ငှက်ကလေး ခရီးသွား (နိဂုံး)



ဘ၀ တဆစ်ချိုး

သူမ ပြည်ပ၌ အိမ်ထောင်ပြုအပြီး ၈လ ပင် မကြာ အဖကို ခေါ်ငင် ခဲ့သည်။ သူမ အဖကို လွမ်းခဲ့လှပြီ။

သူမ သူငယ်ချင်း “ဖြူ” ပြောသလို “ဆရာနဲ့ စကားမပြောရတာ နို့များများ၊ မလိုင်များများနဲ့ အရသာ ရှိရှိ ဖျော်ထားတဲ့ ကော်ဖီ ပျစ်ပျစ်နှစ်နှစ် တခွက် မသောက်ရတော့သလို၊ ဆရာ့အသံလေးလေးပင်ပင် ပြည့်ပြည့်၀၀ကြီးကို နားမထောင်ရတာ ဘ၀မှာ နေထိုင်ရတာ လေးနက်မှုနဲ့ အဓိပ္ပါယ် မရှိတော့သလို ခံစားနေရတယ်ဟာ”

သူမလဲ ဘုရားပုထိုးနှင့် ထိုပျစ်ပျစ်နှစ်နှစ် ကော်ဖီကို တမ်းတမိခဲ့ရသည်လေ။

နောက် အဖေရောက်လာ၊ ကဗျာ ရောက်လာ၊ ကဗျာ ခရီးစုံ ထွက်ကြ၊ အရှေ့အနောက် တောင်မြောက် ပေါင်းကူးတံတားတွေ ဆောက်ကြည့်ကြ၊ ဘ၀တွေကို အဆစ်ဆစ် ချိုးကြည့်ကြ။ တိုင်းပြည်အရေးတွေ၊ နာရီတွေ ကျွမ်းသွားမတတ် တွေးကြ၊ လွမ်းကြ၊ အလွမ်းတွေ အရည်ဖျော်ပစ်ကြ၊ ကြိုးစားမေ့ပစ်ကြ။ ကဗျာ အိပ်မက်တွေ ဆက်မက်ကြ။

အိမ်လွမ်းညများ

သူတို့ နိုင်ငံ သူတို့ ဓလေ့
သိမ်မွေ့ ကြီးကျယ် ခမ်းနား
ပြည်ကြီးသား ဆိုနိုင်စလောက်
ဂုဏ်မြောက်တယ် ဆိုပေမယ့်
ငါ့အလို မပြည့်တာက
ဆွေးမြည့်တဲ့ အိမ်လွမ်းနာ။

ငါ့ အိမ်ကလေးကို သတိရ..
ငါ့ အကြော်တဲကလေးကို သတိရ..
ငါ့သား ငါ့သမီး
ငါ့မြေး မာရဲ့လားလို့ သတိရ
ငါ့သူငယ်ချင်း
မိတ်ရင်း ဆွေသဟာတွေနဲ့
လက်ဖက်ရည်ဆိုင်တကာ ထိုင်ပြီး
စကားလှိုင်လှိုင်ပြောခဲ့တာ သတိရ..
ဘာကမှ မပြည့်စုံတဲ့
တို့ရိပ်မြုံ တို့ရွာကလေး
စိတ်အေးအေးနဲ့ လျှောက်၍လည်
လွမ်းဖွယ်ရာ တကယ်ကောင်း
ငါနေခဲ့တဲ့ ဘုန်းကြီးကျောင်းကလေးကိုလဲ
တရေးရေး သတိရ..
အမိအဖ မရှိတော့ပေမဲ့
ငါ့ဘ၀မှာ အဓိကရပါလား
ငယ်ဘ၀ ငယ်ဓလေ့
တကယ်မမေ့နိုင်လို့ သတိရ..
အို.. သတိရစရာတွေ တပြုံကြီးနဲ့
သံယောဇဉ် မီးတွေ မြိုက်တော့
ဥရောပတိုက်မှာ ငါမပျော်
ပြန်ရသော် ကောင်းနိုးနိုးနဲ့
မိုးချုပ်၍လာ။
အိမ်ပြန်လျှင် မလိုတမာစိတ်တွေနဲ့
ငယ်ထိပ်ကို နာနာထောင်းပေလိမ့်
အကြောင်းကြောင်း ထောက်လို့စာ
ရွာပြန်သင့် မပြန်သင့်။

သတိရပေမယ့်
ဒွိဟတွေ ထွေးရောယှက်
အိပ်ပျက်သည်နှင့်။

၂၆၊ သြဂုတ်၊ ၁၉၉၉


ပျံသာပျံပါ ထက်အာကာ

အခုတော့ ပျံပါပြီ ငှက်ကလေး။
သူမ အရုပ်ကြိုးပြတ် ကျန်ခဲ့ပြီ။ ငှက်ကလေး၏ ပူးကပ်နေသော ၀ိညဉ်တို့နှင့် တစ တစ ဝေးရတော့မည့်ထင့်။
ငှက်ကလေး သင်ထားသလို လောကကို အပြုသဘော ဆောင်ကြည့်သည်။
ဟန်ဆောင်ခြင်းနှင့် မျက်ရည်များသာ ကျန်ရှိပါသည် ငှက်ကလေး။
မရင့်ကျက်နိုင်ပါ ငှက်ကလေး။
အာကာ ၀ိညဉ်မှာ ကဗျာနိုင်ငံ ထူထောင်ပါ ငှက်ကလေး။
မိခင်နှင့်အတူ “ကဗျာတပုဒ် ပန်းနှစ်ပွင့်” ဖွဲ့သီပါ ငှက်ကလေး။

ကဗျာတပုဒ် ပန်းနှစ်ပွင့်

ဝါးရုံကြား၌
စကားတိုးတိုး။ တိတ်တိတ်ခိုး၍
မိုးချုပ်ခဲ့သည်၊ တို့မကြောက်။

လယ်ကွင်း ရိုးပြတ်၊ ကန်သင်းစပ်၌
ခြေပက်ကြားအက်၊ ခရောင်းထက်တွင်
ထိုင်လျက် နေကုန်၊ မိုးရိပ်မှုန်လည်း
မတုန်လှုပ်ဘူး၊ တို့နှစ်ဦး။

တို့ဘ၀တွင်
ကျကာ တက်ကာ၊ လှိုင်းပမာလည်း
သာယာဘိခြင်း၊ လှိုင်းထက်ဆင်း။

သူနှင့်အမြဲ၊ လက်ချင်းတွဲက
ရဲစိတ်ဘယ်က၊ ငါလျှင်ရ
အံ့စွ သတ္တိ၊ ငါ မသိ။

ခရောင်းတောမှ၊ ပန်းရွှေမြတို့
လှဘိ၊ ၀င်းဘိ၊ ခင်းလုံး ပြည့်။

သူနှင့် ငါကား
ကာရန်ညီညွတ်၊ တတွတ်တွတ်နှင့်
ကြည်ဆွတ်စရာ၊ တီတာတာတည့်
ကဗျာတပုဒ်၊ ပန်းနှစ်ပွင့်။

(မြ၀တီ၊ ၁၉၈၀၊ ဒီဇင်ဘာ)


နောက်ဆုံး အိပ်ရာ နောက်ဆုံး ကဗျာ

သာမန်လူသားတဦး၏ ဆန္ဒ

အာဂတံ ပါဂတံနဲ့
ဗာလာနံတွေနဲ့
ဝါစာကမာဆန်ဆန် မြိုင်တောလယ်မှာ
လှိုင်ဘောလယ်နေသူ မဟုတ်။

သူ့နေရာနဲ့ သူ့နေရာ
ဗဟုသုတ ပဒေသာဖြိုင်ဖြိုင်သီးနေတဲ့
ဂနိုင်ကြီး မြိုင်ကြီးမှာ
ခိုမှီးနေထိုင်သူ ဖြစ်ပါတယ်။

ကျမ်းဂန်အသီးသီးက
လမ်းမှန်နည်းတွေကို
ရှာမှီး ဝေဖန်ရင်း
အနေကန် မရေမရာကို ခွာ
ဧကန် အဖြေကို ရှာနေသူ ဖြစ်တယ်။

ဘ၀ရဲ့ အတိမ်အနက်ကို
တခဏနဲ့ ချိန်စက်
အိပ်မက်လို ၀ိုးတိုးဝါးတားနဲ့
ကိုးယို့ကားယားကို အဟုတ်မှတ်
ရုပ်ဓာတ် နာမ်ဓာတ် မကွဲမပြားနဲ့
အသည်းတယားယား ဖဲကစားသလို
အလွဲအမှားတွေ လွန်ကျူးနေတဲ့
စာတမူးတန်နဲ့
ချာတူးလန်လည်း မဟုတ်ပါချေ။

အခွင့်အရေး မြက်တဆုပ်နဲ့
မဟုတ်သည်ကို အဟုတ်ပြော
ဗုဒ္ဓေါ တ ရတဲ့ လူအညံ့စား
ခန့်ညားရိုသေဖွယ် မရှိ
အဂတိလိုက်စားတဲ့ ငမိုက်သား သတ္တ၀ါ
ပကာသနကို ငတ်ကြီးကျတဲ့
နှပ်ချေးတမျှ ရွံစရာ
လူ့ဗလချာ မဟုတ်ပါ။

ဘ၀မှာ အနေရိုးပေမယ့်
သဝေထိုးခြင်းလည်း မရှိ။
အသိပညာ အတတ်ကို ရှာပြီး
မြတ်ရာကို ကိုးကွယ်
အမျိုးအနွယ်ကို ချစ်မြတ်နိုး
ရိုးသားမှုကို စံနမူနာယူ
မြန်မာဇမ္ဗူမှာ လူကောင်းတယောက်
ကျောက်ကောင်းတစေ့ ဖြစ်ခွင့်ရရင်
ဘ၀မှာ ကျေနပ်
အနေမြတ်တယ်လို့ ယုံမှတ်သူ ဖြစ်ပါတယ်။

ကိုယ်ကြီးကျယ်ဖို့ထက်
နိုင်ငံကြီးကျယ်ဖို့ အရေးကြီး
ရီးတီးယားတားနဲ့
ဆီးသီး နွားစား နေ့မပါးလိုဘူး
တရားမျှတ၊ လွတ်လပ်မှ ချမ်းသာ
သူ ငါ အားလုံး၊ ညီညာညာ ရုန်းကြမှ
လူလုံးလှလတ္တံဟု
စိတ်နေသန့်သန့်နဲ့
မထိတ်မလန့် နေချင်သူပါ။

ရေမှုတ်ထဲ မိကျောင်းပေါ်သလို
တကိုယ်တော် ကျော်ကြားမှု မလို
ကိုယ်က အစ၊ သူက အားလုံး
ရွှင်ပြုံး ချမ်းမြေ့၊ ပျော်တဲ့နေ့ကို
မြင်တွေ့လိုစိတ်နဲ့
အတိတ်က အမှားတွေကို ကျော်
ဒိဌတရားကို မျှော်ရင်း
ဘုရားပေါ်သို့ ပျော်ပျော်တက်
ဒိုးပတ်ဝိုင်းနဲ့ ပျော်တော်ဆက်ချင်ပါကြောင်း။ ။

တင်မိုး
၂၁၊ ၁၊ ၂၀၀၇



မိုးမိုးနှင်း

26 comments:

sin dan lar said...

ဒီတစ်ပုဒ်မှာ ဆရာကြီးရဲ့ကဗျာတွေအများကြီးဖတ်ရတယ်။
ဆရာကြီးရဲ့ ဓါတ်ပုံတွေကြည့်ရတယ်....
အစ်မချိုသင်းရဲ့စာတွေမှာကျ ဆရာကြီးရဲ့ နေ့စဉ်လူနေမှု
ဘ၀လေးတွေသိရတယ်။
ဖတ်နေရင်း စာရေးသူက သူ့အဖေကို အရမ်းချစ်၊ အရမ်းလွမ်းနေတာကို မြင်နေရတယ်။
ဒီစာရေးတဲ့ အစ်မချိုသင်းရဲ့ အစ်မက စာရေးသေးလား...

ဟန်လင်းထွန်း said...

မချိုသင်းရဲ့ အမက စာရေးကောင်းတယ်နော် ။အရမ်းလွမ်းသွားတယ် အမရေ

MANORHARY said...

ချိုသင်းရေ..ဒုတိယပိုင်း မျှော်နေတာ
ချမ်းမြေ့ပါစေ

ရှင်မင်းညို said...

နိဂုံးလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်

လင်း said...

တနေ့ နေ့  တချိန်ချိန် လူတိုင်းလျှောက်ရမဲ့လမ်းပေမဲ့
ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ထက်အရင် ဒီလမ်းကို မလျှောက်စေချင်တဲ့ဆန္ဒကတော့ အားလုံးမှာ တူတူဘဲ
ထင်တယ်နော်။
ငှက်ကလေး ကပြန်မလာတော့မဲ့ ခရီးရှည်ကြီးကို ထွက်သွားနှင့်တယ်။

pandora said...

ချစ်စရာဆရာကြီးကိုလွမ်းသွားပါတယ်။

ဇနိ said...

အမချိုသင်းရေ မမြင်ဖူးတဲ့ ဆရာကြီးဦးတင်မိုးပုံတွေလည်း ကြည့်ရပါတယ်။ အမဖေဖေရဲ့ မွန်မြတ်စိတ်ထားကို လေးစားအားကျမိပါတယ်။

သက်ဝေ said...

ချစ်စရာကောင်းတဲ့ ချိုသင်း ဖေဖေ ငှက်ကလေးကို
အဓိပ္ပါယ်တွေ ပြည့်ဝလှတဲ့ ကဗျာလေးတွေနဲ့ အတူတူ...
ချိုသင်းတို့ ညီအစ်မတွေနဲ့  အတူတူ... လွမ်းသွားပါတယ်...။

eain said...

မမရေ..

လွမ်းစရာကောင်းလိုက်တာ...
ဝမ်းနည်းစရာကောင်းလိုက်တာ..
နှမျောစရာကောင်းလိုက်တာ..

အိန္ဒြာ

Republic said...

စာတွေကောင်းတော့ ချက်ချင်းကော်မန့် မပေးရဲဘူးဗျာ ၊၊ မလေးနက်မှာစိုးလို့ ၊၊ တိတ်တိတ်လေးပဲ ဖတ်သွားပါတယ်ဗျာ ၊၊

P.Ti said...

ဆရာကြီးတင်မိုး ရိုးရိုးလေးလွမ်းသွားတာကို ဖတ်ရတာ ပိုပြီးလွမ်းစရာပဲနော်...

အမချိုသင်းရဲ့ အမကိုပါ ပုံမှန်စာရေးခိုင်းပါ့လား..

မီယာ said...

အဖေကမီယာ၇နှစ်ထဲကဆုံးသွားပေမယ့် အများကြီးမှတ်မိနေသေးတယ်
အမတို့ဆိုပိုမှတ်မိစရာတွေများမှာပဲလို့ ကိုယ်ချင်းစာမိပါတယ်။

Heartmuseum said...

မချိုသင်းရေ.... အိမ်လွမ်းကဗျာတွေ ကြိုက်လို့ ကူးသွားတယ်ဗျာ။
ကျွန်တော်တော့ စာပေဟောပြောပွဲ လွတ်ပြီထင်တယ်ဗျ။ွှTraining camp ကနေ တနင်္လာမှ ထွက်ရမှာ ဆိုတော့လေ...... By force ဆိုတော့လဲ ဘာမှ ပြန်ပြောလို့ မရဘူးဗျ။ စိတ်နဲ့ကိုယ်နဲ့ ညစ်တယ်ဗျာ။..... ဒေါ်မာမာအေးကို မိတ်ဆက်ပြီး မရှင်းတာလေးတွေ မေးမလို့ ချိန်ထားတာ လွဲပြီဗျာ။

Republic said...

စီပုံးလဲ မတွေ့ဘူးဗျာ ၊၊ လာလည်ပေးတာ ကျေးဇူးဗျာ ၊၊ ဒီမှာပဲ ရေးခဲ့တော့တယ် မMCT ကြီးရေ ၊၊

ThuHninSee said...

အဆိုတော် ဒေါ်မာမာအေးနဲ့တွေ့ရင်
တရေးချစ်ခွင့်မြင်ရနိုးသီချင်းကို ပြန်ဆိုပေးဖို့ပြောလိုက်ပါနော်။

thorn musem said...

မမိုးချို...
မမိုးတို့ ညီအမတွေကတော့ ဆရာကြီးသမီးပီသပါတယ်ဗျာ...
ကျနော်တို့ လဲ လွမ်းတာပေါ့...ဒါပေမယ့် ထပ်တူတော့ မမှီနိုင်ပါဘူး.....
ဆရာကြီးဓါတ်ပုံကိုတော့ သိမ်းထားလိုက်ပါတယ်ဗျာ...
မမိုး အမကစာရေးကောင်းတယ်...။

tututha said...

အစ်မရေ တူးကတော့ ကော်ဖီပျစ်ပျစ်နှစ်နှစ်လေး တကြိမ်သောက်ခွင့်ကြုံခဲ့ရလို့ ဂုဏ်ယူပါတယ်။ “လူကြုံရင် ရွှေပြည်စိုးပဲ ပို့ပေးလိုက်” တဲ့ ဆရာကြီးမှတ်မှတ်ရရ တူးကိုပြောတာလေ။ အဲ့နောက်ပိုင်း ရွှေပြည်စိုးဆေးလိပ်ကို အသည်းအမည်း လိုက်ရှာခဲ့တာပေါ့ ...။ လူလည်းမကြုံခဲ့သလို တူးပို့မယ့် ရွှေပြည်စိုးကိုလည်း ဆရာကြီးသောက်ခွင့်မကြုံခဲ့ဘူး .. ။ အစ်မရဲ့ အစ်မ လက်ကတော့ တကယ်ကိုရွှေချထားဖို့ ကောင်းတာပဲ ... ကြုံရင်ပြောပေးပါနော်။ ပြီးတော့ စာတွေလည်း ဆက်ရေးပါလို့ ...။

တဆက်တည်း အစ်မ .. မဟုတ်ကဟုတ်က လုပ်နေကျ တူးတူးသာရဲ့ထုံးစံအတိုင်း အစ်မကို တက်ဂ်ထားမိပါတယ် .. ဟီဟိ ရေးပေးပါဦးနော် ..။
ချစ်ခင်လျှက် .. ညီမ

khin oo may said...

ဖတ်ပြီး စိတ်မကောင်းပါ။

TZA said...

kom အတိုင်းပါပဲ၊ စိတ်မကောင်းဖြစ်ပါတယ်။

khin oo may said...

စိတ်မကောင်းပေမဲ့ စီဘောက်မရှိတော့ဝင်ရှူပ်လိုက်ဦးမယ်။

မီးဖိုချောင်ထဲမှာ သူ အလုပ်များနေတယ်။ သူ့အနား သွားတော့ သူကလည်း ပြန်ကြည့်တဲ့အခါ ကျနော့် လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက် မိတယ်... ”အောင်သာငယ်ပါ..ညီမ.”

kom: ဟုတ်ပါ့ ပြီးရင် အလွမ်းလာသည် အုံးမယ်။ စိတ် ကိုခိုင်ခိုင်ထား။
23 Nov 08, 02:58 PM
mm: မမလှထုံရှိရင် ရီနေရတယ်။ သူကပျော်နေမှာပါလေ။


kom: MCT လူမလစ်သေးဘူးထင်ပါတယ်။ ဧည့်သည်တွေချက်ကျွေးတာ စားနေတယ် နဲ့တူတယ်။


23 Nov 08, 01:08 PM
kom: တို့တော့ဂဓဒိါ်ဂဒီးသွားနေတာဘဲ. ပျော်စရာကောင်းပါတ်ယ
23 Nov 08, 01:00 PM
mm: စင်ကာပူမှာ ၆နှစ်ကျော်နေလာပြီး မလေးရှားတစ်ခါမှ မသွားဖြစ်ဘူး
23 Nov 08, 12:59 PM
mm: kaa ဦးတက်ခါးမေတ္တာဝေတယ်

23 Nov 08, 12:58 PM
mm: မမလှထုံမလာဘူးနော်

(ချက်သလား. ရှူပ်သလား. ကူသလား. မူသလား...စားသလား. ??/) :P

တန်ခူး said...

မနှင်းရဲ့ နှလုံးသွေးနဲ့ ရေးတဲ့ ငှက်ကလေးအကြောင်းကို နှလုံးသားနဲ့ ကြည့်ပြီး နှလုံးသားနဲ့ ဖတ်သွားတယ် ချိုသင်းရယ်… ဖတ်အပြီး နှလုံးသားတွေ နွမ်းလျသွားလိုက်တာ… ဒီအဖေ့သွေး ဒီသမီးတွေရဲ့ အနုပညာချမ်းသာကြွယ်ဝပုံကတော့ အံ့မခန်းပါပဲနော်… လွယ်အိတ်လေးလွယ်ပြီး ပုဆိုးလေးဝတ် မြန်မာဆန်ဆန် အပြုံးလေးနဲ့ ချစ်စရာ တို့ တွေရဲ့ ဘဘ(မနှင်းရဲ့ ငှက်ကလေး) အတွက် အလွမ်းတွေက ဘယ်တော့မှ ခမ်းခြောက်မှာ မဟုတ်တော့ပါဘူးကွယ်… တခုတောင်းဆိုပါရစေ… မနှင်းရော ချိုသင်းရော… တခြားအမတွေပါ စာလေးတွေ ဆက်ရေးပေးပါနော်… အလွမ်းတွေသက်သာသွားပြီး အနားမှာ ငှက်ကလေးပျံဝဲလာသလို ခံစားရလို့ ပါ… ချိုသင်းရော မနှင်းကိုပါ ကျေးဇူးပါ….

Moe Cho Thinn said...

ဘလော့ဂ်မှာ စာလာဖတ်သူများ နဲ့ ကွန်မန့် ရေးသူများသို့..
ငှက်ကလေး ခရီးသွား ကို ရေးတဲ့ ကျမရဲ့ အမ မိုးမိုးနှင်းက စာဖတ်သူတွေရဲ့ မေတ္တာ စေတနာကို ခံစားရတဲ့အတွက် ကျေးဇူး အထူး တင်ပါကြောင်း စကားပါးလိုက်ပါတယ်။
မနှင်းနဲ့ ထပ်တူ ချိုသင်းကလဲ ကျေးဇူးတင်ပါတယ်။

ရွာသားလေးဝိုင်တီယူ said...

မကြာခင် စာပြန်ရေးမယ်ဆိုလို့ မျှော်သူမှာ ပျော်ရပါသည်

ဝါ၀ါခိုင်မင်း said...

မင်္ဂလာပါ မမ မိုးချိုသင်းရေ...

လွမ်းစရာကဗျာလေးတွေအများကြီးနဲ့ ပို့စ်ကောင်းလေး
တစ်ခုကို ဖတ်သွားပါတယ် မမရေ..

မမရေ..
ဗိုက်အဆီချတဲ့ပို့စ်လေးက မမရေးသွားတဲ့ပို့စ်လေးမ
ဟုတ်ပါဘူးမမရေ။ဝါ၀ါ ခဏပြန်ဆေ့ဗ်ထားတာပါရှင်။
အခုပြန်တင်လိုက်ပါမယ်နော်။ကျေးဇူးတင်ပါတယ်မမရေ.

မမရဲ့ဘလော့လေးကိုလင့်ခ်ခွင့်ပြုပါနော်.

လေးစားခင်မင်စွာနဲ့
ဝါ၀ါ

ဂျူနို said...

ချိုသင်းရေ
မနှင်းကိုပြောလိုက်ပါ။ လလော့ရေးပါလို့ ။ ဒါမှ မဟုတ် သူ့ ဘလော့ရှိရင်လည်း လိပ်စာပေးပါအုန်း။
ချိုသင်းပုံ တွေ့ လိုက်တယ်။ မိုးမခမှာ
ရွှေအိုရောင် ရင်ဖုံးနဲ့ ။
မနှင်းပုံလည်း သတင်းစာထဲတွေ့ လိုက်သေးတယ်။ ကြာပြီ။
ညီအမတွေ ကျန်းမာပျော်ရွှင် ကြပါစေ။

အယ်ဇီ

paysatthu ပေးဆပ်သူ said...

ဆရာကြီးရဲ့ကဗျာတွေကိုအကုန်မဖတ်ဖူးပေမယ့်
ဖတ်ဖူးသလောက် အရမ်းကြိုက်ခဲ့တယ်
ကဗျာတွေက ထာဝရစကားပြောနေပါလိမ့်မယ်
အစ်မစာတွေဖတ်ပြီးတော့
အစ်မစာရေးကောင်းတာတွေ့ရတာကျေနပ်တယ်
သြော်...ကျန်ပါသေးလား..လို့ပေါ့