သမိုင်းရေးသူများ

အဲဒီအချိန်တုန်းက ကိုယ် ၃နှစ်သမီး လောက် ဖြစ်လိမ့်မယ်။
လမ်းကို တောက်တက် တောက်တက် လျှောက်ပြီး အိမ်ထဲမှာ လျှောက်သွားနေတာ။ ကလေးပီပီ လူကြီးတွေ လုပ်သမျှ လိုက်စူးစမ်း လိုက် မှတ်နေချိန်ပေါ့။

ကလေးဆိုတော့လဲ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားနေတာတွေ လိုက်ပြောနေတော့တာလေ။ အဲဒီတုန်းက နားမလည် ပါးမလည် ဆိုဆိုနေတာက “ဦးသန့် ဗိမ္မာန် တည်ဆောက်ရေး ဒို့အရေး ဒို့အရေး” တဲ့။ ကိုယ် ဒီလို အော်လိုက်တိုင်း ကိုယ့်ကိုထိန်းတဲ့ အမကြီးက လူကြားထဲကနေ ကိုယ့်ကို ပွေ့ချီသွားရတာ။ ကိုယ်က ယက်ကန် ယက်ကန်နဲ့ ပါသွားရင်း အော်နေသေးတာ တဲ့။ အမေက ပြုံးရင်း နောင်တော့ ပြန်ပြောပြတယ်။

ဟုတ်တယ်။ ကိုယ်တို့ငယ်ငယ်က တက္ကသိုလ်ဝင်းထဲက ဆရာ၊ ဆရာမတွေနေတဲ့ အိမ်တွေမှာ မွေးခဲ့၊ နေခဲ့၊ ကြီးပြင်းခဲ့ရတော့ ဒါမျိုးတွေနဲ့ ရင်းနှီးခဲ့ရတာ မဆန်းတော့ဘူး။ အဲဒီတုန်းက အဖေက ကိုယ့်ကို ချီပြီး ကျောင်းထဲမှာ ကျောင်းသားတွေ ဟောကြတဲ့ ဟောပြောပွဲတွေကို သွားနားထောင်တတ်တယ်။ ကိုယ့်ငယ်ဘ၀မှာ အကျီင်္အဖြူလက်ရှည်ကို လက်ခေါက်ထားပြီး ကချင်ပုဆိုးဝတ်ထားတဲ့ လူငယ်လေးတွေဟာ အမြဲ လေးစားစရာ ကောင်းနေခဲ့တယ်။

တခါက မှတ်မှတ်ရရ ကိုယ်တို့အိမ်ရဲ့ ၀ရန်တာလေးမှာ အမေက ကုလားထိုင်လေးနဲ့ စာအုပ်ဖတ်နေတယ်။ ကိုယ်တို့တအိမ်လုံး အားလုံး တိုးတိုးတိတ်တိတ်ဖြစ်နေတာ ကလေးဖြစ်တဲ့ ကိုယ်တောင် ရိပ်မိနေတယ်။ ကိုယ်တို့အိမ်ရှေ့မှာ စစ်သား၀၀ကြီးတယောက်။ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတာ။

ကိုယ်ကလဲ အေးအေးဆေးဆေး စာဖတ်နေတဲ့ အမေ့ဘေးမှာ ဆော့နေမိတာ ထင်တယ်။ တော်ကြာနေတော့ စစ်သားကြီးက အိမ်သာ တက်ချင်လိုက်တာ တဲ့၊ မထိန်းနိုင်တော့သလို လက်နှစ်ဖက်ကို စုံခါပြီး အိမ်ရှေ့မှာ လျှောက်နေတယ်။ ကိုယ်ကလဲ အမေ့ကို တလှည့်၊ သူ့ကို တလှည့် ကြည့်လို့။ သူများကို အမြဲကူတတ်တဲ့အမေက ဘာဖြစ်လို့ တံခါး မဖွင့်ပေးပါလိမ့်။

အမေက စာအုပ်ကို ပိတ်၊ အေးအေးဆေးဆေးပဲ အိမ်ထဲကို ၀င်သွားတယ်။ လာ လာ သမီး၊ အိမ်ထဲကို ၀င် တဲ့။ နောက်တော့မှ ကိုယ် နားလည်ရတာ။ ကိုယ်တို့ အိမ်သာရဲ့ အပေါ် ထပ်ခိုးမှာ၊ ကိုယ်တို့ အိမ်အောက်မှာ တိတ်တိတ်လေး ပုန်းနေကြတဲ့ အသက်ကိုတောင် ပြင်းပြင်း မရှူရဲတဲ့ ပြေးလာကြတဲ့ ကျောင်းသားတွေ၊ ဦးပဉ္ဖင်းတွေ။

စစ်ဖိနပ်တွေနဲ့ လားလားမှ မဆိုင်တဲ့ တက္ကသိုလ်မြေကို နေ၀င်း စစ်တပ်က စီးနင်းခဲ့ပြီလေ။

လက်နက်ရှိတဲ့လူတွေရဲ့ အနိုင်ကျင့်မှုက ပြေးခဲ့ရလို့ တချို့က ခြေထောက်တွေ ကွဲ၊ သွေးတွေဖြာကျလို့။ အိမ်နောက်ဖေး တံခါးကို လျင်လျင်မြန်မြန်ပဲ ဖွင့်လိုက်ကြတယ်။ အိမ်ထဲကို တချို့ သုတ်သုတ် ၀င်လာပြီး ထပ်ခိုးပေါ်တက်၊ ကုတင်အောက်ထဲ ၀င်ပြီး ငြိမ်ငြိမ်လေး သူတို့နေကြတယ်။

ညီမလေး..အကိုတို့ကို ရေလေး တခွက်လောက် တိုက်ပါ တဲ့။ ကိုယ်က ကလေးပီပီ ပြေးပြီး သောက်ရေအိုးစင်က ရေကို ကြေးခွက်လေးနဲ့ ခပ်၊ အိမ်အောက်မှာ ပုန်းနေတဲ့ အကိုကြီး အမကြီးတွေဆီ သွားပေးရတယ်။ ဒါကို အမတွေက ဧည့်သည်တွေလာမှ ထုတ်တိုက်တဲ့ ဖန်ခွက် အသစ်တွေ ထုတ်၊ ရေစင်စင်ဆေးပြီးမှ ရေထည့်တိုက်တယ်။

အဲဒီအချိန်မှာပဲ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အသံတွေ မိုးခြိမ်းသံလို ကြားလိုက်ရတယ်။ တခြားနေရာမှာ ပုန်းနေကြတဲ့ ကျောင်းသားလေးတွေ တချို့ မိကုန်ပြီလေ။ ကိုယ်တို့လဲ ကြောက်လိုက်၊ စိတ်ပူလိုက်တာ မပြောပါနဲ့တော့။ ဘာနဲ့မှ မတူတဲ့ ဆိုးဝါးတဲ့ ခံစားမှုတွေပါပဲ။

ဟေ့ကောင်တွေ ထွက်ခဲ့စမ်း။ တော်တော်အလုပ်ရှုပ်တဲ့ ကောင်တွေ၊ ချစမ်းကွာ၊ ဆော်စမ်းကွာ။ မင်းလားကွ ဒို့အရေး အော်တာ။ မင်းလားကွ ကျောင်းသား သမဂ္ဂ အဆောက်အဦ ဆောက်ချင်တာ။ မင်းလားကွ သမဂ္ဂဖွဲ့ချင်တာ။ လုပ်ချင်အုံး၊ အော်ချင်အုံး တဲ့။

ခုနက ဥာဏ်ဆင်ပြီး အိမ်သာတက်ချင်လွန်းတဲ့ စစ်သား၀၀ကြီးက မျက်နှာလိုအားရ သေနတ်ဒင်နဲ့ ချတယ်။ ခေါင်းမှာ သွေးတွေက ဖြာကနဲ။ အိမ်အောက်မှာ ပုန်းနေတဲ့ ကျောင်းသားတွေ၊ ဘုန်းကြီးတွေ ကိုယ်တို့ ခြံထိပ်မှာ ရပ်ထားတဲ့ ကားအပြာကြီး ထဲ ထိုးကြိတ်ပြီး သူတို့ ထည့်လိုက်ကြတယ်။

“အိမ်ထဲမှာ ဖွက်ထားတာရှိရင် ထုတ်၊ ဖွက်ပေးထားတဲ့လူပါ ဖမ်းမှာနော်” တဲ့။ ကိုယ့်အမေက သူ့မျက်နှာကို ခပ်အေးအေးပဲ ကြည့်နေခဲ့တယ်။ အိမ်တံခါးကတော့ ဧည့်ဆိုးတွေအတွက် သော့ခတ်ထားဆဲ။

လူခြေပါးချိန်မှ အဖေ့အ၀တ်အစား တွေ ထုတ်၊ ထပ်ခိုးပေါ်က ကျောင်းသားတွေကို အကျီ င်္လဲစေတယ်။ သူတို့ အကျီ င်္တွေက ချွေးတွေ ရွှဲပြီး ညစ်ပတ် ပေကျံနေတာလေ။ ဖိနပ်မပါဘဲ ပြေးလာကြတဲ့အတွက် အိမ်မှာ ရှိတဲ့ ဖိနပ်တွေ ပေးလိုက်ကြတယ်။ အဖေက လက်ဆွဲပြီး တယောက်ချင်း ခေါ်၊ အိမ်ကို လာလည်တဲ့ ဧည့်သည်တွေ ပြန်လိုက်ပို့သလိုလို နဲ့ ဆရာဆောင် နောက်က တက္ကသိုလ်ဘော်လုံးကွင်းကတဆင့် လွတ်ရာ ကျွတ်ရာကို ပို့ပေးလိုက်တယ်။

ကိုယ်တို့ အိမ်နီးနားချင်း ဆရာ၊ ဆရာမတွေ အိမ်မှာလဲ တချို့က ၅ယောက်၊ တချို့က ၃ယောက်။ ညနေစောင်းမှ၊ တိတ်တိတ်ဆိတ်ဆိတ် စိတ်ချရပြီဆိုမှ လွှတ်လိုက်ကြတယ်။ တယောက်နဲ့ တယောက် နားလည်တဲ့ အကြည့်တွေနဲ့။ ဘယ်သူက ဘယ်လို ဖွက်ထားပေးကြတာ ပြောမနေကြဘူး။ အားလုံးရဲ့ မျက်ဝန်းမှာ ကိုယ့်သားသမီးတွေ ဘေးကင်းရာမှ ရောက်ပါ့မလားလို့ စိုးရိမ်ပူပန်စိတ်တွေက အထင်းသား။

အဲဒီအချိန်တုန်းက ကျောင်းသားတွေက ကိုယ်တို့ ဦးလေး အဒေါ်တွေ အရွယ်။ နောက် ကိုယ်တို့ အကိုတွေ အမတွေ အရွယ်၊ နောက် ကိုယ်တို့ ညီတွေ ညီမတွေ အရွယ်။ ခေတ်အဆက်ဆက် ကျောင်းသူ ကျောင်းသားတွေဟာ မတရားတဲ့ အမိန့် အာဏာကို ဖီဆန်ခဲ့ကြတယ်။ အာဏာရှင်စနစ်ကို လက်မခံကြောင်း သတ္တိရှိရှိ သူတို့ပြခဲ့ကြတယ်။

+++++++++++++++++++++++++++

ကိုယ်တို့ခေတ်မှာ နိုင်ငံကို ချစ်လို့ ကိုယ်ကျိုးစွန့် နေကြတဲ့ သူရဲကောင်းတွေ အများကြီး။ တဦးချင်းစီကို မှတ်တမ်းတင်ဖို့ရာ ကိုယ့်နှလုံးသားက ကျယ်ပြန့် နွေးထွေးပါတယ်။ အဲဒီအထဲက ကိုယ်နဲ့ တခါမှ အပြင်မှာ မတွေ့ဖူး၊ လူချင်း မသိပေမဲ့ သူ့လုပ်ရပ်တွေကို စိတ်ထဲမှာ စွဲနေမိတဲ့ ကျောင်းသားခေါင်းဆောင် တယောက်အကြောင်း ရေးချင်မိတယ်။

သူက ကိုဌေးကြွယ်။ အသား ညိုညို၊ အပြုံး ကြည်ကြည်နဲ့ ခပ်ပိန်ပိန်ပါးပါး လူတယောက်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တယောက်။ ၈၈ အရေးတော်ပုံကနေ လူထု တိုက်ပွဲထဲကို ရဲရဲရင့်ရင့် ပါဝင်လာခဲ့သူ တယောက်။

သူ့ရဲ့ လူငယ်ဘ၀မှာ ဂစ်တာတီးရင်း၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း၊ သီချင်းနားထောင်ရင်း ပျော်ပျော်ရွှင်ရွှင် ကုန်မဲ့အချိန်တွေထဲ တိုင်းပြည် စစ်ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် သူ့အချိန်တွေကို ဖဲ့ပေးခဲ့သူတွေထဲက တဦးပေါ့။ တန်ဖိုးရှိတဲ့ ငယ်ဘ၀ အချိန်တွေထဲမှာ ဆယ်စုနှစ်တနှစ်ကျော် ကြာအောင် (၁၄နှစ် ကျော်) ထောင်ထဲမှာ နေခဲ့ရပြီးသူ။ အခုလက်ရှိလဲ နောက်တကြိမ် ထောင်နန်းစံနေရသူ။

ကိုယ် သူ့ကို လူချင်းတော့ မသိခဲ့ဘူး။ တွေ့ဖို့လဲ အကြောင်းမတိုက်ဆိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ စကားတွေ၊ ဆွေးနွေးချက်တွေက တဆင့် သူ့ကို သိခဲ့ရတယ်။ သူရဲ့စကားတွေက ပျော့ပြောင်းတယ်၊ ဒါပေမဲ့ သူ့ခံယူချက်က ပြတ်သားတယ်။ သူ့မှာ တိုင်းပြည်အေးချမ်းဖို့ အတွက်ဆိုရင် ရန်သူကိုလဲ မိတ်ဆွေလို လက်ခံနိုင်တဲ့ အမြင်ရှိတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ သူ့ရပ်တည်ချက်ကို အလျော်အစားပေးမဲ့သူမျိုး မဟုတ်တာလဲ သေချာတယ်။

နိုင်ငံရေးဆိုတာ ရှုပ်ထွေးချင် ရှုပ်ထွေးမှာပဲ။ အယူအဆ တိုက်ပွဲတွေ ကိုယ့် အချင်းချင်းကြားမှာ ဖြစ်ချင်ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ တိုင်းပြည်ချစ်စိတ်နဲ့ သူတို့ သွေးစည်း ခဲ့ကြတယ်။ ခေါင်းချင်းဆိုင် တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ပြည်သူတွေအဖို့ မွေးရကျိုးနပ်တဲ့ သားကောင်းရတနာတွေ ဖြစ်ခဲ့ပါတယ်။



“၈၈ မျိုးဆက်ဟာ ဘာတွေလုပ်ခဲ့လဲလို့ ပြောရင် ကျနော်တို့ဟာ အငြိမ်းချမ်းဆုံးနဲ့ အညင်သာဆုံး အသွင်ကူးပြောင်းနိုင်ရေးအတွက် ကြိုးပမ်းခဲ့တယ်ဆိုတာကို ကျနော် ခိုင်ခိုင်မာမာ ပြောလိုပါတယ်” လို့ ကိုဌေးကြွယ်က သူတို့သဘောထားကို အဓိပ္ပါယ် ဖွင့်ခဲ့တာပါ။

ဆန္ဒက ဒီလိုဆိုပေမဲ့ အခြေအနေက မပေးလာခဲ့ရင်လဲ ပြတ်ပြတ်သားသား ဆုံးဖြတ် ပြောဆိုခဲ့တယ်။ “တခြားရွေးစရာ လမ်းမရှိတော့ဘူး ဆိုရင်တော့ အရိုးတွေ တောင်လိုပုံမှပဲ တည်ဆောက်လို့ရတော့မယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ မျိုးဆက်သစ်တွေဟာ ပေးဆပ်ဖို့ အဆင်သင့်ပါပဲ” တဲ့။

သူ အမှာစကား ပါးလိုတာက “ဒိထက်ပိုပြီး ညီညွတ်မယ်၊ ဒိထက်ပိုပြီး ကြိုးစားမယ်၊ ဒိထက်ပိုပြီး ရဲရင့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျက်ကို ပျက်သုဉ်းရမယ်ဆိုတာ သေချာပါတယ်” တဲ့။

ကိုယ်သူ့ကို အမှတ်ရဆုံးနဲ့ အလေးစားမိဆုံး အချိန်တွေ ပြောပြချင်သေးတယ်။ အဲဒီအချိန်တွေက ၂၀၀၇ စက်တင်ဘာတော်လှန်ရေးတုန်းကပါ။ အဲဒီတုန်းက လောင်စာဆီ သပိတ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ လမ်းလျှောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေချိန်။ လူထုခေါင်းဆောင် ကလည်း နေအိမ်အကျယ်ချုပ် ကျနေချိန်။

အဲဒီအချိန်မှာ စစ်တပ်က လက်ဦးမှု ယူပြီး ကျောင်းသားခေါင်းဆောင်တွေ၊ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကို တညတည်းမှာပဲ ဖမ်းဆီးလိုက်ခဲ့တယ်။ အဲဒီအချိန်မှာ ကိုဌေးကြွယ် ကံကောင်းထောက်မစွာ အဖမ်းမခံခဲ့ရဘူး။ ရှောင်တိမ်းနေခဲ့တာပါ။

လူထုကလဲ အထွေထွေ အကြပ်အတည်းကြောင့် မကျေနပ်ဘူး။ မီးခဲပြာဖုံး အခြေအနေ။ စနက်တံကို မီးရှို့မဲ့သူ လိုနေတယ်။ ပြတ်သားတဲ့ ခေါင်းဆောင်မှု အရေးတကြီး လိုနေပါတယ်။ လူထုက အကြောက်တရားတွေ၊ ဖိနှိပ်မှုတွေရဲ့ အောက်က မရဲတရဲ ခေါင်းပြူပြီး ကြည့်နေတဲ့အချိန်မှာ ခေါင်းဆောင်တွေ ပါသွားတော့ ဘယ်လိုနေမလဲ စဉ်းစားသာ ကြည့်ပေတော့။

အဲဒီအချိန်မှာ ပြည်သူက သူ့ကို လိုအပ်ခဲ့တယ်။ လိုအပ်တဲ့အတိုင်း ကိုဌေးကြွယ်က ဦးဆောင်မှု ပေးနိုင်ခဲ့တယ်။ မမီးမီးက လူထုရှေ့က ရပ်ခဲ့တယ်။ မနီလာသိန်းက ရှေ့ဆုံးကနေ ပါခဲ့တယ်။ သာသနာကို စောင့်ရှောက်တဲ့ သံဃာင်္တော်တွေကို ငြိမ်းချမ်းစွာ မေတ္တာပို့နိုင်ဖို့ လူထုကို မေတ္တာရပ်ခံရင်း စည်းရုံးခဲ့တယ်။ သူတို့အသံတွေ လေလှိုင်းမှာ ပျံ့လွင့်နေခဲ့တယ်။ မေတ္တာပို့သံနဲ့ လွှမ်းခြုံတဲ့၊ မတရားတာကို ဆန့်ကျင်တဲ့ လှပမှုတခု ဖြစ်ခဲ့ပါတယ်။

“ကျနော်တို့ရဲ့ ရင်းနှီးသမျှ ပေးဆပ်သမျှဟာ သဲထဲ ရေသွန် ဖြစ်သွားမှာ မဟုတ်ဘူး။ အချည်းနှီး မဟုတ်ဘူး။ လူမိုက်တွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ နိုင်ငံရဲ့ စနစ်တခုကို ပြောင်းလဲချင်တဲ့ နိုင်ငံသားတွေရဲ့ လေးနက်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်” လို့ ကိုဌေးကြွယ်က ရိုးသားစွာ ပြောခဲ့တာ ကိုယ့်နားထဲ စွဲနေခဲ့တာပါ။ သူ့ရဲ့ လွတ်မြောက်ခြင်းဟာ အမှန်တရား ရှင်သန်ခြင်းပါ။

အဲဒီအချိန်တွေဟာ ကိုဌေးကြွယ်ရဲ့ အခက်အခဲဆုံးအချိန်တွေထဲက တခု ဖြစ်မှာ အသေအချာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူသိပ်ချစ်တဲ့ သူ့အမေက သူ့ဘ၀ရဲ့ နောက်ဆုံး အချိန်တွေကို ရင်ဆိုင်နေရလို့ပါပဲ။ ကိုဌေးကြွယ်ရဲ့ အသံတွေကို ပြည်သူတွေ ရေဒီယိုတွေက နားထောင်နေသလို သူ့အမေကလဲ အိပ်ယာထဲကနေ နားထောင်ရင်း သူ့သားလေး လွတ်မြောက်နေသေးတယ်လို့ စိတ်မှန်းနဲ့ သိနေရသူပါ။

အမေချစ်တဲ့ သား..။ သူ့လိုအပ်ချက်တွေကို အရိပ်ကြည့် ဖြည့်ဆည်းပေးနေသူ အမေ..။ အမေ့ နောက်ဆုံး အချိန်မှာ ဘယ်လို စိတ်နဲ့များ အဝေးမှာ နေနိုင်ပါလိမ့်မလဲ။ အပြေး လာတွေ့ချင်မှာပေါ့။ လွတ်လွတ်လပ်လပ် သားအမိ တွေ့ခွင့်၊ ပြုစုခွင့်ကို တမြို့တည်း နေနေရပေမဲ့ အာဏာရှင်စနစ်ကြီးက တံတိုင်းခြားလိုက်တယ်။ တိုင်းပြည်ချစ်စိတ်နဲ့ ဘ၀ကူးခါနီး အမေရဲ့ ဝေးရာမှာ အလုပ်လုပ်ရင်း နေခဲ့ရတယ်။

သူ့ဓာတ်ပုံတွေ ရပ်ကွက်တိုင်း မြို့နယ်တိုင်းရဲ့ နေရာ အနှံ့အပြားမှာ ကပ်ပြီး ဆုငွေ ထုတ်စေကာ အာဏာရှင်ရဲ့ နံပါတ် (၁) ရန်သူ ဖြစ်ကြောင်း သိသာစေခဲ့တယ်။

နောက်တော့ အမေနားထောင်နေကျ ရေဒီယိုလေးဟာ အသံတိတ်သွားခဲ့ပြီ။ မီးပျက်လို့၊ ရေဒီယိုပျက်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူ့သားလေးရဲ့ သတင်းဆိုးကို အမေ့ကို ဖုံးကွယ်ေ၀၀ါး မှောင်ချလိုက်ကြတယ်။ အမေ သိပါတယ်။ ကောင်းကောင်း ရိပ်မိပါတယ်။ “အော်..ဒီကလေးကို အမေ ဘာလို့များ မွေးမိပါလိမ့်၊ ဒုက္ခရောက်လိုက်ရရှာတဲ့ သားရယ်” လို့ အိပ်ယာထဲက ရေရွတ်ရှာသတဲ့။ နောက်တော့ အမေ ရှင်ရက်နဲ့ ပြန်တွေ့ခွင့် မသာတော့ပါဘူး။

ခက်ခဲကြမ်းတမ်းတဲ့ သူရဲကောင်း မှတ်ကျောက် စစ်ကြောရေးစခန်း အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးချိန်မှာ သူချစ်တဲ့ သူငယ်ချင်းရဲဘော်တွေနဲ့အတူ နိုင်ငံတော်က ကိုဌေးကြွယ်ကို ဆုတံဆိပ် ချီးမြှင့်လိုက်တယ်။ ရခိုင်၊ ဘူးသီးတောင် ထောင်မှာ ထောင်ဒဏ် (၆၅)နှစ် တဲ့။

++++++++++++++++++++++++++++++++++++++++

ဒီနေ့ဟာ ဇူလိုင် (၇)ရက်နေ့။ ခေတ်အဆက်ဆက်က ကျောင်းသားတွေဟာ မတရားတဲ့ အာဏာရှင်စနစ်ကို အဆင့်ဆင့် ပုခုံးပြောင်း ဆန့်ကျင် တော်လှန်ခဲ့ကြတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံကြီးကို အာဏာရှင် နေ၀င်း အစိုးရအဖို့ သူပုန်စခန်းရယ်လို့ မှတ်ချပြု အငြိုးထား၊ ဒိုင်းနမိုက်နဲ့ ဖြိုချခဲ့တဲ့ ဖျက်မရတဲ့ သမိုင်းအမည်းစက်ဟာ ဒီနေ့ပေါ့။

ဒီနေ့မှာ ကိုယ်ဟာ သူရဲကောင်းတွေ ပေါများလှတဲ့ ကိုယ်တို့တိုင်းပြည်က အညတရ သူရဲကောင်းလေးတွေကို ဦးညွှတ် အလေးပြု လိုက်ပါတယ်။ သူတို့အသက်၊ သွေး၊ ချွေးတွေ၊ သူတို့စွန့်လွှတ်မှုတွေကြောင့် သူတို့ချစ်တဲ့ အမှန်တရားဟာ တနေ့တော့ အရာထင်လာရမှာ ဧကန်မုချပဲ။

ကိုယ်တို့ရဲ့ ခေတ်အဆက်ဆက် သူရဲကောင်းမှတ်တမ်းကြီးမှာ သူတို့ဟာ သူတို့နံမည်လေးတွေကို ထွင်းထု သွားခဲ့ပြီ။
ကိုယ်တို့ထက် ကြီးတဲ့လူကြီးတွေက ဒီမှတ်တမ်းကြီးကို အသိအမှတ်ပြု လေးစားသမှုနဲ့ ရင်မှာ အပ်ကြလိမ့်မယ်။
ကိုယ်တို့တတွေကတော့ ချစ်ခင် လေးမြတ်မှုတွေနဲ့ အရိုအသေ ပေးရလိမ့်မယ်။
ကိုယ်တို့ထက်ငယ်တဲ့ လူငယ်တွေကလဲ အားကျ ကြည်ညိုစိတ်တွေနဲ့ မှတ်တမ်းကြီးကို ဆက်ဖတ်ကြ၊ ဆက်ရေးကြလိမ့်မယ်။

မှတ်တမ်းတခုလုံး မျက်ရည်တွေ သွေးတွေ စွန်းပေလို့ပါလား။ ။



မိုးချိုသင်း

(စာပါ အင်တာဗျူး အချက်အလက်များကို အင်တာနက် သတင်းဝက်ဘ်ဆိုက်ဒ်များမှ ယူပါသည်။)

57 comments:

ကိုလူထွေး said...

ကျောင်းမှာတုန်က ဆရာကပြောဖူးတယ်
မင်းတို့ အလုပ်လုပ်ရင် လုပ်အားခအနေနဲ့ လစာရတယ်..
အခုကျောင်းသားဘဝမှာတော့ လုပ်အားခအနေနဲ့ အမှန်ခြစ်တွေ ရတယ်... တဲ့

စစ်အစိုးရကတော့ ထွန်းပြောင်တဲ့ ခေါင်းဆောင်တွေကို ထောင်ဒဏ်အမြင့်ဆုံးတွေ ချမှတ်ပြီး တန်ဖိုးသတ်မှတ်ပေးနေတော့ ဒီကျောင်းသားတွေဟာ ထူးချွန်တဲ့ သူရဲကောင်းတွေပါလို့ ဝန်ခံရာရောက်နေသလိုပဲပေါ့...

ဂျူနို said...

မြန်မာပြည်လွတ်မြောက်ဖို့အတွက် လူတွေရဲ့ အရိုးတွေ တောင်လိုပုံမှ ရမယ်ဆိုရင် ငါတို့ ကျောင်းသားတွေရဲ့ အရိုးက ဟိုးအောက်ဆုံးမှာ ရှိနေမယ်...

(ကျောင်းသားခေါင်းဆောင် ကိုလှရွှေ)

တိုင်းပြည် လွတ်မြောက်ဖို့အတွက် ပေးဆပ်နေတဲ့ ကိုဌေးကြွယ်နဲ့ ကျောင်းသားတွေကို ဦးခိုက်သွားပါတယ်

မအယ်

မေငြိမ်း said...

တကယ်ပဲ ဖတ်ရင်း မျက်ရည်ကျတယ်..။

MieMie said...

မျက်ရည်တွေ သွေးတွေ စွန်းထင်းနေတဲ့ မှတ်တမ်းတွေ အားလုံးကို ဖတ်ရှုခံစားရတာ ဆို့နင့်ကြေကွဲမိနေဆဲပါ....
သူရဲကောင်းများအားလုံးကို အစဉ်ဦးညွှတ်ဂုဏ်ပြုလျက်ပါ.....

mie nge

Unknown said...

တကယ်ပဲ ချီးကျူးစရာကောင်းတဲ့လူတွေ။ ကိုယ်လုပ်တာ လူတကာ
သိအောင်ကြွားဝါစိတ်၊ ဂုဏ်လုပ်ချင်စိတ်
မရှိပဲ အနစ်နာခံ၊ ပေးဆပ်တတ်တဲ့ စိတ်ဓါတ်တွေ.. လေးစားဖို့ကောင်းတယ်

ကိုပေါ said...

ကောင်းလိုက်တာဗျာ။ ကြေကွဲရသလို ကိုဌေးကြွယ်အကြောင်းကိုလည်း လေးစားစဖွယ် ဖတ်ရှုနားလည်ရပါတယ်။

ဒါမျိုးလေးတွေ မကြာခဏ ရေးပါလို့ တိုက်တွန်းချင်ပါတယ်။

Anonymous said...

ဖတ်ရင်းနဲ့ မျက်ရည်ကျမိတယ်
မျှဝေပေးတာကျေးဇူးပါ..မမ
ဝမ်းနည်းစရာကောင်းလိုက်တာ
မြန်မာပြည်လွတ်မြောက်ဖို့ 
အသက်နဲ့စတေးခဲ့ကြတဲ့
ရဲဘော်များအားလုံးကို
ဦးခိုက်ဂါဝရပြုသွားပါတယ်
ဟုတ်ပါတယ် ဒါမျိုးလေးတွေ
များများရေးပေးစေချင်တယ်မမရယ်
တချို့ တွေကပြေားနေကြတယ်
ဒါတွေဖြစ်ခဲ့ပါတယ်ဆိုတာ
သိတောင်မသိကြဘူးတဲ့လေ

လေးစားစွာဖြင့်
မြူးလေး

ရေတမာ said...

ဖတ်ရင်း ကြေကွဲဆို့နင့်ရပါတယ်....
အခုလို နောင်မျိုးဆက်တွေ သိအောင်ပြောပြပေးတဲ့ အတွက် ကျေးဇူးပါ..

နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ပါစေ
မည်သူ မည်သူမျှ မ စတေးဘဲနဲ့ လွတ်လပ်ရေးအမြန်ဆုံး ပြန်ရပါရစေ

kiki said...

ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ 
ရက်စက်ကြမ်းကြုတ်မှုတွေကို
မျက်ဝါးထင်ထင် မြင်လိုက်ရတယ် ။
ရင်ထဲ ဆို့နစ်လာမိတယ် ။
သူတို့ သွေးရင်းသားရင်းဆို
ဒီထက် အဆပေါင်းများစွာ
ပို ခံစားကြေကွဲ ရပေမယ် မချိုသင်းရယ် ..

သမိုင်းကြောင်းနဲ့ သမိုင်းရေးသူများကို
တင်ပြပေးတဲ့ မချိုသင်း ..ကျေးဇူးတင်ပါတယ်။

မြန်မာပြည်ကြီး တိုးတက်သာယာရေးအတွက်
အသက်ပေးဆက် သွေးနဲ့ သမိုင်းရေးခဲ့ကြတဲ့
ကျောင်းသား ပြည်သူ အားလုံးတို့ ကို
လေးစားစွာ ဦးညွှတ်ပါ၏ ။

Su said...

ဖတ်ရင်း မျက်ရည်တောက်တောက်ကျရပါတယ်

tin min htet said...

ဟိုးအရင်ကတခါ
အရင်ကတခါ
မကြာသေးခင်ကတခါ
အခု တခါ
နောက်ထပ်ဘယ်နှစ်ခါ ..

Anonymous said...

ကိုဌေးကြွယ်တို့ ညီအကိုဟာ.... မြန်မာပြည်ရဲ့ ခေတ်သစ် အာဇာနည်တွေပါဗျာ။ လေးစားစရာ ကောင်းသလို၊ ဂုဏ်ယူစရာလဲ ကောင်းပါတယ်။ ဒီနေရာကနေ ထပ်ပြီး အလေးပြုလိုက်ပါတယ်။ အာဇာနည်မျိုး သေရိုးမရှိ....

မေဇင် said...

အမ..ဖတ်နေရင်း နဲ့ ကိုဌေးကြွယ် နဲ့ သူ့ အမေ ရဲ့ ပုံရိပ် ကိုမြင်ယောင်ပြီး ရင် ဆို့ နေမိပါတယ်... အမေ ပြောလိုက်တဲ့ စကား လေးကို ဖတ်မိတော့ မျက်ရည် မဆည်နိုင်ပါဘူး အစ်မ ရယ်..။ အများကြီးပဲ နော်..အဲ့လို လူတွေ အများကြီးပဲ... တန် ဖိုးရှိတဲ့ အချိန်တွေ အထဲမှာ ကုန်ဆုံးနေရတယ်..။ တွေးရင်း ၀မ်းနည်းရင်း...

Thant said...

ဖတ်ရင်းနဲ့မျက်ရည်ကျမိတယ် ။ သူရဲကောင်းမှတ်တမ်းကြီးတဲ့လားအစ်မရယ် ။ သူတို့အတွက် တကယ်ကို ဂုဏ်ယူမိပါတယ် ။

မေ့သမီး said...

လေးစားဖို့ကောင်းတဲ့သူတွေအကြောင်းကို ဖတ်မိရင် ကိုယ်ကိုယ်တိုင်ဘာမှမလုပ်နိုင်ဘဲ ဘေးမှာပွဲကြည့်ပရိသတ်ဖြစ်နေရတာကို တကယ်ရှက်မိတယ်။

ခြေလှမ်းသစ် said...

ခေါင်းဆောင်ပီသတဲ့ ၈၈ ကျောင်းသားများကို ဒီနေရာ ကနေ ဂါရ၀ ပြုလိုက်ပါတယ် မိမိရဲ့  တိုင်းပြည်နှင့် လူမျိုး အတွက် အသက်ကိုတောင် ပဓါန မထားပဲ အမှန်တရား သစ္စကို ကိုင်ဆွဲကာ တိုက်ပွဲဝင်နေတဲ့ ကိုဌေးကြွယ်ကို ဒီနေရာကနေ ကန်တော့လိုက်ပါတယ်ဗျာ..

P.Ti said...

စွန်းခဲ့တဲ့သွေးတွေ အချည်းနှီးမဖြစ်ရလေအောင် မျိုးဆက်တိုင်းသိအောင် တရားဝင် သမိုင်း မရေးနိုင်သရွေ့ အခုလို လက်ဆင့်ကမ်း မှတ်တမ်းတင်ရမယ်။ ၈၈ ကျောင်းသားတွေ ခေါင်းဆောင်ကောင်း ပီသလှပါတယ်။

Nyi Nyi said...

Dear Ma Moe Cho,

This is my first comment on your blog, I wanna write something about Ko Htay Kywe, I met with him 4 or 5 times in person during 2006, 2007. As you said, he is a vsoft spoken ,a good speaker and a very determined person. He can speak very well not only in Myanmar but in English. He and Ashin Gambira really can lead in 2007 uprising when Min Ko Naing and others are arrested. Most of his time are in prison, but he learned and studied a lot when he is out of prison, we sit teashop together 3 or 4 times together, and I helped him for some confidential things as much as I can. We lost contact each other when I started working for one NGO as I was busy and he might think I was afraid to contact him. He understand well about normal people and he never ask my phone number and give his number. The last time I saw him was July, 2007, he is under close eye of SB, intelligence. When I was sitting and drinking yoghurt with my friend, I saw him on the taxi and tried to greet him. He dropped off and sat with me and just talked about personal things. He might have something to talk to me at that time, but I did not ask anything at that time and I feel regret for that now. I should have asked him how can I contact him and I could help him when he was hiding. At that time, when I heard his interview on radio stations, I am worried a lot for him and I wanna give a shelter for him but I don’t know where he was. Because I am not from a political background, I think I can help him and no body can trace .But now all is over and I feel sad because I did not ask him for how I can help him when I met with him last time.

Myo Win Zaw said...

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပါစေ လို့ ဆုတောင်းလျက်

ATN said...

ပြည်သူ့အကျိုးဆောင်သူများသာ သူရဲကောင်းများဖြစ်သည်....
သူရဲကောင်းစိတ်ဓါတ် အဓွန့်ရှည်ပါစေ...
သူရဲကောင်းများ ထာဝရတည်တန့်ပါစေ...

weik.zar said...

အနင့်နာခံမှု့၊သည်းခံစိတ်၊ကိုယ်ကျင့်သီလ၊အမြော်အမြင်၊အတတ်ပညာတွေနဲ့ပြည့်စုံပြီး၊သာမန်ပြည်သူပြည်သားတွေရဲ့ဘဝကိုတိုးတက်စေချင်တဲ့
ခေါင်းဆောင်ကောင်းတယောက်ပေါ့ဗျာ။

Anonymous said...

မရေ.........

နောက်တခေါက်လာဖတ်ပြီးခံစားသွားတယ်
အားလုံးရဲ့ ကော်မန့် တွေဖတ်ပြီးထပ်ငိုသွားတယ်
အမိမြေတွက်ဒီလိုစိတ်ဓါတ်လေးတွေ ရှိနေကြတဲ့
အပေါ်ကမောင်နှမတွေအားလုံးရဲ့စာဖတ်မိတော့
ပိုပြီးဆို့ နှစ်သွားတယ်

ကဗျာရေးသူကိုသိပါတယ်
မမလဲသိပါတယ် သူကပြေားတယ်တရော် ဆိုသိပါတယ်တဲ့လေ
အခက်ခဲလေးတခုကြောင့် သူ့ နာမည်မဖော်ခိုင်းတာပါ
ဦးလူထွေးကြီးသိပါတယ် မမမေးကြည့်လေနော်....မမ

ခင်မင်လေးစားလျှက်
မြူးလေး

Nge Naing said...

အစ်မရေ- ကိုဌေးကြွယ်နဲ့ လက်ရှိထောင်တွင်း ရောက်နေတဲ့ ၈၈ မျိုးဆက်အတော်များများရဲ့ ပေးဆပ်မှုတွေ အကြောင်းကို သိသင့်သလောက် သိပြီးသား ဖြစ်ပေမယ့် အစ်မရေးထားတဲ့ အရေးအသားနဲ့ အကြောင်းအရာ နှစ်ခုကို ပေါင်းစပ်ပြီး မျက်ရည်ကျမတတ်ကို ခံစားရပါတယ်။

Nge Naing said...

အစ်မရေ- ကိုဌေးကြွယ်နဲ့ လက်ရှိထောင်တွင်း ရောက်နေတဲ့ ၈၈ မျိုးဆက်အတော်များများရဲ့ ပေးဆပ်မှုတွေ အကြောင်းကို သိသင့်သလောက် သိပြီးသား ဖြစ်ပေမယ့် အစ်မရေးထားတဲ့ အရေးအသားနဲ့ အကြောင်းအရာ နှစ်ခုကို ပေါင်းစပ်ပြီး မျက်ရည်ကျမတတ်ကို ခံစားရပါတယ်။

Nge Naing said...

အစ်မရေ- ကိုဌေးကြွယ်နဲ့ လက်ရှိထောင်တွင်း ရောက်နေတဲ့ ၈၈ မျိုးဆက်အတော်များများရဲ့ ပေးဆပ်မှုတွေ အကြောင်းကို သိသင့်သလောက် သိပြီးသား ဖြစ်ပေမယ့် အစ်မရေးထားတဲ့ အရေးအသားနဲ့ အကြောင်းအရာ နှစ်ခုကို ပေါင်းစပ်ပြီး မျက်ရည်ကျမတတ်ကို ခံစားရပါတယ်။

သက်ဝေ said...

Really painful to read...!!!

မမသီရိ said...

စွန့်ဝံ့သူတို့ နှလုံးသား ကို လာရောက်ဦးညွှတ်ပါတယ် ညီမရေ

တိုင်းပြည်အတွက် သူရဲကောင်းလေး ရဲ့ အမေက
သားကိုချစ်တဲ့ စိတ်ကြောင့် ရင်ထုမနာ မြည်တမ်းခဲ့ပေမဲ့
မျက်ရည်တွေ ကြားထဲ ဂုဏ်ယူနေခဲ့ မှာပါ

ဒီ comment ကလဲပဲ မျက်ရည်စွန်းတဲ့
comment ဖြစ်ခဲ့ပြီ

၅ ကြိမ်မြောက် လာပြီး ၅ ကြိမ်မြောက်
မန့်မှ ပဲ ရတော့တယ်
ခက်လိုက်တဲ့ net က
တော်ရုံဆို ပြန်လာဖြစ်မှာ မဟုတ်တော့ဘူး
ခုတော့ ရင်ထဲ ထိလွန်းလို့

okn said...

လွတ်မြောက်ရေးအတွက် ကိုဌေးကြွယ်ကဲ့သို့ ကိုယ်ကိုးစွန့်ကြသူများနှင့်၊အသက်ပေးတိုက်ပွဲဝင် ခဲ့ကြတဲ့ သူရဲကောင်အပေါင်းအား ဂါဝရပြုပါရစေ၊

(မိမိသည်လည် တာဝန်မကျေသေပါလားလို့ ဝန်ခံမိတယ်။)
( ဒီဘလော့ရောက်တာ ပထမအကြိမ်ပါ။ ခေါင်စဉ်ကြည့်ပြီးရောက်လာတာ၊ ဒီအကြောင်းအရာအတွက် အရေးအသား၊ အချိန်အခါ၊ အကိုအကားတွေနဲ့ ရေးသာပေးတဲ့ မိုချိုသင်းကို ကျေးဇူးပါ။

မဆုမွန် said...

အစ်မ မိုးချိုသင်းရေ
သမိုင်းရေးသူများရဲ့ သမိုင်းကို လာဖတ်သွားတယ်..လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်က အဖြစ်အပျက်တွေကို သမိုင်းဆိုတာ မမေ့အောင်လို့ သမိုင်းလက်ဆင့်ကမ်းခဲ့လို့ မျိုးဆက်သစ်တွေက သိရတာပါ အဏာရှင်ကို တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားအာဇာနည်တွေကို ဦးညွတ်ပါတယ်

Rita said...

တကယ်ပဲ စိတ်မကောင်းပါ

မီးမီးချစ် said...

သတင်း အမှောင်ကချ
အလင်းရောင် ကမရ
အတွင်း ချောင်ကျကျ
အတင်း ထောင်ချကြ
စစ်ဘိနပ် အောက်မှာ မြန်မာ့သမိုင်း ရိုင်းချင်တိုင်း ရိုင်းပြီ.

Shinlay said...

စိတ်ထဲမကောင်းဘူး။

Kaung Kin Ko said...

လင့်ခ်လေး ယူသွားတယ်နော် အစ်မ

CONTACT said...

ချိုသင်းရေ
သူရဲကောင်းတွေအားလုံးကို ဦးညွတ်အလေးပြု လိုက်ပါတယ်။ KM

သီဟသစ် said...

အစ်မချိုသင်းရေ

ဖတ်ရင်းနဲ့ မျက်ရည်ဝဲမိပါတယ်ဗျာ။ အာဇာနည်များအားလုံးကို လေးစားလျက်

ခင်မင်စွာဖြင့်
သီဟသစ်

ကိုရင်နော်ခင်လေးငယ် said...

သူရဲကောင်းတွေကို လာရောက် အလေးပြုပါတယ်..

Nay Lin said...

သမဂ္ဂစိတ်ဓါတ်ဆိုတာ
ခေတ်တွေစနစ်တွေ
ဘယ်လောက်ပဲပြောင်းပါစေ..
မျိုးဆက်တွေရင်ထဲမှာ
အမြဲတမ်းလက်ဆင့်ကမ်း
သယ်ဆောင်ခဲ့တဲ့အလံပါ..

မီယာ said...

အမရေ စိတ်ထဲမကောင်းဘူး။ ဖတ်ရင်း သူတို့ မိသားစုတွေအကြောင်းပါ တွေးပြီး စိတ်မကောင်းဖြစ်ရတယ်။

ကိုကိုသုန် said...

လာဖတ်ပြီး မျက်ရည်ဝဲသွားတယ်ဗျာ။ အမေဆီကို ပြန်မရောက်နိုင်တဲ့သား အမေ့ရင်ခွင်ထဲက ခွဲထွက်တဲ့သားတွေ မဖြစ်ကြပါစေနဲ့တော့ လို့ဆုတောင်းပေးပါတယ်။
"ညကြီးသန်းခေါင်ကျော် အိမ်တံခါးကိုလာခေါက်တဲ့ အသံဟာ အလည်လွန်နေတဲ့ သားလေး အိမ်ပြန်တဲ့ အသံပဲ ဖြစ်စေချင်ပါတယ်ဗျာ။ အမေ့ ရင်ခွင်ထဲကနေ သားတွေကို ဆွဲထုတ်ဖို့လာတဲ့ တံခါး ခေါက်သံတွေ မဖြစ်ပါစေနဲ့" လို့ ကိုမင်းကိုနိုင် ပြောဖူးပါတယ်။ ဘာဖြစ်ဖြစ် စိတ်မကောင်းဘူးဗျာ။

JulyDream said...

အလည်တခေါက် လာရောက် ဖတ်ရှုသွားပါတယ် ခင်ဗျာ။ ဟိုတုန်းက အကြောင်းတွေကို မမှီခဲ့တာ အမှန်ပဲဗျ။ အဲဒီတုန်းက မွေးတောင် မမွေးသေးဘူးလေ။

ခင်မင်းဇော် said...

မနေ့က ဖတ်ပြီးကောမန့်ရေးဖြစ်တယ် ထင်တာ။ ဒီနေ့ပြန်ဖတ်တော့မရေးဖြစ်သေးပါလားကွယ်...
၈၈ မျိုးဆက်ကျောင်းသားတွေကိုတော့ လေးစားသထက်လေးစားဆဲပါ ချိုသင်းရေ..
ကိုဌေးကြွယ်က ပထမအကြိမ်ထောင်ကျတုန်းကလဲ ဗိုက်ခွဲရသေးတယ် ....

roisawm^_^ said...

Dear Ma Moe Cho Thin,
I am Roi Sawm (from Prestige) who went to the same class with you around 2001. I found this site and very happy to see you again after all these past years. I have no idea how to contact you, so I wrote it here.

ဆောင်းယွန်းလ said...

တိတ်ဆိတ်ငြိမ်သက်စွာဖတ်သွားပါတယ်မချိုသင်း

Steve Evergreen said...

မြန်မာပြည်အကြောင်း တွေးရင် စိတ်စဉ်းရဲလွန်းလို့ မြန်မာပြည်ကထွက် မြန်မာတွေနဲ့ဝေးဝေးနေပြီး မြန်မာအစာတွေလဲ ရှောင်ခဲ့တာ အခုတော့လဲတခါတလေ မြန်မာ blog တွေကိုလည်မိနေသလိုပဲ

blueskyforest said...

ရှာရလွယ်အောင် ချိတ်ထားလိုက်တယ်။

ZT said...

လူငယ်လူရွယ်ဘဝ အညွန့်တလူလူ တက်နေတဲ့အချိန် ၁၅ နှစ်ကျော် နှစ် ၂၀ ကျော် ဆိုတဲ့ အချိန်အပိုင်းအခြား တစ်ခုကို တိုင်းပြည်နဲ့ လူမျိုးအတွက် မတွန့်မဆုတ် ပေးဆပ်ရဲတဲ့ ၈၈ မျိုးဆက်တွေကို တကယ်ပဲ လေးစားမိပါတယ်။

thwe thwe said...

မမရေ

ဝမ်းနည်းမိတယ်(အားလုံးသော အာဇာနည်တွေအတွက်)
ဒေါသဖြစ်တယ် (ကိုယ့်လူမျိုးချင်းကို ရက်စက်သူတွေကို)
ရှက်မိတယ် (ကိုယ့်ကိုယ်ကို တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာမှမလုပ်နိုင်လို့ )

ယသော်ဓရာ said...

Hay Dear

Please find out who I'm.

Thx.

chanchan said...
This comment has been removed by the author.
chanchan said...

ချိုသင်းေ၇..ဖတ်ပြီးမျက်၇ည်ကျမိတယ်.ကိုယ်ပြောမဲ့စကားတွေroseကပြောပြီးသွားပါပြီ

chanchan said...

ချိုသင်းေ၇..ဖတ်ပြီးမျက်၇ည်ကျမိတယ်-ကိုယ်ပြောမဲ့စကားတွေroseကပြောပြီးသွားပါပြီ

Unknown said...

သမိုင်းရေးသူများထဲက စိတ်ထဲမှာ စွဲနေမိတဲ့ ကျောင်းသားခေါင်းဆောင် တယောက်မှာ ကိုဌေးကြွယ် အကြောင်းကို ရေးထားတော့ စိတ်ချင်းနီးစပ်မှုက ဆန်းကျယ်သားလို့ ထင်မိသဗျား.......
သူကလည်း ဘူမိဗေဒ သားတစ်ယောက် ကိုးဗျ။

စန္ဒကူး said...

မရေ.. အမြဲလိုလိုဖတ်ဖြစ်တယ်...
မှတ်ချက်တော့မပေးပေမယ့် ရေးထားတဲ့စာတွေ ကို လေးစားပါတယ်။

စန္ဒကူး said...
This comment has been removed by the author.
ကြည်ဖြူပိုင် said...

မမချိုသင်းရေ..ဖတ်ပြီးစိတ်မကောင်းလိုက်တာ

pandora said...

ဂျူလိုင်လက စလို့ သြဂုတ်. စက်တင်ဘာ အောက်တိုဘာ.. အရောင်တွေ ရဲရဲတောက်နေတဲ့ အမှတ်တရလတွေပဲပေါ့..။

အစ်မလည်း အလုပ်များနေတယ် ထင်ပါတယ်။

ပြန်လည်လှုပ်ရှားပါကြောင်း သတင်းပို့ပါတယ်။း)

rose said...

စာရေးပါအုံး။
ကိုမင်း