ကျား နဲ့ ဆင်

လူကြီးသူမတွေ ပြောတာ ကြားဖူးတယ်။ နေ့နံနဲ့ လိုက်လို့ လူတွေက စိတ်သဘောထားတွေ ပြောင်းတတ်တယ် တဲ့။

ဟုတ်မဟုတ်တော့ ကိုယ်လဲ သေချာ မသိပါဘူး။ ကြားဖူးနားဝ ရှိတာကို ပြောပြတာပါ။ “သူက စိတ်ကြီးမှာပေါ့ စနေသမီးကိုး” ဆိုတာမျိုး၊ “ကလေးက အေးတယ်၊ ကြာသပတေးသမီးလေ..” ဆိုတာမျိုး၊ “သောကြာသားမို့ စကားကတော့ များသလား မမေးနဲ့” ဆိုတာမျိုးတွေပေါ့။

အနောက်နိုင်ငံတွေမှာတော့ မွေးတဲ့ နေ့အလိုက် အစွဲအလန်းတွေ သိပ်မကြားမိတတ်ဘူး။ သူတို့ကတော့ ရာသီခွင်နဲ့ လူတွေရဲ့ အတွင်းစိတ်ကို ပိုစိတ်ဝင်စားတတ်ကြတာပါ။ အဲဒီရာသီခွင်တွေကလဲ အများအားဖြင့် မှန်တတ်၊ တိုက်ဆိုင်တတ်လေတော့ စိတ်ဝင်စားစရာပါပဲ။

တိရိစ္ဆာန်အကောင်တွေနဲ့လဲ မွေးနှစ်တွေကို ပိုင်းခြား သတ်မှတ်ထားတာမျိုး ရှိသေးတာ..။ တခါက အသိတယောက်က ကိုယ့်ကို ဘာအကောင်လဲ မေးလို့ အတော် အူကြောင်ကျား ဖြစ်သွားသေးတယ်။ ငါက မြင်းလေ..ဒါကြောင့် တချိန်လုံး ပြေးနေရတာ ဆိုပဲ။

နင်ကတော့ ၀က် တဲ့..၊ သူ အဲဒီလို ပြောတော့ ၀မ်းနည်းလိုက်တာ..။ ကိုယ့်ကို တယ်နှိမ်ပါလား ထင်မိသေးတယ်။ တကယ်က မွေးတဲ့ ရာသီခွင် အကောင်ကို သူက ရည်ညွှန်းချင်တာ..။ ကိုယ့် ခန္ဓာကိုယ်ကို စောင်းပြောတာ မဟုတ်ရှာပါဘူး။ တိုက်ဆိုင်မှုရှိပေမဲ့ ခွင့်လွှတ်လိုက်ရပါတယ်။



နေ့နံနဲ့ ပတ်သက်တာ ပြန်ကောက်ရရင် ကိုယ်ကတော့ ကျားပါ။ တနလာင်္ ကျား၊ နတ်ပြည်သွား..လို့ ငယ်ငယ်က ပျော်ပျော်ရွှင်ရွှင် ဆိုခဲ့တဲ့ ကျားပေါ့။ တခြား တနလာင်္တွေ ဘယ်လို စိတ်မျိုးရှိတယ် မသိတတ်ပေမဲ့ ကိုယ်ကတော့ တခါတခါ စိတ်ကြီးတတ်တာကလွဲရင် သဘောကောင်းတဲ့ ကျားလေးပါ။ (တီဗီမှာတင်မဟုတ်၊ ဘလော့မှာလဲ အဲဒီလို ကြော်ငြာ ဖြတ်ဝင်တာတွေ ရှိတတ်တယ်။)

တနေ့တော့ ကျားနဲ့ ဆင် RC 2 မှာ တွေ့ကြတယ်။ သူက ဗုဒ္ဓဟူး လေ..။ ရှေးအဆိုအရ ဆိုရင်တော့ ခန္ဓာကိုယ် အင်အားကြီးသူချင်း တွေ့ရင် ချကြတယ်လို့ ဆိုလိုချင်သလားမသိ။ ပုံပြင်ထဲမှာ ရန်ဖက် ပေမဲ့ ကိုယ်တို့နှစ်ယောက်ကတော့ အိမ်ထောင်ဖက် ဖြစ်ခဲ့ကြတယ်။ ကိုက်တော့ ကိုက်ကြပါတယ်။ ကြာကြာ တခါ၊ မကြာ မကြာ တခါ ပေါ့။

ကျားလေးက music ကြိုက်တယ်။ အားရင် ဇိမ်လေးနဲ့ စာအုပ်လေးဖတ်၊ သီချင်းလေး နားထောင်ပြီး အမြီးလေးတလှုပ်လှုပ် နေချင်တယ်။ တခါတလေ ရုပ်ရှင်ကိုသွား၊ ကြော်ငြာဘုတ်ဒ် တွေကို ငေးမောပြီး ပေါက်ပေါက်ဆုပ်လေး မြုံ့ရင်း မျက်လုံးပြူးပြီး ပိတ်ကားကို စိုက်ကြည့်နေရတာ အရသာ လို့ ထင်တယ်။

ကျားမှာ သူငယ်ချင်းတွေကလဲ အကောင်ပလောင်စုံလို့ အများကြီးး။ သူငယ်ချင်းတွေက ဒါကို ၀ါသနာပါရင် ကျားကလဲ အလွယ်တကူ ပျော်ဝင်လိုက်ဖို့ ၀န်မလေးဘူး။ သူတို့က ဒါ ဆို ကျားကလဲ ဒါ၊ သူတို့က ဟိုဟာဆို ကျားကလဲ ဟိုဟာ..။ အပြင်းအထန်ကြီးတွေ ကျားက မကြိုက်ဘူး။ အေးရာအေးကြောင်း ကျား။

အဲဒီကျားလေးရဲ့ အဖော် ဆင်ကတော့ တမျိုး။ သူကတော့ အေးအေးဆေးဆေးပဲ နေမယ်။ တခုခု ကို စွဲစွဲမြဲမြဲ လုပ်တတ်တယ်။ ရှေ့ကိုတိုးမယ်ဆိုရင်တောင် ရှေ့နောက် စဉ်းစားတယ်၊ ကျားလို ၀ူးဝူးဝါးဝါး ပြေးမသွားဘူး။ မစဉ်းစားလို့ မရဘူးလေ..။ ကျားတလွဲလုပ်သမျှ ဆင်က ဖြေရှင်းရတာကိုး။ ကျားက လုပ်ချင်တာတွေ လုပ်ပြီးလို့ မျက်စိသူငယ်နဲ့ ခေါင်းငိုက်စိုက်ချနေရင် ဆင်က ၀င်ကူရတာပဲ။ အဲဒီလိုကူရပေါင်းလဲ များပြီ။

တခုခုဆို ကျားနဲ့ဆင် ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ကြတယ်။ ကိစ္စအကုန်လုံးကို နှစ်ယောက်စလုံးရဲ့ ရင်ထဲက အသည်းနှလုံးကို ဗဟိုပြုပြီးမှ စဉ်းစားဆုံးဖြတ်ကြတာများတယ်။ လွဲတဲ့အခါတွေလဲ ရှိတာပေါ့။ တခါတလေ တောင်အကြီးကြီးပေါ် တက်ရတဲ့အခါတွေ ရှိတယ်။ ချောက်အနက်ကြီးကို ဖြတ်ကူးရတဲ့အခါတွေ ရှိတယ်။ ပင်လယ်ကြီးနဲ့ ရင်ဆိုင်တိုးရတာတွေလဲ ရှိသေးတယ်။ အဲဒီအခါဆို ကျားက အသံမျှင်းမျှင်းလေးပဲ ထွက်တော့တာ။ အမြီးလေးသိမ်းပြီး ခွေနေတာ..။

အဲဒီအခါဆို ဆင်က မတ်မတ်ရပ်မှ ဖြစ်တော့မယ်။ ကျားလေးကို ထ ထ ဆိုပြီး ဆွဲထူရတယ်။ ကျားလေးပါမှ ဆင်ကြီး ဖြောင့်ဖြောင့်သွားနိုင်မယ် လို့ ပြောတယ်။ ဒါဆို ကျားလေးက ပြန်လန်းပြီး ဆင်ကြီးနောက်က ဆတ်တောက် ဆတ်တောက် လိုက်လာတယ်။ ဒီလိုနဲ့ လမ်းလေးကျဉ်းကျဉ်းကို အတူတူ သွားကြပြန်ပါရော..။

အခုတော့ ဒီကျားနဲ့ ဒီဆင်မှာ ကလေးလေးတကောင်ရှိပြီ။ လူလေးတော့ မဟုတ်ဘူး။ အမေနဲ့ နည်းနည်းဆင်တဲ့ အမြီးလေးနဲ့ ကြောင်အဖြူလေးပေါ့။ သမီးက အဖေကို ချစ်တယ်၊ အမေကို နိုင်တယ်။ ကြောင်လေးရှိတဲ့အတွက် ကျားရော ဆင်ရော ဘ၀မှာ ချမ်းမြေ့တယ် လို့ ထင်ကြတယ်။ ပင်ပန်းသမျှ သမီးမျက်နှာမြင်တာနဲ့ အကုန်ပျောက်တယ်။ တနေ့တနေ့ သမီးမျက်နှာတကွက်စာကို ငုံ့ငုံ့နမ်းရတာအမော..။

ညညဆို သားအမိ သားအဖ ၃ယောက် အတူတူအိပ်ကြတယ်။ ခူး ခလော ဂူး အသံတွေ စုံနေတာပေါ့။ တခါတလေ ဖေဖေဆင်ကြီးက သမီးကြောင်လေးကို ပွေ့ရင်း အိပ်တယ်။ သမီးကြောင်လေးက တဂူးဂူးနဲ့ ကျေနပ်နေတာ..။ မေမေကျားက သူတို့ကို ကြည့်ပြီး ကြည်နူးရင်း အိပ်တယ်။ ညလယ်ကျရင်လဲ သမီးကလေး ဘယ်လိုအိပ်သလဲလို့ အဖေတွေ အမေတွေက ထ ထကြည့်ရတယ်။ သမီးကလေး ကံကောင်းတယ်။

နောက်ပြန်လှည့်ကြည့်ရင် ခြေရာလေးတွေ တွေ့ရမယ်။ ဒါက ပျော်ပျော်သွက်သွက် အတူ လျှောက်ခဲ့တာ..။ ဒါကတော့ ကျားလေး နေမကောင်းလို့ တရွတ်ဆွဲ လိုက်ရတာ..။ ဆင်ကြီးက ပုခုံးပေါ်တင်ပြီး ထမ်းခေါ်ရတာ..။ ဒါကတော့ ကျားက ကပ်ဖဲ့လုပ်ပြီး ဟိုလျှောက် ဒီလျှောက် လျှောက်နေတာ..။ ဒီ လမ်းဆုံမှာတော့ နှစ်ယောက်သား ရပ်နေပုံပဲ။ ခေါင်းချင်းဆိုင် တိုင်ပင်နေသလား။ နှစ်ယောက်သား လမ်းလေးတကွေ့ အတူကွေ့လိုက်ပြန်ပေါ့။

ဘာလိုလိုနဲ့ အတူလျှောက်ခဲ့တာ ၁၄နှစ် ရှိခဲ့ပြီ။ ကဗျာထဲကလို ခယောင်းတောကို ပန်းကော်ဇောအဖြစ် ပြောင်းမပစ်နိုင်တောင် လမ်းကလေး ပြာပြာမှောင်၊ သာယာအောင်တော့ ဖန်တီးနိုင်ခဲ့ပါတယ်။

မိုးချိုသင်း

(မတ်လ ၁ရက်နေ့ အမှတ်တရ)

81 comments:

khin oo may said...

Happy anniversary!

ကိုခိုင် said...

တနင်္လာကျား ဘုရားသားး)
ပျော်ရွှင်ဖွယ်ရာနှစ်ပတ်လည်ဇြစ်ပါစေဗျာ။
ကိုခိုင်

ကိုပေါ said...

ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြတာပေါ့....

Happy Anniversary!

. said...

၁၄နှစ်မှသည် သက်ဆုံးထာဝရတိုင်..
လမ်းကလေး ပြာပြာမှောင် မှာ..
ကြောင်ကလေး ပြောင်ပြောင်မာ နဲ့.. (အဲ..မှားသွားလို့..:P)
ကြောင်ကလေး ဖြူဖြူညောင်နဲ့အတူ
ပျော်ပျော်မြူး.. လျှောက်လှမ်းနိုင်ကြပါစေ..။

ချစ်ကြည်အေး said...

၁၄နှစ်ရှိပြီပေါ့ မချိုကျားလေး...ဆင်ပြောင်ကြီးသွားရာ ကျားမ ဆတ်တောက် ပေါ့လေ...ပျော်ရွှင်ဖွယ် မင်္ဂလာနှစ်ပတ်လည် ၁၄ နှစ်မှ နှစ်ပေါင်း များစွာ....ရွှေလက်တွဲပျော် နိုင်ကြပါစေသောဝ်....:))

Unknown said...

သိပ်ချစ်ဖို့ကောင်းတဲ့ ကျားနဲ့ဆင်တို့ပါလား။ ဆင်ပိန်ပိန်လေးက အမြဲတမ်းမငြီးမငြူ ထမ်းခေါ်နိုင်ပါစေ ကျား၀၀လေးရယ်။
အိုအောင်မင်းအောင်..မခွဲမခွာ..အမြဲအတူရှိပါစေ။
(ကြောင်မပါ)

စန္ဒကူး said...

မမ ရှေ့ဆက်ပီးလည်းသာယာပျော်ရွှင်တဲ့ ဘ၀လေးကို ပျော်ရွှင်စွာဆက်သွားနိုင်ပါစေ...

ဒဏ္ဍာရီ said...

အေးချမ်းပျော်ရွှင်တဲ့ ဘ၀လေး ဖြစ်ပါစေ မမ..

ခင်မင်လေးစားလျှက်

MieMie said...

ပျော်ရွှင်ဖွယ်ရာ မင်္ဂလာ နှစ်ပတ်လည် ဖြစ်ပါစေကြောင်း
ဆုမွန်ကောင်း တောင်းလျက် ...........

mie nge

Anonymous said...

အသည်းနှလုံးကို ဗဟိုပြုပြီး စဉ်းစားတယ်၊
အဲဒါ သိပ်အရေးကြီးတဲ့ စကားလုံးပါပဲ အမ၊
ဒီစာကို ဖတ်ရင်း ချစ်ဖွယ်ကောင်းသော ကျားနဲ့ဆင်တို့ကို မြင်ယောင်မိပါတယ်။

ဇွန်မိုးစက် said...

ဖတ်လို့ကောင်းလိုက်တာ မမရေ။ ဖတ်ရင်းနဲ့ မျက်စိထဲမှာ ကျားနဲ့ဆင်ကို မြင်ယောင်သွားတာ။

ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့ ၁၄နှစ်တာခရီးမှသည် သက်ဆုံးတိုင်အောင် မခွဲမခွာ အတူတကွ လျှောက်လှမ်းနိုင်ကြပါစေ မမကျားနဲ့အစ်ကိုဆင်တို့ရေ။း)

(ဇွန်ကတော့ စနေသမီး စိတ်ကြီးတဲ့အထဲမှာပါတယ်။ အဟဲ..)

Thant said...

Happy Anniversary.............. :)))))

ခြေလှမ်းသစ် said...

၁၄ နှစ်မှသည် မိသားစုကလေး ပျော်ရွှင်အောင်မြင်စွာ ဆက်လက်လျှောက်လှမ်း နိုင်ပါစေဗျာ ...

Anonymous said...

မင်္ဂလက်ဆောင်ပါ အမ၊
တစ်ဆယ့်လေးနှစ်မြောက် အထိမ်းအမှတ်အတွက် ဒေလီယာပန်း၊
http://www.fileden.com/files/2009/7/2/2496382/wedding%20anniversary%20present%20for%20ma%20moe%20cho%20thin.jpg

kay said...

ဆင်က.. ကျောက်ခဲ မဟုတ်တော့.. လည်ပြင် ( ပြင်ညောင်) မှာ တွေ့ခဲ့တာတော့..မဟုတ်တန်ရာ...း)

ပျော်ရွှင် တွဲလက် ဆက်ဆက်ခိုင်မြဲ ပါစေ.. မချိုသင်း

မေဓာဝီ said...

ဖတ်ရတာ ကြည်နူးစရာလေး .. အမရေ ပျော်ရွှင်စရာ မင်္ဂလာနှစ်ပတ်လည်ဖြစ်ပါစေ။

ဂျူနို said...

်အကျယ်ချုပ် ၁၄နှစ် ရှိပြီကိုး။ အတော်သည်း ခံနိုင်တဲ့ ဆင်ပဲ။:))

Nge Naing said...

ပျော်ရွှင်တဲ့ နှစ်ပတ်လည်နေ့လေး ဖြစ်ပါစေ။ အသက်ထက်ဆုံး တယောက်ကိုတယောက် နားလည်မှု ရှိရှိနှင့် ပျော်ရွှင်စွာ ချစ်ခင်ပေါင်းသင်းနိုင်ကြပါစေ။

:P said...

ပျော်ရွှင်သော နှစ်ပတ်လည် ဖြစ်ပါစေ...။

Unknown said...

very beautiful writings and story sister.
Please write more. I have been waiting for new posts everyday.

Andy Myint said...

Happy Anniversary ပါ ကျားနဲ့ဆင်...
သူမနှင့် Andy

ကြည်ဖြူပိုင် said...

မမ
ရေးထားတာလေးက ချစ်ဖို့ကောင်း
စိတ်ဝင်စားဖို့ကောင်း ။အသည်းယားဖို့ကောင်း။
အရမ်းအရမ်းကိုကောင်း
နေ့နံအလိုက်စိတ်ထားတွေကွဲပြားတယ်
ဆိုတာတော်တော်မှန်နိုင်ခြေရှိတယ်မမရ။
အနော်လဲကျားပဲ။တော်တော်များများရာနှုန်းပြည့်နီး
ပါးမှန်တယ်..(.အဟဲ..ဆင်ကြီးမရှိတာကလွဲလို့ :D )
မမလိုပဲအေးတယ်မမရဲ့ (ကြော်ငြာ
အတူဝင်တယ်နော် :P) ဒေါသထွက်ခဲတယ်။အဲဒါအမှန်။
ဒေါသကြီးရင်တော့တအားသွေးဆူပြီး
ဘယ်သူမှထိန်းမနိုင်လို့ သူများတွေစိတ်ညစ်ရတယ်ဆိုပဲ။
တော်တော်များများကျားတွေကိုလဲအနော်ကြည့်ဖူးတယ်။တော်တော်များများတူတယ်မမ။
သြော်...ဘာလိုလိုနဲ့ကျားလေးနဲ့ဆင်ကြီးတို့တောင်
၁၄နှစ်လက်တွဲလာခဲ့ပြီးပြီနော်။ ပျော်စရာကြီး။မမတို့ ၂ယောက်ကသိပ်ချစ်တာကိုး။ မမကိုလွမ်းလို့ ဒီနေ့တုတ်ထိုးလုပ်စားတယ်သိလား။ :D
မမတို့ ၁၄နှစ်မြောက်မင်္ဂလာသက်တမ်းမှသည်..ရိုးမြေကျပျော်ရွှင်စွာ ၂ယောက်အတူလျှောက်လှမ်းနိုင်ပါစေနော်
ချစ်တဲ့
KPP

Su said...

ပျော်ရွှင်စရာမင်္ဂလာနှစ်ပတ်လည် ပါ
ကိုကိုကျော်ဝဏ္ဏ နဲ့ မမချိုသင်း

ကိုလူထွေး said...

ကာတွန်းကားကြည့်နေရသလိုပဲ
မျက်စိထဲမှာ ချစ်စရာကောင်းတဲ့ အကောင်လေးတွေကို ကွက်ကွက်ကွင်းကွင်း မြင်မိတယ်။

ပြီးတော့ ဟိုးမင်္ဂလာဆောင်တုန်းက ကာတွန်းပုံလေးကလည်း မျက်စိထဲ ပြန်ပေါ်လာခဲ့တယ်...။

ကွန်ဂရက်ကျူလေးရှင်းပါ ဘရာသာဆင်ရေ...

းဝ)

မမသီရိ said...

ဘ၀နှစ်ခုကို အတူတူ .. ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ၁၄ နှစ်ကျော်ဖြတ်ဖို့ဆိုတာ သိပ်မလွယ်လှတဲ့ ကိစ္စပါ ချိုသင်းရေ..

ချိုသင်းရော ကိုကျော်ဝဏပါ ကံကောင်းကြတယ်

ကျန်နေသေးတဲ့ဘ၀ ရှေ့ခရီးမှာလဲ ပျော်ရွှင်ဖွယ်ရာ လမ်းတွေပေါ်ပဲ လျှောက်လှမ်းရပါစေ လို့ ဆုတောင်းပါတယ်

ဒါနဲ့.. ချိုသင်း အတွက် မမ ပို့စ်လေး တပုဒ် စ.. ထားတယ်.. ၆ ဂဏန်းကို ပိုင်စိုးသူများ အကြောင်း တဲ့.
ညီမ စီဘောက်မှာ လာပြောပြီးထဲက စ ထားတာပါ.. အလုပ်က လူကို အနိုင်ယူနေတာမို့ လက်စ မသပ်နိုင်သေးဘူး

ညီမရဲ့ မွေးနေ့ မတိုင်မီတော့ တင်ပေးနိုင်ကောင်းပါရဲ့

Eaindra said...

မမချိုသင်းရေ...

ကြည်နူးစရာကောင်းလိုက်တာနော်...
အားကျစရာ ချီးကျူးစရာပါပဲ..

ဗေဒင်အလိုအရဆို တနလာင်္နဲ့ ဗုဒ္ဒဟူးဆိုတာ
စီးပွားဖက်ဆိုလားပဲ ( သူများတို့ကျ ဥသာ :P )

"""ကိစ္စအကုန်လုံးကို နှစ်ယောက်စလုံးရဲ့ ရင်ထဲက အသည်းနှလုံးကို ဗဟိုပြုပြီးမှ စဉ်းစားဆုံးဖြတ်ကြတာများတယ် ""

အရမ်းလှတဲ့ စကားစုလေးပါ
ညီမအတွက်တော့ နှင်းခွဲမီးပါပဲ..။

မမချိုသင်းတို့ ၂ ယောက် အိုအောင်မင်းအောင် နောင်နှစ်ပေါင်းများစွာ စိတ်၏ကိုယ်၏ချမ်းသာစွာ
ပေါင်းဖက်နိုင်ကြပါစေ။

ချစ်ခင်လေးစားတဲ့

ADDRESSEE said...

တနလာင်္ ကျား အီးအီးစား ဗုဒ္ဓဟူး ဆင် အီးတွေစင် ဟားဟား နောက်သွားပါသည်အမရေ

Anonymous said...

ကျားကမ္ဘာက ဥယျောဇဉ်

ကိုဆင်ကြီးခင်ဗျား

ကျနော့အမ ကျားလေး(ကျားလေးဆိုပဲ) ကိုအခုလို ဖေးဖေးမမ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ (ဘယ်လောက်စိတ်ကောက်ကောက် :P) ဂရုတစိုက် နေပေးခဲ့တဲ့ အတွက် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း

မောင်ငယ် ကျားပိစိနှောက်တောက် ပေါက်စိကွေး သေးသေးလေး (သူမှ ကျားလေးဆိုတော့ လေ)

ကိုချစ်ဖေ said...

ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြတာတာ လက်စသပ်တော့ ဆင်က ကျားကို ထမ်းပြီး လမ်းကျဉ်းကျဉ်းလေးထဲ ပြန်သွားကြတာကိုး..ကျင်းပြန်ကြီးသဘောထားကို မေးကြည့်ဦးမယ်..လေ..
ဆရာစွမ်းကတော့ လွတ်ရက်မရှိ တသက်ဆိုတော့ တကျွန်းဆိုပဲ..အင်း....

Rita said...

Happy anniversary!

အားကျ

sonata-cantata said...

Happy Anniversary

tin min htet said...

စီနီယာ အကိုအမများမို့ လေးလေးစားစား ဂုဏ်ပြုသွားပါတယ်။

ဆင်လေးက နည်းနည်းပိန်တော့ ကျားလေးက တအားကြီး ခုန်ပေါက် မစီးနဲ့နော် :)

pandora said...

ပျော်စရာကောင်းလိုက်တဲ့ နှစ်ပတ်လည်လေးပဲ။
အခုလိုပဲ ဆက်လက်ပြီး ဘိုးဘိုးဆင် ဘွားဘွားကျားဖြစ်တဲ့အထိ ဘ၀တလျောက်လုံး ချစ်ချစ်ခင်ခင် လက်တွဲ ပျာ်ရွင်ကြပါစေ။

သက်ဝေ said...

ချိုသင်းရေ...

ချစ်စရာ နှစ်ပတ်လည်ပိုစ့်လေး ဖတ်လို့ ကောင်းပါ့...
နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်စွာ လက်တွဲ ခိုင်မြဲစေကြောင်း ဆုတောင်းတယ်နော်...

juli said...

Happy Anniversity ပါမချိုသင်း..

Unknown said...

Happy Anniversary ပါ မမမိုးချိုသင်း !
မမရေးထားတာ ဖတ်ရတာ အရမ်းကြည်နူးဖို့ကောင်းတယ်.........

nwelay said...

Happy Anniversary Ama.

ရွှေရတုမှတ်တမ်း said...

မကျားမ ကိုထမ်းရတဲ့ ကိုဆင်ပိန်ခမြာ ခါးတောင်နာရှာသတဲ့...(မယုံရင်ပုံပြင်မှတ်..း))))))

Sint Si said...

Happy Anniversary!! You have very creative thinking.

TZM said...

၁၄ နှစ်မြောက်မင်္ဂလာနှစ်ပတ်လည် မှသည်နောင်နှစ်ပေါင်းများစွာသို့ ...
ကျားနဲ့ဆင် ရွှေလက်တွဲပျော်ရွှင်နိုင်ကြပါစေ :)


ခင်တဲ့
ညီမလေး

AMK said...

Happy anniversary to အကို ကျော် နှင့် အစ်မ ချိုသင်း

မြတ်နိုး said...

ama, yay..

Happy Anniversary..

Wish you and your hubby belongs happy life until the end of your life.

MN

ပုံရိပ် / Pon Yate said...

အစ်မတို့ စုံတွဲက သိပ်ချစ်စရာကောင်းတာပဲ။ အိုအောင်မင်းအောင် ပေါင်းရပါစေ။

P.Ti said...

Happy Anniversary....
Very cute couple.
အခုလို ပျော်ရွှင်စွာတသက်လုံး လက်တွဲနိုင်ပါစေ။

T T Sweet said...

မချိုသင်းရေ ... တို့တွေလဲ ကျားနဲ့ဆင်ပဲ ...
ဆင်တွေက စိတ်တို၊ စိတ်ဆိုးလွယ်သတဲ့ ... ပြီးတော့ ပြီးတာပဲတဲ့ ... ကျားတွေကတော့ တစ်ခါတစ်လေ စိတ်ဆိုးရင် ကြမ်းတယ်။
ကိုယ်တို့ကတော့ အဲလိုတွေ။

မချိုသင်းရေးတဲ့ ကျားနဲ့ဆင်ကချစ်ချာလေး ။


၁၄နှစ်မြောက်မှ သက်ဆုံးတိုင်ထာဝရ သို့ ...

MANORHARY said...

ချိုသင်းရေ
ကျားကလေးနဲ့ ဆင်ကလေး ဥယျာဉ်ထဲမှာ
ပျော်ရွှင်စွာ ရာသက်ပန် .. ရိုးမြေကျ ... ..
....

tin min htet said...

ဆင်လေးပိန်ပိန် ရေမှာစိမ်တော့
အီကြာကွေး .. အီကြာကွေး
ကျားလေးဝဝ ရေမှာချတော့
မုန့်ဖက်ထုပ် .. မုန့်ဖက်ထုပ် :P

Vista said...

ဆင်ပိန်ပိန်လေး ၊ ကျားဝဝလေး နှင့် တစ်သက်လုံးပျော်ရွှင်နိုင်ပါစေ။

ကူးလွေ့ said...

အသက်ထက်ဆုံး ချမ်းမြေ့သာယာ ပျော်ရွှင်စွာ ခရီးဆက်နိုင်ကြပါစေ အစ်မ........။

ရွှန်းလဲ့ said...

ပျော်ရွှင်ဖွယ်ရာနှစ်ပါတ်လည်ဖြစ်ပါစေ။
နောက်လည်းအများကြီးကျန်သေးတယ်အစ်မ။
အဲ့ခါကျတော့လည်း ပုံစံလေးတစ်မျိုးနဲ့ ရေးပါအုံးနော်။ ဦးဆင် ဒေါ်ကျားနဲ့ မီးမီးကြောင်လေးတို့ ပျော်ရွှင်ကြပါစေ။

Sein Lyan Tun said...

အမြဲ ထာဝရ

ရာသက်ပန်

ရိုးမြေကျ

ဆင်နဲ့ ကျား ဘဝ

ပျော်ရွင်သာယာချမ်းမြေ့ပါစေ

မကြီးချိုသင်းရေ...


ဆုမွန်ကောင်းများဖြင့်


ဖိုးစိန်

မယ့်ကိုး said...

ဖတ်ရတာ အရမ်းကြည်နူးဖို့ကောင်းတာပဲ မမ။
ချစ်တဲ့မမတို့ ရာသက်ပန်ပျော်ရွှင်စွာ ပါစေလို့ ဆုမွန်ကောင်းတောင်းပါရစေနော် ...

mae said...

ဖတ်ရတာ ပျော်စရာကောင်းလိုက်တာ.. အရမ်းအေးချမ်းတာပဲ
မမချိုသင်းတို့ အမြဲဒီလိုပဲ ပျော်ရွှင်ချမ်းမြေ့ပါစေ

မီယာ said...

အမချိုသင်း ချစ်သောသူနဲ့ အနှစ်တရာ ပျော်ရွှင်စွာနေရပြီး အသက် ရာကျော်ရှည်ပါစေ... ဖတ်ပြီး ကြည်နူးလိုက်တာ အမရေ

မျက်မှန်လေး said...

ကြည်နူးစရာကောင်းလောက်အောင်ေ၇းတတ်တယ်။။။
အားကျတယ် ။မမိုးချိုရေ...
လင့်ခ်ယူသွားတယ်နော်

လုလု said...

မ အရမ်းကြည်နူးစရာကောင်းတယ်
ကျားလေးနဲ့ ဆင်လေး ၁၄ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
တူ၊တူမလေးတွေ ထိန်းပေးရမယ်ဆိုရင်လည်း ပြောနော် မ

Nay Lin said...

ိုကိုကျော်ဝဏ္ဏ နဲ့ ချိုသင်း

နောက်ကျသွားတဲ့ဆုတောင်းပါခင်ဗျာ..

နောင်နှစ်ပေါင်းများစွာတိုင်အောင်

ကျား ကျီစားရာခံနိုင်တဲ့ ဆင် နဲ့
ဆင် ကျီစားရာခံနိုင်တဲ့ ကျား

ဖြစ်ကြပါစေ..

ဆင်နဲ့ကျား ပိမိမှာ မကြောက်တဲ့
ကြောင်နဲ့လဲ အသက်ထက်ဆုံး နေနိုင်ပါစေ..

Unknown said...

Hi!
Happy anniversary Cho and Kyaw.
You are tiger and elephant and we are mouse, elephant and daughter dragon.

mini nilay said...

ချစ်စရာကောင်းပြီး အလွန်လိုက်ဖက် တဲ့ ကျားလေးနှင့်ဆင်ကြီး

ခုလိုပဲ မခွဲမခွာ..ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေ..

mini nilay said...
This comment has been removed by the author.
ကိုပေါက်စ said...

သြော....လက်စသတ်တော့ ကျားနဲ့ဆင်က လယ်ပြင်မှာမတွေ့ပဲ RC(2)မှာတွေ့ခဲ့တာကိုး....

ဆောင်း said...

ပျော်ရွှင်ဘွယ်ရာအိမ်ထောင်လေး နစ်တရာ အင်း ... နစ်၂ရာ မက တည်မြဲပါစေ

noblemoe said...

အမတို့ ကြောင်းဖတ်ရတာ ၀မ်းသာပီတိဖြစ်မိပါတယ်။
ခုလိုပဲနှောင်နှစ်ပေါင်းများစွာတိုင် သာယာချမ်းမြေ့တဲ့ဘဝ
ကို ပိုင်နိုင်ပါစေနော်
မိုး

kittyaye said...

Dear Cho Thin,
Whenever i am unhappy or down , i have read your articles and enjoy,.At lease makes me smile. I like your writing style and your interesting articles. Although simple, but attractive to readers. Thanks a lot.

nu-san said...

Happy Anniversary ပါ မရေ..
အမရဲ့ ပို့စ်လေး ဖတ်ရတာ ကြည်နူးလိုက်တာ.. Disney က ကာတွန်းကောင်လေးတွေအကြောင်းရေးထားသလိုပဲ.... :)

Unknown said...
This comment has been removed by the author.
sha sha said...

မမိုးချိုသင်း... မိသားစုဓါတ်ပုံတင်ပေးပါလား။ တစ်ချို့ကသိကြပုံပေါ်တယ်။ ကျွန်မကမသိနေတော့ဖတ်ရင်းတစ်ခုခုလိုနေသလိုဖြစ်ဖြစ်နေတယ်။

ကိုအောင် said...

အမြဲ ပျော်ရွှင်ကြည်နူးပါစေ ...

Unknown said...

မမ.... Blog ကိုအမြဲတမ်းရောက်ပေမယ့် Comment မပေးတက်လို့ တစ်ခါမှ မပေးဖြစ်ဘူး.... မမ..ရေးတာလေးတွေက သိပ်ချစ်ဖို့ကောင်းတာပဲ... ဖတ်ပြီးရင် စိတ်ကိုချမ်းသာနေတာ... ခိုင်မြဲတဲ့ ချစ်ခြင်းတွေနဲ့ ....ဘ၀သက်ဆုံးတိုင် ချမ်းမြေ့ ပျော်ရွှင်ပါစေ......

ချစ်ကြည်အေး said...

ချိုသင်းရေ ပျော်ရွှင်ဖွယ် မွေးနေ့လေးမှ တသက်လုံးစာ ချစ်သောသူနှင့် အတူ...(တို့ အမှတ်မမှားရင်....ဒီနေ့ ချိုသင်းမွေးနေ့ မဟုတ်လားဟင်)....အလုပ်တွေ ကိစ္စများမြောင်နေတယ် ဆိုတော့....မွေးနေ့ပို့စ် မတင်ဘူးလား...လို့ လာချောင်းတယ်...:))

ချစ်ကြည်အေး said...

15th Mar နော်...:))

မောင်သီဟ said...

ကြည်နှုးစရားလေးရေးတတ်တယ်ဗျာ
ပျော်ရွှင်မှု့အပေါင်းခညောင်းပါစေဗျာ
း)

Zephyr said...

Happy Anniversary ....!

Sure, Elephants are so cool ...


With Peace,
One of Elephants,
Zephyr

Nyi Nyi said...

Ama..
Pls write abt yr opinion on election.if saya tin moe is alive, how he will decide?daw su told she would not even think of registering under these unjust laws.

thanks

Unknown said...

အမ
၁၄နှစ်မှ နှစ်ပေါင်း ၁၀၀ တိုင်အောင်အတူလက်တွဲပြီး အခက်အခဲတွေကို အောင်အောင်မြင်မြင်ကျော်လွှား နိုင်ပါစေ။(သမီး၊မြေးတွေနဲ.ပေါ.)

tg.nwai said...

အဲ...တလကျော်တောင် နောက်ကျသွားပကော..
ပျော်ရွှင်ချမ်းမြေ့ ထာဝရ ချစ်ခင်ကြင်နာတဲ့ နေ့ရက်များစွာ ချိုသင်းနဲ့ ကိုကျော်ဝဏ္ဏတို့ ပိုင်ဆိုင်ကြပါစေ..:D

ဒီပို့စ်လေးကို မမြင်မိဘူး..သတိရလို့ လာလည်မှ တွေ့လို့... စာရေးကောင်းတဲ့ ချိုသင်းကြောင့် ကျားလေးရယ် အားမာန်အပြည့်နဲ့ ဆင်ပြောင်ကြီးရယ်.. သမီးညောင်လေးရယ်ကို မြင်ယောင်ရင်း.... သဘောတွေကျသွားပါတယ်.. ဘယ်နှယ့်..အိပ်ရင်းဟောက်တာများ...သံစုံလို့ပါလား..:))

khin oo may said...

ရေးဦး..

Unknown said...

အမ...
ကျွန်တော်လည်း ကျွန်တော် ကောင်မလေးအတွက် အဲဒီလိုလေး ရေးချင်လို့  အမ စာသားလေး ကူးသွားပါတယ်....အမ ခွင့်ပြုပါနော်....
ကျေးဇူးတင်ပါတယ် အမ ကို....
အမ စာတွေ ဆက်လက်ရေးသားနိုင်ပါစေလို့ ဆုတောင်း
၇င်း........ခင်တဲ့ ကောင်လေး.....

sirimingala said...

စာလေးတွေဖတ်ရတာ ချောနေတာပဲ။ ဖအေ့သမီး ပီသပါပေတယ်။ ဒီကလည်း ကျားဆိုတော့ တိုက်ဆိုင်တယ်။ ကျေးဇူးတင်တယ် ဒကာမရေ။

Unknown said...

မျက်ရည်လည်တဲ.အထိကြည်နူတယ်အားကျတယ်

Unknown said...

လှလိုက်တာအမရယ်