နှစ်သစ် ဆုတောင်း

ဒီနှစ်သစ်မှာ..
လိုရာဆန္ဒ ပြည့်စုံ ပျော်ရွှင်နိုင်ကြပါစေ။
မိသားစု၊ ကိုယ်ချစ်ခင်သူများနဲ့ ဝေးကွာနေရသူများ အမြန်ဆုံး ပြန်လည် ဆုံဆည်း နိုင်ကြပါစေ။
မတရားမှုတွေ အနိုင်ကျင့်မှုတွေ ကွယ်ပျောက်၊ တရားမျှတမှုတွေ အောင်ပွဲခံတဲ့ နှစ်သစ် မင်္ဂလာဖြစ်ပါစေ။
မေတ္တာတရား လွှမ်းခြုံပြီး ရန်လို ငြူစူ စောင်းမြောင်းခြင်း ကင်းတဲ့ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေ။
ကျန်းမာ အေးချမ်း ပျော်ရွှင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

နှစ်သစ်ကူး လက်ဆောင်အဖြစ် အခုလက်ရှိကိုယ့် ခံစားချက်နဲ့ ကိုက်ညီနေတဲ့ အဖေ့ ကဗျာလေး တပုဒ် လက်ဆောင်ပေးချင်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။


ရွှေပြည်ဌာန သာချင်စွ

အိပ်ရာဝင် ဘုရားဖူးစဉ်
တရားဦး ဓမ္မစကြာကို
မြတ်စွာ ဗုဒ္ဓ ဟောညွှန်ပြရာ
မိဂဒါဝုန် သားမျိုးစုံသည့်
ရဂုံမြိုင်တလျှောက်
ငါ ကိုယ်တိုင် ရောက်ဘိသကဲ့သို့
တအောက်မေ့မေ့ ချမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ဝေရ လပြည့်ည။

ဗုဒ္ဓ ဓမ္မ သံဃာ့ အရိပ်
မိရိပ် ဖရိပ် ဆရာရိပ်၌
အိပ်စက်ခဲ့ဖူး ထိုကျေးဇူးကို
ကြည်နူး ချမ်းမြ သတိရ
သြကာသ သြကာသ။

အခွင့်ပန်၍ မာန်ကို လျှော့ဖြေ
မေတ္တာဝေခိုက်
ကိုယ့်မြေရှိရာ ဦးချကာ
ကျန်းမာ ချမ်းသာ ပန်းပမာ
သဗ္ဗေ သတ္တာ အဝေရာ
မင်္ဂလာသုခ အရကြီး ရ
အဆိပ်မှန်သမျှ လျှောကာကျ
သားရွှေအိုးထမ်း အိမ်ပြန်လှ
ရွှေပြည်ဌာန သာချင်စွ။

တင်မိုး
၂၊ ၁၂၊ ၂၀၀၁


ကိုယ်လဲ ဒီနှစ်သစ်မှာ ဒီဆုတောင်းလေး ပြည့်ချင်ပါလှတယ်။ ရွှေပြည်ဌာန သာချင်စွ……။


မိုးချိုသင်း

56 comments:

Anonymous said...

အမရေ ဆုတွေပြည့်စေချင်ပါတယ်ဗျာ ထပ်တူခံစားရင် ကူညီဆုတောင်းပေးပါတယ်

သက်ဝေ said...

ချိုသင်းနဲ့  ထပ်တူ ဆုတောင်းသွားပါတယ်...
ရွှေပြည်ဌာန သာချင်စွ...

PAUK said...

လှထုံ
မတွေ့တာကြာပြီ..
တောင်းတဲ့ဆုတွေနဲ့ ပြည့်ပါစေ...

kay said...

ရွှေပြည်ဌါန သာချင်စွ - လို့ဆရာတင်မိုးနဲ့အတူ..မချိုသင်းနဲ့အတူ ထပ်တူ ဆန္ဒပြုရင်း-

ဒီနှစ်သစ်မှာ မချိုသင်းတို့ မိသားစုလည်း ရွှင်လန်းချမ်းမြေ့ပါစေ။း)

khin oo may said...

အဖေ့ကဗျာတွေ များနေပြီ..ဟိ

khin oo may said...

နှစ်သစ်မှာ အေးချမ်းချင်တယ်။။။

Anonymous said...

ပြည့်ပါစေဗျို့။

tg.nwai said...

ဆုတောင်းကိုလည်း ခံယူသွားပါတယ်.. အတူတူလည်း ဆုတောင်းသွားပါတယ်..ဆရာ့ကဗျာလေးနဲ့ အတူတူ...
ရွှေပြည်ဌာန သာချင်စွ...

pandora said...

အတူတူပြည့်ချင်တဲ့ ဆုတောင်းပါပဲ အစ်မရေ။။

ဇနိ said...

နှစ်သစ်မှာ ဒီဆုတောင်းလေး ပြည့်စေချင်ပါတယ် အမချိုသင်း။
အမတို့မိသားစုလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်ကြည်နူးဖွယ် နှစ်သစ်လေးဖြစ်ပါစေနော်။
နိနိ

ZT said...

ပျော်ရွှင်စရာ ကောင်းတဲ့ ၂၀၀၉ ဖြစ်နိုင်ပါစေ။

သစ်နက်ဆူး said...

မမိုးရေ...
၂၀၀၉မှာ မမိုးတို့ မိသားစုအားလုံးလဲ
ထပ်တူထပ်မျှ ပျော်ရွှင်အေးချမ်းပါစေလို့ 
ဆုတောင်းပေးပါတယ်ဗျာ...။
ကဗျာလေးဖတ်ခွင့်ရတဲ့ အတွက်လဲ ကျေးဇူးပါ..။

strike said...

ကျန်းမာချမ်းသာပါစေ

ATN said...

ရင်ထဲမှာ ထပ်တူကျနေတဲ့ ဆုတောင်းမှုပါပဲ... ပြည့်ပါစေလို့ ထပ်ဆုတောင်းသွားတယ်...

ကလိုစေးထူး said...

မင်္ဂလာနှစ်သစ်ပါ အမရေ။ အမတောင်းတဲ့ဆုကို ထပ်တူထပ်မျှ ပြည့်ပါရစေ။

RePublic said...

မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ အစ်မMCT ၊၊

:P said...

ပေးတဲ့ ဆုနဲ့ ပြည့်ပါရစေ...
အစ်မကိုလည်း ထပ်တူ ဆုတောင်းပေးပါတယ်

MANORHARY said...

အားလုံးနှစ်သစ်မှာပျော်ရွှင်အေးချမ်းစေချင်တယ်။
ချိုသင်းဆုတောင်းလေးလည်းအားလုံးမှာပြည့်စေ
တူသောအကျိုးလေးလည်းပေးပါစေလို့......

P.Ti said...

အမဆီကို မရောက်တာတောင် ကြာနေပြီ..
မင်္ဂလာနှစ်သစ်ပါ အမ...

ပြည်သူတွေအားလုံး သားရွှေအိုးထမ်းလာတာ မြင်ချင်လှနေပါပြီ..

၂၀၀၉ နှစ်သစ်မှာ မြန်မာပြည်သူတွေ ကံကောင်းပါစေ...

နိုင်ငံရေးငြင်းခုန်မှုများ ၊ အနုပညာမှော်များနှင့် စိတ်ကူးဝတ်မှုန် said...

နှစ်သစ်မှာအချစ်စစ်လေးတွေကိုမီးခြစ်ညှိကြည့်မလား
စဉ်းစားနေတယ်။ချမ်းမြေ့ကြပါစေ။

မီယာ said...

အမတို့ မိသားစု နှစ်သစ်မှာ ကျန်းမာ ပျော်ရွှင်ပါစေ

လင်း said...

ချစ်မမထုံ
မမတို့ မိသားစု ( ကြောင်သားသမီးလေးတွေ အပါအ၀င်) ပျော်ရွှင် ချမ်းမြေ့ ပါစေ ၊ လှပပြီးပြည့်စုံသော နှစ်သစ်တခုကို ပိုင်ဆိုင်နိုင်ပါစေ။


ချစ်သော
လင်းထုံ

ယောနသံစင်ရော် said...

မမိုးချို နှစ်သစ်မှာ လိုအင်ဆန္ဒတွေပြည့်စုံပြီး ကျန်းမာချမ်းမြေ့ပါစေ.

စူး said...

happy new year 2009!!!!!!!!!!!!!

Eaindra said...

အစ်မချိုသင်းရေ....

မွေးနေ့ဆုတောင်းလေးအတွက်ရော...
အခုဖတ်ခွင့်ရတဲ့..ကဗျာလေးအတွက်ရော..
ကျေးဇူးတင်လိုက်တာ...



လေးစားချစ်ခင်တဲ့

အိန္ဒြာ

ကိုပေါ said...

ဟက်ပီးနယူးယီးယားပါဗျိုး။ မချိုသင်းတို့ တမိသားစုလုံး ကျန်းမာ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

MGLUAYE said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ် မင်္ဂလာပါဗျာ...

:)

နေစိုးနိုင် said...

အညာက ရွာကိုလွမ်းလာတယ်
ကောင်းလိုက်တာ
အစ်မကိုလည်း ထပ်တူပဲပြန်လည်ဆုတောင်းပေးခဲ့ပါတယ်

tin min htet said...

Happy New Year :)

Myo Win Zaw said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ

ThuHninSee said...

Happy & Healthy New Year!

ဆောင်း said...

နစ်သစ်မှာ လိုရာဆန္ဒပြည့်ဝ အောင်မြင် ပြီး အဆိုးနည်းပါး ကာ အကောင်းများတဲ့ စိတ်ချမ်းသာ ကျန်းမာ ပျော်ရွှင် လာဒ်လာဘ ကောင်းတဲ့ အိမ်ထောင်လေး ဖြစ်ပါစေနော်

ပုံရိပ် / Pon Yate said...

မင်္ဂလာ နှစ်သစ်ပါ မချိုသင်းရေ။ အစ်မလည်း စာတွေ များများ ရေးနိုင်ပါစေ။

JulyDream said...

"When you're lonely, I wish you Love!
When you're down, I wish you Joy!
When you're troubled, I wish you Peace!
When things seem empty, I wish you Hope!
Have a Happy New Year!"

JulyDream said...
This comment has been removed by the author.
khin oo may said...

happy new year.. be healthy.. happy.. no worries...

Ko Kyaw said...

နှစ်သစ်မှာ ကျန်းမာပျော်ရွင် ပါစေလို့ ...
L.A သွားတုန်းက သတိရပါသေးတယ်၊ ဒါပေမဲ့ ကျနော်တို့ သွားတဲ့ရက်က ကြားရက်တွေဖြစ်နေတော့ သတင်း မပို့လိုက်တော့ဘူး :)
နောက်တခါဆိုရင် သေချာလာတွေ့မယ်၊ ပုန်းမနေနဲ့ :)

nu-san said...

နှစ်သစ်ဆုတောင်းလေး ပြည့်ပါစေ.. Happy New Year !!

HAPPY CLOUD said...

ဘဘကဗျာလေး ဖတ်ရင်း.. နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းခဲ့ပါတယ်.. အမရေ..

လေးစားခင်မင်လျက်..
မိုးမောင်

Andy Myint said...

နှစ်သစ်ဆုတောင်းအတွက် ကျေးဇူးပါ။ ဆုတောင်းလည်း ပြည့်ပါစေ.. Happy New Year.. မချိုသင်း
WeSheMe Family

Harry said...

မင်္ဂလာနှစ်သစ်ပါ မချိုသင်းရေ ...
ဆရာကြီးရဲ့ကဗျာလိုပဲ ရွှေပြည်ဌာန သာစေချင်လှပါပြီ

wai lin tun said...

ကျနော်လည်း အများလိုပါပဲ။ နှစ်သစ်မှာ ရွှေပြည်ဌာန သာချင်စွလို့ လာရောက်ကြူးရင့်သွားပါတယ် မမိုးချိုသင်းရေ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ၊

Nu Thwe said...

မင်္ဂလာ နှစ်သစ်ပါ ချိုသင်း နဲ့ ကိုကျော်။

tututha said...

HAPPY NEW YEAR အစ်မရေ .. ၂၀၀၉ မှာ ရွှေပြည်ကြီး သာဖို့ ဝိုင်းဆုတောင်းပေးခဲ့ပါတယ် ..

မသက်ဇင် said...

ဆရာကြီးတင်မိုးကဗျာဖတ်ရတော့
ဆရာကြီးကိုလွမ်းလိုက်တာ--------

TZA said...

အစ်မချိုသင်း.. နောက်ကျသွားတာခွင့်လွှတ်ဗျာ။
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။

ဗေဒါရီ said...

အမရေ ..
အမနဲ့ ထပ်တူ ဆုတောင်းလိုက်ပါတယ်။

မင်္ဂလာရှိသော နေ့ရက်များစွာ ... နေ့ရက်များသာ ... ကြုံရပါစေ ... ကြုံရပါလို၏။

Life is for Success said...

Ma Gyi Moe,
ur hits are nearly 100k already please write more... we miss ur post.... i understand that u are busy with work.....

Anonymous said...

ကျနော့အမ နေမကောင်းဘူးဆိုလို့ စိတ်မကောင်းဘူးဗျာ။ အမရေ မြန်မြန်ကျန်းမာပါစေနော်။
အစစ အဆင်ပြေပါစေ။ အင်တာနက်လည်းကောင်းပါစေဗျာ

Unknown said...

ရွှေရတုမြောက် ကွန်မန့်ရေးခဲ့မယ်..။ ငြိမ်းချမ်းပါစေ အစ်မရေ :)

ThuHninSee said...

မတည့်တာတွေ ဘာစားမိပြန်ပြီလဲ။

Nwe Oo said...

Dear ma Cho Thin
I wish you get well soon.
Thank you for posting the poem. It's our home sweet home, but when will it be a peaceful and safe place to return?

Anonymous said...

အမ သက်တောင့်သက်သာနေပါနော်။ အဆင်ပြေမှ စာရေးပေါ့။ စာတွေဖတ်ချင်ပေမယ့် နေသာမှရေးပါဗျာ။

Eaindra said...

အမရေ.....

နေမကောင်းသွားပြီလား
မြန်မြန်နေကောင်းနိုင်ပါစေ အမရယ်

အိန္ဒြာ

D Soe said...

အမ အမြန်နေကောင်းပါစေ...

Maung Maung Kyaw Win said...

Happy New Year Mo Cho Thin & family. Hope you remember me. Guess who? Now I am living with my family in Wheaton, Illinois. I arrived in the States in the year 2007. I miss Saya Tin Moe very much. Please visit my blog. The address is as below: jointus4thecause.blogspot.com
Best Wishes
MMKW
(former editor of Apyozin)