ဘလော့ဂ် လုပ်တော့မယ်ဆိုတော့ ...

ဘလော့ဂ်ကလေး တခုလောက် လုပ်မယ်လို့ စဉ်းစားလိုက်တော့ တခြားဘာတွေရေးမယ် ဘယ်လိုလုပ်မယ်တွေ မစဉ်းစားနဲ့အုံး၊ ကိုယ့်ကိုယ်ကိုတော့ ဘ၀ကြီးမှာ တော်တော်အသုံးမကျတဲ့သူမှန်း သိသွားရတယ်လေ။

ဘာဖြစ်လို့လဲဆိုတော့ ဘလော့ဂ်လုပ်ရင် အခြေခံအဆင့်က ကွန်ပျူတာထဲမှာ ဇော်ဂျီဖောင့် သွင်းပြီးသား ဖြစ်နေရမယ်၊ ရိုက်တတ်ရမယ်၊ ယူနီကုတ် ဆိုလား ရှိရမယ် စသဖြင့်ပေါ့။ ကိုယ်က ကွန်ပျူတာမှာ သုညထက် နည်းနည်းနိမ့်တဲ့အဆင့်လေးမှာ တစ် နေတာဆိုတော့ တော်တော်ဦးနှောက်ခြောက် သွားးရတယ်။ အရပ်ကူပါ လူဝိုင်းပါ ဖြစ်သွားတာပေါ့။

လူအပြင် ဘုန်းဘုန်းပါ အဆစ်ပါသေးတယ်။ ဘုန်းဘုန်းတောင် ကိုယ့်ထက်ကျွမ်းသေးတယ်လေ။

တကယ်တော့ ကိုယ့်ဖာသာပဲ အပြစ်တွေပုံ တင်လိုက်ပါတယ်။ ဆတ်ဆော့မိတာကိုး။ တနေ့တနေ့ အင်တာနက်ကနေ သတင်းတွေဖတ်၊ ဘလော့ဂ်တွေထဲ လျှောက်လည်ပြီး စာလေးတွေဖတ်ပြီး ဒီအတိုင်းနေ အကောင်းသား။ စာဖတ်ရတာများ အရသာရှိလိုက်တာ။ တချို့ ဘလော့ဂ်တွေများ နေ့တိုင်းသွားမဖတ်ရဘဲ မနေနိုင်ဘူး။

ဒါနဲ့ သူများတွေကို အားကျပြီး ကိုယ့်ဒိုင်ယာရီလေးလို၊ မှတ်တမ်းလေးလို စာလေးတွေ၊ အက်ဆေးလေးတွေ ရေးမယ်၊ အဖေ့ ကဗျာလေးတွေလဲ တင်ရရင် ကောင်းမှာပဲလို့ တွေးမိတော့ ကိုယ့်အမလို ချစ်ရတဲ့ အမတယောက်ကို ပြောပြမိတယ်။ အမကလဲ အားတက်သရောပဲ၊ လုပ်လေ ဆက်ဆက်လုပ်၊ အမ အားပေးတယ်၊ အမလဲ ချိုသင်းသို့ ပေးစာ ဆိုပြီး ၀င်ရေးမယ် တဲ့။

အဖော်လဲ ရှိပြီဆိုတော့ ဘာပြောကောင်းမလဲ၊ နီးစပ်ရာတွေကို အကူအညီတောင်းလိုက်တာ ဗြောင်းကို ဆန်သွားတာပဲ။ ကိုယ်က အဲဒီလောကဓာတ်ပညာတွေနဲ့က သုညအဆင့်ဆိုပေမဲ့ အမကတော့ မိုင်းနပ်စ်ပါတဲ့။ ဟန်တော့ ကျနေပါပြီ။

အဲဒီတော့ ဘာမှ မလုပ်ရသေးခင် အရင်တောင်းပန်ချင်တာက တခါတလေ မာတိကာကြီးက စာမျက်နှာရဲ့ ဘေးမှာ မရှိဘဲ ဟိုးအောက်မှာ ရှိချင်ရှိနေလိမ့်မယ်၊ အဲဒါဆိုရင် ချိုသင်းတော့ မှားနှိပ်လိုက်ပြန်ပြီလို့ သဘောထားပေး။ တခါတလေ စာလုံးတွေက စာမျက်နှာအပြည့် မညီမညာ ဟိုပြေး ဒီပြေးတက်လာလိမ့်မယ်၊ အဲဒါဆို ချိုသင်းတော့ တောက်တလွဲ လုပ်လိုက်ပြန်ပြီလို့ နားလည်ပေး။ တခါတလေ မှိန်ရမဲ့နေရာမှာ ထင်းထင်းကြီး ဖြစ်နေတာတို့၊ စာပြန်ခေါက်ရမှာ ခေါက်လို့မရဘဲ စန့်စန့်ကြီး ဖြစ်နေတာတို့ တွေ့ရင် ချိုသင်းတော့ လုပ်ရမှာတွေ မလုပ်ဘဲ မေ့သွားပြန်ပြီလို့ ဖြည့်တွေးပေး။

စိတ်ကလဲ ဘာမှ မလုပ်ခင် ကျကျသွားတတ်တော့ကာ ပို့စ်အသစ်လဲ တော်တော်ကြီးကြာမှ ပေါ်လာချင်ပေါ်လာမယ်ပေါ့နော်။ အဲဒါလေးတွေ နည်းနည်းလောက် နားလည်ပေးရင်တော့ အိုကေသွားမှာပါ။ ကိုယ့်ဖက်ကလဲ ကြိုးစားပြီး ကွက်လပ်တွေ ဖြည့်သွားပါ့မယ်လို့။

ဒီအဆင့်လေးတက်လာဖို့ ၀ိုင်းတွန်းပေးကြတဲ့ ဘုန်းဘုန်း ကိုသက်၊ ကိုမိုး၊ ကိုအေးဝင်း၊ ကိုမြင့်လှိုင်၊ မသဒ္ဓါ၊ ကိုမောင်ရစ်၊ ကိုဇာနည် နဲ့ ကိုယ့်အခြေအနေအမှန်ကိုသိသော်လည်း စိတ်မပျက်ဘဲ အထူးအားပေးသော ချစ်တဲ့ အမ မမေသန်းဌေး တို့ကို ကျေးဇူးမှတ်တမ်း ပြုလိုက်ပါတယ်။


မိုးချိုသင်း

15 comments:

မေငြိမ်း said...

အမလေးတော်.. ဘလော့ လုပ်ပါလို့ တွန်းတုန်းက ရယ်နေတာပဲ..။ မှန်မှန် မရေးနိုင်မှာ စိုးလို့ ဆိုတာက ပါသေး။ ခုလည်း ကြို sorry တွေ တပုံတပင်နဲ့။ တကယ်က လုပ်သင့်တာ ကြာပြီ။ အသစ်တွေတင်.. ကြားထဲမှာ.. ကိုယ်ရေးခဲ့တဲ့ အဟောင်းလေးတွေ ပြန်တင်..။ နိပ်မှနိပ်..။ ဒါပဲ ခုကစလို့ မျှော်ပြီ။ ဒါပဲ :D

Kay said...

မမိုးချိုသင်းရေ-
နှုတ်ဆက်ပါတယ်..မိတ်ဆက်ပါတယ်။
လူချင်းမသိဘူးပေမဲ့..ဘာချင်းတော့လည်းမသိဘူး..သိနေပီးသားမို့။ အားပေး ခင်မင်လျက်-း)

( ကိုဇာနည်..လက်တို့လို့ပါ)

သက်ဝေ said...

ချိုသင်းရေ...
လူချင်းတော့ မရင်းနှီးကြပေမယ့် တစ်နည်းတစ်ဖုံ ရင်းနှီးနေသလို ခံစားရတာမို့ 
ချိုသင်းလို့ ဘဲ တရင်းတနှီး ခေါ်လိုက်ပါရစေ..။
ဆရာမ မမေငြိမ်းဘလော့ဂ်ထဲမှာ C Box ထဲမှာ တစ်ခါတစ်လေ တွေ့ ဖူးတာကြောင့် ချိုသင်းများ ဘလော့ဂ်တွေ ရေးနေပြီလား လို့ ရှာကြည့်ဖူးပါတယ်။
သို့ သော်... ရှာလို့  မတွေ့ မတွေ့ နဲ့ ..
ခုမှဘဲ တွေ့ ရပါတော့တယ်..။

မှတ်မှတ်ရရ.. ချိုသင်းရဲ့  ဘောလုံးပွဲအကြောင်းရေးတဲ့
ဝတ္ထုတိုကလေးလို ကလောင်ထက်ထက်နဲ့  စာသွက်သွက်တွေ ဆက်ကာ ဆက်ကာ ဘလော့ဂ်ပေါ် တက်လာစေကြောင်း မျှော်လင့် ဆုတောင်းရင်းနဲ့  လှိုက်လှဲ ၀မ်းသာ ကြိုဆိုပါတယ်...။

MyaungMya LaukPyar said...

hey Lady!

So.. You have free time to write blog. haaha( just kidding.) like teacher said, pls keep on going. I'll come n visit everyday. :)

Sar nay Kya Kyaung Phar Gyi :P
P.S: when teacher arrive here, why don't you come n visit to us. I'll call Htoo Myat too.

Exit of thinking mind said...

ဆရာမရေ

မြန်မာပြည်မှာကတည်းက ဆရာမ စာတွေကို အားပေးခဲ့သူပါ.... ဆရာဦးတင်မိုးရဲ့ သံယောဇဉ် အရှိန်ကြောင့်လဲ ပိုပြီး အလေးထားခဲ့မိပါတယ်... ခုလို စာပြန်ရေးတာ ဝမ်းသာပါတယ်......

MoeMaKha said...

C - Box is needed here on this blog ...
YIT

မင်းမြတ်ဘုန်း said...

ဆရာမရေ စာကောင်းစာသန့်လေးတွေကို စောင့်မျှော်နေပါတယ်။ ကျွန်တော်တို လို ပြည်ပမှာ အလုပ်လုပ်နေတဲ့သူတွေဆိုတော့ စာငတ်နေကြတယ်လေ ကျွန်တော်တို့ လိုအပ်နေတဲ့ နုလုံးသား အဟာရလေးတွေကို တိုက်ကျွေးပါဦးလို့
ဆရာမ ဒေါ်မေငြိမ်း စာတွေကို အမြဲစောင့်ဖတ်နေတယ်။ ဆရာမကတောင် တော်တော်ချီးမွမ်းထားတဲ့ ဆရာမမချို ရဲ့ စာတွေကို အားလုံးက စောင့်မျှော်နေပါတယ်။

ပီတိ said...

မမိုးချိုသင်းရေ… စာရေးကောင်းတဲ့ တယောက် ဘလော့ရေးမယ်ဆိုတော့ ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။
အပေါ်က မကေပြောသလို ဘာချင်းမှလည်း မရင်းနှီးပေမယ့် စိတ်ထဲမှာတော့ ခင်မင်ရင်နှီးစိတ်နဲ့ အားပေးနေပါတယ်။

Myanmar armydog said...

ဆရာမမိုးချိုသင်း ရေအားပေးနေပါတယ်

ကလိုစေးထူး said...

ကျနော်လဲ ဘာချင်းမှ မရင်းနှီးပေမယ့် ပရိသတ် တယောက်အနေနဲ့ အားပေးပါမယ်ဗျို့။ :D

yannaing said...

ရှေ့ကလူတွေနဲ့အတူတူပဲ.. ဟိ..ဟိ

တန်ခူး said...

မ ရေ… မြည်းစရာမလိုပဲ ကောင်းမယ်ဆိုတာ သိပြီးသား…မ လက်ရာ စားနေကျ ဖောက်သည်မို့  ပိုထည့်ပေးရမယ်နော်…

N said...

ဆရာမစာတွေကိုဖတ်ခဲ့ဖူးပြီးကြိုက်ခဲ့ဖူးပါတယ်။ ဘလော့မှာပြန်ဖတ်ရလို့ကျေးဇူးတင်ပါတယ်။

ခမ်းကီး said...

လာ၍ အားပေးဖတ်ရှုပါသည်။

ပျဉ်းမပန်း မိတ်ဆက်အား ဝေဖန်စေချင်ပါသည်။

ခမ်းကီး

ဂျူနို said...

ဒီဘလော့လေးသာ ချိုသင်း မရေးခဲ့ရင် ဒို့ တွေ ခင်ကြရမှာ မဟုတ်ဘူး။