တရား နှင့် ဓား

အခုတလော စိတ်ထဲမှာ တော်တော် စိတ်မကောင်းဖြစ်နေတာပါ။ ကိုယ့်ဘလော့မှာ ခေါင်းစည်းတင်ထားတဲ့ “တရားနှင့်ဓား၊ အားနှစ်အားတွင်၊ တရားကိုချစ်၊ ဓားကိုပစ်အံ့၊ စစ်ကို ငါတို့ မုန်းပါသည်” ဆိုတဲ့စာသားကို တော်တော်ဘ၀င်မကျ၊ သံသယ ဖြစ်နေမိတာပါ။

တရား နိုင်ဖို့အတွက် ဓားကိုတော့ ပစ်လို့ မရဘူးထင်တယ်လို့ မိတ်ဆွေတယောက်က ပြောဖူးတာကိုလည်း သတိရနေတယ်။ ဒါကြောင့် စိတ်လဲ မရွှင်တာမို့ စာရေးဖို့ အတော်တွန့်ဆုတ်နေမိပါတယ်။

ဒါနဲ့ အဖေ့ ကဗျာလေးတွေ ဟိုဟိုဒီဒီ လျှောက်ဖတ်ရင်း ဒီကဗျာတပုဒ်ကို ဂျပန်က မိုးသောက်ကြယ် ဘလော့မှာ ပြန်ဖတ်ဖြစ်ပါတယ်။ အဖေ့လက်ရေးမူနဲ့ တင်ထားတာပါ။ စိတ်အတော်နူးညံ့ပြီး ငြိမ်းငြိမ်းချမ်းချမ်းသာ နေချင်တဲ့ ကဗျာဆရာကို ဘယ်လို အဖြစ်အပျက်တွေက ဒီလိုကဗျာမျိုး ရေးဖို့ တွန်းအားပေးလိုက်သလဲ လို့ စဉ်းစားမိတာ အကြာကြီး။

ရင်ထဲက ခံစားရလွန်းတဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေကို ဒီကဗျာနဲ့ ဖွင့်ထုတ်လိုက်ပုံရပါတယ်။ အခုလဲ ကိုယ့်စိတ်ထဲ မွန်းကြပ်နေတာမို့ ဒီကဗျာလေးကို ကိုယ့်မှတ်တမ်းမှာ ပြန်တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

တော်လှန်ရေး တပ်သား

ကျုပ်တို့လိုချင်တာက
ဗုန်းတွေဗျ ဗုန်းတွေ
စကားလုံးတွေ မဟုတ်ဘူး။

အတွေဝေဆန်တဲ့
အစေခံတွေ မလိုချင်ဘူး။

အခြေမှန် အနေမှန်
အဖြေမှန်နဲ့
မတွေဝေတဲ့ ဥာဏ်နဲ့
ပြတ်သားတဲ့ အသေခံတပ်သားတွေကို လိုချင်တယ်။

အချိန်ဆွဲဖို့
ထမိန်လဲနေတဲ့
လူလိမ်ငနဲတွေကို
ခပ်မိုက်မိုက်နဲ့ အပြတ်တိုက်မှ ဖြစ်မယ်။

ကျုပ်ကတော့
အပေါ်ယံ ဖြတ်စားလပ်စား မကြိုက်တဲ့
တော်လှန်ရေး တပ်သားမိုက်ပဲ။

စကားမရှုပ် မတရား မလုပ်ပေမဲ့
ဓားကိုတော့ ဆုပ်ထားရဦးမှာပဲဗျ။ ။

တင်မိုး
၂၃၊ ၈၊ ၂၀၀၁

အဖေ ချစ်တဲ့ တော်လှန်ရေး တပ်သားတွေကို ကိုယ်လဲ ချစ်ခင်နေမိပါတယ်။


မိုးချိုသင်း

37 comments:

Unknown said...

Thanks a lot for ur father poem.I appreciate u n ur father.I shall hold the chop for them!May you be free from all sufferings!Ever smile,never die!

Unknown said...

:(သိတော့ပါဘူးအစ်မရယ်။
စိတ်ထဲ ဘယ်လိုကြီးမှန်းမသိဘူး။

Pe Thu Aung said...

ကောင်းတယ်ဗျာ၊ ဘာတဲ့...

စကားမရှုပ် မတရား မလုပ်ပေမဲ့
ဓားကိုတော့ ဆုပ်ထားရဦးမှာပဲဗျ။

ATN said...

ဒါ ခံစားချက် အမှန်ပါပဲ... မအယ်ရေးတဲ့ ဘလာဘလာယဉ်ကျေးမှုမှာ မန့်ခဲ့သလိုပဲ သူကြီးကို စစ်တုရင်ခုံနဲ့ ခေါင်းကို ရိုက်ခွဲရမှာပဲ...

ကိုလူထွေး said...

ပါဝါအာဏာဆိုတာ သည်ခြေကြိုက်လေ...
စည်းစိမ်ချမ်းသာဆိုတာလဲ ယစ်မူးစေတတ်တာပဲ...
သူများထက်အသာစီးက နေချင်တာကလဲ လူ့ သဘာဝ...

တော်လှန်ရေးဆိုတာတော့ အမြဲရှိနေတာပါ..
မချိုသင်းတို့  သားအဖပြောတဲ့ တော်လှန်ရေးသမားဆိုတာလဲ တစ်နေရာရာမှာ ရှိနေတာပါပဲ...
ခက်တာက...

သက်ဝေ said...

ဘာပြောရမှန်း စဉ်းစားမရလို့ ကဗျာလေး ကူးပြီး ဓားကို ဆုပ်ရင်း ပြန်သွားပါတယ်...

လင်းဒီပ said...

“စကားမရှုပ် မတရား မလုပ်ပေမဲ့
ဓားကိုတော့ ဆုပ်ထားရဦးမှာပဲဗျ”

ဟုတ်ပါတယ်အစ်မ...ဆရာကြီး ပြောသလို ဓားကိုတော့ ဆုပ်ထားရဦးမှာပါပဲ...။

Steve Evergreen said...

ကျွန်တော်လဲ တော်တော်စိက်မကောင်းဘူး။

မြစ်ကျိုးအင်း said...

အမရေ ကျွန်တော်ကတော့ “တူရာတန်ရာ” ဆိုတဲ့စကားကို သတိရမိတယ်....။
ဒီကောင်တွေအတွက် တရားတွေဟောနေရင် ဒါကျွန်တော်တို့ တတွေ အချိန်ဆွဲနေတာပဲ ဖြစ်မယ်..။

ဂျူနို said...

ချိုသင်းရေ
အစေခံ တပ်သားလည်း မလိုချင်ဘူး
စကားလုံးတွေနဲ့ အသေခံတပ်သားလည်းမလိုချင်ဘူး
ခွေးပစ်တဲ့ တုတ်ဖြစ်နေတဲ့ စစ်သားတွေ အဖြစ်ကိုစိတ်မကောင်းလို့ 
ရင်ကွဲနာကျနေတဲ့ ပြည်သူတွေ အတွက်
အမှန်အကန် တော်လှန်မဲ့ ပြည်သူ့ တပ်မတော်ပဲ လိုချင်တယ်။

Kaung Kin Ko said...

ခေါင်းစီးစာသားလေးကို ကြိုက်မိသလို ဒီကဗျာလေးလည်း ကြိုက်တာပဲ။

Sein Lyan Tun said...

ကဗျာ တစ်ပိုစ်စီတိုင်းအားရှိလှပါတယ် အမရေ
အချိန်ဆွဲဖို့
ထမိန်လဲနေတဲ့
လူလိမ်ငနဲတွေကို
ခပ်မိုက်မိုက်နဲ့ အပြတ်တိုက်မှ ဖြစ်မယ်။

ကြိုက်တယ်
တော်လှန်ရေးတပ်သားတွေကိုချစ်တယ်ဗျာ

စကားမစပ်
မကြီးချိုသင်းရယ်
မောင်အဖြစ်ကနေတော့ မစွတ်လွှတ်ပါနဲ့ဂျ
ကျနော့်မှာချစ်စရာ ဒီအကို ဒီအမတွေကိုပဲ
ချစ်ပြီင်္းအားကိုးနေရတာ
မကြီးရှာပေးတာကို ကောင်းကောင်းမကောင်းကောင်း
မျက်စိပိတ်ပြီးယူပါတော့မယ် အချက်(၇)ချက်နဲ့ကိုက်ရင်ပေါ့လေ အဟီးးးး
မကြီးချိုသင်းကိုချစ်ခင်လေးစားလျှက်
မောင်ငယ်
ဖိုးစိန်

မမသီရိ said...

ခံစားချက်တွေတူနေကြပြီ ညီမရေ..
မမ လဲ မအားတဲ့ ကြားက တပုဒ်ရေးနေမိတယ်
လူငယ်တွေအတွက်ပါ...

Unknown said...

Ama yay,
I am just considering the meaning of "Man", "Solider", "Hero" and "Sacrifice". What a shameful make-up story?
During these days, I am not so fine with anger and hateness.

CONTACT said...

တရားကိုပစ်၊ ဓါးကိုလှစ်၊ စစ်ကိုငါတို့ ချစ်ကြစို့ ။ KM

ဂျူနို said...

ချိုသင်းကော့မန့် ကြောင့် လိုက်လာတာ။
ချိုသင်းနဲ့ တစ်သဘောထဲပဲ။

tg.nwai said...

အခုတလောတော့ မဟော်သဓာကို ချောက်ချခံရတဲ့ အခန်းကိုပဲ ခေါင်းထဲရောက်နေတာပဲ ချိုသင်းရေ..

ဆရာကြီးကဗျာလေးကို ဖတ်ပြီး ဓားပဲ ဆုပ်လိုက်ရတော့မလားပဲ...

ourstream said...

ဒီကဗျာလေးကို ဖတ်ပြီး ရင်ထဲ ထိထိခိုက်ခိုက်
ဖြစ်သွားပါတယ်...။

မေငြိမ်း said...

ဟုတ်တယ်..
ဆရာသာ ခုနေရှိရင် အဲလို ကဗျာမျိုး ထပ်ထွက်လာဦးမှာ ထင်ပါရဲ့။

khin oo may said...

နောက်ဆုံးစာကြောင်းလဲလှတယ်။

JulyDream said...

နောက်ထပ် နှစ်ပေါင်းများစွာ အတွက်
ဓါးကိုတော့ ဆုပ်ထားရအုံးမယ် ဆိုတာ အမှန်ပဲဗျာ။

Thet Oo said...

“တရားနှင့်ဓား၊ အားနှစ်အားတွင်၊ တရားကိုသယ်၊ ဓားကိုလွယ်၍၊ မကောင်းသူပယ်၊ ကောင်းသူကယ်အံ့" လို့ ဖြစ်သင့်တာပေါ့။

Shinlay said...

ကဗျာဆရာက သူပြောချင်တာကို လှပစွာပြောတတ်
ပေမဲ့ ကျမကတော့ ကဗျာမဖွဲ့ တတ်လို့ ရင်ထဲမှာပဲ
သိမ်းထားတော့မယ် မချိုသင်းရေ။

Unknown said...

တကယ်ပဲ..စောင့်ရတာ ကြာတယ်..စစ်ကို မုန်းပေမယ့်..ခုတော့ ကိုယ်တိုင်ပါဝင်တိုက် လိုက်ချင်ပါပြီ ... အစ်မရယ်

Unknown said...

ဆရာမခင်ဗျာ....

ဆရာကြီးဦးတင်မိုးရေးခဲ့တဲ့ ဒီကဗျာထက်ပိုပြီး ပြင်းထန်တဲ့ကဗျာတပုဒ် ရှိပါသေးတယ်။ ကဗျာက အပိုဒ်တိုလေးတွေချည်းပါဝင်ပြီး ဗုံး ဗုံး ဗုံး ဗုံးနဲ့  ဗုံးချင်းထပ်နေအောင် သုံးထားတဲ့ကဗျာတပုဒ်ပါ။ ဆရာကြီး အဲဒီကဗျာလေးကို ဘယ်အချိန်မှာ ဘယ်လိုခံစားပြီး ရေးဖွဲ့ ခဲ့တယ်မသိ။ ဖတ်မိပြီး သိပ်နု သိပ်အေးချမ်းတဲ့ ကဗျာဆရာကြီးတယောက် ဒီလိုကဗျာမျိုးတွေ ရေးဖွဲ့ ဖြစ်လောက်အောင် ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ သိရအောင် အဲဒီကဗျာလေးကို တွေ့ ရင် ဆရာမ ပြန်တင်ပေးစေချင်ပါတယ်။

အဲဒီလို ကဗျာမျိုးတွေ ထွက်ပေါ်လာရတာဟာ ခုလိုမျိုးခံပြင်းမှု ဒေါသ ဘ၀တွေကြောင့် မဟုတ်ပါလားဗျာ။

လမ်းပေါ်က
လမ်ပန်

ကိုပေါ said...

ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်ကို မှန်မှန်ကန်ကန် မြဲမြဲမြံမြံ လိုက်နိုင်ကြပါစေ။

တန်ခူး said...

နှလုံးသားရဲ့ Threshold ကိုကျော်လွန်သွားတဲ့အခါ….

ဒေါ်ရွှေအိ said...

အမ
ကဗျာလေး တင်ထားချင်လို့နော်။

ဒေါ်ရွှေအိ said...

အမ
ကဗျာလေး တင်ထားချင်လို့နော်။

kay said...

မချိုသင်းရေ-
တရား နဲ့ဓါးကို တဖက်စီကိုင် ပြီး.. လေဘာတီ ရုပ်ကြီးလို ထုထားချင်တယ်။
ပြန်လာပြီနော်.. အမ လာ အော်ထားတာတွေ တွေ့တော့.. တိတ်တိတ်လေး ပျောက်နေတာ..အားတောင်နာသွားတယ်

ကိုလူထွေး said...

နေကောင်းလား မချိုသင်း.. Zamba ပြန်သွားကဖြစ်လား...

Anonymous said...

Hi sis ,
This is my first time to read ur blog but when i read ur one ,i cannot stop so i read all of ur posts .I like so much .It takes too long to read yet i cannot stop.So nice

ကိုလူထွေး said...

ရီအောင်လုပ်တာက မွန်းကြပ်နေတာတွေ ပျောက်စေချင်လို့ ပါ...

ငိုအောင်လုပ်တယ် ဆိုတာကတော့ အဲဒီအထိ မရည်ရွယ်မိခဲ့ပါဘူး...

မျက်ရည်ဝဲရုံလောက်လေးရေးတာပါ...

ညီမလေးကို သွားသတိရတယ်လေ.. ရေးရင်းနဲ့ တောင် ခဏခဏ မျက်ရည်ကျခဲ့ရတယ်...

ထမီလေးဝတ်ထားတဲ့ ငါးတန်းကျောင်းသူ ညီမလေးကို မျက်စိထဲက မထွက်ဘူး

GreenGirl said...

အခုမှ အကြွေးတွေလာဖတ်ဖြစ်တယ်။ သတိထားမိတော့ ဘလော့ခ်က ကဗျာလေး မရှိတော့ဘူး။ အဲ့ဒီကဗျာလေးကို လာဖတ်တိုင်း သဘောကျနေတာပါ။
ဘာပဲဖြစ်ဖြစ် အစ်မ ပျော်ပါစေ..။

Anonymous said...

မာမီစု ကို နအဖ က ဖမ်းဆီးခြင်းအပေါ် ပြည်ပရောက် ရဲရဲတောက် ဖိုးချစ်မျိုးချစ် အဖွဲ.ပေါင်း ၆၅ သန်းက ဆန်.ကျင်ကန်.ကွက် ခဲ.ကြပါတယ်။

ထုံးစံအတိုင်း သံရုံးများရှေ.မှာ အရည်မရ အဖတ်မရ အော်ပီး ပေါကြောင်ကြောင် စတိတ်မန်.ကြီးများ ထုတ်ကြပါမယ်။ တခန်း၇ပ်ပြဇတ်လေး များ ပါဝင်ပါမယ်။

အထူးအစီ အစဉ် အနေနဲ.

အင်းစိန်ထောင် ကို အင်တာနက်ပေါ် ကနေ ၀ိုင်းပါမယ်။။။

နေပြည်တော်ကို ဘလော.တွေ ကနေသိမ်းပါမယ်။။။

မာမီစု ကို ရေဒီယိုတွေ ပေါ်ကနေ ကယ်တင်ကြပါမယ်။။။

သန်းရွှေ နဲ. အပေါင်းပါများကို စိတ်ကူးထဲမှာ ခုံရုံးတင်ပါမယ်။။။

ဒီမိုကရေစီ ကို ခွက်စောင်းခုတ် ပီးဖေါ်ဆောင်ပါမယ်။။။

အော်ကြက် သမ်းတမ်း အနှစ် ၂၀ မြောက် အခမ်းအနားများကို

အူကြောင် ပေါက်ကြောင် ရဲရဲတောက်ကြီးများ ဦးဆောင်ပါမယ်။။။

တနှစ် တခါ နိုဝင်ဘာမှာ မွေးနေ.အခမ်းအနား လုပ်ဖို. တည်ထောင်ထားတဲ.

မဟာကျောင်းသား တပ်မတော်ကြီး က ရွှေနိုင်ငံတော် ကြီးကို ကယ်တင်ပါတော.မဲ.

အကြောင်း မြန်မာပြည်သား သူတော်ကောင်းများကို အကြောင်းကြားအပ်ပါတယ်ခင်ဗျ။။။


အရေးတော်ပုံ...ဘယ်သောအခါ......

Note: got it from forwarded mail.

ပြောချင်လွန်းလို့ said...

တချိန်က ဆရာမိုးရဲ့ လုပ်ဖေါ်ကိုင်ဖက်ပါ
စာအုပ်ထုတ်ဝေသူတဦး ဆိုပါတော့၊ကဗျာလေးပြခွင့်ပေးပါ

ကိုပေါက်စ said...

“တရားနှင့်ဓား၊ အားနှစ်အားတွင်၊ တရားကိုချစ်၊ ဓားကိုပစ်အံ့၊ စစ်ကို ငါတို့ မုန်းပါသည်”
(ချိုသင်းရေ...ကိုကိုလေးကတော့....
“စကားမရှုပ် မတရား မလုပ်ပေမဲ့”
ဓားကိုတော့ ဆုပ်မထားချင်တော့ဘူး..ကြာတော့..
လက်တွေညောင်းလာလို့ ....း) )