ဆိုင်ဖွင့်ခြင်း အနုပညာ

ကိုယ်တို့နှစ်ယောက် ဆိုင်လေးတဆိုင် ဖွင့်ဖို့ ကြိုးစားမိတယ်။

ဒီရက်ပိုင်းအတွင်းမှာ ၁၃-၄နှစ်ကြာအောင် လုပ်ခဲ့တဲ့ အလုပ်ကို စွန့်ခဲ့ပြီး ကိုယ်ပိုင် ဆိုင်သေးသေးလေးတခု လုပ်မလား စဉ်းစားတယ်။ စဉ်းစားတဲ့အချိန်ကလဲ တကယ့် အချိန်ကောင်း။ တကမ္ဘာလုံး စီးပွားပျက်ကပ် ဆိုက်နေချိန်။ ဆိုင်တွေပိတ်ပြီး ဈေးတွေ လျှော့နေချိန်။ အဲဒီအချိန်ကျမှ တရေးနိုးထပြီး ဆိုင်ဖွင့်မလို့တဲ့။

ဆိုင်ဖွင့်မယ်ဆိုတော့ အတွေ့အကြုံကလဲ အသစ်၊ လုပ်မှာကလဲ မအူမလည်၊ နောက်ပြီး ကိုယ့်ရေမြေမဟုတ်တဲ့ သူများ တိုင်းပြည်မှာဆိုတော့ ဆိုင်လုပ်ဖို့ အချက်အလက်တွေ အင်မတန် အားသာတယ်လို့ ထင်ပုံရတယ်။ ဟဲဗီးဝိတ်နဲ့ တက်ထိုးတဲ့ လူဖလံလေး လိုပဲ နှစ်ယောက်သား ရူးရူးမိုက်မိုက် ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ ပထမဆုံး ဆိုင်နံမည်လေး ရွေးရတာပေါ့။ ကိုယ်က စာလေးဘာလေး နည်းနည်းရေးတော့ သူက ကိုယ့်ကို ကဗျာဆန်လောက်တယ် ဆိုပြီး ဆိုင် နံမည် ရွေးခိုင်းတာပါ။ ကိုယ်လဲ စိတ်ထဲရှိတာ အကုန် ရွတ်တော့တာ..။ ကိုယ့်ဂွင်တော့ ကျပြီ ဆိုပြီးတော့လေ။ “ဘားမား၊ ရန်ကုန်၊ ပုဂံ၊ ရွှေတိဂုံ” တဲ့။ fighting peacock ဆိုတာတောင် ပါလိုက်သေး။ “ဟ.. ဘာတွေ လျှောက်ပြောနေတာလဲ” ဆိုမှ အမြန်ရပ်လိုက်ရတယ်။ ကိုယ်လုပ်ပုံက ဘုရားဖူးကားလိုင်း နံမည်လိုလို၊ အဖွဲ့အစည်း နံမည်လိုလို ဖြစ်နေတာကိုး။

ခေါ်ရလွယ်တာပဲ ပေးပါ တဲ့ သူက။ ပေါ့ပေါ့ပါးပါးပဲ လုပ်ကြတာပေါ့ တဲ့။ ဒါနဲ့ စဉ်းစားပြန်ရော။ ခေါင်းကလဲ ဒါမျိုးဆို မထွက်ဘူး။ နောက်ဆုံး ကြံရာမရတဲ့အဆုံး သူကပဲ MOE Gift Shop လို့ လွယ်လွယ် ပေးလိုက်တယ်။ ကိုယ်က သိပ်မကြိုက်ချင်ဘူး။ လူရွှင်တော် နံမည်လိုလို ဖြစ်နေတယ်လို့ ၀င် ကောက်ချက်ချလိုက်သေးတယ်။ The Three Stooges ဇာတ်လမ်းတွဲတွေထဲက လူရွှင်တော်နံမည်က မိုး ဆိုတာကိုး။ ဒါပေမဲ့ သူကြိုက်တယ်ဆိုတော့ ရှိစေတော့။

ကိုယ်လုပ်မယ်ဆိုတော့ ကိုယ့်သူငယ်ချင်း အရင်းအချာကြီးများက သူ့ကို ၀ိုင်းအကြံပေး ကြသေးတာ။ ကိုယ့်ကို ကောင်တာရှေ့ မထွက်စေနဲ့ ဆိုပဲ။ ကိုယ်က မဆစ်ခင် လျှော့နေတာ၊ မွဲသွားမယ် ဘာမှတ်လဲ တဲ့။ ကိုယ့်မလဲ ကိုယ်လုပ်မဲ့ ဆိုင်လေးမှာတောင် နေရာ မရ ဖြစ်နေပါပြီ။ အခုတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ပွိုင့်တက်အောင် ကြိုးစားပြီးတော့ လုပ်နေရတာပေါ့။ ဒီအလုပ်လေး မြဲအောင် လူရှေ့မှာဆို ပိုလုပ်ပြရတာပေါ့။

ဒီလိုနဲ့ မိန်းကလေးနဲ့ဆိုင်တဲ့ အလှအပ ပစ္စည်းလေးတွေ၊ လည်စည်းလေးတွေ၊ အီတလီဒီဇိုင်း Murano glass pendants လေးတွေ ရောင်းရော ဆိုပါတော့လေ။ ဈေးရောင်းလဲ ထွက်မဲ့ ပစ္စည်း၊ ရောင်းမထွက်လို့ ကျန်နေလဲ ကိုယ်ကြိုက်မဲ့ မစ္စည်းမျိုးပေါ့။ အဲဒီတော့ ပစ္စည်းတွေ စ ၀ယ်ရတယ်။ အခု ဘလော့မရေးဖြစ်တဲ့ နေ့တိုင်းမှာ ကိုယ်က ဈေးဝယ်သူကြီး လုပ်နေရတာပါ။ ကိုယ်ဈေးဝယ်ပုံကိုလဲ ကြည့်ပါ။

ဥပမာ ရောင်းသူက ၂ကျပ် ပြား ၂၀ နဲ့ ရောင်းတယ် ဆိုပါတော့၊ ကိုယ်က ၂ကျပ်ခွဲ နဲ့ မရဘူးလား ဆစ်မိလို့ ၂ကျပ်နဲ့ ပေးလိုက်တာ ရခဲ့သေးတယ်။ ဟန်ကိုကျလို့။ ကိုယ်က ဈေးဆစ်တဲ့သူ၊ ဟိုဖက်က အမျိုးသမီးက ဈေးပေးတဲ့သူ။ ဘေးနားက ကိုယ်တို့ယောကျာင်္းတွေက အံ့တွေသြလို့။ ဆစ်တဲ့လူကလဲ တလွဲ၊ ရောင်းတဲ့လူကလဲ တလွဲ။ ကိုယ်တို့ အဲဒီဆိုင်ကထွက်တော့ သူတို့ လင်မယားနှစ်ယောက် ရန်ဖြစ်ကျန်ခဲ့တယ်။

ဒီလိုပဲ ဈေးလျှောက်ပတ်ရင်း လက်သည်းပေါ်မှာ ပန်းပွင့်လေးတွေဖော်တာ သွားတွေ့တယ်။ အဲဒါ သိပ်ကောင်းတဲ့၊ လုပ်သင့်တဲ့ ဘီးဇီးနပ်စ်ပဲ လို့ အလင်းတချက် ပွင့်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီက မိန်းကလေးတွေက ဒါမျိုး သိပ်လုပ်တာကိုး။ သူတို့လက်သည်းရှည်ပေါ်မှာ ပန်းပွင့်လေးတွေ ကိုယ်တွေ့ဖူးနေတာကိုး။

နောက်ပြီး ရောင်းသူက ပြောတာ အဲဒါ Nail Art တဲ့။ ကိုယ်က Art ဆိုတော့ ကိုယ်နဲ့ ဆိုင်တယ် ထင်မိတာ။ တကယ်တော့ သူလဲ ရောင်းချင်လို့ Art လုပ်လိုက်တာ နေမှာ။ ကိုယ်ကတော့ သဘောကျမိတာ အမှန်ပဲ။ ကိုယ်သာ အလှအပ မလုပ်တတ်တာ၊ သူများကို ပြင်ပေးလုပ်ပေးရရင် ကျေနပ်တဲ့ စိတ်အခံကလဲ ရှိတယ်။

ဒါနဲ့ လုပ်နည်း သင်ပေးမယ်ဆိုတော့ ကိုယ့်လက်ကို အစမ်းလုပ်ပြမယ်ဆိုပြီး လက်ပေးပါ လို့ တောင်းရော။ ကိုယ်လဲ ၀မ်းသာအားရ လက်ပေးလိုက်တာ အဲဒီလူလဲ လက်ကိုကြည့်ပြီး အင်မတန် အံ့သြသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လက်က ငုတ်စိ။ လက်သည်းလေးတွေက သေးသေးလေးတွေ။ လက်သည်း အရှည်မထားတတ်တဲ့အပြင် လက်သည်းကိုက်တတ်လေတော့ အကုန် ဆွဲကိုက်ထားတာလေ။

သူလဲ မျက်နှာတော့ တချက်ပျက်သွားသေးတယ်။ ငါ ဒီလက်သည်းသေးသေးလေးတွေပေါ်မှာ ဘယ်လို ပန်းဖော်ရပါ့မလဲ လို့ အကြံအိုက်သွားတာမျိုး။ ကိုယ်ကတော့ လက်ကို ဆန့်ပြီး ပြုံးပြုံးကြီး။ သူလဲ မထူးပါဘူးဆိုပြီး အားနာပုံနဲ့ ပန်းလေးတွေကို လက်သည်းပေါ်မှာ stamp နှိပ်လိုက်တယ်။ အိုးးးး လှလိုက်တာ မပြောပါနဲ့တော့။

ကိုယ်လဲ ဒီ service လုပ်မယ်လို့ တထိုင်တည်း ဆုံးဖြတ်လိုက်တယ်။ ဘယ်လောက် စိတ်ချမ်းသာလိုက်မလဲ။ လူတွေကို အလှဆင်ပေးရတဲ့ အလုပ်လေနော်။ ပစ္စည်းရောင်းတဲ့ ကိုလူချောကလဲ ပျော်လိုက်တာ။ သူ့ဘ၀မှာ လက်သည်းနီ မဆိုးတတ်တဲ့ မိန်းမတယောက်ကို လက်သည်းအလှဖော်တဲ့ set မျိုး ရောင်းရတော့မှာဆိုတော့ မကြံဖူး၊ မကြားဖူး ကိုး။ မင်းဟာ ကိုယ့်ရဲ့ နေခြည်လေးပါပဲ ဆိုလား ပြောသေးရဲ့။

ဒါနဲ့ နှစ်ယောက်သား ပစ္စည်းတွေ ၀ယ်လာပြီး အိမ်ရောက်တော့ စမ်းကြတာပေါ့။ ကိုယ့်အမျိုးသားရဲ့ အမေ မာမားကလဲ ကိုယ်ကျေနပ်အောင် စမ်းသာစမ်း သမီးရေ တဲ့၊ ပွဲမ၀င်ခင် အပြင်က ကျင်းပကြတာပေါ့ တဲ့။ ကိုယ့်ကို တွေ့တာနဲ့ သူ့လက်ကို စမ်းလို့ရအောင် လက်ဆယ်ချောင်းလုံး ဖြန့်ထားသေးတယ်။

သူငယ်ချင်းတွေလဲ ဘယ်နေရမလဲ။ ကိုယ့်ကိုမြင်တာနဲ့ လက်ထိုးပေးရတာပါ။ လုပ်ချင်တာလုပ်ပါ ဆိုတဲ့သဘော။ စိတ်ချမ်းသာရင် နားအေးတာပဲ ဆိုတာမျိုး။ ကိုယ့်အိမ်က ပြန်ရင် လက်မှာ ပန်းပွင့်တွေနဲ့ ပြန်ကြရတာပါ။ တချို့တွေလဲ အကွက်တွေနဲ့ပါ။ ဒါက Burberry ဒီဇိုင်း၊ ဈေးကြီးတယ် လို့ ကိုယ်က ပြောသေးတာပါ။

ဒီလိုနဲ့ ဆိုင်ဖွင့်ခါနီးလာတော့ အစမ်းသပ်ခံ သူငယ်ချင်းတွေက ကိုယ့်ကို တိုးတိုးတမျိုး၊ ပေါ်တင်တမျိုး နားချကြတယ်။ ဒီ Nail Art တော့ မလုပ်ရင် ကောင်းမယ် ထင်တယ် တို့….၊ နောက်ထပ် လေ့ကျင့်ပြီး ကျွမ်းမှ လုပ်ကြတာပေါ့ တို့..၊ လုပ်ပေးတဲ့သူက ရှယ် လှ နေမှ ဖြစ်မှာ တို့ …၊ တခြားပစ္စည်းတွေပဲ ရောင်းကြည့်တာပေါ့ တို့…။ တယောက်ကတော့ ပြောသေးတယ်။ “အမ၊ ကျမကို ပြန်ရောင်း” တဲ့။ တခါတည်း မြန်မာပြည် ပို့ပစ်လိုက်မယ် ဆိုပဲ။ (ကိုယ်နဲ့ သာ၍ ဝေးရာဆီကိုသာ.. ဖြစ်မှာပေါ့လေ)

ကိုယ့်အမျိုးသားကတော့ တဘာသာပါ။ သူလဲ service လုပ်ရတာ ၀ါသနာပါပုံပဲ။ သူကတော့ tattoo လုပ်မှာတဲ့။ temporary airbrush tattoo ဆိုပဲ။ အစစ်မဟုတ်တော့ မနာဘူး တဲ့။ ဆေးလေးနဲ့ မှုတ်၊ အရောင်ခြယ်ရတာ အနုပညာ တဲ့။ ဒီတခါလဲ လာပြန်ပြီ အနုပညာ..။

ဒီလိုဆိုတော့လဲ ကိုယ်က သဘောကျမိပြန်ပြီ။ ဒီတခါ အစမ်းသပ်ခံသူကတော့ ကိုယ် ပထမဆုံးပဲ။ နှင်းဆီပန်းလေး လက်မောင်းမှာ ထိုးလိုက်၊ ရေနဂါးလေး ခြေထောက်မှာ ထိုးလိုက် နဲ့။ ဆိုင်ဖွင့်တော့လဲ tattoo လာထိုးတဲ့သူတွေကို ကိုယ့် လက်မောင်းက အရုပ်ကို ပြရ၊ ခြေထောက်ကို ထိုးပြရတာ အမော။ ပြီးရင်တော့ ကောင်တာနောက် ပြန်သွားထိုင် ပေါ့။

ကောင်မလေးငယ်ငယ်လေးတွေ ထိုးကြတာ ပိုများသလိုပဲ။ အဲဒီ တက်တူးက ၇ရက်ကနေ ၁၀ရက်ထိ ခံတယ်။ ဆေးမှုတ်တာလဲ၂မိနစ်လောက်ပဲ ကြာတယ်။ ဖျက်ချင်ရင်လဲ လွယ်လွယ်လေး ဆိုတော့ လူငယ်တွေကြားမှာ ခေတ်စားတယ် ပြောရမှာပေါ့။ ကလေးကအစ လူကြီးအဆုံး အပျော်ထိုးကြတာပဲ။

တသက်လုံးမှ tattoo ဆိုတာနဲ့ လုံးလုံး မပတ်သက်တဲ့ ကိုယ်တို့မိတ်ဆွေများလဲ အခုဆိုရင် လက်မောင်းမှာ tattoo တွေနဲ့။ ရုပ်ကတော့ ရုပ်တည်ကြီးတွေပဲ။ ဒါပေမဲ့ လက်မှာ ဆေးမင်ကြောင်နဲ့ဆိုတော့ ဂိုဏ်းစတားလိုလို ဖြစ်ကုန်ပြီ။ မတတ်နိုင်ဘူး။ ကိုယ်တို့နဲ့ ခင်မိမှတော့ လူလဲ လူမိုက်လိုလိုတွေ ဖြစ်ကုန်ပါပေါ့။

ပညာဆိုတာ တတ်ထားရင် ကောင်းတယ် တဲ့။ ကိုယ်လဲ အဲဒီ tattoo ထိုးနည်း ကြိုးစားသင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက မိန်းကလေးတွေ tattoo လာထိုးရင် သူ့တာဝန်ထား လို့ ပြော ပြော နေလို့ပါ။

အော်.. အနုပညာများ တယ်ဖမ်းစားပါလားနော်။


မိုးချိုသင်း

68 comments:

မယ့်ကိုး said...

မရေ...ဖတ်ရတာ အရင်လိုပဲ ရွှင်ပြုံးရယ်မောရပါတယ်။
အဲဒါကြောင့် ဒီရက်ပိုင်း မ စာမရေးဖြစ်တာကိုးနော်။

ရယ်ရတယ် မရေ...စာတစ်ပုဒ်လုံး ကြိုက်တယ်။ nail art နဲ့ tatoo အပိုင်းကို အကြိုက်ဆုံးပဲ။ =)

နောက်ဆို လက်သည်းနဲ့ တက်တူးကြည့်ပြီး မနဲ့ ခင်သူ ဟုတ်မဟုတ်သိနိုင်ပြီပေါ့နော် =)

ကိုလူထွေး said...

နေရာလုမလို့ဟာ
မယ်ကိုးဗျာ
ဆိုးလွန်းတယ်

းဝ)

aye... said...

i think i m first....
but ........

အောင်အောင် said...

တတ်တူးထိုးတဲ့ ကိုကျော်ဝဏ်ဏ အလုပ် လိုချင်ပါတယ်ဗျို့  ... သီချင်းပါ အစစ်ဆိုပြဦးမှာနော် ... ဟိုင်းယားလုပ်မယ်ဆို ပြော ... ဟဲဟဲ

aye... said...

:(

ကိုလူထွေး said...

မဆစ်ခင် လျှော့မယ်ဆိုရင်တော့
အများကြီး လာဝယ်ချင်ပါသေးတယ်...

းဝ)

လက်မလည်အောင် ရောင်းရပါစေ
ဆုတောင်းပါတယ်
မချိုသင်းတို့ မောင်နှံရေ........

kiki said...

လက်သည်းပေါ်မှာ tatoo ထိုး ပြီး
အရေပြားပေါ်မှာ skin art,nail art ချယ်ပေး ရင်ရော..ဘယ်လိုနေမလဲ နော် ....

စီးပွားပျက်တဲ့ခေတ် ထဲ ဒီလို ထ လုပ်ရဲတာ မိုက်တယ်
မချိုသင်း ရေ ။။
မိုး အပြင် နွေမိုးဆောင်း ဥတုသုံးပါး လုံး ( အဲ ဒီမှာ ၄ ပါးပေါ့ နော် ) အောင်မြင် အဆင်ပြေပါစေ ..

Anonymous said...

အမရဲ့ ပုံစံလေးနဲ့ ပို့စ်လေးကို တွဲဖတ်သွားတယ်
အေးချမ်းပျော်ရွှင်တဲ့ ဆိုင်ကလေးဖြစ်မှာပါ
ဆိုင်ရောင်းကူတစ်ယောက်လောက်ခေါ်ပါလား အလုပ်လျှောက်ချင်လို့ပါ :P
ဒီကအရောင်းသမားကလည်း USနဲ့ဝယ်တဲ့ဈေးအရင်းအတိုင်း S$နဲ့ ရောင်းမိလို့ အရမ်းရောင်းကောင်းနေခဲ့တာ.. (ဒါက အလုပ်ခန့်အောင် ကြော်ငြာဝင်ခဲ့တာ)
ရှူးတိုးတိုးနော် ဒီကသူဌေးတော့ မသိစေနဲ့ သူက သိပ်လက်လွတ်ချင်တာမဟုတ်ဘူး။

:P said...

မမနဲ့တွေ့ရင် nail art လုပ်ဖို့ လက်သည်းရှည်စထားတော့မယ်...။

ဆိုင်မှာအများကြီးရောင်းကောင်းပါစေ...။
လက်သည်းလာပြင်တဲ့လူတွေ အများကြီးဖြစ်ပါစေ..။
တက်တူးကိုလည်း ယောက်ျားလေးတွေ အများကြီး လာထိုးပါစေ..။ :P
အမြတ်တွေလည်း အများကြီးရပါစေ...။

kay said...

အမေရိက လာလည်မှ..တက်တူးရော..လက်သဲ ရော..ခြေသည်းရော..အကုန် အရုပ်တွေ လာကပ် အုံးမယ်..မချိုသင်းရေ.. အောင်မြင်ပါစေ..း)

ATN said...

အောင်မြင်ပါစေ ချိုသင်းရေ့...

သက်ဝေ said...

အော်... ဒါတွေကြောင့် ချိုသင်းတယောက် ပျောက်နေတာကိုးးးးးးးးးးးးး
Nail Art ကိုတော့ အလွန်နှစ်သက်ပါတယ်...
Tattoo တော့ လုပ်ဖူးဘူး
ချိုသင်း လုပ်တတ်လာကာမှ လာထိုးရမယ်...
အစစ အရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ ချိုသင်းရေ...

Smart Cookie said...

ဆိုင်ဖွင့်တာ ပိုစ့်အသစ်တွေဖတ်ရတော့မယ် ဟားဟား

မီးမီးချစ် said...

နီးနီးနားနား ဆို လာအားပေးချင်တယ်.. တကယ်..
မီးချစ် အကြိုက်တွေ ချည်းပဲ ရောင်းတာက

Unknown said...

လာအားပေးမယ်အစ်မ။ နှင်းဆီပန်းပုံလေးထိုးပေးနော်။
ဆိုင်လေး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။

Vista said...

မြွေပုံ တက်တူးထိုးပေးပါ လက်ဖျံမှာ

Taungoo said...

အောင်မြင်တဲ့ ဆိုင်လေးမှသည် ဆိုင်ကြီးအထိ တက်လှမ်းနိုင်ပါစေဗျာ။

Taungoo said...

သြော် ပြောဖို့ ကျန်သွားတယ်။
ဆိုင်မှာ ဈေးရောင်း ဈေးဝယ်အတွေ့ကြုံလေးတွေလည်း ဆက်ရေးပေးပါလို့။ အရင်က တီဗွီမှာ လွှင့်ခဲ့တဲ့ ဂျပန်ဇာတ်လမ်းတွေဆို အရမ်းကြိုက်တယ်ဗျ။ စူပါမားကတ် တို့ ဟိုတယ် တို့ အကြောင်းလေ။ ဇာတ်လိုက်တွေက တာကာယာမ ဒိုင်းဆကဲ တို့၊ အစ်ပေ့ တို့ပေါ့။

MrDBA said...

ကိုယ်ပိုင်စီးပွား ကောင်းတယ်ဗျာ။ အောင်မြင်ပါစေ။
မြန်မာလက်ဆောင်လေးတွေပါ တွဲရောင်းဗျ .. အလှအပ အမှတ်တရဆို ဝယ်လောက်တယ်။

တက်တူးထိုးနည်းကတော့ အမြန်ကျင့်ဗျို့ ..

မမသီရိ said...

Nail Art ရော Tattoo ရောကမြန်မာပြည်လဲ အတော်ခောတ်စားနေလောက်ပြီ ချိုသင်းရေ

စာတွေပျောက်နေတာ နှစ်ယောက်သား အနုပညာ တွေ လိုက်စားနေလို့ ကိုး...း)

ကိုကျော်ဝဏ ကိုပြောပေါ့ကွယ် ကောင်မလေးတွေသူ တက်တူး ထိုးမယ်ဆို ညီမလဲ ကောင်လေးတွေ Nail Art လုပ်မယ် လို့..း)

တခုတော့ ရှိတယ်ညီမရေ မမ နဲ့ အလုပ်မှာ ဆုံဖူးတဲ့ နိုင်ငံခြားသူလေးတွေက ချက်အောက်တို့ .. ခါးဘေးတို့မှာ ထိုးထား တယ် ရှင့်..း)...

အများအားဖြင့်တော့ အမေရိကန်အမျိုးသမီးတွေနဲ့ ဂျပန်မလေး တွေ...း)..


စာတွေပြန်ရေးမယ်ဆိုတဲ့ Message လေး တွေ့လို့ ၀မ်းသားရတယ်

အစစအရာရာ အဆင်ပြေပါစေ နော်

နေအုံး ခုနက ညီမ ပို့စ်ကို အလုပ်ထဲက ကလေးမတွေနဲ့ ၀ိုင်းဖတ်ပြီး အော်ရီနေကြတော့
အပြင်က ချောင်းကြည့်ကုန် ရော...း)

မမသီရိ said...
This comment has been removed by the author.
ရေတမာ said...

မကြီးရေ ဗေလုဝလို ရင်ဘတ်မှာ ဘီလူးပုံထိုးပေးနော်။ ပျော်ပျော်လေး ဖတ်သွားတယ်။ မကြီးတို့ရဲ့ အနုပညာဆိုင်လေး အောင်မြင်ပါစေ

Unknown said...

အစ်မဆိုင်က ဖွင့်ပီလား ဘယ်မှာဖွင့်တာလဲ လိပ်စာလေးေူပာပါအုံး အားပေးရအောင်
MT

မေငြိမ်း said...

ချိုသင်းရေ.. တကယ်တော့ ခုချိန်မှာ ဒီpost ရေးဖို့ ဆင်ခြင်သင့်တယ်ထင်တယ်နော်..။ ဘယ့်နှယ် သူများလာလည်ကာနီးကာမှ ရေးစရာလား..။ နဂိုတည်းက လိမ္မာသလိုလိုနဲု့ ဆရာမလုပ်နေတာ ဒီပုံအတိုင်းဆို ဂိုဏ်းစတားဖြစ်ရင် မခက်ပါ့လား.. ။
(တကယ့် စိတ်ထဲမှာတော့ တွေးနေတာကတော့.. ငါ့လက်သည်းလေးမှာဆိုရင်တော့ ပန်းပွင့်လေးတွေက သိပ်လှမှာပဲ။ လည်စပ်ကလေးမှာ နှင်းဆီအငုံပုံလေးဆို တကယ့်အနုပညာပဲ..။ ဒါပေမဲ့ သူပြောတာတော့ မြီးကောင်ပေါက်တွေပဲ အလုပ်များတာတဲ့.. ခက်ပါ့။ ဆရာမ စမ်းကြည့်ပါလားလို့ ပြောပါစေတော်..။ တဲ့) :P

kohan said...

အမရေ သူက MOE ဆိုတဲ့နာမယ်ကိုကြိုက်လို့ ထားလိုက်ရပေမဲ့ ကိုယ်ကသိတ်မကြိုက်ဘူးဆိုတော့ သူကတချားနာမယ်ပြောင်းကြိုက်ရင် အမကခွင့်လွှတ်မှာလား :P

ဆောင်း said...

အသက်ကို မကြည့်နဲ့ လက်ကို ကြည့်လို့ ပြောလိုက်မှာပေါ့။ အသက်ကြီးလည်း ဒီမှာ လက်သည်းအနုပညာ လုပ်နေကြတာ။
ဒီမှာ ပေါင်၇၀ ဆိုလားဘဲ။ ဒါကို ဈေးမများလို့ ပြောတာဘဲ
ဒါနဲ့ 

Nge Naing said...

ကျွန်မတို့ဆီမှာလေ Occupational Health and Safety ပေါ်လစီအရ အဲဒီလိုအလုပ်မျိုးကို Qualification တခု ရထားသူတယောက်က အသေအချာ မှတ်ပုံတင်ပြီးမှ လုပ်လို့ရတယ်။ ဒီအတိုင်း ဖွင့်လို့မရဘူး အစ်မတို့ဆီမှာ သိပ်လွယ်တယ်နော့်။

tin min htet said...

ချိုသင်းကတော့ စုံပလေ ဘုံဗွေပဲ ..

ဆိုင်ဖွင့်တာ အားပေးတယ် ..
သူဌေးဖြစ်တော့မယ်ပေါ့ ..

khin oo may said...

ှုဒီမှာ မိုးချိုသင်း မမိုက်နဲ့ မိန်ူးကလေးများလာရင်င သူတာ့ဝန်.ယောက်ကျာ်းလေးများလာရင် ကိုယ့်တာ)န်လို့မှတ်ပါ။ အရောင်းတက်စေရမယ်။

JulyDream said...

ဖတ်ပြီးတဲ့နောက် နောက်ကျောအပြည့် မင်ကြောင် ထိုးချင်စိတ် ပေါက်သွားတယ်။ ဂန်းစတား ဖြစ်ချင်တာ ကြာလှပေါ့။ မဖြစ်နိုင်မှန်း သိလို့ ငြိမ်နေတာ။ အခုလို ယာယီ ဖြစ်ခွင့်ရတယ်ဆိုတော့လည်း ဖြစ်ကြည့်ကြတာပေါ့နော်။

sweetpeony said...

ဟုတ်တယ် မမရေ..
အဲဒါ nail art လို့ခေါ်တယ် pedicure manicure ပေါ့..
အိမ်က သူငယ်ချင်းက အဲဒါမျိုးလုပ်တာ အရမ်းကျွမ်းတယ်.. ရန်ကုန်ပြန်ပြီး ဆိုင်ဖွင့်စားလို့တောင် နောက်နေကြသေးတယ်..
း)
ဟုတ်ပါ့ မမရေ.. မမပြောတာမှန်တယ်..
burberry ကဈေးကြီးတယ်..
သူငယ်ချင်းကိုလည်းပြောပြလိုက်ဦးမှ..
း)

တန်ခူး said...

ချိုသင်းရေ… ရေငတ်နေတဲ့သူ ရေအေးအေးလေးသောက်လိုက်ရသလို စာလေးက ရင်ထဲအေးသွားတာပဲ…
အဲလို ကိုယ်ပိုင်စီးပွားရေးလုပ်တာ ပျော်စရာလေးနော်…
အမဆို ခဏခဏ စဉ်းစားတယ်… ဒါပေမယ့် ချိုသင်းတို့ လို အိုင်ဒီယာမျိုးလေးများ တခါမှ မစဉ်းစားမိဘူး… စဉ်းစားလိုက်ရင် စားသောက်ဆိုင်၊ ကုန်စုံဆိုင် ဒါမျိုးပဲလေ… ချိုသင်းတို့  ဆိုင်လေးမှာ အလှအပပစ္စည်းလေးတွေ လာဝယ်ချင်တယ်… လက်သည်းကတော့ အမလက်က ချိုသင်းထက်တောင် ပုတိုတိုလေးတွေ ဖြစ်မှာမို့  စိတ်လျော့လိုက်တယ်… ဒီမှာ တချို့ ဆို စိန်ပွင့်သေးသေးလေးတွေ ဇာသေးသေးလေးတွေ တတ်ထားတာတောင် တွေ့ ဖူးတယ်… သူများတွေ လုပ်ထားတော့လဲ လှလိုက်တာ… ချိုသင်းရေ… ဆိုင်လေးရှိတဲ့ အတူတူ အိမ်အလှဆင် ပစ္စည်းလေးတွေနဲ့  စာရေးကိရိယာလေးတွေ တင်ပါ့လား…ပြီးတော့ handmade လေးတွေလဲ ချစ်စရာကောင်းတော့ လူစိတ်ဝင်စားလိမ့်မယ်ထင်တယ်… ချိုသင်းတို့ ဆိုင်လေး အမြဲစည်ကား အမြတ်များများ ရပါစေလို့ …

MANORHARY said...

အတော်ပဲ လက်သည်းလာလုပ်ဦးမယ်း)
အောင်မြင်ပါစေ ချိုသင်းရေ..

သစ်နက်ဆူး said...

မမိုး..ကိုကျော်.
မမိုးရေ..မမိုးချိုစာတွေမဖတ်ရတာကြာနေလို့ ။။ဘာများဖြစ်နေပါလိမ့်လို့ တွေးနေတာ...။
အခုစာလေးဖတ်၇တော့ အမောလဲပြေတယ်..။
နောက်ပြီး ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ အနုပညာဆိုင်လေးဖွင့်တယ်ဆိုတော့....တော်တော်ကို
ဝမ်းသာမိတယ်...။
အေးချမ်းခြင်းနဲ့ မေတ္တာတရားက အရာရာကို အောင်မြင်စေပါတယ်..။ ဘာမှမပူနဲ့ ...
ဒီတောင်လေးလောက်ကတော့ အေးဆေး ကျော်နိုင်တယ်..။ နီးများနီးရင် ကိုယ်တိုင်လာပြီး ကူညီချင်လိုက်တာ...။

Nay Lin said...

wow~~ ကံကောင်းလို့..အပြေးမြန်လို့ပေပဲ..:)
ကိုကျော်ဝဏ္ဏ..ယောင်လိုတောင် အလိုလိုက်ပြီး
လက်သည်းဆေးခြယ်တာမခံနဲ့ဗျို့..

အားလုံးအဆင်ပြေပြီးသကာလ..Business ကို manager နဲ့လွှဲထားပြီး ဘယ်တော့လောက်.
East ဖက်ကိုလာလည်နိုင်မလဲဆိုတာသိပါရစေ..

:))

NL

PAUK said...

MOE gift shop..
ရောင်းကောင်းပါစေ..
အောင်မြင်ပါစေ..

မချိုသင်း..လုံးဝမကြောက်ပါနဲ့..
အားမလျှော့ပါနဲ့...

ရွှေရတုမှတ်တမ်း said...

ဆိုင်ဖွင့်တယ်ဆိုတာ..မိုးမခ မှာဖတ်လိုက်ရလို့ ..
ဒီကကောင်မလေးတွေ...
tatoo ထိုးတတ်တဲ့ နေရာ သိတယ်မို့ လား...
လျှာ မှာ သံ လုံး.....
တင်ပါး မှာ...အရုပ်....
ချက် မှာ..နားကွင်း...တဲ့

Rita said...

ဟားဟား ဆိုင်တောင် လာကြည့်ချင်လာပြီ။
နီးရင်ကောင်းမှာနော်။
လက်သဲနဲ့ တက်တူးတော့ ၀ါသနာမပါဘူး။
ကွိစိကွစိဆိုရင်တော့ အင်မတန် ၀ယ်ချင်တယ်။

Rita said...

မမချို ပျော်ရွှင်အောင်မြင်ပါစေ

ဂျူနို said...

ဈေးရောင်းတမ်း ကစားနေတဲ့ အတိုင်းပဲိုပျော်စရာကောင်းလိုက်တာ ၀င်တောင် ကစားချင်လာပြီ။

ခင်မင်းဇော် said...

ဆိုင်လေးကို ဓါတ်ပုံရိုက်တင်ပေးပါဦး ချိုသင်းရေ..
ဒီလုပ်ငန်းလေးတော့ ချစ်စရာလေးနော်.. အမလက်ဆိုလဲ လှမှာမဟုတ်ဘူး။ လက်သည်းရှည်မရှိတဲ့ လေးထောင့်လက်တွေလေ ဟဟ။

သီဟသစ် said...

Tatoo ထိုးတာလေး parttime လာလုပ်ကူပါရစေ
:P

ZT said...

ကျွန်တော်လည်း တက်တူး ထိုးချင်တယ်။ နဂါးအတက်အဆင်း ကျား အတက်အဆင်းတွေ ထိုးရရင် ရှယ်ပဲ။ :)

မီယာ said...

အမချိုသင်းတို့ကို အားကျလိုက်တာ... စာထဲမှာ အပျော်နံ့လေးတွေ သင်းနေတယ်။ စီးပွားတိုးတက် အောင်မြင်ပါစေ အမ။

ပုံရိပ် / Pon Yate said...

ဟာ အစ်မဆိုင်ကို လာဦးမှ ထင်တယ်။

မေဇင် said...

မမရေ...အပျော်တွေကူးတယ်... မမစာလေးတွေ ဖတ်ရရင် ဘာဖြစ်ဖြစ် ပြုံးနေရတယ်...။

မမတို့ ဆိုင်လေး အောင်မြင်ပါစေ ။

MieMie said...

နီးနီးနားနားဆို လာ အားပေးပါတယ်...၀ါသနာပါတယ်လေ...
ဘဘ ဦးတင်မိုးကြီးသာ ရှိရင် ဆိုင်နာမည်ကို
ဘယ်လိုပေးမလဲ မသိဘူးနော်... ချိုသင်းတို့ မောင်နှံ တိုးတက်အောင်မြင်ကြီးပွားပါစေ...

mie nge

CONTACT said...

ချိုသင်းရေ
နောက်တပါတ်မှ ဆိုင်ကို လာလည်တော့ မယ်နော်။ ကိုယ့်ဗလနဲ့  တက်တူး၊ ကိုယ့်အရပ်နဲ့  လက်သည်း ပန်းပွင့်၊ တွေးကြည့်ရုံနဲ့  ရင်ခုန်တယ်။
စိတ်ထားစေတနာ ပြည့်ဝတဲ့ ဇနီးမောင်နှံမို့  ဘာပဲလုပ်လုပ် စေတနာအကျိုး ပေးလိမ့်မယ်လို့ လုံးဝယုံကြည်ပါတယ်။
ဘ၀ ဆိုတာ တိုက်ပွဲ
တက်တူး ဆိုတာ လိုက်ပွဲ။ (ဘာမှလဲမဆိုင်ဘူး)။
ဘာပဲဖြစ်ဖြစ် ဘ၀မှာ တခါတရံ တက်တူးတွေ ထိုးဖို့ လို သလို၊ ပန်းပွင့်တွေလဲ ပွင့်ဝေနေဖို့  လိုတယ်လေ။
(ဟဲဟဲ...သူများတွေလို မေါ်ဒန်ကြည့်တာပါ)။
ချစ်ခင်စွာ
KM

အိန္ဒြာ said...

မမချိုသင်းရေ..

ပျော်စရာကောင်းလိုက်တာ..
ပျော်ဖို့အကောင်းဆုံးက တစ်နေကုန်တစ်ယောက်မျက်နှာတစ်ယောက်မြင့်ခွင့်တွေ့ခွင့်ရနေတာ....;P

အဆင်ပြေပါစေ...
အများကြီးရောင်းရပါစေ...
မမဈေးဆစ်သလိုဆစ်တဲ့သူတွေ
လက်သည်းကပ်တဲ့သူတွေ..
တက်တူးထိုးတဲ့ကောင်မလေးတွေ..အများကြီးလာပါစေ...

ဘာပဲပြောပြော စာတွေပြန်ရေးပါတော့ မမ

ချစ်တဲ့

အိန္ဒြာ

WWKM said...

မချိုသင်းရေ..
စိတ်ဝင်စားစွာနဲ့ လာဖတ်သွားပါတယ်ရှင်။
Nail art ကို ၀ါလည်းစိတ်ဝင်စားတယ်လေ..ကိုယ်တိုင်
ပန်းပွင့်လေးတွေဖော်တယ်. စိတ်ဝင်စားရင်ပျော်စရာ
ကောင်းပါတယ်နော်။ ( ၁၀)လပိုင်းမှာတော့ Nail art
သင်တန်းတိုလေး တက်စရာရှိသေးတယ်။
အောင်မြင်မှုတွေနဲ့အတူ ပျော်ရွှင်ပါစေရှင်။

:P said...

ရှေးခေတ်က တက်တူးအိမ်မြှောင်ရုပ် ထိုးရင် ကြောင်တစ်ကောင်လို ပေါ့ပါးတယ် ဆိုတာ အဟုတ်လားအမသိဘူးနော်.. မမ

TZA said...

MOE Gift Shop အောင်မြင်ပါစေ

ဆောင်းယွန်းလ said...

ထုံးစံအတိုင်းပဲ မချိုသင်းရဲ့ပို့စ်ကိုဖတ်ပြီးပြုံးမိဖြစ်ပြန်တယ်...

LAဘက်ရောက်ရင် တက်တူးလာထိုးဦးမှ

မေ့သမီး said...

အမရဲ့ ဆိုင်ဖွင့်ခြင်းအနုပညာက မိုက်တယ်။ တက်တူး သင်ထားနော်အမ။ :D

kolay said...

ရေနဂါးက လက်မောင်း၊ နှင်းဆီပွင့်က ခြေထောက်မှာပါ ချိုသင်းရဲ့။ မှန်ကြည့်ပြီးရေးလိုက်လို့ ပြောင်းပြန်တွေ ဖြစ်သွားသလားမသိဘူးနော်။

khin oo may said...
This comment has been removed by the author.
my page said...

စာလေးဖတ်ရတာကိုက ပျော်စရာလေးဗျာ အရင်က၀င်မကြည့်ဘူးပါဘူး..ဖတ်၇င်းဖတ်ရင်းနဲ့ ကွန်မန့်တွေတောင် ပြီးသွားတယ် အင်း အနုပညာ အနုပညာ တော်တော်လည်းဖမ်းစားနိုင်ပါလားနော်..

Nu Thwe said...

ချိုသင်းတို့ဆိုင်အကြောင်း FB မှာ တဆင့်အညွှန်းနဲ့ ဖတ်လိုက်ရတယ်။ မအားတဲ့ကြားက ပျော်စရာလေးတွေ ရေးပြတာ ကျေးဇူးတင်တယ်နော်။ နောက်တခါ လာရင် လာတွေ့မှ ဖြစ်တော့မယ်။ Nail art လုပ်ရအောင် :) ဆိုင်ထိုင်ရင်း blog တွေ လျှောက်လည်မနေနဲ့နော်။ ဆိုင်စောင့်နတ်က မျက်စိနောက်သွားရင် မစောင့်ရှောက်တော့မှာ စိုးလို့ :D အောင်မြင်ပါစေ။

နွေဆူးလင်္ကာ said...

စာပြန်ရေးဖို့ ကြိုးစားမယ်ဆိုလို့ ၀မ်းသာရပါတယ်။ ဆိုင်လေးလည်း အဆင်ပြေပါစေ ...

မောင်မောင် said...

ဟုတ်ပါ့ဗျာ။
ဆိုင်လေးလဲ ဖွင့်၊ service လဲပေးတော့ အကြံကောင်းတယ်ပြောရမှာပဲနော်။
အောင်မြင်ပါစေဗျာ။

ကိုကိုသုန် said...

အစ်မ မိုးချိုရေ လာလည်သွားပါတယ်... အိမ်မလည်ဖြစ်တာကြာလို့ အစ်မတို့ သတိရစွာဖြင့် အတိုးနဲ့ လာပြီးဖတ်သွားပါတယ်... အစ်မနောက်တစ်ခု ပါလုပ်ပါလား... ဖုန်းမှာချိတ်တဲ့ စာလုံးလေးတွေကိုရွေးပြီး နာမည်လုပ်တာလေ... အားပေးချင်ပါတယ်ဗျာ...ဒါပေမယ့် တစ်မြေဆီခြားနေတယ်လေ....

ဖြူတုတ်လေး said...

Ma Ma...you have great sense of humour. Love, love, love this post. When I happen to be in LA, I'll make sure to visit your shop to get nail art done by you.

nu-san said...

အမ ပို့စ်လေးတွေ ဖတ်ရတာ အပျော်ကူးတယ်.. အမတို့ ဆိုင်မှာ Nail Art လုပ်မယ့်သူတွေ Tattoo လာထိုးတဲ့သူတွေနဲ့ စည်ကားပြီး အရောင်းအ၀ယ်ကောင်းပါစေ အမရေ.. နီးနီးနားနားဆို သိပ်ကောင်းမှာ.. လာအားပေးလို့ရတာပေါ့ .. အဟီး.. :D ကျနော့် လက်ကလည်း မလှတော့ Nail Art ဆိုရင် အမ စိတ်ညစ်သွားမှာပဲ.. ဒီမှာလည်း Nail Art ဆိုင်လေးတွေရှိတယ်.. ဈေးတော့ ဘယ်လောက်လဲ မသိဘူး.. တခါမှ မလုပ်ကြည့်ဖူးတော့ မသိဘူးရယ်.. :)

P.Ti said...

အမချိုသင်းရေ... အမလည်း ဆိုင်ဖွင့်ဖို့လုပ်နေရတာနဲ့ မအားပဲ စာမရေးဖြစ်တာကိုး။ ကျွန်တော်လည်း အလုပ်ရှုပ် ခရီးသွားနဲ့ စာလည်းမရေးဖြစ်၊ အင်တာနက်လည်း မသုံးဖြစ် ဖြစ်နေတာ။

အမ ကိုယ့်အလုပ်ကိုယ်စလုပ်နေတယ်ဆိုတော့ အားချိန်နည်းသွားမှာပေါ့။ ကြိုးစားရင်း အောင်မြင်လာမှာပါ။ အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။

Unknown said...

Hi ama, I like your post. May I know your shop address bcoz so interested.
Thanks.

Sakura

Unknown said...

Hi ama, I like your post. May I know your shop address bcoz so interested.
Thanks.

Sakura

Maung Maung Kyaw Win said...

We are very much interested to visit your gift shop. Please send me your address and phone number.We will try to come to your city one summer and buy something from your shop. Hope you remember me? While in Rangoon when I worked for Apyozin, Khit Tun and I came to your house and did interview.
Mg Mg Kyaw Win and family (Chicago)
email: whitershape06@yahoo.com

Unknown said...

တက်တူးအ၇မ်းထိုးချင်တယ်။ လက်မောင်းရင်းနဲ့ ခါးစပ်မှာ၊ မီးလျှံပုံပေါ့။ ဒါပေမယ့် ကိုယ့်အလုပ်နဲ့ မအပ်စပ်တော့မထိုးရဲဘူး။ ပြန်ပြင်ရတာခက်လို့ အိမ်ထောင်တောင်မပြုရသေးဘူး
(ဟယ် ဘာဆိုင်လို့လဲ)
ရောင်းကောင်းပါစေဗျာ။