သူများမေးတဲ့ ကိုယ့်အကြောင်း

အမ မခင်မင်းဇော်က ကိုယ့်ရဲ့အကြောင်း မေးခွန်းလေးတွေနဲ့ မေးတာကို ဖြေပေးဖို့ TAG လုပ်ထားပါတယ်။ TAG လုပ်တယ်ဆိုတာ အစက ဘာမှန်းမသိပေမဲ့ ဘလော့ဂ်လောကမှာ ဒီလို သူငယ်ချင်းတွေ အချင်းချင်း tag လုပ်ရင် သူပြောတဲ့ ခေါင်းစဉ်အောက်မှာ သူလုပ်ခိုင်းသလို ကိုယ့်အယူအဆ၊ ခံစားချက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေးရတာပါ တဲ့။ ဒီလို tag ရင် ဘော်ဒါစိတ်နဲ့ ရေးကြရတယ် တဲ့။ ဒီလို ရေး ဆိုရင်လဲ ရေးရတာပေါ့။

ကဲ အမရေ.. အသက်ကြီးလို့ စာမေးပွဲတွေနဲ့ ဝေးသွားပြီ ထင်တာ၊ အခုတော့ မေးခွန်းတွေ တလှေကြီးနဲ့ လာတိုးနေပါပေါ့လား။ မှန်း… ဖြေကြည့်လိုက်စမ်းမယ်..။

ကိုယ့်ရဲ့ နံမည် - မိုးချိုသင်း
ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ချိုသင်း၊ မိုးချို၊ xxx xxx xxx
ကိုယ်ဒီမှာ နေတယ် - CA – 91706
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ဖုန်း ဆိုလို့ ခုမှ သတိရတယ်၊ တနေရာရာမှာ ကျန်ခဲ့ပြီ ထင်တယ်

ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အဖြူ (မိတ်ဆွေတယောက်ကပြောတယ်၊ အဖြူရောင်ဆိုတာ ကိုယ့်အသည်းနှလုံး ရဲ့ အရောင် တဲ့၊ ဒါဆို သူ့ heart က ဖြူဖတ်ဖြူရော်ကြီးပေါ့ :))
အ၀တ်အစားဆိုရင် - လှပြီး ရိုးရင် ကြိုက်တာပဲ
အစားအစာဆိုရင် - အကုန်ကြိုက်နေတော့ ရွေးရခက်တယ်..
ပစ္စည်းဆိုရင် - fancy နားကပ်လှလှလေးတွေ..(၀ယ်ပြီး အလှကြည့်တာ၊ သိပ်မ၀တ်ဘူး)
သီချင်းဆိုရင် - သိပ်အော်နေတဲ့ သီချင်းတွေကလွဲရင် အကုန်ကြိုက် ။
(အရမ်းအော်နေရင် ကိုယ့်ကို ဆူတယ်ထင်လို့ မကြိုက်)
စာရေးဆရာ - ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ အနုပညာပါရင် သဘောကျပါတယ်။
စာအုပ် - အရွယ်နဲ့လိုက်ပြီး အကြိုက်ပြောင်းတတ်သလားလို့..
Life style - ရောင့်ရဲပြီး အေးအေးချမ်းချမ်းပဲ နေချင်တယ်

ကိုယ့်ရဲ့ ၀ါသနာ - စာဖတ် သီချင်းနားထောင် ရုပ်ရှင်ကြည့်
အလိုချင်ဆုံး လက်ဆောင် - ဘယ်သူ့ဆီကလဲ ?
ကိုယ့်ရဲ့ အချစ်ဆုံးသူက - မိဘ
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ဒေါ်အောင်ဆန်းစုကြည်
ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက - ဘ၀လက်တွဲဖော် မောင်ကြီး
ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက - အထက်ပါအတိုင်း
ကိုယ့်ရဲ့ အမုန်းဆုံးသူက - မိုက်ခဲတို့ အုပ်စု

ရင်အခုန်ဆုံး အချိန် - ရိုလာကိုစတာ စီးတဲ့အချိန်
အကြောက်ဆုံး အချိန် - ကိုယ်ချစ်ခင်သူတွေ ဆုံးတဲ့အချိန်
အပျော်ဆုံး အချိန် - တာဝန်ကျေတယ်လို့ ထင်တဲ့အချိန်
အမှတ်တရနေ့ - အများကြီးပဲ
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - တရားသဖြင့်သာ ဖြစ်ရ၊ နေရ ပါလို၏

အချစ် ဆိုတာ - စိတ်ထဲမှာ ကြည်နူး အေးချမ်းတာ..
အမုန်း ဆိုတာ - မရှိရင် ကောင်းတာပေါ့
အလွမ်း ဆိုတာ - တော်တော်ခံရခက်တဲ့ ဝေဒနာ
သံယောဇဉ် ဆိုတာ - ကိုယ်ကပဲ ဖြည့်ဆည်းပေးချင်တာ
ဘ၀ ဆိုတာ - အမလေး.. ၂ လုံး တည်းမို့ပဲ..
သူငယ်ချင်း ဆိုတာ - ကိုယ်နဲ့အတူ ပျော်၊ ကိုယ်နဲ့ အတူ ငို..
ချစ်သူ ဆိုတာ - မေတ္တာနဲ့ အပြန်အလှန် နားလည်ယုံကြည်တတ်သူ

ကိုယ့်ကိုယ်ကို ဒီလို ထင်တယ် - သူများတွေ ပြောဖို့ ထားလိုက်မယ်
ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - ရိုးသားမှုသာ ချစ်စရာ

အပြောချင်ဆုံး စကားတခွန်း - ပြောချင်တာတွေ ပြောပစ်လိုက်ပြီးပြီ။ ဘာမှ ချန်မထားဘူး။

ကဲ ဒီလောက်ပါပဲ။ ကိုယ့်စိတ်ထဲရှိတာ အရိုးသားဆုံး ဖြေထားပါတယ်။ အမ ကျေနပ်မယ် ထင်ပါရဲ့။

မိုးချိုသင်း

20 comments:

စူး said...

အမ နားကပ်လေးတွေ မဝတ်ပဲ သိမ်းမထားပါနဲ့
လက်ဆောင်ပေလိုက်ပါ..။

Aye Win said...

ဘ ၀ ဆိုတာ အများကြီး ပဲ
ဘ ကို ၀ တင်ရင် ဘိ
ဝအောက်မှာချရင် ဘွိ
ရှေ့မှာ ထားရင် ၀ဘ
ကဲ နောက်မှာပဲ ထားလိုက်မယ် အဲဒါမှ ဘဝ

မေသဇင် said...

မမိုးချိုသင်းရေ.. ရင်အခုန်ဆုံးအချိန် တူနေလို. ပိုခင်သွားပြီ..ဟဲဟဲ

Anonymous said...

အစ်မစာတွေ အရင်ထဲက လာလာဖတ်ဖူးတယ်ဗျ ဒီပို့ စ်လေးကြိုက်လို့  ကော့မန့် ခဲ့တယ် .....အလေးစားဆုံးနဲ့  အမုန်းဆုံးကို သဘောကျတယ်ဗျို့  မိုက်ခဲတို့ အုပ်စု သေကိုမသေနိုင်ဘူး တော်တော် အသက်ပြင်းတယ်း)

သက်ဝေ said...

ရိုးသားမှုသာ ချစ်စရာ ဆိုတဲ့အတိုင်း
ဖြေပုံ ဖြေနည်းကိုက ချစ်စရာ...

ခင်မင်းဇော် said...

ဟားးးးးးးးးးးးးး
ချိုသင်းရေ... ကျေးဇူး..
စီဘောက်လဲတပ်ပါတော့ဗျို့

Soe Mya Nandar Thet Lwin (Borros Roxo) said...

ပိုခင်သွားပြီ။

SMNTL

Anonymous said...

အမရေ xxx xxx တွေက ဘာလဲဟင်.....ကျနော့လို့အကုန်ပြောပြလေနော့။

khin oo may said...

ကျေနပ်ပါတယ်။

ကေကေ said...

မနက်ရုံးရောက်ရင်အရင်ဆုံးဖွင့်ဖတ်
တာက အစ်မရဲ့Blogလေးပါ..
အမြဲအားပေးနေပါတယ်...

P.Ti said...

အမဖြေထားတာလေးတွေက ချစ်စရာလေးတွေ... ဟုတ်ပါ့နော် နှလုံးသားက ဖြူဖတ်ဖြူရော်ကြီးဖြစ်ရင် ဘယ်ကောင်းပါ့မလဲ...

khin oo may said...

ညီမ နားကပ်လေးတွေ မဝတ်ပဲ သိမ်းမထားပါနဲ့
လက်ဆောင်ပေး လိုက်ပါ..။ :P

zeRoTraSh said...

လာဖတ်သွားပါတယ် စီဘောက်စ် မတွေ့လို့ ဒီမှာပဲ နှုတ်ဆက်သွားတယ် မင်္ဂလာပါ :D

Oway Myo said...

ဆရာမ ရေစာတွေလာဖတ်သွားပါတယ်
ဆရာဂျမ်းနဲ့ကျောင်းတော်ကြီးမှာ ဆရာလွတ်တဲ့အထိ တဆောင်တည်းနေခဲ့ပြီး ၂၀၀၁ မှာပြန်လွတ်ပြီး မဲဆောက်မှာပြန်ဆုံဖြစ်ပါတယ်
ဆရာခဏခဏပြောဖူးလို့နံမည်ရင်းနှီးပါတယ်
စာလေးတွေဖတ်ရလို့ကျေးဇူးတင်ပါတယ်
ကျနော့်နေရာလေးမှာသီချင်းတွေတင်ထားတာ နားထောင်ဖို့ဖိတ်ပါတယ်

ပုရစ်
http://irrawaddy.burmabloggers.net

အိုးဝေအောင် said...

i want to put comments in C-BOX,but i cant find your C-box.So,i left my comment HERE!
I say again, pls get free C-BOX.
warnning!NO BUY ONE GET ONE,pls.

khin oo may said...

if you do not put c box can i use ur comment as c box. will be continued later... today busy..

JulyDream said...

မိုက်ခဲတို့ အုပ်စုနဲ့ ကျားဗိုလ်တို့ အုပ်စု ဘယ်သူ့ကို ပိုမုန်းလဲ ခင်ဗျ။ သြော်... ဒါနဲ့ အောင်နက်တို့လည်း ကျန်သေးတယ်။

အမုန်းစာရင်း... ?

pandora said...

ချစ်စရာကောင်းတဲ့ သဘောထားလေးတွေကို လာဖတ်သွားတယ် အစ်မရေ။

တန်ခူး said...

အဖြူရောင်ကြိုက်တာနဲ့ နားကပ်လေးတွေချစ်တာ တူတယ်…နားပေါက်မရှိတော့ အတော်ဒုက္ခရောက်တာ… လက်စွဲဆောင်ပုဒ်လေးက ဖြူဖြူစင်စင်လေးနော်… ဆုတောင်းလေးကတော့ ပြီးပြည့်စုံတယ်…

ကလိုစေးထူး said...

အမုန်းဆုံး ကို ရေးထားတာ သဘောအကျဆုံးပဲ လို့ ပြောမလို့ ကွန်မန့်ဘောက်စ်ကို ဖွင့်ထားတာ ကျနော်လူလိုတွေ ရှိနှင့်နေပါပေါ့။ :)