မိတ်ဆုံပွဲ

လာမဲ့ သောကြာနေ့ကျရင် ကိုယ်တို့ ခရီးတိုလေးတခု သွားပါမယ်။ ဆန်ဖရန်စစ်စကို ကိုပါ။ အယ်လ်အေနဲ့ ဆန်ဖရန်စစ်စကို ဆိုတာ နီးတယ်လဲ ပြောလို့ရသလို ဝေးတယ်လဲ ပြောလို့ရတယ်။

ဘာဖြစ်လို့လဲဆိုတော့ ခရီးအကွာအဝေးက မိုင် ၄၀၀ကျော် ဝေးတာမို့ ရန်ကုန် မန္တလေး ခရီး လောက်ပေါ့။ ဒါပေမဲ့ လမ်းက ချောတော့ ကားမောင်းသွားရင် ၆နာရီလောက် မောင်းရပါတယ်။ အခုသွားမှာက စာပေဟောပြောပွဲ သွားနားထောင်မလို့ပါ။ ရန်ကုန်မှာလိုပေါ့။ စာပေဟောပြောပွဲရှိရင် ကိုယ်နားထောင်ချင်တဲ့ စာရေးဆရာဆိုရင် ဝေးလဲ လိုက်နားထောင်သလိုပေါ့။

ဟောပြောပွဲက ၈ရက် စနေနေ့ လုပ်မှာ။ စာရေးဆရာတွေက ဆရာဦးဝင်းဖေ၊ ဆရာ မောင်စွမ်းရည်၊ ဆရာ ဦးအောင်ဝေး၊ ဒေါ်မာမာအေး နဲ့ မြို့ခံ ဆရာတော် ဦးဥာဏိက (စာရေးဆရာ ဥာဏ်ဦးမောင်) တို့ ဟောပြောမှာပါ။ ၉ရက်နေ့ကျရင် ဒီဆရာတွေနဲ့ပဲ မိုးမခ ၅နှစ်ပြည့် မိတ်ဆုံပွဲလုပ်မှာမို့ မိုးမခပွဲကို တက်ချင်တာလဲ ပါတာပေါ့။

ကိုယ်တို့က အယ်လ်အေကနေ နေ့လည် ၁၂နာရီ ရုံးက နေ့တ၀က်ဆင်းပြီး သွားကြမှာ။ အဖော်ကလဲ ကောင်းတယ်။ သူငယ်ချင်း ဘိုဘိုရဲ့ ကားနဲ့ သူငယ်ချင်း ၅ယောက် တက်ကြမယ်။ မလွင်မာ (ကိုဇာဂနာ အမျိုးသမီး) ရယ်၊ သမီး ငယ်ငယ် ရယ်၊ ဘိုဘို နဲ့ ကိုယ်တို့ နှစ်ယောက်ပေါ့။

ကိုယ့်မှာ အမအရင်းက ၃ယောက်ရှိပေမဲ့ အရင်းအချာလိုပဲ ချစ်ခင် ရင်းနှီးရတဲ့ အမတွေကလဲ ရှိသေးတာ။ အဲဒီအထဲမှာ ဒီရောက်မှ တွေ့ဖူး ခင်ဖူးပေမဲ့ ကိုယ့်အမအရင်းတွေလို ချစ်ခင်ရတဲ့ အမ နှစ်ယောက်ကတော့ မမေသန်းဌေးနဲ့ မလွင်မာပေါ့။ မမေသန်းဌေးက မိုးမခက ကိုမောင်ရစ်ရဲ့ မဟေသီ၊ မလွင်မာက ကိုဇာဂနာ့ မဟေသီပဲ။

ကိုယ်တို့ ၃ယောက်မှာ မလွင်မာက အကြီးဆုံး၊ ပြီးတော့ မမေသန်းဌေး၊ ပြီးမှ ကိုယ်လေ။ မလွင်မာက အကြီးဆုံးဆိုပေမဲ့ ရုပ်က နုတော့ အငယ်ဆုံးလိုပဲ၊ ဒါ့အပြင် အမြဲတမ်း ပြင်ပြင်ဆင်ဆင်၊ သပ်သပ်ရပ်ရပ်လေး နေတတ်တယ်။ ကိုယ့်ကိုယ်ကိုလဲ အစားအသောက်က အစ ဂရုစိုက်တယ်။ အမ များ ပြင်ဆင်ပြီး ထွက်လာရင် ကိုယ်တို့ အငယ်နှစ်ယောက်က ပါးစပ်ကြီး ဟ ပြီး ငေးနေရတာ။ ဘေးကမိတ်ဆွေတွေက “ချိုသင်းတော့ သူ့အမကို ငေးတာ အောက်မေးပြုတ်နေပြီ” တဲ့။

မမေသန်းဌေးကတော့ သွက်တယ်။ ပေါင်းသင်းဆက်ဆံရေးလဲ အရမ်းကောင်းတယ်။ လုပ်စရာရှိရင် မြန်မြန်သွက်သွက်နဲ့ အကုန်စီမံ သွားတတ်တယ်။ ကိုယ့်ကိုလဲ ဟင်းချက် က အစ၊ ပိုက်ဆံ သုံးစွဲတာအဆုံး သင်ပေးတာပါ။ မလိုအပ်တဲ့နေရာ မကုန်ရအောင် စီးတဲ့ရေ ဆည်တဲ့ကန်သင်း လုပ်တတ်တယ်။

ကိုယ့်ကို ဒီဘလော့ဂ်လေး စ ဖို့ အမ တိုက်တွန်းခဲ့တာ။ အမလဲ ၀င်ရေးမယ် ဆိုပြီး အားပေးလို့ ကိုယ်က အမနဲ့ဆို အဖော်ရှိပြီဆိုပြီး အားတက်ပြီး လုပ်ခဲ့တာ။ ပြီးတော့ အမက မရေးဘူး။ အမက ဟေမာန်သဇင်ဆိုတဲ့ နံမည်နဲ့ ရေးပြီး မိုးမခကို ပို့တာ စာမူထည့်ဖို့ ၆လလောက် သည်းခံ စောင့်ရတယ်။ အယ်ဒီတာ ညစ်တဲ့သဘောပေါ့။

အခု ကိုယ်တို့က စာပေဟောပြောပွဲလဲ သွားနားထောင်ရင်း ကိုယ်တို့ ညီအမတွေလဲ ဆုံရင်းပေါ့။ ကိုယ်နဲ့ မလွင်မာက အယ်လ်အေမှာ နေတာဆိုတော့ တပတ်ကို မဆုံဖြစ်ဘူး ဆိုရင်တောင် ၂ခါတော့ အနည်းဆုံး ဆုံကြတယ်။ အိမ်မှာ အတူ ချက်စား၊ စကားပြော ကြတာပေါ့။ အမရဲ့ သမီးလေး ငယ်ငယ်ကလဲ ကိုယ်တို့ ၀ိုင်းတော်သား ဖြစ်လာပြီ။ ဘ၀ရဲ့ အနိမ့်အမြင့်တွေကို အတူရင်ဆိုင်ကြ၊ တယောက်နဲ့ တယောက် ခံစားနားလည်ကြ၊ အခက်အခဲတွေကို အတူဖြေရှင်းကြရတယ်။

မမေသန်းဌေးကတော့ ဆန်ဖရန်စစ်စကို မှာနေတာမို့ အခုလို သွားပါမှ၊ သူတို့ကလဲ လာပါမှ တွေ့ကြ၊ ဆုံကြရတယ်။ ပိတ်ရက်ရှိတာနဲ့ အမတို့က အယ်လ်အေကို အမြဲ ဆင်းလာတတ်တာမို့ အမတို့ မိတ်ဆွေတွေက ဒီမိသားစုကို ဘယ်သွားမလို့လဲ မမေးတော့ဘူး။ အယ်လ်အေပဲ သွားမှာပဲဆိုတာ မေးစရာမလိုအောင် သိပြီးသား။ ရောက်ရင်လဲ ဘယ်မှ သိပ်မသွားဖြစ်ဘဲ တနေ့လုံး တညလုံး စကားပြောကြတယ်။ အရောင်တူ၊ စိတ်တူဆိုတော့ ပြောစရာ များတာပေါ့။

မဆုံဖြစ်တဲ့ အချိန်မှာလဲ ဖုန်းကတော့ အမြဲလိုလို ဆက်ဖြစ်တယ်။ တခါကတော့ ကိုယ်က ဘန်ကောက်ကနေ ခရီးသွား ပြန်လာတော့ ပြောစရာတွေများပြီး အတိုးချ ပြောလိုက်တာ အဲဒီလ ဖုန်းဖိုး ၂၀၀ ကျော်သွားတယ်။ အမရဲ့ ဖုန်း ဘီလ်မှာ ကိုယ့်နံပါတ်တွေ ပြူးပြဲနေအောင် ပေါ်နေတာလေ။ တခါခေါ်ရင် မိနစ် ၁၀၀ အသာလေးပဲ။ ဒါနဲ့ နှစ်ယောက်သား ကိုယ်ရှိန်သပ်ပြီး ဖုန်းဆက်တဲ့ရက်၊ အချိန်တွေကို သတ်သတ်မှတ်မှတ် ထားထားရတာပေါ့။

ကိုမောင်ရစ်တို့ အမတို့မှာလဲ ၁၀နှစ်အရွယ် သမီးကလေး တယောက်ရှိသေးတယ်။ နံမည်က ပွင့်ဖြူ နန္ဒာ တဲ့။ ကိုယ်တို့က မီးမီးလို့ပဲ ခေါ်တယ်။ မီးမီးက အေးတယ်။ စာဖတ်၊ စာရေး၊ ပုံဆွဲပဲ လုပ်တယ်။ စာတော်တယ်။ ဒါပေမဲ့ ကစားနည်းဆိုရင် ဘယ်ကစားနည်းပဲ ဖြစ်ဖြစ် သူမကစားရဲဘူး။ ရှုံးမှာ ကြောက်လို့။ ဝမ်းနည်းတတ်တယ်။ စာရေး အရမ်းကောင်းတယ်။ ဘဘဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ မြစ်ကလေး။ သူက အတွေးသမား။ ကိုယ်နဲ့ပေါင်းမှ ရိုလာ ကိုစတာ စီးဖူးတာမို့ ကိုယ့်ကို ခေါ်တာ ရိုလာကိုစတာ မမ တဲ့။

မလွင်မာ့ သမီး ငယ်ငယ်ကတော့ ခုမှ ၁၈နှစ်။ အဖေချစ် သမီးချောပေါ့။ သူလဲ စာတော်တာပါပဲ။ နံမည်က ငယ်ဦးမွန် တဲ့။ သူကတော့ သတ္တိရှိတယ်။ ၁၈နှစ်ပြည့်ပြည့်ချင်း ကားမောင်းလိုင်စင်သွားဖြေတာ တကြိမ်တည်းနဲ့ အောင်သွားပြီ။ သူ့ကို ကားမောင်းသင်ပေးတဲ့ ဆရာက နင်ငါ့ကို ဂျပန်ဖြစ်အောင် လုပ်တယ် လို့ အပြောခံရသူလေ။ ဘာဖြစ်လို့လဲဆိုတော့ ကားကို ဘရိတ်ဆောင့်အုပ်လို့ ရှေ့ကို ဟိုက် ဆိုပြီး ငိုက် ငိုက်သွားတာမို့ ဂျပန်ဖြစ်ရတာ တဲ့။

ကလေး နှစ်ယောက်စလုံး တိရိစ္ဆာန် ချစ်ကြတယ်။ အဲဒီတော့ ကိုယ်နဲ့ အဖွဲ့ပေါ့။ ကိုယ်ကတော့ ကလေးတွေနဲ့လဲ သူငယ်ချင်း၊ ကလေးတို့ အမေတွေနဲ့လဲ သူငယ်ချင်းပဲ။ ဒီလိုပဲ တယောက်ကို တယောက် စောင့်စောင့်ရှောက်ရှောက်၊ ချစ်ချစ်ခင်ခင် နေကြရတာပဲပေါ့လေ။ ကိုယ့်ရဲ့ အားငယ်နေတဲ့အချိန်၊ ၀မ်းနည်းနေတဲ့အချိန်တွေမှာ ဒီအမနှစ်ယောက်က ဘေးကနေ အမြဲ ရပ်ပြီး ကိုယ့်ကို ထူခဲ့ကြဖူးတယ်။ ပျော်စရာဆိုလဲ အတူတူ မျှဝေ ပျော်ရွှင်ခဲ့ကြတယ်။

ဒီလို သူငယ်ချင်းတွေနဲ့အတူ ကိုယ်ဝါသနာပါတဲ့ စာပေစကားတွေ၊ စာပေအတွေ့အကြုံတွေ နားထောင်ရမှာဆိုတော့ ဘလော့ဂ်ကနေ ခွင့် ၅ရက်လောက် ယူရင်လဲ အပြစ်ယူမယ် မထင်ပါဘူးလေ။ ဟုတ်တယ် မဟုတ်လား။

မိုးချိုသင်း

40 comments:

M.Y. said...

မိတ်ဆုံပွဲဓာတ်ပုံလေးတွေကြည့်ရ ရင်ကောင်းမယ်။

masumon said...

စာပေဟောပြောပွဲ အကြောင်း ပြန်ပြောပြပါဦး..
အစ်မ လာလည်သွားတာ ကျေးဇူးပါ
အမြဲ လာဖတ်ဖြစ်တဲ့ ဘလော့လေးပါ အစ်မ။။

ရှင်မင်းညို said...

ံHave a safe trip ama

sin dan lar said...

အပြစ်မယူပါဘူးဆရာမရယ်..
ခွင့်စေ့လို့ပြန်လာရင်သာ..စာပေဟောပြောပွဲအကြာင်း၊ ခရီးအကြောင်းလေးတွေ ဝေမျှပါ..

ရွာသားလေးဝိုင်တီယူ said...

Have a nice trip and wait your return.

P.Ti said...

ပြန်လာရင် အတိုးချပြီးတော့သာ စာရေးပေးပါနော်..း)

မုန့်လည်းဝယ်ခဲ့ပေါ့...

ဇနိ said...

နိနိလည်း လိုက်မယ်ချန်မထားခဲ့ပါနဲ့နော်
ပျော်ရွှင်ဖွယ်ခရီးဖြစ်ပါစေ အမချိုသင်း။

ဟန်လင်းထွန်း said...

ကိစ္စမရှိဘူး ၇ရက်လောက်ဆိုရင် အကြွေးဆက်ရင် ပြီးတာပဲ။ :)

TZA said...

ပြန်လာရင်ရေးစရာအများကြီးရှိမှာပဲ၊ စောင့်ဖတ်နေမှာပါအစ်မ။

လင်းဒီပ said...

ခွင့်တင်တဲ့ အစ်မတွေ များနေတယ်..:P

s0wha1 said...

ဟုတ်ပါ့။:P

ဒူကဘာ said...

အေးဗျာ ...ဒီပို့(စ်)ဖတ်ရပြီး ရွပိုးထိုးသွားတယ်၊ ကိုဇာနည်ဝင်း ပြောလို့ သိပြီးပေမဲ့၊ အိမ်ခြင်းကပ်ရက် အလုပ်မအားလို့ ဝေးရလေခြင်း၊ နောင်နှစ်ပေါ့

လင်း said...

ပြန်လာရင် ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့  မိတ်ဆုံပွဲရော၊ စာပေဟောပြောပွဲရော အတွေ့ အကြုံတွေ ပြန်ရေးနော်။ မျှော်နေမယ် ။ ခရီးသွားရင် မတည့်တာတွေလည်း စားမလာပါနဲ့ နော်။

khin oo may said...

ကောင်းတာပေါ့လေ။ ရင်ဘတ် မိတ်ဆွေ တွေ ရှိတယ် ဆိုတာ ဝမ်းသာ စရာပါ။ တို့ မှာ ဆိုရင် သနားစရာ အိမ် က တယ် လီဖုံး ဆိုတာ မြည်ရင် ကိုင် လိုက် ။ သေချာ ပါတယ်.နံပါတ်မှားဆက် ကြတာပါ။

PAUK said...

မချိုသင်း..
ပြန်လာရင်..ပုံတွေတင်ပေးပါနော့...

ဘလော့ဆွေဘလော့မျိုးတွေအတွက်ပေါ့...

thorn musem said...

မမိုးချို...
ခရီးထွက်တာလဲထွက်ပေါ့ ...
အစားအသောက်လဲ ဆင်ခြင်ပါ...
ကျမ္မာရေးလဲ ဂရုစိုက်ပါ....။
စာပေဟောပြောပွဲကိုလဲ ခါးပတ်ကြီး ပတ်မသွားပါနဲ့ ဦး...။
ခွင့်အစား..ပို့ စ်အသစ်နဲ့ အကြွေးဆပ်ရမှာနော်..။
ပြန်လာရင် ထောက်လှမ်းလာတဲ့ အမှုတွေလဲ
တင်ပြပေးပါ...။

tututha said...

သြ လတ်စတတ်တော့ တွားပြီပေါ့လေ ... ဟုတ်လား။

မေငြိမ်း said...

ပြန်လာလို့ ရေးစရာစာတွေ.. တင်စရာဓာတ်ပုံတွေ ပါမလာရင်တော့ "ချိုသင်းလာခဲ့...တုတ်ကောက်ခဲ့"

ဆောင်း said...

အတွေ့အကြုံပြောပြအုန်းနော်

ခင်မင်းဇော် said...

ဘယ်သူတွေနဲ့ တွေ့ဦးမယ်ဆိုတာလဲ သိတယ်ဟေ့..
ပျော်ကြမယ်ပေါ့လေ.. သူတို့တွေက..
ဒီကအမမှာတော့ ချမ်းလွန်း ပျင်းလွန်းလို့ ..
အလွမ်းတွေကြားထဲ မျော့ နေပြီ..

တန်ခူး said...

ချိုသင်းရဲ့ အမနှစ်ယောက်လုံးကို မြင်ဖူးထားတော့ ချိုသင်းပြောလိုက်တာနဲ့  မျက်စိထဲမြင်တယ်…
ကိုမောင်ရစ်နဲ့  မမေသန်းဌေးတို့  စုံတွဲကတော့ လိုက်ဖက်ညီလွန်းလို့  ဟိုးတုန်းကတည်းက လိုက်လိုက်ငေးရတာ… မမေသန်းဌေးကို ကြည့်ရတာ အရမ်းငြိမ်းချမ်းတဲ့ရုပ်လေးမို့  သိပ်ချစ်တာ…
ချိုသင်းက အမတွေနဘေးမှာဆိုတော့ ပျော်စရာပေါ့…
စာပေဟောပြောပွဲဆိုတာနဲ့  သွားရည်ယိုတယ်… နားထောင်ချင်လိုက်တာ… ဟောမယ့်သူတွေကလဲ ရှယ်တွေချည်းပဲ… မြန်မာတွေ အများကြီး ဆုံရမှာဆိုတော့ ပျော်စရာကြီးနော်…
သူများတွေ ပူဆာသလို ပူဆာမယ်… အကုန်ပြန်ပြောပြရမှာနော်…
Have a nice trip!

myatnoe said...

မလွင်မာဆိုတာကိုတော့ တွေ့ဖူးပါတယ်။ အမတယောက်မိတ်ဆက်ပေးးတာ.။
အရမ်းတော်တယ်ဆိုတာ သိထားတာ။
အခုသူက အမေရီကားရောက်နေတာကိုး...။
အမပြန်လာရင် အကြောင်းစုံစာဖတ်ရမှာဆိုတော့...

အမရေ..မျှော်နေပါ၏

rose said...

သတိ!!!!!!!

ဆန်ဖရန်ကလူတွေ သတိထားကြပါ။
ဟိုအစ်မကြီးနဲ့ အပေါင်းအပါတွေ တကယ်လာတော့မယ်တဲ့။

:D))))))))))

khin oo may said...

8 Nov 08, 01:47 AM
kom: တို့အတွက် နဲ့ ဝေးရာ သွားမငိုနေ နဲ့ဦး။
8 Nov 08, 01:47 AM
kom: မိုးချိုသင်း တို့ သွားတဲ့ ဆီ စိတ်နဲ့ လိုက်ခဲ့မယ်။ အမေရိကားကြီးတော့ ရောက် ရချည်သေး။ တို့အတွက် နဲ့ ဝေး

malay said...

Sis yay...

Very glad for ur trip.
And very funny to read ur post and comments.
I have been seen Ama May Than Htay at the monestry. She is so sweet and cute. I love her.
I got ur blog add from Ko Htein Linn (KNA). I m one of sisters of sayar KO Naing Gyi. Last day we talked about ur good posts. He is very happy to hear about u.
Instead of ur trip, I m very happy.
I'm SSF, i got invitation letter from friends, but i can not attend because of On Sat, i will visit Taung Pu Lu monestry.
Pls don't eat too much whatever foods u see.
Take care naw

with love
ML

OKIEDOKIE said...

I think now your are riding in the car driven by Kyaw Wunna on the way to San Francisco, while I was working, my co-worker needs to know about my former office at University of Rangoon, I Google it, just click on a RASU blog by Sit Mon, I don't know who she/he is, but she/he wrote ""Once upon a time in Burma there was a University know as RASU"" , that was so blue... hummm.., then, unexpectedly or unfortunately found your blog in it. First day of your blog, that was my last visit, it shown just only one or two articles. Are you so free? Don't take care of your health well..?
I gonna to tell your fan that you always enjoy unhealthy food at home, and fed others including me. May be you will have some at the community center.
Take care kiddo. We want you to be healthy.


Well.. see you.

nu-san said...

ဝေးး.. ပျော်စရာကြီး... သူငယ်ချင်းအမတွေနဲ့တွေ့ပြီး ပျော်နေမယ့် အမကို မြင်ယောင်မိတယ်.. ပြန်လာရင် အမရဲ့ အတွေ့အကြုံအသစ်တွေကို တင်ပေးနော်.. စောင့်နေမယ်.. :)

ဇနိ said...

အမ မုန့်ချိုသင်း မုန့်စားချင်တယ်
ဟီး ဟီး လွမ်းလို့လာအော်တာပါ

eain said...

အမရေ...
(အဟီး)
Promotion လာလုပ်တာ..
ကိုယ်ပိုင် blog လေး.လုပ်ထားလို့..
အားပေးဦးနော်..အမ
အမလို..လူတွေစိတ်ချမ်းသာအောင်တော့..မရေးတတ်ပါဘူး..အမရယ်
.အမစာတွေက ဖတ်လိုက်ရတိုင်း..
စိတ်တွေညစ်ညစ်နေရတဲ့..ဘ၀တွေကို..မေ့...
လန်းဆန်းပြီး.ချာဂျင်တွေပြန်ပြန်ဝင်လာတာ..
ဆရာမမေငြိမ်းရဲ့..မိုးချိုသင်းကိုကြိုဆိုခြင်းဆောင်းပါးကနေ.စပြီး..ခုထိ..
မပျက်မကွက်..ကြိုက်လိုက်ဖတ်လိုက်ရတာ..။
အမ..ကိုယ်ကျန်းမာ..စိတ်ချမ်းသာပါစေ.။

အိန္ဒြာ( Happy Cloud)
http://eaindrar.blogspot.com/

khin oo may said...

kom: MCT: သူကဦးသွားတယ်။ အစ်မကြေ့ပာမလို့

sin dan lar said...

ဆရာမ..မောနင်း

JulyDream said...

ကားမောင်းသင်တဲ့ဆရာကို ဂျပန်ဖြစ်အောင် လုပ်နည်း အခုတော့ သိလိုက်ရပါပြီ။ ကျွန်တော်ကတော့ လိုင်စင်ဖြေတဲ့အချိန်မှာ မီးပွိုင့်ရောက်ရင် လိုင်စင်စစ်တဲ့ဆရာ ဂျပန်ဖြစ်တော့တာပါပဲ။

pandora said...

ပြန်လာမှာကို မျှော်နေတယ်နော်။
အစစအဆင်ပြေပါစေ အမရေ.

Ko Kyaw said...

အစ်မ မိုးချိုသင်း
ကျနော် ကျော်ကျော်ပါ၊ ဟောပြောပွဲမှာ ဆုံတယ်လေ။
အဲလ်အေကို ပြန်ရောက်ရင် မိုင်မြစ်ကြီးနား ဘလော့ဂ်ကိုလည်း လှည့်ခဲ့ပါအုံး။ မိုးချိုရဲ့ ဘလော့ဂ်ကို လင့်ထားလိုက်တယ်။
my-myitkyina.blogspot.com

PAUK said...

ဘာရယ်မဟုတ်ဖူး..
သတိရလို့ ၀င်ကြည့်တာပါ...
ဟီး

sin dan lar said...

ဆရာမ...
နေကောင်းလား...အချိုတွေမစားဖို့သတိမပေးလိုက်ရဘူးးး
အကြော်(ကျော်)တော့ စားချင်စားပါ။
သတိရလို့လာကြည့်တာ....:)))

ကလိုစေးထူး said...

ပြန်လာရင် ကုန်ကြမ်းတွေ တပွေ့တပိုက်နဲ့ ပြန်လာမှာ သိနေတယ်။ လမ်းခရီးမှာ အဆင်ပြေချောမွေ့ပါစေ အမ...။

ဂျူနို said...

ဒီလိုမိတ်ဆုံပွဲလေး ကိုယ်လည်းသိတ်တောင့်တပါတယ်။
တစ်ချိန်မှာ အေးအေးချမ်းချမ်းနဲ့ ဖြစ်လာမယ် ထင်ပါတယ်။

Heartmuseum said...
This comment has been removed by the author.
Heartmuseum said...

စိတ်သွားတိုင်း ကိုယ်ပါလိုက်တာ.....
အားကျတယ်ဗျာ...... ကျွန်တော်ကတော့
ဒီမှာလာပြီး ထောင်ကျနေတယ်....:D