နှစ်သစ်မှာ တွေးမိတာ..

အခုတလော လျှောက်တွေးကြည့်မိတာလေးတွေ ပြောပြချင်သေးတယ်။

ဟိုတနေ့က ဘာရယ်မဟုတ်ဘူး၊ စိတ်ထဲမှာ ပင်ပန်းလာတာနဲ့ လိုကို ဖြစ်ချင်တယ် လို့ ရေးလိုက်မိတယ်။ အဲဒီတော့ ရင်းနှီးတဲ့ ဘလော့ဂ် မိတ်ဆွေတွေက ကိုယ့်ကို သိပ်စိတ်ဓာတ်များ ကျနေသလား၊ နေမှ ကောင်းရဲ့လား၊ ကျန်းမာရေးရော ဂရုစိုက်ရဲ့လားဆိုပြီး ပူပန်ကြပါတယ်။

ကိုယ်လဲ အဲဒီတုန်းက ရေးမဲ့သာ ရေးလိုက်တာ၊ ရေးလဲ ပြီးရော စိတ်ညစ်လဲ ပျောက်ရော ဆိုပါတော့။ ကိုယ်ရေးခဲ့တာတွေလဲ မေ့၊ LAမှာလုပ်တဲ့ သင်္ကြန်ပွဲကို ပျော်ပျော်ကြီး ချီတက်သွားတယ်။ ဟိုမှာလဲ မိတ်ဆွေတွေနဲ့ ဆုံ၊ ကိုယ့်အကြိုက် အစားအသောက်တွေက ပုံ နေတဲ့အပြင် သင်္ကြန်သီချင်းတွေနဲ့မို့ တပြုံးပြုံး နေမိတယ်။

လိုကို ဖြစ်ချင်သူက သင်္ကြန်မှာ ဒီလို ဓာတ်ပုံ အရိုက်ခံလိုက်သေး


အဲဒီတော့ မိတ်ဆွေတယောက်က ပြောတယ်။ ရေးတော့ဖြင့် လိုကို ဖြစ်ချင်တယ်လေး ဘာလေးနဲ့ အတော် စိတ်ဓာတ်ကျနေပြီမှတ်တာ တဲ့။ သူများတွေက မြန်မာနှစ်ဆန်းမို့ ဆုတွေ တောင်းကြ၊ ကုသိုလ်တွေ လုပ်ကြ နဲ့ အရှိန်ရနေတုန်း သူက လိုကို ဆိုတော့ ဘယ်လိုနားလည်ရမလဲ ဖြစ်သွားတယ် တဲ့။

သူ ဒီလိုပြောမှ ကိုယ်လဲ သတိထားမိတာ။ ဟုတ်တာပေါ့။ သင်္ကြန် ပြီးလို့ မြန်မာနှစ်ဆန်း တရက်မှာ အေးအေးချမ်းချမ်းနဲ့ အနာဂတ်ကို မျှော်နေတုန်း ကိုယ်က ရူးချင်တယ် တဲ့။ အ၀င် မတတ်တာ ပြောပါတယ်။ သူများတွေက ငြင်ငြင်သာသာ စီးဆင်းနေတုန်း ကိုယ်က ဗိန်းမောင်း တိုက်သလိုပေါ့။ တယောက်တည်း ဟတ်ကော့ကြီး။

အရင်ကလဲ ကိုယ် အဲဒီလိုမျိုး အကြိမ်ကြိမ် ဖြစ်ဖူးပါတယ်။ များလွန်းလို့ မေ့တောင် မေ့ပစ်လိုက်ပြီ။ တခါကတော့ အဖေ ကိုယ်တိုင် စိတ်ညစ်သွားရသေးတာပေါ့။ အဲဒီတုန်းက ကိုယ်တို့မြို့မှာ စာပေဟောပြောပွဲ လုပ်တာမို့ ထုံးစံအတိုင်း ကိုယ်တို့အိမ်မှာပဲ စာရေးဆရာတွေ တည်းပါတယ်။

ကိုယ်လဲ ဆရာတွေစားဖို့ ထမင်းဟင်းချက်ရင်း သောက်ဖို့ အမြည်းလေးတွေ လုပ်နေတုန်း။ ထမင်းမစားခင် အဖေနဲ့ ဆရာမောင်သစ်ဆင်း နဲ့ စာပေအကြောင်းတွေ ပြောကြတာ အရှိန်တော်တော်ရနေတယ်။ အဖေကလဲ စိတ်တူ ဘာသာစကားတူသူချင်း ဆုံရတော့ ၀မ်းသာအားရ ပြောမ၀။ ဆရာ မောင်သစ်ဆင်းကလဲ မောင်သစ်တုံး ဖြစ်ခဲ့တာတွေ မေ့၊ အဖေနဲ့ ကရားရေလွှတ် တတွတ်တွတ်။

အဲဒီလို မြန်မာစာပေရေစီးကြီး အရှိန်ကောင်းနေတုန်းမှာ ကိုယ်လဲ ဘေးကနေ လုပ်ကိုင်နေရင်းက ချိုသင်းလဲ တခု မေးချင်တယ် လို့ ကြားဖြတ်ပြောလိုက်မိတယ်။ အဖေရော ဆရာရော မျက်နှာဝင်းပ သွားတာ သိသာလွန်းတယ်။ အဖေက အဲဒီတုန်းက ကိုယ်စာမရေးတော့တာကို စိတ်မကောင်းဖြစ်နေတာ။ အခု စာပေအကြောင်း ပြောတုန်း သမီးစိတ်ဝင်စားလာပြီး ဆွေးနွေး မေးမြန်းတော့မယ် ဆိုပြီး မျက်လုံးလေး လက်သွားတယ်။

မေး၊ မေး သမီး၊ ဘာမေးမလဲ တဲ့။ ကိုယ်မေးလာမဲ့ မေးခွန်းကို နှစ်ယောက်သား ပြုံးပြီး နားထောင်နေတယ်။ အဲဒီမှာ ကိုယ်က မေးလိုက်ပါတယ်။ “အဖေတို့ ထမင်းအရင် စားကြမှာလား၊ အရက်အရင် သောက်ကြမှာလား၊ ဘယ်ဟာ အရင်လုပ်ရတာလဲ၊ ချိုသင်း မသိလို့” တဲ့။

သူတို့ နှစ်ယောက်စလုံး ဟာ..ကနဲ ဖြစ်သွားတယ်။ ငါ့သမီးနှယ် စာပေရေစီးကြောင်း အားကောင်းတုန်း ဘယ့်နှယ် မေးလိုက်ပါလိမ့် တဲ့။ သူတို့ မျှော်လင့်နေတာက မော်ဒန်ဆိုတာ စကားလုံးတွေ နိမိတ်ပုံတွေ အားကောင်းတာပေါ့နော် ဆိုတာမျိုး။ ၀တ္တုတွေဟာ ခေတ်အရိပ်ကို ထင်ဟပ်..ဘာညာပေါ့။

ကိုယ့်မလဲ ဘာများ မှားသွားပါလိမ့် လို့။ ကိုယ်က ဒီအစားအသောက် ပြင်တဲ့အထဲ စိတ်ရောက်နေတာဆိုတော့ သိချင်တာ မေးမိတာပါပဲ။ အဲဒီလိုပဲ အ၀င်မတတ်တော့ ဂွကျတာတွေ ဖြစ်တတ်တယ်။

အ၀င်တတ်ဖို့တင် မဟုတ်၊ သူများ ၀င်လာရင်လဲ အသာ ဆီး ပိတ်တတ်မှ အဖွင့် အပိတ် လှတာမျိုး ရှိတတ်သေးတယ်။ အဲဒီမှာလဲ ကိုယ်ညံ့ပြန်ပါရော။

မှတ်မိတာတခု ပြောရရင် အဲဒီတုန်းက ကိုယ်က ရန်ကုန်မှာ သင့်ဘ၀မဂ္ဂဇင်း လုပ်နေစဉ်က ပေါ့။ ညနေဆိုရင် ၄၈ ဒတ်ဆန်းကားလေးတွေ စီးပြီး အင်းစိန်ကို ပြန်ရတယ်။ အဲဒါဆို ညနေတိုင်း ဘတ်စ်ကား မှတ်တိုင်မှာ လူတန်းရှည်ကြီး တန်းစီစောင့်ရတယ်။ ဘတ်စ်ကားလာရင် တန်းစီတက်ရတာပေါ့။

အဲဒီလိုအချိန်ဆိုရင် အလုပ်က ဆင်းလာတော့ လူတွေအားလုံး ပင်ပန်းပြီး အိမ်မြန်မြန် ရောက်ချင်နေပြီ။ ကြားဖြတ်ရင် လူတွေက မကြိုက်ဘူး။ ကိုယ်ချင်းစာပါပေါ့၊ ဒီမှာ အကြာကြီး တန်းစီထားရတာ အဲဒီလိုမျိုး။

တနေ့တော့ ကိုယ်လဲ အိမ်ပြန်မလို့ ကျောပိုးအိတ်လေးလွယ်ပြီး တန်းစီရင်း ဘတ်စ်ကား စောင့်နေတယ်။ ဒီတခါ တန်းက အတော်ရှည်တယ်။ အဲဒီအချိန်မှာ ကိုယ်တို့ မဂ္ဂဇင်းတိုက်က ဒီဇိုင်းဆရာ ကေကေ က လွယ်အိတ်လေး လွယ်ပြီး အနားရောက်လာတယ်။

ဟာ.. မချိုသင်း၊ ကျနော့်ကို စောင့်နေတာလား၊ ကျနော် နည်းနည်း နောက်ကျသွားတယ်ဗျာ တဲ့။ သူပြုံးပြီး ပြောလိုက်တဲ့အချိန်မှာ ကိုယ်လဲ မျက်နှာ ထူပူ သွားတာပဲ။ ဟယ် ငါလဲ သူ့ကို မစောင့်ဘဲနဲ့ ဘာတွေ လာပြောနေပါလိမ့်ပေါ့။ အထာ ကို မသိဘူး။ ဒါနဲ့ ချက်ချင်းပဲ ပြန်ပြောလိုက်တယ်။ မစောင့်ပါဘူး၊ ဘာလို့ စောင့်ရမှာလဲ၊ ကိုယ့်ဖာသာကိုယ် ဘတ်စ်ကားစောင့်နေတာ လို့။

အဲဒီမှာ တန်းစီနေတဲ့ ကိုယ့်နောက်ကလူတွေက ရီလိုက်ကြတာ။ ကေကေကလဲ ကိုယ့်ကို တိုးတိုး လာပြောတယ်။ မချိုသင်းကလဲ၊ ကျနော်က ကြားဖြတ်ချင်လို့ ပြောနေတဲ့ဟာကို တဲ့။ ကိုယ်လဲ မသိဘူးလေ။ ပြောမှ မပြောထားတဲ့ဟာ။ ဒါနဲ့ နောက်ကလူတွေက ကဲ ကဲ ၀င်ပါဗျာ တဲ့။ ရီရီမောမောနဲ့ ခွင့်ပြုလိုက်ကြတယ်။

ကိုယ်က ဒါမျိုးတွေ ခဏခဏ ဖြစ်ဖူး ခံဖူးတော့ ကိုယ့်လို မဖြစ်အောင် ပြောပြရတာပါ။ လောကမှာ အ၀င်တတ်ဖို့လဲ လိုသေးတာဆိုတာ ခံပါများတော့ နည်းနည်းသိပြီ။
ကိုယ့်လို ထီးထီးကြီးလဲ ထွက်မသွားနဲ့၊ အတိုင်အဖောက်လဲ ညီပါမှ။

မိုးချိုသင်း

37 comments:

P.Ti said...

အမရေ စိတ်ချမ်းသာဖို့က အဓိကပါနော်... စိတ်ချမ်းသာနေတယ်ဆိုတော့ ၀မ်းသာပါတယ်။
နောက်ဆို တန်းစီနေတာ ကြားဖြတ်ချင်ရင် အမကိုကြိုပြောထားမယ်နော်... :P

ဇနိ said...

အမကရီရတယ်
း)

ဂျူနို said...

သိပြီးသားပါနော်။
အိမ်မှာပြောနေတာ။
ချိုသင်းကိုကြည့်လို့ လိုကိုဖြစ်ချင်တယ်ဆိုပြီး ထွက်သွားပြီလို့ ။
သူ့ အကြောင်းမသိတဲ့သူတွေက သူ့ သနားပြီး တရားထိုင်ခိုင်တဲ့သူနဲ့  ပျော်အောင်နေပေါ့ညီမရယ်နဲ့ ကျန်းမာရေးလည်းဂရုစိုက်ပါဆိုတာပါသေး။
သူကတော့ ရေးပြီးလို့ ခုဆိုအားလုံးမေ့ သင်္ကြန်မှာ တစ်ဟားဟားဖြစ်နေပြီလို့ ။
ကိုယ့်လူကပြောတယ်။ လိုကိုချင်း ခြေမြင်နေတာလားတဲ့။

ဓါတ်ပုံလေး လှတယ်။

ကိုယ့်အသိတစ်ယောက်လည်း ဆွေးနွေးပွဲမှာ ထပြောတယ်။ သူမေးစရာ နှစ်ခုရှိတယ်တဲ့။
ပထမဆုံး သူကမေးတာ။
ဆရာက မေးဆိုတော့ ကလေးဘယ်နှစ်ယောက်ရှိလဲတဲ့။
ဆရာက ၂ယောက်ဆိုရော
ဒုတိယ မေးခွန်းက ပျော်လားတဲ့။
ကိုယ်တို့ ဆွေးနွေးနေတာ အက်စပရင်ဆေး အကြောင်းလေ။
မေးတဲ့သူက စိတ်ရောဂါအထူးကု ပါ ချိုသင်း (လိုကို) ရေ.

ဂျူနို said...

voa အင်တာဗျူးလဲ sunday မှာပါသွားတယ်။ နားထောင်လိုက်ရတယ်။

ZT said...

တစ်ခါတစ်လေတော့ ရိုးတယ် ဆိုတာ အလိမ်ခံရတာ နည်းလို့ နေမှာပေါ့နော်။ အဲဒီတော့ ကိုယ့်ဘာသာကိုယ် ကံကောင်းတယ် လို့ ယူဆလို့ရပါတယ်။ :D

သက်ဝေ said...

ချိုသင်းရယ်...
ဖြစ်ရမယ်... ရယ်လိုက်ရတာ... ပါးစပ်ကို မစေ့နိုင်တော့ဘူး... (ရုံးမှာ ဘေးကလူတွေ ဝိုင်းကြည့်နေပြီ... ကိုယ် ဘယ်လိုရှင်းပြရပါ့...)

wai said...

Thats why you are amember of Htone group.
Ama yay, Just kidding naw.
If you are fine and happy, so do we.

Anonymous said...

လူ့ စိတ်ဆိုတာ ဒီလိုပါပဲ။ လိုကို ကို အကြောင်းပြုလို့  ဖွင့်ထုပ်ပစ်လိုက် တော့လည်း ပေါ့ပါးသွားတယ် ဟုတ်လား။ ဝမ်းသာပါတယ်။ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းနဲ့  ပြည့်စုံပါစေ။

Anonymous said...

အ၀င်တက်ပြီး အထွက်ပြေပြစ်ရမယ့်သဘောပေါ့ ဟားကွာ တဲ့း) ဟတ်ကော့ကြီးဖြစ်သွားကြမှာ ဟီး ။

MANORHARY said...

ကေကေ့ကိုပဲသနားတယ်း)
ဒါပေမယ့်
ကိုယ်သာဆိုလည်း
အဲလိုပြောမိဖို့က ၉၉ရာခိုင်နှုန်းပဲ ..

မယ်ကိုး said...

မပြုံးပျော်နေလို့  ဝမ်းသာလိုက်တာ။
ဒီလို ဘာပဲရေးရေး ရသပေါ်အောင်၊ပြုံးရယ်ရအောင် ရေးတတ်လို့  မ ကို လိုကို မဖြစ်စေချင်တာပါ။ :)

Anonymous said...

ထင်ပါတယ် မမုန့်ချိုသွင်းပြန်ဖြစ်မှာပါလို့ :P.
နှစ်သစ်မှာ ပျော်ရွှင်အဆင်ပြေပါစေအမရေ။

မြန်မြန်ရေးကွဆိုလို့ စာကဆက်ရေးထားပါတယ်အောက်မှာပဲဆက်ဖြည့်ထားတာပါ။

May said...

ဟီဟိ... poster နဲ့  ကိုယ်တခြမ်း ကို ကွယ်ထားတာမဟုတ်လား...သိနေတယ်လေ။
မိပ။

အပြုံးပန်း said...

အမလဲ ရီရင် ချစ်ဖို့ကောင်းတယ်ထင်တယ်၊
သွားတက်လေးနဲ့လားမသိဘူးနော်၊
ဝတုတ်ဖြစ်နေတာတော့ သေချာတယ်။
စာဖတ်တိုင်း ပြုံးစရာတွေပါအောင် ရေးတယ်နော်။
ပြုံးမိရော။

Thant said...

အစ်မ တော်တော်နောက်...း)

Rita said...

လှတယ် မမ
:)

Kay Mhoo Paing Cho said...

မမချိုသင်း
အရမ်းအရမ်းကို လှပြီး ချစ်ဖို့ကောင်းတယ်။ အမက အင်းစိန်မှာနေခဲ့ဘူးတယ်? ဘယ်နားမှာ နေခဲ့တာလဲ? အနော်လဲ အင်းစိန်မှာ နေတာခုထိလဲ နေတုန်းပဲ။ အင်းစိန်ဈေးထဲမှာရောအသိရှိလား။ဈေးထဲမှာ အနော်တို့ဆိုင်တွေရှိတယ်အမရ.စာရေးဆရာနွမ်ဂျာသိုင်းတို့ဆိုင်နဲ့သိပ်မဝေးဘူး။ ပြီးတော့မချိုသင်းရုပ်လေးကို ရင်းနှီးသလိုပဲ ဈေးထဲမှာ ဆိုင်ရှိလားဟင်? ဟိဟိ မေးခွန်းတွေလဲစုံသွားပြီ

ပုံ / လိုကို ပြုတ်

PAUK said...

မချိုသင်း..
ပုံထဲမှာကြည့်ရတာတော့ စိတ်ချမ်းသာနေပုံပဲ

myanmarblogbroker said...

လာလည်သွားပါတယ်

Bino said...

bounce back:to feel better quickly or become successful again after having a lot of problems

မလိခ said...

မမက အားကြီးနောက်တယ်... :).. အဲဒီလို စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေကို ကြာကြာခေါင်းထဲမထားတတ်တာ ကောင်းတာပေါ့ မမရဲ့..။

ကျွန်မလဲ ဓာတ်ပုံရိုက်ခံရင် အမြဲ ကိုယ်တခြမ်းကို တခြားလူ ဒါမှမဟုတ် ပစ္စည်းတခုခုနဲ့ ကွယ်တယ် (ကိုယ့်တခြမ်းက သူများတကိုယ်စာလောက် ရှိတာကိုး..:) )... ဟဲဟဲ မြွေမဟုတ်ပေမဲ့ မမခြေထောက်လေးကိုတော့ မြင်လိုက်ရသလိုပဲ...းP

သီဟသစ် said...

အစ်မချိုသင်းရေ
စိတ်ချမ်းသာတယ်ဆိုတာကြားရလို့
စိတ်ချမ်းသာပါ၏ :D

Anonymous said...

ဇာတ်သိမ်းသွားပါပြီ။ ဆီဗောက်လည်းမရှိတော့ ကော့မန့်လည်းမဟုတ်တဲ့ တစ်ခြားဘယ်နည်းနဲ့ ဆက်သွယ်လို့ရနိုင်လည်းမသိဘူးဗျာ။

tg.nwai said...

အင်းပါ..ချိုသင်းကြည့်ရတာတော့ တော်တန်ရုံ စိတ်ညစ်ခံမှာ မဟုတ်ပါဘူးလို့..၀မ်းသာပါတယ်..

ရီရတယ်.. ဟိုတယောက်ကလည်း လူတွေရှေ့မှာ အဲလိုကြီးလာပြောတော့.. အဟဲ..တို့ဆိုလည်း အဲလိုပြန်ပြောဖြစ်မှာပဲထင်ရဲ့..:)

ကိုလူထွေး said...

ရေးထားတာ ဒီတခါတော့ လိုကိုစတိုင်ပါပဲလား...

မြစ်ကျိုးအင်း said...

လိုကို က april fool လုပ်တယ်လို့ပဲ မှတ်လိုက်တော့မယ်နော် ...ငါ့အမ ပျော်ရွှင်ပါစေဗျာ

Nu Thwe said...

ပြုံးပျော်နေတာ တွေ့ရလို့ ၀မ်းသာပါတယ် ချိုသင်းရေ။ ရယ်စရာလေးတွေကို ဖွဲ့နွဲ့ပြီးတောင် ပြောနိုင်သေးတယ် ဆိုတော့ကာ....အခြေအနေ အလွန် ကောင်းပါတယ်လို့ (မမေးပဲ) အထင်အမြင်ကို (မေတ္တာဖြင့်) လာပြောသွားပါကြောင်းး)

Steve Evergreen said...

:)

TNS said...

မမိုး
လိုကိုလိုဖြစ်ချင်ရင် တန်းစီ...
ဆန္ဒစောပြီး အ၀င်မကြမ်းနဲ့ ....။
ပျော်နေတာတော့ သိသာပါတယ်..
စိတ်မပူရတော့ဘူးပေါ့..။

ဆောင်းယွန်းလ said...

ဒီညနေတခုလုံးမှာ ဒီပို့စ်ကိုဖတ်မိမှပဲ မျက်နှာက အကြောတွေပြေလျော့သွားတော့တယ်..
မချိုသင်းတို့ .ရေးတတ်ပုံများ....

Anonymous said...

နာမည်ပြန်ပြောင်းလိုက်ပြီး ကျနော်ကစာလုံးပေါင်းအရမ်းမှားးတတ်လို့ ဟဟား ဆောတီးဗျ ။

ဇနိ said...

အမချိုသင်းရေ နေကောင်းကျန်းမာ ပျော်ရွှင်နေတာ ဓါတ်ပုံလေးကြည့်ရင် သိသာတယ်။ လှလို့ ဝလို့။ အမကလည်း မေးမှမေးတတ်ပလေ။ ဒီသမီးကို ဒါကြောင့် ချစ်ရှာတာနေမယ်။ နှစ်သစ်မှာ စိတ်ချမ်းသာနေတယ် သီချင်းတွေကြားမှာ ပျော်ခဲ့တယ်ဆိုလို့ ဝမ်းသာပါတယ်အမရေ။
နိနိ

mainnmainn said...

အမြဲတမ်းပျော်ရွှင်နိုင်ပါစေအမရေ..

တန်ခူး said...

ချိုသင်းရေ… ဓာတ်ပုံလေးက ချစ်စရာကောင်းလိုက်တာ… အဲဒီလို ပျော်ရွှင်တက်ကြွနေတာလေး မြင်ရတာ စိတ်ချမ်းသာပါတယ်… ချိုသင်းရဲ့ အ၀င်လေးတွေက in and out မှားလို့  လမ်းပြောင်းပြန် ကားမောင်းမိသလိုပဲ… ဘာပဲဖြစ်ဖြစ် အဲဒါလေးတွေက ချစ်စရာကောင်းတဲ့ အဖြူရောင်လေးတွေပဲမိုလား….

Nai Banya said...

မမိုးချို
မမိုးချိုရဲ့ဝတ္တုတွေနဲ့ရင်းနှီးဘူးပါတယ် မ၈္ဂင်းစာမျက်မှာပေါ်မှာပါ တကယ်ရင်းနှီးရတဲ့အကြောင်းတွေကတော့ ထွန်းထွန်းသန်းရဲ့ရင်ဖွင့်မှုတွေပါဘဲ တဖက်သတ်ပါ အခုသူလည်းအိမ်ထောင်ကြသွားပါပြီ
လေးစားပါတယ် ဦးဘဂျမ်းလိုမျိုးလုပ်ပါ အမြဲတမ်းအားပေးနေမှာပါ

Anonymous said...

မ . . .ရေ မှတ်သားသွားပါတယ် . . .
မ . . .က ချစ်စရာလေးနော် . . .

မေ့သမီး said...

အမကရယ်ရတယ်။