သစ်ပါ.ဗျို့
(ဆက်သွယ်ရာ.အီးမေးလိပ်စာမရှိလို့..ရေးခဲ့တာပါ.ပြီးရင်ဖျက်ပေးပါဦး..)

မယ့်ကိုး said...

မင်္ဂလာနှစ်သစ်ပါ မမရေ...

blog လေး အရမ်းလှတာပဲ။ =)

မမ နှစ်သစ်မှစ စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာပါစေလို့ ...

khin oo may said...

ကွန်မက်တွေကိုညာဘက်ပို့လိုက်ပါလား. ဘယ်သန်လား။ လုပ်ပေးတဲ့ပညာရှင်က ဘယ်သန်လား။ အဖြူခံကိုပိုနစ်သက်သည်။ ကွန်မက်ရေးသူနာမည် နဲံ့ post a comment ကို မနည်း၇ှာယူရတယ။်ရှိနေကျနေရာမှာမရှိလို့။ ward verification ရှိရင်တော့ စိတ်ဆိုးမှာဘဲ။

khin oo may said...

အသစ်ကလေးဆီလာလည်သွားပါသည်.

khin oo may said...

နစ်သစ်မှာ ချမ်းမြေ့ပါစေ။

khin oo may said...

ရိုးရိုးကြီးလာလေ့လာသွားပါသည်။ :D

Nge Naing said...

ဘလော့ဂ်ထဲကို ၀င်လာလိုက်တာနဲ့ ဘလော့ဂ်မှားပြီး ၀င်မိပြီလားလို့တောင် ထင်ရလို့ အသေအချာ ပြန်ကြည့်လိုက်ရသေးတယ်။ ဘလော့ဂ် ဒီဇိုင်းလေး ပြောင်းထားတာ မိုက်တယ်။ ကျွန်မလည်း ညကပဲ ၂၀၀၉ ကို နှုတ်ဆက်လိုက်ပြီး နှစ်သစ်ကို ကြိုလိုက်တယ်။ နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝပါစေ။

Eaindra said...

သိပ်လှပါတယ် မမချိုသင်းရေ..

မင်္ဂလာရှိမယ့် နှစ်သစ်ပါ..

မမရေ ဒီလထုတ် အမေလူထူဒေါ်အမာအထူးထုတ် ပိတောက်ပွင့်သစ်မှာ မောင်သစ်လွင်(လူထု)က သတိရ လွမ်းရ ဆိုတဲ့ ဆောင်းပါးနဲ့ မမရဲ့ပေးစာလေးတွေပြန်တင်ပေးထားတယ်..သိလား။

မမရဲ့စာတွေကိုမဂ္ဂဇင်းပေါ်မှာ တွေ့လိုက်ရတော့ ပျော်သွားတယ်.။

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

T T Sweet said...

ဟုတ်ပ ...ဟုတ်ပ ... မချိုသင်းရေ ... အင်္ကျီသစ်သစ်ကြီးနဲ့ဆိုတော့ လူတောင်မှားတယ် ...
နှစ်သစ်မှာပျော်ရွှင်ပါစေ။

ဇွန်မိုးစက် said...

မမရေ နှစ်သစ်မှာ အင်္ကျိအသစ်လေးနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ။း)

ကိုအောင် said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေ အမရေ။

ATN said...

Happy New Year ပါ ချိုသင်းရေ့...
အင်္ကျီအသစ်နဲ့ လှနေပုံ...

www.nyeinzayoo,blogspot.com said...

WOW!!!!
A NEW LOOK FOR A NEW YEAR
GOOD JOB

CALIFORNIA

မေလေး said...

အိမ်သစ်သစ်လေး မိုက်စ်
ပျော်ရွှင်ဖွယ်နှစ်သစ်လေးပါ မမ

သစ်နက်ဆူး said...

သိပ်လှပတဲ့နှစ်သစ်လေးပေါ့ဗျာ...။
ပြည့်စုံပျော်ရွှင်နိုင်ပါစေ။။။။

CONTACT said...

မိုက်သွားပြီ။

Thant said...

ကံ့ကော်ပန်းလေးက အစစ်လေးနဲ့တူလိုက်တာ....
နှစ်သစ်မှာ ပျော်ရွှင်ငြိမ်းချမ်းပါစေ ... ။

Nay Lin said...

Hey!! Ko Kayw Wunna and Cho thin

HAPPY NEW YEAR!!!

Nay Lin, Ma Moe and LaMin

ရွှေရတုမှတ်တမ်း said...

ဘယ်အလှဖန်တီးရှင်ဆီမှာသွားပြင်ထားတာလဲ..
ရိုးရိုးကြီးနေလာသမျှ..ငါ့နှမတို့ဆန်းမယ့်ဆန်းတော့
အရောင်ကိုတောက်နေတာပဲ

ကိုရင်နော်ခင်လေးငယ် said...

အစ်မရေ..
ဒီဇိုင်းလေးက လန်းပါပေ့..း)
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ..

နှစ်သစ်မှာ မြန်မာပြည်သူ ပြည်သားတွေ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ လွတ်လပ်ပြီး တရားမျှတတဲ့ လူ့ဘောင်သစ်တခုကိုလဲ အတူ ၀ိုင်းပြီး တည်ဆောက်နိုင်ပါစေလို့ မျှော်လင့် ဆုတောင်းမိပါတယ်။ ဆိုတာကို ပဲ့တင်ထပ် ဆုတောင်းသွားပါတယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

Unknown said...

Looks very good.
But the left pane is very big and the reading area is small.

Waing said...

Happy New Year.. အစ်မချိုသင်း :))))

ZT said...

မျက်စိလည်သွားတယ် အစ်မရေ။ ပျော်စရာ ကောင်းတဲ့ နှစ်သစ် ဖြစ်နိုင်ပါစေ။

kay said...

မချိုသင်းရယ်..ပြင်မယ့် ပြင်တော့လည်း.. အလန်းပဲ.. ကွန်မန့် ပေးဖို့ တောင်..မနဲ လိုက်ရှာ ရတယ်..း)

မင်္ဂလာ နှစ်သစ်ပါ လို့ သံယောင်ပြုပါတယ်..။

Bagothu said...

နှစ်သစ်မှာ မင်္ဂလာပါ ကံကော်တောမှာ မျိုးဆက်သစ်တွေ ပျော်ခွင့်ရပါစလေို့ ဆုတောင်းပါတယ်။

ကိုပေါက်စ said...

ချိုသင်းရေ.....
နှစ်သစ်မှာ..စိတ်သစ်တွေနဲ့...
အတိတ်ကညစ်ခဲ့တာတွေကို...ထားရစ်နိုင်ပါစေ..

Anonymous said...

ဘလော့ဂ်ဖွင့်လိုက်တာနဲ့ အကျီင်္အသစ်နဲ့တွေ့တော့ ပြုံးပြီး သဘောကျသွားမိတယ်၊
ခရမ်းရောင်အမည်နဲ့ အမပေါ့၊ ခရမ်းရောင်ကြိုက်တယ်လို့ ပြောဖူးတာ အမှတ်ရတယ်၊
ကံ့ကော်ပန်းတွေက ကြွနေတယ်အမ၊ ခူးယူလိုက်ချင်တော့တယ်။
ညီမလည်း အမလိုပဲ နှစ်သစ်ကို ကြည်ကြည်နူးနူး ရွှင်ရွင်လန်းလန်း ကြိုလိုက်ပါတယ် အမရေ။

Chit Lay Pyay said...

အမရေ

အင်္ကျီသစ်ကလေးက အရမ်းမိုက်တာပဲ၊

ဒါပေမယ့် တစ်ခု ၀မ်းနည်းတာက အမဘလော့ဂ်ကို အလုပ်ကနေ ကြည့်လို့ မရတော့ဘူး၊

eot မရတော့တာလားမသိဘူးနော်၊ အဲဒါလေး ပြန်ထည့်လို့ ရရင် ထည့်ပေးပါနော်၊

အမပို့အသစ်တက်တက်ခြင်း ဦးဦးဖျားဖျား ဖတ်ချင်လို့ပါ၊

ကော်ပီ ပေ့စ် လုပ်ပြီး ဖတ်ရင်တော့ ရပါတယ်၊ ဒါပေမယ့် စိတ်ထဲက ပြည့်ပြည့်၀၀ ဖတ်ရတယ်လို့ မထင်လို့၊

အမနှစ်သစ်မှာ ပျော်ရွှင်ပါစေ၊ မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ၊ အမ နဲ့ အမတို့ မိသားစုတွေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ၊

အမလဲ စာတွေ ဒီထက်မကရေးနိုင်ပါစေ၊

Rita said...

တိုးတက်ကောင်းမွန်တဲ့ ချမ်းမြေ့နှစ်သစ် ဖြစ်ပါစေ။

ချစ်ကြည်အေး said...

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ...ချိုသင်းရေ...:D
လွတ်လပ်ပြီး တရားမျှတတဲ့ လူ့ဘောင်သစ်တခုကို အတူ တည်ဆောက်နိုင်ပါစေလို့...ဆုတောင်းပါတယ်..

ပုံ
ကျီးချစ်ကြည်ဘုတ်....:D

ဂျူနို said...

တရားမျှတတဲ့ လူ့ဘောင်တခု အတူ ၀ိုင်းပြီး တည်ဆောက်နိုင်ဖို့ ဆုတောင်းပါတယ်။


မအယ်

Flower said...

အစ်မရေ..
ချစ်စရာကောင်းတဲ့ အင်္ကျီအသစ်နဲ့ အတူ နှစ်သစ်ကို မင်္ဂလာရှိစွာနဲ့ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ကိုချစ်တဲ့ သူတွေနဲ့ ကျော်ဖြတ်နိုင်ပါစေနော်..
ဒီ့ထက်ပိုပြီး စာတွေရေးနိုင်တဲ့ အင်အားတွေ တိုးပွားပါစေ..

ခင်မင်စွာဖြင့်
ချော

မေ့သမီး said...

အကျီ င်္အသစ်ကလေးအားကျတယ်။ ညီမတော့ ဘာမှမလုပ်တတ်ဘူး။ အမ Happy New Year.

:P said...

မမချိုသင်းဘလော့က ဿမိစ် ဖြစ်သွားပြီ :P

:P said...

ကောမန့်တွေ မော်ဒရိတ်လုပ်တော့မှာလား..ငှင်

နိုင်းနိုင်းစနေ said...

ဟက်ပီးနယူးရီးယား
အစ်မမိုးချိုသင်း

ကံကော်နံ့လေးက မွှေးလို့..း)

တန်ခူး said...

ချစ်တဲ့ညီမလေးအတွက် ပျော်ရွှင်ငြိမ်းချမ်းခြင်းတွေ သယ်ဆောင်လာတဲ့ နှစ်ထောင့်တဆယ်ဖြစ်ပါစေ… အကျီင်္အသစ်လေးက လှလိုက်တာချိုသင်းရေ… အောက်ခံအရောင်လေးကလဲ ဆန်းတယ်… နှစ်သစ်မှာ ကံ့ကော်ရနံ့ လေးတောင် ရလိုက်သလိုပဲ…

Unknown said...

နှစ်သစ်မှာ ဘလော့ဂ်လလလေးနဲ့ ပျော်ရွှင်စွာချီတက်နိုင်ပါစေ..

ဂျူနို said...

ကာလာတွေ အမျိုးမျိုးဆိုးတော့ ချစ်မိတာပေါ့။


မအယ်

ksanchaung said...

ဟိုက်။ အတော်အံ့သြသွားတယ်။ မင်္ဂလာနှစ်သစ်ပါ။

ခြေလှမ်းသစ် said...

အရမ်းကောင်းတဲ့ အိုင်ဒီယာပါဗျာ ကျနော်လည်း ကြိုးစား ထားရင်း ဖြစ်မလာဘူး .. မင်္ဂလာနှစ်သစ်ပါစေ အမ

pandora said...

အင်္ကျီအသစ်ကလေးနဲ့ လှနေတဲ့ဘလော့ဂ်မှာ စိတ်ထားလှတဲ့ဘလော့ဂ်ပိုင်ရှင်က လှတဲ့စာလေးတွေနဲ့ နှစ်သစ်ကို အလှဆင်ရင်း ပျော်ရွှင်အေးချမ်းပါစေ..

သက်ဝေ said...

အသွင်သစ် အမြင်သစ်နဲ့ စာမျက်နှာသစ်လေးမှာ ပိုစ့်အသစ်တွေ အများကြီးရေးနိုင်မယ့် ၂၀၁၀ ဖြစ်ပါစေ...
ချိုသင်းတို့ နှစ်ယောက်လုံး စိတ်ရော ကိုယ်ပါ ကျန်းမာ ပျော်ရွှင်သော ၂၀၁၀ ဖြစ်ပါစေ...

Andy Myint said...

Design အသစ်နဲ့ လန်းတယ်.. ကံကော်ပန်းနဲ့ဆိုတော့ မြန်မာဆန်ဆန်လေးပဲ.. Happy New Year ပါ မချိုသင်း...

tin min htet said...

မင်္ဂလာနှစ်သစ်ပါ ချိုသင်း ..
တောင်းတဲ့ဆု မတောင်းတဲ့ဆု အားလုံးပြည့်ပါစေ ..

ကလူသစ် said...

Happy New Year !!!!!!!!!!!

နွေဆူးလင်္ကာ said...

မင်္ဂလာရှိသော နှစ်သစ်ပါ။

:P said...

မော်ဒရိတ်မလုပ်တော့ဘူးနော်...
ဝပ် ဗာရီဖီကေး၇ှင်းလည်း မရှိတော့ဘူး..
ကဇွန်းပလိန်းတက်တာ များသွားလို့ ထင်တယ် :P

Nu Thwe said...

လှမှလှပဲ ချိုသင်း။ ငေးမောသွားပါတယ်း)
အားလုံးအတွက် ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံတဲ့ (၂၀၁၀) ဖြစ်ပါစေလို့လည်း ဆုတောင်းလိုက်တယ်။

မီယာ said...

အမချိုသင်း Happy new year! ဒီဇိုင်း အသစ်က အရမ်းမိုက်တယ် အမရေ... လှလွန်းလို့ စာတွေ မဖတ်သေးဘဲ ကြည့်နေမိသေးတယ်... နှစ်သစ်မှာ ချစ်ရ ခင်ရတဲ့ သူတွေအတွက် ဆုတွေ တောင်းပေးထားတယ် :)

malinnpyar said...

မင်္ဂလာရှိတဲ့ဒီနှစ်သစ်မှာ ကောင်းသောသတင်း ကောင်းသောစကားတွေပဲကြားပြီး ကောင်းတဲ့အဖြစ်အပျက်တွေနဲ့ပဲ ကြုံဆုံရပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။ ဒီ၂၀၁၀ခုနှစ်ကနေစပြီး ချစ်သောသူတွေနဲ့ စိတ်ချမ်းသာ ကိုယ်ကျမ်းမာစွာနဲ့ ငြိမ်းချမ်းပျော်ရွှင်စွာ နေနိုင်ပါစေ.

P.Ti said...

ံHappy New Year အမချိုသင်း...
ဘလော့အင်္ကျီအသစ်ကလေးကလှတယ်..

ပျော်ရွှင်ချမ်းမြေ့ပါစေ။

မမသီရိ said...

အိမ်ကလေးက လှလိုက်တာ
ကံ့ကော် နှစ်ပွင့်ကလဲ လတ်ဆတ်ပါပေ့
ပျော်ရွှင်ခြင်းတွေ ဆောင်ကျဉ်းပေးမဲ့ နှစ်သစ်ဖြစ်ပါစေ ချိုသင်းရေ

blueskyforest said...

သူများတွေလိုပဲ ဟက်ပီးနယူးယီးယားလာလုပ်ပါတယ်။
ကံ့ကော်ပန်းပန်ထားတဲ့ ဘလောဂ်ကတော့ မနာလိုစရာ ကောင်းအောင် မိုက်တယ်ဗျို့ ။
နှစ်သစ်မှာ မာစေ၊ သာစေ၊ ပျော်စေဗျား။

Maung Maung Kyaw Win said...

Happy New Year Cho Thinn!
What a lovely blog you have. I wish I have one like yours. I could update my blog only yesterday but I think I need something to decorate my blog. Please visit my blog. The address is jointus4thecause.blogspot.com
I have to ask you how to use Burmese font as I may also need to write in our language. I can type with Burmese font but I am too slow as I seldom write in Burmese. May be later I will call you to get more knowledge from you regarding Burmese font.
Best wishes to you and your family members

Crystal said...

ကံ့ကော် ပန်းကိုသုံးထားထဲက ပြောစရာမလိုအောင် လှသွားပြီ.. ရနံလေးတောင်ခံစားမိပါ၇ဲ့ .. လှည်းတန်းမီးပွိုင့်မှာ ကားတွေကြားထဲ ကံကော်ပန်းအလုအယက် တိုးရောင်းနေကြတဲ့သူတွေကိုလဲလွမ်းမိတယ်.. အလုပ်စားပွဲက ပန်းအိုးသေးသေးလေးကိုလဲ (1)နှစ်မှာတခါ ကံကော် ပွင့်ချိန်ပဲထိုးစိုက်ခွင့်ရခဲ့လို့ လွမ်းမိတယ်…
အခုကံကော်ပန်းတွေ ဝေနေတဲ့အမ ကိုလဲ တခါမှမမြင်ဘူးပေမဲ့ နှစ်သစ်ဦးမှာ လွမ်းမိတယ်….

Crystal said...

ကံ့ကော် ပန်းကိုသုံးထားထဲက ပြောစရာမလိုအောင် လှသွားပြီ.. ရနံလေးတောင်ခံစားမိပါ၇ဲ့ .. လှည်းတန်းမီးပွိုင့်မှာ ကားတွေကြားထဲ ကံကော်ပန်းအလုအယက် တိုးရောင်းနေကြတဲ့သူတွေကိုလဲလွမ်းမိတယ်.. အလုပ်စားပွဲက ပန်းအိုးသေးသေးလေးကိုလဲ (1)နှစ်မှာတခါ ကံကော် ပွင့်ချိန်ပဲထိုးစိုက်ခွင့်ရခဲ့လို့ လွမ်းမိတယ်…
အခုကံကော်ပန်းတွေ ဝေနေတဲ့အမ ကိုလဲ တခါမှမမြင်ဘူးပေမဲ့ နှစ်သစ်ဦးမှာ လွမ်းမိတယ်….

su mon said...

အင်္ကျီသစ်လေးနဲ့အစ်မမိုးချိုရေ....
နှစ်သစ်မှာစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပါစေ။

tg.nwai said...

ဟယ်တော့...နောက်ကျသွားပြီ...နှစ်သစ်ကို အင်္ကျီအသစ်လေးနဲ့ ကြိုဆိုလိုက်တာပေါ့.. တယ်လှတာပဲ..

သူများတွေထက် တပတ်လောက်နောက်ကျပြီးမှ Happy New Year လာလုပ်ရတော့တယ်..ဟဲဟဲ...

ချိုသင်းနဲ့ အတူတူ ထပ်တူထပ်မျှ ဆုတောင်းသွားပါတယ်.. ချိုသင်းတို့ မိသားစုလည်း နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ကျန်းမာကြပါစေကြောင်း...:))