နှစ်သက်မိတဲ့ အဟောင်းလေး

တနေ့က ကဗျာတွေ အရေးကောင်းတဲ့ မမသီရိ က ကိုယ့်ရဲ့ ပို့စ်အဟောင်းတွေထဲက နှစ်သက်သဘောကျမိတဲ့ ပို့စ်လေးတပုဒ် ပြန်တင်ပေးဖို့ tag လာတယ်။

ချက်ချင်းပဲ ဝမ်းသာအားရနဲ့ ရေးပေးမှာပေါ့လို့ ပြောလိုက်တယ်။ အသစ်ရေးစရာမှ မလိုတော့ ဟန်ကျတာပဲ လို့ အပျင်းထူပြီး ပျော်နေတာ။ ဒါနဲ့ ကိုယ်ရေးခဲ့တဲ့ အဟောင်းတွေကို ဟိုဟာ ကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ ပြန်ဖတ်ကြည့်တော့ “အကောင်းကား ရှာ၏၊ မတွေ့”ဆိုသလိုပဲ။ ခေါင်းတောင် ချာချာလည်သွားပါရော။

ကိုယ်လဲ စိတ်ထဲရှိတာတွေ လျှောက်ရေးမိတာဆိုတော့ တချို့ပို့စ်တွေကျတော့လဲ ကိုယ်ရေးကိုယ်တာတွေ များနေသလိုလို။ တချို့ဟာတွေကျတော့လဲ ပေါ့ပေါ့တန်တန်များ ဖြစ်နေသလား။

ဖတ်ရင်းနဲ့ မမ ကို အခုလို tag တာ ကျေးဇူးတော်တော်တင်မိတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခုမှ နောက်ပြန် လှည့်ကြည့်မိလို့လေ။ နောင်ကျရင်တော့ ဒီလို မရေးတော့ဘူး ဘာညာ တွေးနေမိပေမဲ့ မနက်ဖန် စာရေးရင်လဲ ကီးဘုတ်ပေါ်လက်တင်တာနဲ့ တလွဲတွေ ထွက်သွားအုံးတော့မှာ၊ ကိုယ်ရေးချင်တာ ရေးပစ်လိုက်အုံးမှာ သိနေပါတယ်။ ကျည်တောက်စွပ်ချိန်လောက်သာ ဖြောင့်တာကိုးလေ။

ဒီဘလော့ဂ်လေးကို စ ရေးမယ် ဆိုကတည်းက ကိုယ်ရေးချင်တာလဲ ရေး၊ အဖေ့ ကဗျာလေးတွေလဲ တင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ စ ခဲ့တာမို့ အခု ဒုတိယတကြိမ် ပြန်တင်ချင်တဲ့ ပို့စ်ကိုလဲ ကဗျာပါတဲ့ ပို့စ်လေးကိုပဲ ရွေးလိုက်ပါတယ်။ ဒီပို့စ်ကို သြဂုတ်လ ၁၅ရက်၊ ၂၀၀၈ က ရေးခဲ့တာပါ။ ဘလော့ဂ်စ ရေးပြီး ၃ပတ် အကြာမှာပေါ့။
ကဗျာချစ်တဲ့ မမ နှစ်သက်ဖို့ရာ ဆန္ဒပြုလိုက်ပါတယ်။


**********************************************

ရီယိုဟွန်ဒို မှ ရန်ကုန်တက္ကသိုလ် သို့ ..


ကိုယ် ဒီကိုရောက်စက မအူမလည်နဲ့မို့ အလုပ်လဲ မဝင်သေးတော့ အဖေက ကျောင်းတက်၊ ကျောင်းတက်ဆိုပြီး ပြောပါတယ်။ ဒါနဲ့ အိမ်နဲ့ သိပ်မဝေးတဲ့ Rio Hondo Community College လေးမှာ အင်္ဂလိပ်စာနဲ့ ဘူမိဗေဒ သွားတက်လိုက်သေးတယ်။

ကိုယ်တက်ခဲ့တဲ့ကျောင်းလေးက ချစ်စရာ။ စိမ်းနေတဲ့ တောင်ကုန်းလေးပေါ်မှာ..။ တောင်အောက်ကနေ ကျောင်းသူကျောင်းသားတွေကို ဖယ်ရီကားလေးတွေနဲ့ တောင်ပေါ်က ကျောင်းကို ခေါက်တုံ့ခေါက်ပြန် သယ်ပို့ပေးတယ်။ ကျောင်းလေးက မကျယ်ဝန်း၊ မခန်းနားလှပါဘူး။ တောင်ပေါ်မှာဆိုတော့ ရှူခင်းလေးတွေ လှတယ်။ လေကောင်းလေသန့်လေး ရတယ်။

စာကြည့်တိုက်ရဲ့ အောက်ဆုံးထပ်မှာ ကိုယ်နဲ့အဖေ အမြဲထိုင်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ အယ်လ်အေမြို့ ကြီးကို အပေါ်စီးကနေ လှမ်းမြင်လို့ ရတယ်လေ။ ညဖက်ဆိုရင် တောင်ပေါ်ကနေ ကားနဲ့ဆင်းလာရင် အဲဒီမြင်ကွင်းကို ကိုယ်မကြည့်ငေးဘဲ မနေနိုင်ဘူး။ မီးရောင်လေးတွေက ပြိုးပြိုးပြက်ပြက် နဲ့။ မြို့ ပြနဲ့တူတဲ့ တိုက်အမြင့်ကြီးတွေမရှိ၊ ရဲတင်းတောက်ပြောင်တဲ့ နီယွန်ဆိုင်းပုဒ်တွေ မရှိ၊ လမ်းမီး အိမ်မီးလေးတွေချည်း မှိတ်တုပ် မှိတ်တုပ်နဲ့ မြန်မာပြည်က တောမြို့ လေးတခုနဲ့ ပိုတူတယ်။

အဲဒီတုန်းက ကျောင်းသွားမယ် ဆိုတာနဲ့ ကိုယ်က စာအုပ်တွေပါတဲ့ အိတ်ကိုလွယ်၊ အဖေကလဲ ကချင်လွယ်အိတ်ကို ကောက်လွယ်တော့တာပဲ။ ကိုယ့်အမျိုးသားက အလုပ်သွား၊ ကိုယ်တို့နှစ်ယောက်က ကျောင်းသွားပေါ့။ မနက်ကတည်းက သွားလိုက်တာ ကိုယ်က အတန်းတွေ ပြေးတက်လိုက်၊ အတန်းအားချိန်လေးမှာ စာကြည့်တိုက်နားမှာ စောင့်နေတဲ့ အဖေ့ဆီ ပြေးသွားလိုက်။ စကားပြောလိုက်၊ ရှူခင်းကြည့်လိုက်၊ အဖေက တခါတလေ ခုံတန်းလျားလေးမှာ စာအုပ်လေးဖွင့်ပြီး ကဗျာစပ်လို့။

ကိုယ်တို့ သားအဖကို တကျောင်းလုံး သိကြပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများနဲ့မတူ၊ ထူးဆန်းနေတာကိုး။ ဒီအရွယ်၊ ဒီကျောင်းမှာ ဘယ်သူမှ မိဘ မလိုက်တော့တာရော၊ အဖေက ပုဆိုးပဲ အမြဲဝတ်တာမို့ သူတို့အမြင်မှာ ထူးဆန်းနေပါလိမ့်မယ်။ ဘယ်တိုင်းပြည်ကလဲ၊ ဘာလူမျိုးလဲ လာ လာမေးတတ်တယ်။ ယောင်္ကျားကြီးက စကပ်လိုလို ဘာလိုလိုကြီး အမြဲဝတ်ထားပြီး ကချင်လွယ်အိတ်တလုံးကလဲ အမြဲပုခုံးမှာ ချိတ်လို့၊ သမီးကလဲ ပုံတုံးတုံး၊ သူတို့သားအဖ နှစ်ယောက်ပဲ စကားပြောလိုက်ကြ ရီလိုက်ကြနဲ့။

အခု Fall ရာသီ ရောက်တော့မှာမို့ အဲဒီအချိန်တွေကို ပြန်သတိရမိပြီး အဲဒီတုန်းက အဖေစပ်ခဲ့တဲ့ ကဗျာလေးတပုဒ်ကို အမှတ်တရ တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါအုံး။

ရီယိုဟွန်ဒို မှ ရန်ကုန်တက္ကသိုလ် သို့

ရီယိုဟွန်ဒို ကောလိပ်…တဲ့
တောင်ထိပ်က ထန်းပင်
ပန်းနုရောင်လွင်လွင် ပန်းပင်တွေနဲ့
လွမ်းချင်စရာ တက္ကသီလာ။

သမီး ချိုကလေး နဲ့
ခရီးတို ပြေးပြီး
ဟို အဝေးက ပြာမှိုင်းမှိုင်းနဲ့
မြူခြေတွေက ခပ်ဆိုင်းဆိုင်း
စစ်ကိုင်းတောင်ကို သတိရ
မန္တလေးတက္ကသိုလ်ကိုလဲ သတိရနဲ့
လွမ်းစတွေ ငင်
လွမ်းကြိုးမျှင် စောင်းခတ်
ကျောင်းပတ်ပတ်လည် ခံစားပြီး
ကျောင်းတံခါးကို ဝင်ခဲ့တယ်။

ရန်ကုန်တက္ကသိုလ်မှ ရီယိုဟွန်ဒိုကောလိပ်သို့
သမီးကလေးချို ပညာသင်တော့
အကြင်နာဝင်တဲ့ ဖခင်ပါလိုက်ပြီး
စာကြည့်တိုက်နား ရစ်သီ ရစ်သီ
ရင်ပြင်ဆီ ရစ်ဝဲ ရစ်ဝဲ နဲ့
အကဲ တခတ်ခတ်
အသည်း တဖျတ်ဖျတ်နဲ့
အမြဲမပြတ် စောင့်ကြည့်နေမိတယ်။

ပီဇာ ဟမ်ဘာဂါ မုန့်ဆိုင်မှာ
သားအဖ နှစ်ယောက် အပြိုင် စား
ခုံတန်းလျားမှာ ခဏနားပြီး
ကျောင်းသားဘဝ ပြန်လည်ရသလိုလို။

တို့နိုင်ငံ တို့ တက္ကသိုလ်မှာ
နုပျိုသူ ငယ်ရွယ်သူကလေးတွေကို
ပိုးမွေးသလို မွေးပါ့မလား။
တို့အရေးတွေ ဟစ်အော်
တကြော်ကြော် တောင်းဆိုရင်း
ကျောင်းထဲကို မရောက်
မြောင်းထဲကို ရောက်သွားကြလေရော့သလား။

မနက်ကြည်ကြည်မြ အချိန်မှာ
မျက်ရည်ကျမိပါတယ် သမီးလေးရယ်။

မြန်မာအပေါင်း၊ ကံကြမ္မာ ကောင်းပါစေလို့
ကျောင်းရိပ်မှာ ဒေါင်းနိမိတ် တမြင်မြင်နဲ့
ဆုပန်ဆင်ပါရစေတော့ ။ ။

တင်မိုး
၁၇၊ ၈၊ ၂၀၀၄


အဖေ့ အရိုးပြာအိုးလေးကို အဖေသဘောကျတဲ့ အဲဒီကျောင်းလေးနားက Rose Hill ဆိုတဲ့ တောင်ကုန်းလေးပေါ်မှာ ထားထားပါတယ်။ တနေ့ မြန်မာပြည် ငြိမ်းချမ်းရင် အဖေ့ကို အိမ်ပြန်ပို့မယ်လေ။ အခုတော့ ဧည့်သည်ကြီး အိမ်မပြန်နိုင်ရှာသေးဘူး …။ ။
မိုးချိုသင်း

79 comments:

တောရိုင်းနှင်းဆီ said...

နှစ်သက်မိတဲ့ အဟောင်းလေး ကို လာဖတ်သွားပါတယ် ...
မမိုးချိုသင်းက စာရေးတာကောင်းပါတယ် ဘယ်လိုရေးရေး
ဖတ်လို့ကောင်းနေတာပဲ ....
(လာလည်ရင် မုန့်ကျွေးရမယ်)

တကယ်ပြောတာပါ ... အားပေးလျှက် .....

Phyo Evergreen said...

အမြန်ဦးမလို့လာတာ.. ၂ ပဲရတယ်..

Phyo Evergreen said...

အန်တီချိုကြီး ပို့စ်လေးဖတ်ဖူးတယ်.. စရေးကာစကပို့စ်လေ။ ဆရာဦးတင်မိုးကို သတိရလွမ်းနေတာလား။

ဂျူနို said...

ဒီပို .စ်ရွေးတာကောင်းတယ်။ ဟတ်ထိတယ်။



စကားမစပ် ကျန်းမာအောင် နေပါ။

အယ်ဇီ

sin dan lar said...

ဖတ်ဖူးပြီးသားလေး ထပ်ဖတ်သွားတယ်....မမချိုသင်း..။
ရွေးရခက်တာက အားလုံးအကောင်းချည်း ဖြစ်နေလို့ နေမှာပါ...။

နွေးနေခြည် said...

မြန်မာအပေါင်း၊ ကံကြမ္မာ ကောင်းပါစေလို့
ထပ်လောင်း ဆုတောင်းသွားပါတယ် အန်တီချို
တကယ်ကောင်းတဲ့ ပိုစ့်လေးပဲနော်...

နေညိုရင့် said...

တကယ်ကောင်းတဲ့ အဟောင်းပို့ စ်လေးပါ အမရေ။ အဲဒီ ကဗျာကိုလဲ ကူးသွားပါရစေ။
ကျေးဇူးတင်စွာဖြင့်

ဂျူနို said...

ကိုပေါဆီမှာ လ္ဘက်ပြန်စားမယ်ရေးထားတယ်။
နောက်တာမဟုတ်လား။
မစားနဲ့ နော်။

မမသီရိ said...

ညီမ ချိုသင်းလေးရေ..
မမ က အသဲ နုသူမို့.. နှလုံးသား ထိရင် မျက်ရည် က ၀ဲချင်ချင်..
ဒီတခါ မမ ၀ဲ ရတဲ့ မျက်ရည်တွေကတော့..
အဖေ့ကို ချစ်တဲ့ သမီးလေးနဲ့.. သမီးကိုချစ်လွန်း တဲ့ အဖေ့ မေတ္တာတွေ..
ဆရာ့ရဲ့.. မြန်မာပြည် က ကျောင်းသားလေးတွေ ရဲ့ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်တွေ လှမ်းမျှော် ကြေကွဲ စိတ်နဲ့..
အိမ်ဝေးနေသူတွေရဲ့.. ရွှေပြည် အလွမ်း...
အဲဒီကဗျာ ထဲ မှာ အားလုံး ရှိနေလို့ ပါပဲ
...
ဒီ ပို့စ်လေး အတွက်
ကျေးဇူး တကယ်တင်မိပါတယ် ညီမရေ..

တနေ့နေ့ .. အဲဒီ နေ့နေ့ ဆိုတာ.. မမ တို့ ရှေ့ ရောက်လာတဲ့နေ့မှာ.. ဆရာ့ကို..သူချစ်တဲ့မြေ ဆီ ခေါ်သွားကြမယ်လေ..

တနေ့နေ့ ဆိုတာ ရှိကို ရှိရမယ်..
ယုံကြည် ချက် တွေ မပျက်တမ်း ပေါ့.. ညီမ ရယ်..

မယ်ကိုး said...

ဒီအဟောင်းလေးက တကယ်ပဲ နှစ်သက်စရာပါ။
ချစ်ဖို့ ကောင်းတဲ့ စာလေးတွေကြားက တော်တော်လေး ရွေးလိုက်ရမှာပဲနော်။

ရွာသားလေးဝိုင်တီယူ said...

အကောင်းကားရှာ၏မတွေ့
အဟောင်းကား ကြာ၏မမေ့

Mary said...

ပြန်လို့ ရတဲ့ နေ့ ကြရင် အားလုံးတူတူပြန်ကြတာပေါ့နော်..။

Rita said...

မမ
ဖတ်တော့ဖတ်ပြီးသား
ထပ်ဖတ်တော့ ထပ်ပြီး ထိပြန်ပါတယ်

ဖိုးစိန် said...

ကဗျာလေးကောင်းတယ်အမရေ..
ရင်ထဲကဖြစ်တည်လာတဲ့စာတွေမို့လို့
ဖတ်ရတာအရမ်းကိုအနှစ်သာရရှိတယ်..
အမနေကောင်းကျမ်းမာပျော်ရွင်ပါစေဗျာ..
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

mainnmainn said...

အဟောင်းလေးပေမဲ့လည်း
ကောင်းခြင်းကတော့မပြောင်းဘူးအမရေ..
၂ကြိမ်မြောက်ဖတ်မီခြင်းနှင့်နောက်တကြိမ်
ထက်ကြိုက်မိခြင်းလို့ပြောပါရစေ..

May said...

အမရေ
အဲဒီပို့ စ်လေးကို မိုးမခ ရေဒီယိုမှာ ဖတ်ပြထားဖူးတယ်။
ဟိုစာအုပ်လေးကို ဒီစနေမှာ ပို့ ပေးမယ်နော်။
မအားလို့ ပါ။ ချိတ် အချိုးနဲ့ နော်။
မိပ။

ဇနိ said...

အမချိုသင်း တကယ်ကောင်းတဲ့အဟောင်းပို့စ်လေး ထပ်ဖတ်သွားပါတယ်။
အမက ကံကောင်းတယ်နော် အမဖေဖေနဲ့အတူ ကျောင်းတက်ရတာ ကလေးလေးလိုပဲ။ ဘယ်လောက်ပျော်စရာကောင်းတဲ့ အချိန်တွေဖြစ်ခဲ့မလဲ။ တွေးကြည့်တာနဲ့တင် ကြည်နူးအားကျမိပါတယ်။
နိနိ

Kay Mhoo Paing Cho said...

မမချိုသင်းရေ....အမပို့စ်အသစ်တင်ရင် ပထမဆုံး commentေ၇းချင်လို့ ချောင်းနေတာ။ မအားတာနဲ့ အိမ်မလည်ဖြစ်တော့ ခုတော့ ၁၈ တဲ့...ငိုချင်လာပြီ။

အမရေ စာရေးတာသိပ်ကောင်းတယ်။ အရမ်းကြိုက်..

ချိုမာ
www.kyiphyupaing.blogspot.com

TNS said...

ma moe cho
very good post...and poem..
thank..

tns

PAUK said...

ဒီပို့စ်ကြောင့်..မချိုသင်းကိုသိတာ..
ဒီပို့စ်ကြောင့်..ဘလော့ဂ်ဆိုတဲ့အရာကို စထိတွေ့ တာ..
ဒီပို့စ်ကြောင့်...မြန်မာဘလော့ဂ်လောကထဲဝင်မိတာ..
ဒီပို့စ်ကြောင့်...ရင်မှာနွေးထွေးစေတာ..
ဒီပို့စ်ကြောင့်ပေါ့..
ဒီပို့စ်ကြောင့်...

MANORHARY said...

ချိုသင်းရေ
ကျောင်းဆိုတာနဲ့ရင်တွေကခုန်လာရော
သားအဖနှစ်ယောက်အဲလိုကျောင်းတက်ရတာပျော်စရာကြီး
အားကျတယ်

ကိုလူထွေး said...

ကဗျာကိုဖတ်ရင်းနဲ့  ကျွန်တော်မျက်ရည်ဝဲမိပါတယ် မချိုသင်းရေ။

ကိုယ်တို့ လို လူငယ်တွေတောင် တိုက်ဆိုင်မှုရှိတိုင်း လွမ်းမိ လွမ်းတတ်ကြသေးရင် သူလို မြန်မာပြည်မှာ နှစ်တွေအတော်ကြာ ပျော်ပျော်ကြီးနေခဲ့သူအဖို့  ဘယ်လောက်ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ်။

အသက်ရှုလိုက်တိုင်း ကဗျာတွေ စီးဝင်နေတဲ့ ဆရာကြီးကိုလည်း သတိရပါတယ်...

nyimuyar said...

oh, this post is newly for me :D, I can Imagine when I read ur post, u r a good writer... cheers

သီဟသစ် said...

အစ်မချိုသင်းရေ

အရင်ကတည်းကဖတ်ပြီးသားပါ
ထပ်ဖတ်တော့လည်းကောင်းတာပါပဲ။

မီယာ said...

အမရေ.. လွမ်းစရာကောင်းလိုက်တာ.. အမကို အမအဖေက အချစ်ဆုံး ထင်ပါရဲ့.. ကဗျာထဲမှာ အတိုင်းသားပဲ... အဖေဆီ ပြေးလာပြီး စကားလာပြောတဲ့ အမပုံကို မှန်းလို့ရသလို အမ အတန်းပြီးချိန်ကို မျှော်နေတဲ့ အမအဖေပုံကိုလည်း မြင်ကြည့်လိုက်ရတယ်။

ဂျူနို said...

အားလုံးပဲ နားဆင်လော့
ချိုသင်းစာရေးကျဲအုန်းမည်
လေ့ကျင့်ခန်းလုပ်နေလို့ ပါ။


ချိုသင်းက စက်ပေါ်တက်ပြေးတယ်...
ကြွက်ကလေးလို....

Yu Wa Yi said...

အစ်မချိုသင်းရေးတာပဲ ဟောင်းလည်းကောင်းတာပဲ အသစ်လည်းကောင်းတာပါပဲ။ အဖေတူသမီးထင်တယ်နော် အစ်မ။

တန်ခူး said...

ချိုသင်းရေ… ပြန်ဖတ်သွားတယ်… ပြန်လွမ်းသွားတယ်… ဖတ်လိုက်တိုင်း ရင်ထဲမှာဆို့ နင့်မိတယ်… အဖေ့ကိုချစ်တဲ့သမီးရဲ့ အချစ်တွေပေါ်မှာ တိုင်းပြည်က ချစ်တဲ့ကဗျာဆရာကြီးအတွက် သံယောဇဉ်တွေ ထပ်လောင်းလိုက်တော့… ဟုတ်တယ်…ဒီပို့ စ်လေးက ဘယ်တော့မှ မဟောင်းတဲ့ ပို့ စ်လေးပါ…

Heartmuseum said...

အမရေ..... Rose Hill ကို မနေ့ကရောက်ခဲ့တယ်။ ဆရာကြီး အရိုးပြာထည့်ထားတဲ့ ရေကန်ဘေးလေးကို ရောက်ရင်း အမေ့ကိုတောင်ပြောပြနေသေးတယ်။ ဆရာကြီးလဲ ဒီမှာလှဲရင်း အမိမြေကို မျှော်နေတယ်လို့လေ.....
တနေ့နေ့ဆိုတဲ့ တနေ့နေ့မှာတော့ တို့ခေတ်ရောက်ရမည်မှာ မလွဲပါပေါ့ဗျာ။ အဖေ့ကိုလဲပြောမိတယ်။ အားမငယ်နဲ့ ဆရာကြီး ရှိတယ်လို့လေ။

ဆောင်းယွန်းလ said...

ကဗျာလေးကိုဖတ်ပြီး ဆရာမိုးကိုမျက်စိထဲမြင်ယောင်သွားမိသလို ဆရာ့ရင်ထဲကခံစားချက်တွေကိုပါ ကျနော့်ရင်ဘတ်ထဲသိမ်းကြုံးပြီး ထည့်သွားမိပါတယ် မချိုသင်းရေ...ဆရာ့ကဗျာလေးကိုဖတ်ခွင့်ရတဲ့အတွက်လည်း ကျေးဇူးပါဗျာ

myanmarblogbroker said...

လာလည်သွားပါတယ်။

Kay said...

မချိုသင်းရေ- အဲလို မပြောပါနဲ့လေ။ ( အကောင်းကား ရှာ၏ မတွေ့ ဆိုတာ)
ဒီလို မိသားစု အငွေ့အသက်..သံယောဇဉ် ပိုးမျှင်တွေ လိုးလိုးလက် လက် ဖြစ်နေတဲ့..စာတွေကပဲ..အရိုးသားဆုံး.. စွဲဆောင်နေခဲ့တော့တာပဲ။ ဒီပို့စ်လေးကို လဲ ဖတ်စကတည်းက..မှတ်မိနေတယ်။ ကျောင်းလေးရဲ့ ခုံလေးတခု မှာ..လွယ်အိတ်ကြီးနဲ့ ထိုင်စောင့်နေတဲ့..ဆရာကြီးတင်မိုးရဲ့ ပုံစံကိုရော.. သူ့နဲ့ တပုံစံ ထဲ တူတဲ့..သမီးလေး ကိုရော.. ။

Steve Evergreen said...

Phenomenal

Zephyr said...

post တိုင်းက အရမ်းကောင်းပါတယ် ....။ အစ်မ အဖေရဲ့ မေတ္တာကိုလည်း သေချာ နားလည်ခံစားသွားပါတယ် ...။

ရိုးရိုးရှင်းရှင်းနဲ့ အေးချမ်းတဲ့ အတွေးအခေါ်ကို သဘောကျပါတယ် ...။

post အသစ်တွေကို စောင့်မျှော်လျက် ...

မြစ်ကျိုးအင်း said...

လက်နဲ့ထိသမျှ ရွှေပါပဲ။ဖတ်လို့ကောင်းတယ်။
နောက်ဆုံးစာကြောင်းလေးက အထိဆုံးပါပဲ။
ကျွန်တော်တို့တတွေ တောက်ပ စွာ အိမ်ပြန်ချင်ပါတယ်။
ဝေးနေတဲ့ ရင်ခွင်တွေ နွေးကြရမယ်လေ။

ဂျူနို said...

ချိုသင်းရေ ဘာမှ စောင်းမပြောပါဘူး။
ချိုသင်းပြောသလိုပဲ လေ စောင်းပြောတယ်ထင်ကြတာပါ။
မအယ်အန်ဖတ်ကို သရုပ်ခွဲပြီး အန်သွားတယ်ဆိုတော့ ရွံတယ်ပေါ့။
အီးဟီး ခုတော့ မအယ်ငိုပြီ

Steve Evergreen said...

အဖေ့ အရိုးပြာအိုးလေးကို အဖေသဘောကျတဲ့ အဲဒီကျောင်းလေးနားက Rose Hill ဆိုတဲ့ တောင်ကုန်းလေးပေါ်မှာ ထားထားပါတယ်။ တနေ့ မြန်မာပြည် ငြိမ်းချမ်းရင် အဖေ့ကို အိမ်ပြန်ပို့မယ်လေ။ အခုတော့ ဧည့်သည်ကြီး အိမ်မပြန်နိုင်ရှာသေးဘူး …။ ။

I nearly cried.

ကိုလူထွေး said...

စတိ...: I nearly cried.

ကိုလူထွေး...: So did I.

ကိုရင်နော်ခင်လေးငယ် said...

ဖတ်လို့ ကောင်းလိုက်တာ အစ်မရေ..

“တနေ့ မြန်မာပြည် ငြိမ်းချမ်းရင် အဖေ့ကို အိမ်ပြန်ပို့မယ်လေ။ အခုတော့ ဧည့်သည်ကြီး အိမ်မပြန်နိုင်ရှာသေးဘူး …” တဲ့

အစ်မရေ.. ရင်ကို တကယ် ထိတယ်

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

Thet Oo said...

ဒုတိယအကြိမ် ပြန်ဖတ်ဖြစ်ပါသည်။ သာယာတယ်ဆိုတဲ့ ကျောင်းလေးနားက မြင်ကွင်းတချို့ရဲ့ ပုံကိုပါ တင်ပေးနိုင်ရင် ပိုကောင်းမယ် ထင်ပါသည်။

ဂျူနို said...

စီဘော့စ် မှ မထားတာ။ ဒီမှာလာရေးမှာပဲ။
ချိုသင်းရေ ဓါတ်တော့ ကူးလို့ ဖြစ်ပါ့မလား။
တော်နေကြာ နှစ်ယောက်ပေါင်း ...။
ပြီးတော့ မအယ်ဓါတ်တွေ ချိုသင်းကို ပေးနိုင်ပါတယ်။
ချိုသင်းဓါတ် မအယ်ထဲ ကူးကုန်ရင် အမလေး ကြောက် ကြောက်။

ကောင်းကင်ကို said...

ဆရာကြီးရဲ့ ကဗျာလေး ထပ်ဖတ်သွားတယ် အစ်မရေ :-(

မေ့သမီး said...

အမရေ သားအဖနှစ်ယောက် ကျောင်းသွားတဲ့ပုံ၊ ဆရာက စာကြည့်တိုက်ကစောင့်တဲ့ပုံတွေ မြင်ယောင်ပြီး ခံစားသွားရတယ်။ မမရေ ဆရာ့ကိုသူချစ်တဲ့ မြန်မာပြည်ကြီးဆီကို အမြန်ဆုံးပြန်ခေါ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

myatnoe said...

အမဆီ အမြဲတမ်းလာလည်ပါတယ် အမရေ..
တိတ်တိတ်လေး ပြန်သွားတာပါ..

အမရေးတာလေးတွေဖတ်ပီး ကလေးဘဝက အကြောင်းတွေ ပြန်သတိရလိုက် ရေးချင်ပေမဲ့ ပျင်းနေတာနဲ့ ...

အမရေးတာလေးတွေက ပျော်စရာလေးတွေ အမရဲ့

အားလာပေးလို့ ကျေးဇူးပါနော်...

khin oo may said...

ဖတ်ပြီးသားထပ်ဖတ်ပါ၏

khin oo may said...

ကြိုက်တယ။်

Maung Maung Kyaw Win said...

Hi Cho Thin,
When I see poems and photos of Saya Tin Moe it remind me of the time we(me and khit tun) visited your house in Insein for interview. Then, I was so happy when the interview conveyed in the Apyozin the photograph of Saya Tin Moe was overlooked by Sarpay Sisitye.
By the way, how are you doing?
Regards,
MMKW,
former editor of Apyozin),
Wheaton, IL

သက်ဝေ said...

ဖတ်ပြီးသားပေမယ့်လဲ သေသေချာချာ ပြန်ဖတ်သွားပါတယ်...
စာကြည့်တိုက်နားမှာ စောင့်နေတဲ့ အဖေရယ်.. အတန်းအားချိန်တွေမှာ အဖေရှိရာကို ပြေးသွားတတ်တဲ့ သမီးရယ်...
စကားတွေပြောကြ ရယ်လိုက်ကြ ဆိုတာကို မျက်စေ့ထဲမှာ ထင်ထင်ရှားရှား မြင်နေရတယ်...

ဂျူနို said...

အီးမေး ပို့ လိုက်မယ်။

ကိုလူထွေး said...

ဆယ်တန်းတုန်းက မြန်မာစာဆရာမက ပြောဖူးတာ သတိရမိတယ် (ဆရာမနာမည်တော့ မမှတ်မိတော့ပါဘူး)

...ဆရာဦးတင်မိုးသမီးတဲ့
...မိုးချိုသင်းတဲ့
...စာရေးတာ အရမ်းကောင်းတယ်တဲ့
...အဲဒါ ငါ့တပည့်တဲ့
...နင်တို့ ကတော့ သောက်သုံးမကျကြဘူးတဲ့

ဆရာမက ကျွန်တော်တို့ ကိုဆူတာလား.. သူ့ တပည့်မကို ချီးမွန်းချင်တာလား.. သူ့ ကိုယ်သူပဲ အသားယူပြောသွားတာလား သေချာတော့ မမှတ်မိတော့ပါဘူး

khin oo may said...

နှစ်သစ်မှာပျော်ရွင်ပါစေ

khin oo may said...

http://steveevergreen.blogspot.com/2009/04/cat-dinner-and-my-dinner.html

မိုးချိုသင်း သူငယ်ချင်းအသစ်ရပြီ။
ကိုဘမမြင်စေနဲ့။

myatnoe said...

ှဗွမ်းးးးးးးးးးးးးးးးးးးးးးးး

Kay Mhoo Paing Cho said...

မမချိုသင်းရေ.....အသစ်တင်မလားလို့ လာငမ်းပါသေးတယ်။
ုwww.kyiphyupaing.blogspot.com

ZT said...

မဖတ်ဖူးသေးဘူး အစ်မရေ။ ဖတ်လို့ ကောင်းပါတယ်။

Thett said...

ဆရာ တင်မိုး ...

တပြည်တရွာရဲ့ဧည့်သည်ဘ၀ကနေ
အမြန်ဆုံးလွတ်မြောက်ပြီး ...
ဆရာချစ်တဲ့ ကိုယ့်ဌာနေမှာ
ထာဝရနားခိုနိုင်ပါစေလို့ ...
ဆုတောင်းလိုက်ပါတယ် ။

pandora said...

မမိုးချိုသင်းကို ဒီနေရာကပဲ ရေလာလောင်းသွားပါတယ်

ဗွမ်းဗွမ်း))))

ဇနိ said...

အမချိုသင်း ဒီနေရာကနေလာပြီး အိုးမည်း သုတ်သွားပါတယ်း)

PAUK said...

မချိုသင်း..
ဖလက်..ဖလက်..ဖလက်..
သပြေခက်လေးနဲ့ ပက်တာနော်..
ချိတ်မချိုးနဲ့နော်(သူ့ကြောင်ကိုထိထားတော့..
ပက်ချွဲ နှက်ချွဲသံနဲ့ ပြောနေတာ)
နောက်တခါ မမုန်းမိအောင်နေမယ်နော်..
နော်..
ဟိဟိ

မေ့သမီး said...

အမဘာလို့စီပုံးမထားတာလဲ။ စီပုံးမရှိတော့ အော်ခဲ့လို့မရဘူး။ နှစ်သစ်မှာပျော်ရွှင်ပါစေ။

Blue Sky Forest said...

သင်္ကြန်တွင်း အပျင်းပြေအောင် မဏ္ဍပ်ထောင်ထားတယ်။ သံချပ်တ၀ိုင်းလည်း ဖွဲ့  ထားတယ်။ လာရောက်ပါဝင် ဆင်နွှဲပေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား ။
ဒါနဲ့ ။ C Box က ဘယ်ပျောက်။ ရေးစရာနေရာ မနဲလိုက်ရှာရတယ်။ ကျန်းမာပါစေဗျား။

myatnoe said...

Bwannnnnnnnnnnnnnnnn

happy Myanmar New Year

ကလိုစေးထူး said...

အမရေ...၊ ပို့စ်က ဖတ်ပြီးသား၊ ကြိုက်ပြီးသားပါ။ အခုက အမကို ရေလာလောင်းတာ။ ပို့စ်နဲ့ မဆိုင်တဲ့နေရာ လာလောင်းတာတော့ ခွင့်လွှတ်။ :D
ကဲ...၊ လာလေ့။ ဗွမ်းးးးး))))))))))))) :D

ရွာသားလေးဝိုင်တီယူ said...

အမမိုးချိုသင်း

အမရေ ပစ်မထားတဲ့အတွက်ကျေးဇူးပါ

မောင်ငယ်

khaing said...

အစ်မ ရေ ကျွန်တော် blog တွေဝင်လေ့လာရင်းနဲ့ အစ်မ blog ကိုဖတ်ကြည့်မိတာ အစ်မက ဆရာဦးတင်မိုးရဲ့ သမီးလားဟင် ကျွန်တော် မေမေက ပြောပြဖူးတယ် ကျွန်တော်နာမည်ကို ဆရာဦးတင်မိုးက ပေးခဲ့တာတဲ့။ ကျွန်တော်လည်း ကျွန်တော်မေမေနဲ့ အဝေးရောက်နေတယ် အစ်မရယ်။ သြော်ကျွန်တော်က မိန်းကလေးနော်။ ကျွန်တော်က blog လည်တာတော့ သိပ်မကျွမ်းကျင်ဘူး။ အစ်မ စာလေးတွေက ဖတ်လို့ ကောင်းတယ်နော်။ ကျွန်တော်ကတော့ စာမရေးဖြစ်ပါဘူး။ သူများတွေရေးတာပဲ အားပေးနေတာ...

khaing said...

အစ်မ ရေ ကျွန်တော် blog တွေဝင်လေ့လာရင်းနဲ့ အစ်မ blog ကိုဖတ်ကြည့်မိတာ အစ်မက ဆရာဦးတင်မိုးရဲ့ သမီးလားဟင် ကျွန်တော် မေမေက ပြောပြဖူးတယ် ကျွန်တော်နာမည်ကို ဆရာဦးတင်မိုးက ပေးခဲ့တာတဲ့။ ကျွန်တော်တို့လည်း ငယ်ငယ်က university compound ထဲမှာနေတာလေ။ ကျွန်တော်လည်း ကျွန်တော်မေမေနဲ့ အဝေးရောက်နေတယ် အစ်မရယ်။ သြော်ကျွန်တော်က မိန်းကလေးနော်။ ကျွန်တော်က blog လည်တာတော့ သိပ်မကျွမ်းကျင်ဘူး။ အစ်မ စာလေးတွေက ဖတ်လို့ ကောင်းတယ်နော်။ ဒီနေ့မှ ဖတ်ရတာ သိလား။ ကျွန်တော်ကတော့ စာမရေးဖြစ်ပါဘူး။ သူများတွေရေးတာပဲ အားပေးနေတာ...

Republic said...

မင်္ဂလာနှစ်သစ်ပါ အစ်မ MCT . ပျော်ရွှင်ချမ်းမြေ့ပါစေ၊၊

ဖိုးစိန် said...

အမရေ
နှစ်သစ်မှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံပါစေဗျာ

Yအိုလက် said...

ပိုစ့်အသစ် မတင်တာ တစ်ပတ်တောင် ရှိပြီနော်။

မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ။

Maydarwii said...

အမရေ ...
ဒုတိယတခေါက် ထပ်လာဖတ်သွားပါတယ်။

မင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင် ... ။

မေဓာဝီ

ဆောင်း said...

မင်္ဂလာရှိတဲ့ နစ်သစ်လေးဖြစ်ပါစေနော်

nu-san said...

အမရေ... ကျနော့် ဘလော့ခ်မှာ စာတွေ သေချာဖတ်ပြီး comment တွေ စိတ်ရှည်ရှည်နဲ့ ရေးပေးခဲ့တာ ကျေးဇူးတင်ပါတယ် မရေ.. :)
ဒီပို့စ်လေးကို ဖတ်တုန်းက ဖတ်ရင်းနဲ့ ငိုခဲ့ရတာ မှတ်မိနေသေးတယ်..... အမ ရေးသမျှ စာတွေက တကယ်ကောင်းပါတယ်... ရသမျိုးစုံပါတယ်..

နှစ်ဆန်း ၁ ရက်နေ့မို့ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ်.. :)

သကြားမင်း မိုးပေါ်တက်သွားတော့ ဒီနှစ်မှာ အမကို ရေမလောင်းရတော့ဘူး.. နောက်နှစ်မှ အတိုးချပြီး လာလောင်းရမယ်.. :)

Thiri said...

cho cho you are my hero

Nu Thwe said...

နောက်ကျပေမယ့် ရေးလိုက်ဦးမယ်။
အဲဒီပို့စ်လေးကို စဖတ်ဖူးပြီး ချိုသင်းကို စသိခဲ့တာ။ အဖေတူ သမီးပဲလို့ ချက်ချင်း သတ်မှတ်လိုက်မိတယ်။ ခုလောလောဆယ် လွတ်လပ်စွာ ရေးနိုင်ခွင့်ကြောင့် ကျေနပ်ပျော်ရွှင်ရတာလေးကို ကျေနပ်ပါလေ။
နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့လည်း ဆုတောင်းသွားပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ချိုသင်းလိုလူ စာတွေ များများ ရေးနိုင်ဖို့ လိုတယ်။ (အတ္တ ပါသွားလားတော့ မသိဘူး)

Nai Banya said...

ထွန်းထွန်းသန်းလို့ပြောလိုက်တာနဲ့ ပိုစ်.တာင်ပျောက်သွားတယ် ဘာကိုမှမရည်ရွယ်ပါ မမိုးချိုအကြာင်းကျနော်သိခဲ့ရတာတွေကို အမှန်အတိုင်းပြောတာပါ စိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုခဲ့ရင်လည်း I 'm sorry, I really do
နုတ်ဆက်ခဲ့ပါတယ်ဗျာ

Nai Banya said...

ထွန်းထွန်းသန်းလို့ပြောလိုက်တာနဲ့ ပိုစ်.တာင်ပျောက်သွားတယ် ဘာကိုမှမရည်ရွယ်ပါ မမိုးချိုအကြာင်းကျနော်သိခဲ့ရတာတွေကို အမှန်အတိုင်းပြောတာပါ စိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုခဲ့ရင်လည်း I 'm sorry, I really do
နုတ်ဆက်ခဲ့ပါတယ်ဗျာ

Nai Banya said...

I'm sorry I really do

Nai Banya said...

ထွန်းထွန်းသန်းလို့ပြောလိုက်တာနဲ့ ပိုစ်.တာင်ပျောက်သွားတယ် ဘာကိုမှမရည်ရွယ်ပါ မမိုးချိုအကြာင်းကျနော်သိခဲ့ရတာတွေကို အမှန်အတိုင်းပြောတာပါ စိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုခဲ့ရင်လည်း I 'm sorry, I really do
နုတ်ဆက်ခဲ့ပါတယ်ဗျာ

Nai Banya said...

ထွန်းထွန်းသန်းလို့ပြောလိုက်တာနဲ့ ပိုစ်.တာင်ပျောက်သွားတယ် ဘာကိုမှမရည်ရွယ်ပါ မမိုးချိုအကြာင်းကျနော်သိခဲ့ရတာတွေကို အမှန်အတိုင်းပြောတာပါ စိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုခဲ့ရင်လည်း I 'm sorry, I really do
နုတ်ဆက်ခဲ့ပါတယ်ဗျာ