ဒီလက အဖေ့ မွေးလမို့ အဖေ့ကို သတိတရနဲ့ အဖေ့ကဗျာလေးတွေ ဖတ်ဖြစ်နေတာမို့ ဒီကဗျာလေးတပုဒ်ကို သွားဖတ်မိတာပါ။ နိုဝင်ဘာ ၂၀၀၃ က ရေးထားတာဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်ကပေါ့လေ။
ဘ၀ဆိုတာ အမျိုးမျိုး ကြုံရ တွေ့ရတာပဲ။ အခုတလော ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို နောက်ပြန်လှည့်ကြည့်မိတဲ့ အချိန်တွေ ရှိတတ်တာမို့ အခု ခံစားရတာတွေနဲ့ တိုက်ဆိုင်သလိုရှိတဲ့ အဖေ့ကဗျာလေးတပုဒ်ကို မျှဝေချင်မိတယ်။ ဖတ်ကြည့်ကြပါအုံး။
ဝလုံးလေးက စ ခဲ့တယ်
ဝလုံးလေးက စ ခဲ့တယ်။
ဘကုန်းကို ဦးထိပ်တင်ပြီး
ဘ၀ထဲကို ၀င်ခဲ့တယ်။
ဝင်ခဲ့တဲ့ဘ၀ ထွေပြားစွ။
ည ည အခင်း ပပ၀င်း
လမင်းနဲ့လဲ ဆုံခဲ့တယ်။
ညအခါ
လ မသာ လ ပျောက်
ဍ္ဍ ရင်ကောက် ဎ ရေမှုတ်
အရုပ်ဆိုးဆိုးတွေလဲ တွေ့ခဲ့တယ်။
ကကြီး ခခွေး ငွေသူဌေး
စလုံး ဆလိမ် သုခမိန်
ချင့်ချင့်ချိန်ချိန် ရှိပါတယ်။
ဆူဆူပူပူ တ၀မ်းပူတွေလဲ အများကြီး။
ဘ၀ကျောင်း အစက ကောင်းပါရဲ့
မရဏ မောင်း က ခေါ်သံကြားရင်
အားလုံးထားလို့ သွားရမယ်။ ။
တင်မိုး
၁၊ ၁၁၊ ၂၀၀၃
အားလုံးကို ထားလို့ သွားရမဲ့ အချိန် မရောက်သေးသမျှတော့ ခရီးဆက်ရအုံးမှာပေါ့။
ခရီးလမ်း ကြမ်းသည်ဖြစ်စေ၊ ချောသည် ဖြစ်စေ တုံ့လှဲ့မေတ္တာနဲ့သာ အားပြုပြီး သွားချင်သူပါလေ။
ဘ၀ဆိုတာ အမျိုးမျိုး ကြုံရ တွေ့ရတာပဲ။ အခုတလော ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို နောက်ပြန်လှည့်ကြည့်မိတဲ့ အချိန်တွေ ရှိတတ်တာမို့ အခု ခံစားရတာတွေနဲ့ တိုက်ဆိုင်သလိုရှိတဲ့ အဖေ့ကဗျာလေးတပုဒ်ကို မျှဝေချင်မိတယ်။ ဖတ်ကြည့်ကြပါအုံး။
ဝလုံးလေးက စ ခဲ့တယ်
ဝလုံးလေးက စ ခဲ့တယ်။
ဘကုန်းကို ဦးထိပ်တင်ပြီး
ဘ၀ထဲကို ၀င်ခဲ့တယ်။
ဝင်ခဲ့တဲ့ဘ၀ ထွေပြားစွ။
ည ည အခင်း ပပ၀င်း
လမင်းနဲ့လဲ ဆုံခဲ့တယ်။
ညအခါ
လ မသာ လ ပျောက်
ဍ္ဍ ရင်ကောက် ဎ ရေမှုတ်
အရုပ်ဆိုးဆိုးတွေလဲ တွေ့ခဲ့တယ်။
ကကြီး ခခွေး ငွေသူဌေး
စလုံး ဆလိမ် သုခမိန်
ချင့်ချင့်ချိန်ချိန် ရှိပါတယ်။
ဆူဆူပူပူ တ၀မ်းပူတွေလဲ အများကြီး။
ဘ၀ကျောင်း အစက ကောင်းပါရဲ့
မရဏ မောင်း က ခေါ်သံကြားရင်
အားလုံးထားလို့ သွားရမယ်။ ။
တင်မိုး
၁၊ ၁၁၊ ၂၀၀၃
အားလုံးကို ထားလို့ သွားရမဲ့ အချိန် မရောက်သေးသမျှတော့ ခရီးဆက်ရအုံးမှာပေါ့။
ခရီးလမ်း ကြမ်းသည်ဖြစ်စေ၊ ချောသည် ဖြစ်စေ တုံ့လှဲ့မေတ္တာနဲ့သာ အားပြုပြီး သွားချင်သူပါလေ။
မိုးချိုသင်း
31 comments:
ကဗျာဖတ်ပြီး ငိုချင်လာတယ် ချိုသင်းရေ
တယောက်နဲ့တယောက် ချစ်ချစ် ခင်ခင် မဖြစ်နိုင်ရင်တောင်
ချင့်ချင့်ချိန်ချိန် လေးဖြစ်အောင် ကြိုးစား ရအုန်းမယ်
မအယ်
ဘကုန်းကို ဦးထိပ်တင်ပြီး ၀င်ခဲ့ရတဲ့ ဘ၀ထဲမှာ တဦးအပေါ်တဦး တုံ့လှဲ့မေတ္တာသာ ရှိခဲ့ရင် ဘ၀တွေက ကြည်နူ်းငြိမ်းချမ်းစရာပေါ့ ချိုသင်းရယ်… တုံ့လှဲ့မေတ္တာတွေ တနေ့ တခြား များများလာပါစေလို့ … ဘ၀အနက်အဓိပါယ် လေးလေးနက်နက်ပါတဲ့ ကဗျာလေးကို မျှဝေပေးတာ ကျေးဇူးပါညီမရေ…
ဝလုံးလေးက စတုန်းကတော့ အတူတူ၊ ဘကုန်း ဘဝကို ဖြတ်ရတဲ့အခါမှာတော့ အမျိုးမျိုးတွေ ကွဲပြားလို့ပေါ့...
အဲ့လိုလုပ်ပါ ချိုသင်းရယ် ဘာမှမရေးဖြစ်ရင်တောင် ဆရာ့ကြီးစာတွေထဲက နှစ်သက်ရာကို ခုလိုလေး ပြန်တင်ရင်းရေးရင် ဖတ်ရတာပါ့ ချိုသင်းတို့ လက်ထပ်
တုန်းက ဆရာလက်ဖွဲ့တဲ့ကဗျာလေး နောက်ခံနဲ့တပုဒ်ရေးပါဦး..မဖတ်ရသေးတဲ့သူတွေလည်း
ဖတ်ရအောင် အသေးစိတ်သိရတော့ ကြည်နူးစရာပေါ့.
"ဘ၀ကျောင်း အစက ကောင်းပါရဲ့
မရဏ မောင်း က ခေါ်သံကြားရင်
အားလုံးထားလို့ သွားရမယ်။"
These words hit my heart.
So touching.
San
ရှင်းရှင်းလေး နဲ့ ရှုပ်နေရတဲ့ ဘဝ ဆိုတာတွေထဲ ၊မရဏမောင်းသံမကြားရမချင်း လျှောက်နေကြရတဲ့ အချိန်တွေမှာ ဘယ်လို နည်းနဲ့ နေကြရမလဲ ဆိုတာ သတိပေးလိုက်တဲ့ ဘဘ နဲ့ မျှဝေပေးတဲ့ မချိုသင်း တို့ ကို ကျေးဇူးတင်ပါတယ် ။
ကျေးဇူးမမ ကဗျာလေးကကောင်းလွန်းလို့ အထပ်ထပ်ဖတ်မိပါတယ်
သတိရနေတာ အမရေ... ဆိုင်နဲ့ အလုပ်ရှုပ်နေတယ်ထင်ပြီး အသစ်တင်ဖို့ မပူဆာရဲဘူး။ ကဗျာဖတ်ပြီး အသိတရားတခု ၀င်သွားပြန်ပြီ။ အမတို့နဲ့ ခင်ခွင့်ရတာ ကံကောင်းတာပဲ။ အိမ်သစ်အတွက် ဆုတောင်းပေးတာ ကျေးဇူးပါ။ ကကြီး ခခွေး ငွေသူဌေးတွေ ဆလုံး ဆလိမ် သုခမိန် လုပ်နေတာ လောလောဆယ် ကြုံတွေ့နေရတယ် အမရေ။
အားလုံးကို ထားလို့ သွားရမဲ့ အချိန် မရောက်သေးသမျှတော့ ခရီးဆက်ရအုံးမှာပေါ့။
ခရီးလမ်း ကြမ်းသည်ဖြစ်စေ၊ ချောသည် ဖြစ်စေ တုံ့လှဲ့မေတ္တာနဲ့သာ အားပြုပြီး သွားချင်သူပါလေ...
သွားခွင့်ရချင်ခဲ့ပါတယ်။
သဘောထားကြီးကြီး ထားနိုင်အောင် ကြိုးစားလိုက်ပါဦးမယ်လေ။ အပြောတခြား အလုပ်တခြားသမားတွေကို သူ့စားရိတ်နဲ့သူ သွားပါစေ ဆိုတဲ့ စိတ်ကလေး မွေးနိုင်အောင် ကြိုးစားကြည့်ပါဦးမယ်။
(ကဗျာကောင်းလေး ဝေမျှတာ ကျေးဇူးပါ အစ်မ)
ဆရာကြီးရဲ့ ကဗျာကိုဖတ်ပြီး ကျွန်တော်ပြောခဲ့ ချင်တာက
ကျွန်တော်တို့ တတွေဟာ မပြီးဆုံးသေးတဲ့ ပြီးဆုံးခြင်းတစ်ခု
ကို တရွေ့ရွေ့ သွားနေကြရတဲ့ ခရီးသည်တွေနဲ့ တူပါတယ်
ဆိုတာပါ။ ဆရာ့ ကဗျာပုဒ်တိုင်းမှာ ထားခဲ့ ချန်ခဲ့ တာတွေ
ကအများသားလား။ ကိုယ်ချဲ့ တွေးရင်ချဲ့ တွေးခံစားမိ
သလောက် တာ သွားတတ်တယ်နော်။
မမချိုသင်းရေ..
ဘ၀ကျောင်း အစက ကောင်းပါရဲ့
မရဏ မောင်း က ခေါ်သံကြားရင်
အားလုံးထားလို့ သွားရမယ် တဲ့..
ဖတ်ပြီး..၀မ်းနည်းပြီးပြန်သွားပါတယ်..
Thanks for posting.
I best regarded to your father.
BINO
နေပါအုံး..မသွားပါနဲ့အုံး..ချစ်လို့တောင် မ၀သေးဘူး။
ကျေးဇူးပါပဲ .. လုံးဝ မဖတ်ဖူးဘူး။ ရိုးရိုးလေးနဲ့ တွေးစရာများတဲ့ ကဗျာပဲ။ ဆိုင်လား မဆိုင်လားတော့ မသိ၊ ဝ လုံး ဆိုတော့ ချိုသင်းကို မြင်လာတယ်။ ဆရာအော်ပီကျယ် ဝ လုံး ၂ လုံး ကာတွန်းကို သတိရလို့ ဖြစ်မှာပါ :P
BTW: စလုံးဆလိမ် လုပ်ပါဟ။
မေတ္တာနဲ့သာ သွားကြစို့ အမရယ်။
အစ်မချိုသင်း ဆရာကြီး ဦးတင်မိုး ကဗျာလေးတွေက ရိုးရိုးလေးနဲ့ ဆန်းတယ်။ ချစ်စရာလည်း ကောင်းနေတယ်။
ဘဝဆိုတာ တကယ်ပဲ ဆရာကြီး ဦးတင်မိုး ပြောသလိုပါပဲ အမမချိုသင်းရယ် ...
ဆရာကြီးက မြင်တာကို ရိုးရှင်းစွာ နဲ့ ထိရောက်စွာလည်း ရေးတတ်ပါပေတယ် ...
"၀လုံးလေး" ကိုဖတ်သွားတယ်အစ်မရေ.... နေကောင်းရဲ့လား.... ကျန်းမာရေး ဂရုစိုက်ပါနော်...
လေးစားစွာဖြင့်
ကိုကိုသုန်
ဒီကဗျာလေးကို မဖတ်ဖူးခဲ့ဘူး
ဆရာကြီးကို သတိရသွားသလို တွေးစရာတွေ အများကြီးရသွားတယ် အစ်မရယ်။
လာပြီး ပြန်သွားကြသူချင်းအတူတူ...
အများကြီးထားပေးသွားခဲ့သူမို့...
ချစ်လည်းချစ် အားလည်းကျရပါတယ်ဗျာ...
ဘဘ ရဲ့ ကဗျာလေးတွေက အင်မတန် လေးနက် အဓိပ္ပါယ် ရှိလှပါရဲ့ အဲလို ရေးတတ်ချင်တယ် ချစ်ကြည် က ကဗျာတွေကိုချစ်တယ်လေ...
ဦးဂျမ်းရဲ့ အမေ့ကျောင်းနဲ့ဘဝ စခဲ့ရတာမို့
ဝလုံးလေးနဲ့ စတဲ့ ဘဝကလဲ လွမ်းစရာကောင်းလိုက်တာ
:cool:
ဘဝလေးတွေ တိုလွန်းလို့ ချစ်ချစ်ခင်ခင် နေကြစို့.......:) :) :) :) :)
For all people........
ချစ်ဖို့ကောင်းပြီး မှတ်သားစရာတွေနဲ့ ကဗျာလေးပဲ..
ကဗျာချစ်တဲ့ အိမ်က ကလေးတွေကို သင်ပေးချင်လို့ ယူသွားပါတယ် ချိုသင်းရေ..:)
ချိုသင်းရေ......
ဝလုံးနဲ့ စခဲ့ရတဲ့ ဘ၀တွေကို ၀လုံး
နဲ့တော့ အဆုံးမသတ်ချင်တော့ဘူး....။
( ကိုကိုလေး)
ချိုသင်းရေ......
ဝလုံးနဲ့ စခဲ့ရတဲ့ ဘ၀တွေကို ၀လုံး
နဲ့တော့ အဆုံးမသတ်ချင်တော့ဘူး....။
( ကိုကိုလေး)
မရဏ မောင်းသံကို နားစွင့်နေတာပဲ...ဘယ်တော့များ....
( ကိုကိုလေး)
အစ်မရေ...အစ်မဘလော့မှာတစ်ခါမှ comment မရေးဘူးပေမဲ့ ဖတ်ဖြစ်နေပါတယ်... ဒီကဗျာလေးကို အရမ်းကြိုက်တယ်ဗျာ...တင်ပေးတဲ့ အစ်မကိုလဲကျေးဇူးတင်ပါတယ်...
Post a Comment