ငါးခူကြော် နဲ့ ငပိချက်

ကိုယ့်သူငယ်ချင်းတယောက် ကွန်မန့် မှာ ရေးသွားသလို အစားအကြောင်းချည်း ရေးသလို ဖြစ်နေပြီ။ ကိုယ်ကလဲ ကြိုက်တော့ ရေးမိတယ်။ ဒီတခါတော့ အစားအကြောင်း တိုက်ရိုက် မရေးပါဘူး၊ စောင်းပြီး ရေးမှာပါ။ :)

နေ့လည်က ထမင်းစားတော့ ချစ်ခင်ရတဲ့ အမတယောက်က ငပိချက် ချက်ပြီး လာပို့ထားတာ ရှိလို့ အရမ်းဟန်ကျနေတာပေါ့။ ထမင်းပေါ်မှာ ငပိချက်ကို ပုံပြီး အသေအချာနယ်ပြီး ထမင်းနဲ့ လူးစား၊ နယ်စားနေမိတာပေါ့။ ကိုယ်ကြိုက်တာ စားရတော့လဲ ထမင်းက မြိန်တယ် (တကယ်တော့ အမြဲတမ်း မြိန်တယ်)။ စားရင်းနဲ့ ငယ်ငယ်က ထမင်းမြိန်မြိန် စားခဲ့ရတာတွေ သတိရမိတယ်လေ။

ငယ်ငယ်က မောင်လေးနဲ့ ဆော့ရင် သူက ကုလားထိုင်ကို လှဲလိုက်ပြီး တွန်းလှည်းလေးလို လုပ်လိုက်တတ်တယ်။ နောက်မှီမှာ ကိုယ်က ထိုင်၊ သူက ကုလားထိုင် ခြေထောက်နှစ်ချောင်း ကိုင်ပြီး ကိုယ့်ကိုတင်ပြီး တွန်းတော့တာပဲ။ ကော်ရစ်ဒါတလျှောက် တွန်းကြတာ ကြမ်းပြင်ဆိုလဲ တွန်းရာတွေ ထင်ပြီး ပြောင်ချောလို့။ သူမောရင် သူတလှည့်ထိုင်၊ ကိုယ်က တွန်းပြန်ရော။

အဲဒီလို ကုလားထိုင်ကို ကားလိုလုပ် တွန်းတမ်း ကစားရင် ပါးစပ်ကလဲ ကားမောင်းသလို တဝူးဝူး အော်ရသေးတာပါ။ နောက် ဘတ်စ်ကား မှတ်တိုင်လဲ ရှိသေးတယ်။ ထူးထူးထွေထွေ မဟုတ်ပါဘူး။ ဘတ်စ်ကားမှတ်တိုင်ဆိုတာ ဒေါ်ကြီးတင် ရှေ့ ရပ်လိုက်တာပါပဲ။ ဒေါ်ကြီးတင်ဆိုတာ ကိုယ်တို့ကို ထိန်းခဲ့တဲ့ အဒေါ်လို ချစ်ခင်ရတဲ့ အဒေါ်ကြီးတယောက်ပါပဲ။

အသားညိုညို ပိန်ပိန်ပါးပါးနဲ့ ရင်ဖုံး အကျီ င်္အဖြူလေးတွေ ၀တ်တတ်တယ်။ သူ့ညီမက ဒေါ်လေးချို တဲ့၊ ဒေါ်လေးပို တဲ့။ ညီအမ ၃ယောက်စလုံး ရေစကြိုကနေ ကိုယ်တို့အိမ် လာနေပြီး ကိုယ့်တို့အားလုံးကို တူမအရင်းတွေ မခြား ချစ်တယ်၊ ထိန်းကြတယ်။ ကိုယ်တို့ မောင်နှမ အားလုံး သူတို့ လက်ပေါ်မှာ ကြီးခဲ့တာပါ။

အဲဒီလို မောင်နှမနှစ်ယောက် ကားတွန်းတမ်း ဆော့ရင် ဒေါ်ကြီးတင်က ဇလုံကြီးကိုင်ပြီး ထိုင်စောင့်တာပဲ။ ဇလုံထဲမှာ ငါးခူကြော်မွှေးမွှေးကို အရိုး တစိမှ မပါအောင် အသားတွေချည်း နွှင်ထားပြီး ငါးကြော်ဆီလေးနဲ့ ဆားလေးဖြူး နယ်ထားတယ်။ ထမင်းက ငါးကြော်ဆီနဲ့ ဆိုတော့ မွှေးပြီး စိမ်းဝါလို့။ ထမင်းပူပူလေးကို လက်နဲ့ ဆုပ်ပြီး ထမင်းအလုံးလေးတွေ လုပ်ထားတယ်။

ကိုယ်တို့ ဘတ်စ်ကား ရပ်လိုက်ပြီဆိုရင် ဒေါ်ကြီးတင်က ထမင်းတလုံးဆုပ်လေး ယူပြီး ပါးစပ်ထဲ ခွံ့လိုက်တယ်။ ကိုယ်တို့ကလဲ ထမင်း ဝါးရင်း ဆက်တွန်းကြပြန်ရော။ ပါးစပ်ထဲ ကုန်သွားတော့ ဘတ်စ်ကားက ရပ်ရပြန်ရော။ အဲဒီလို ထမင်းစားခဲ့ရတာ နှစ်သက်လွန်းလို့ ဘယ်တော့မှ မမေ့နိုင်ဘူး။

အခုထိ ငါးခူကြော်တွေ့ရင် ကိုယ့်မှာ အဲဒီလို လုပ်စားမှ အရသာ ရှိတယ် ထင်နေတာပါ။ ငါးကြော်ကို အရိုးနွှင်ပြီး ငါးကြော်ဆီလေးနဲ့ ဆမ်းစားလိုက်ရမှ အာသာပြေသလိုလို။ စားတိုင်းလဲ ဒေါ်ကြီးတင်ကို သတိရမိပါတယ်။ ကိုယ်က စမြုံ့ပြန်ချင်လို့ ငယ်ငယ်တုန်းကလေ.. ဒေါ်ကြီးတင်က.. ဆိုရင် ကိုယ့်အမျိုးသားက ဒီနေ့ ငါးကြော်ပဲ ဆိုတာ သိနေပါပြီ။ ဒေါ်ကြီးတင် နဲ့ ငါးကြော်နဲ့ တွဲမှတ်ရမလိုတောင် ဖြစ်နေပြီလေ။

နောက် လေးတန်းရောက်တော့ ကိုယ်တို့နဲ့ အတူလာနေတဲ့ အမ က မခင်ဆင့် တဲ့။ အသားညိုပြာညက်၊ မျက်လုံး အကြီးကြီးတွေနဲ့ အမပါ။ အလုပ်ကလဲ ဇယ်ဆက်သလို လုပ်တာ။ မနက်နိုးလာရင် ဈေးသွား၊ ထမင်းချက်၊ ဟင်းချက် အကုန် လှည့်ကြည့်စရာမလိုဘူး။ ပြီးရင် ကိုယ်တို့ ကလေးတွေကို ကျောင်းပို့။ အဝတ်လျှော်၊ မီးပူတိုက် ညနေဆိုရင် ကိုယ့်အမတွေကို လှည်းတန်းမှာ ကျူရှင် လိုက်ပို့ရသေးတာပါ။

ကိုယ်တို့ တက္ကသိုလ်ရောက်တဲ့အထိ အမလိုတမျိုး၊ သူငယ်ချင်းလို တမျိုး နေသွားတယ်။ မခင်ဆင့်က အဖေတို့ ရွာက။ အမက စာရေးဆရာမ ဖြစ်ချင်တာ တဲ့။ စာကတော့ ရေးတတ်၊ ဖတ်တတ်ရုံမို့ ကိုယ်က စာရေးစာဖတ် ချောအောင် သင်ပေးရတယ်။ တွံတေးသိန်းတန်က သူ့အသည်းစွဲ။ မီးပူတိုက်ရင်း တွံတေးသိန်းတန် သီချင်းတွေ အော်ဆိုရင် ကိုယ်က ဘေးက အဝတ်ပုံထဲမှာ လှဲရင်း ဆော့ရင်း နားထောင်တယ်။

သူ့အိမ်ကို စာရေးချင်ရင် ကိုယ့်ကို ရေးခိုင်းတတ်တာပါ။ သူ့အမေကို စာရေးပုံကို ကြည့်ပါအုံး။
ကဲ မိချို ငါခေါ်ပေးမယ်၊ ရေးစမ်းပါ။ သို့၊ ဒေါ်အုန်းဆိုင် လို့...။
အမကလဲ အမေ ဟာ အမေပေါ့၊ ဘာလို့ နံမည်တပ်ပြီး ခေါ်ရေးရတာလဲ။
အော် နင်မသိပါဘူး။ ရေးစမ်းပါ။ ဒေါ်အုန်းဆိုင်ရေ ပိုက်ဆံချည်း လှိမ့်တောင်းမနေနဲ့ လို့ တဲ့။
အဲဒီလို မခင်ဆင့်ပါလေ။

သူ့ကိုဆို ကိုယ်တို့မောင်နှမ နှစ်ယောက်က ချစ်လဲချစ်၊ နိုင်လဲ နိုင်တယ်။ ကိုယ့်မောင်လေးက ကိုယ်တို့ကျောင်းသွားတော့မယ်ဆိုရင် သူ့အဝတ်ပုံကို မွှေပြီ။ ပြီးရင် သူစိတ်ကြိုက်တွေ့တဲ့ အကျီ င်္ကို ထုတ်၊ ပြီးရင် အမ ဒါ ဝတ်ခဲ့နော်။ ကျောင်းပြန်လာကြိုရင် ဒီအကျီ င်္ဝတ်နော်။ ဒါမဝတ်ရင် လာမကြိုနဲ့ မလိုက်ဘူး လုပ်တာ။

ဝက်သားဟင်းချည်း ချက်ရင်လဲ ဝက်သားသည် လူကြီးကို ကြိုက်လို့လား လုပ်တာ။ အဲဒီတုန်းက သူဈေးသွားတုန်း တခါခေါ်သွားဖူးလို့ လှည်းတန်းဈေးက ဝက်သားသည် ချောချော အကိုကြီးကို မြင်ဖူးထားတာလေ။ အဲဒါဆို သူက ဒီကလေးနှယ် ဆိုးချက်က မတရား တဲ့။ အညာလေသံနဲ့။

သူ နဲ့တွဲပြီး အမှတ်မိဆုံးက ငပိချက်ပဲ။ သူက ငပိချက်ကို ဇလုံကြီးထဲ လူးနယ်ပြီး အားရပါးရ စားတော့တာပဲ။ ငရုတ်သီးမှုန့်လဲ ဖြူးထားသေးတယ်။ ခွံ့ကျွေးတဲ့ အရွယ်မဟုတ်တော့ သူက မခွံ့ဘူး။ ဒါပေမဲ့ သူ့ဘေးနားကနေ ကြည့်ပြီး စားချင်လွန်းလို့ အမ ခွံ့ ခွံ့ နဲ့ ပါးစပ် ဟ ပြီး တောင်းစားရတယ်။ အဲဒါဆို သူက ကဲဟယ် ကဲဟယ် ဆိုပြီး တွန်းတွန်းထိုးထိုး ခွံ့တာပဲ။

ကိုယ့်ဖာသာကိုယ် လုပ်စားစမ်းပါအေ တဲ့။ ဟင့်အင်း အမ လုပ်ထားတာပဲ စားချင်တယ်၊ ခွံ့ပါ ခွံ့ပါ နဲ့ ဂျီကျရတယ်။ တခါတလေ ပန်ထွေဖျော် သူလုပ်စားတတ်တယ်။ ပန်ထွေဖျော်လို့ သူခေါ်တဲ့ဟာက ခရမ်းချဉ်သီးရယ်၊ ကြက်သွန်နီရယ်၊ နံနံပင်ရယ် ပါတယ်။ ကိုယ်က အဲဒီ ၃မျိုးလုံး လုံးဝ မကြိုက်ပေမဲ့ သူလုပ်ထားရင်တော့ ဘေးကနေ သွားရည်ကျပြီ။ အဲဒီအခါဆိုလဲ ခွံ့ပါအုံး အမ ပေါ့။

ကိုယ်တို့အိမ်မှာ အဖေနဲ့အမေက သမီးရှင်လုပ်ပြီး ပထမဆုံး သမီးတောင်းလက်ခံရတာ မခင်ဆင့်နဲ့ပဲ။ အမတို့ လင်မယား လူကြီးစုံရာကို ထိုင်ကန်တော့ တော့ သူ့ကျောပြင်က လှိုင်းထ နေတာ မှတ်မိတယ်။ အမ မျက်ရည်တွေလဲ ဝဲနေတယ်။ အဲဒီတုန်းက လာတောင်းတဲ့ လူကြီးတွေကို အမေတို့က ရေကျော်မောင်အေးက ဆမူဆာမှာပြီး လက်ဖက်ရည်နဲ့ ဧည့်ခံတယ်။

အဲဒီကတည်းက သူလဲ ဘဝကို သူ့နည်းသူ့ဟန်နဲ့ ရုန်းကန်နေလိုက်တာ ကလေး ၂ယောက်လဲ ရပြီ။ သူ့ကလေးတွေကိုလဲ သူချစ်တဲ့ သူတွေနံမည် ပေးထားသေးတယ်။ သမီးလေးက ခင်စုကြည် တဲ့။ သားကတော့ ကျော်ရဲအောင် တဲ့။ ရုပ်ရှင်မင်းသား ကျော်ရဲအောင်ကို ကြိုက်လို့ တဲ့။

ပြီးခဲ့တဲ့ မေလတုန်းက ဘန်ကောက်မှာ ကိုယ်တို့ ညီအမတွေ ဆုံကြတော့ လက်ဆောင်တွေ ဖလှယ်ကြတယ်။ တခုသော လက်ဆောင်က လေးထောင့် ထမင်းဗူးလေး တဗူးပါ။ ဆီတွေ စွန်းမှာစိုးလို့ ပလပ်စတစ်နဲ့ အထပ်ထပ် ပတ်ထားသေးတယ်။

အဲဒါဘာလေးလဲ ဆိုတော့ ကိုယ့်အမ မစံက ငပိချက်လေ တဲ့။ မခင်ဆင့်က နင့်အတွက် ပေးလိုက်တာ တဲ့။ မိချိုက ငပိချက် သိပ်ကြိုက်တယ် ဆိုပြီး သူကိုယ်တိုင် ချက်ပေးလိုက်တာ တဲ့။

ဒီလိုနဲ့ ကိုယ်လဲ ငပိချက် စားတိုင်း မခင်ဆင့်ကို လွမ်းမိပြီး ငါးခူကြော်စားတိုင်း ဒေါ်ကြီးတင် ကို မမေ့နိုင်တော့ဘူးလေ။
မိုးချိုသင်း

41 comments:

khin oo may said...

တို့ ၁
ဖတ်နေတယ်ဦးထားတယ်

sin dan lar said...

အစ်မရေးထားတာကြည့်ပြီး စားချင်လိုက်တာ....။
ငယ်ငယ်က ကုလားထိုင် တွန်းတမ်းကစားဖူးတာတော့ တူတယ်....။ပြီးတော့ ဇလုံထဲမှာ ထမင်း၊ ငါးပိရည်၊ ငရုပ်သီးမှုန့် ရောနယ်စားတာတွေ့တိုင်း အစပ်မစားနိုင်ပေမယ့် သွားရည်ကျတယ်..၊
အစ်မစာထဲမှာ အစ်မနဲ့ပတ်သက်ဖူးခဲ့တဲ့သူတွေအားလုံးက ချစ်စရာတွေချည်းပဲ..၊ အစ်မက ချစ်တဲ့ မျက်စိနဲ့ ကြည့်ပြီးရေးတော့ ဖတ်တဲ့သူကလည်း အားလုံးကို ရောချစ်နေမိတယ်...။

sin dan lar said...

မမကေအိုအမ်...
လူဆိုး၊ သူခိုး၊ ဂျပိုး၊ ဒမြ၊ သူပုန်
မဖတ်ပဲနဲ့ အရင်မန့်တွားဒယ်... အီးးးးး

wai said...

Ama,
I'm wanna eat it. When u come to Thailand, plz let me know.
l0l

khin oo may said...

တို့လဲသိတ်ကြိုက်တယ။်
သူ….ကြီးဘဲ ငါးပိချက်နဲ့နယ်စားတယ။် စားချင်လိုက်တာအေ။
ဂလုဖြစ်လို့တောင်သီးသွားသေးတယ။်

(စောင်းဖတ်နေသည်)

ဘတ်စကားမှတ် တိုင်တော့ တစ်ခါ မှ လုပ်မကစာူဘူးဘူး ကြံကြံဖန်ဖန်

မခင်ဆင့်ပေးလိုက်တဲ့ ငပိချက်ဘူးလေး ကိုင်ပြီး တိဲု့ မျက်ရည်ဝိုင်းသွားတယ်။

MANORHARY said...

ချိုသင်း..တို့လည်းငယ်ငယ်ကအဲလိုထမင်းခွံ့တာစား
ခဲ့ဖူးတော့ ...လွမ်းလိုက်တာ...ချိုသင်းကြိုက်တဲ့
ငပိချက်လည်းချက်ကျွေးချင်တယ်။း) ငါးကြော်
ရောပေါ့..။ငရုတ်သီးလေးနဲ့ပြန်နှပ်ရင်ကောင်းမှကောင်း..

Ko Paw said...

မိုးကလေးညိုညို
လွမ်းစိတ်ပိုချင်
ညနေဆီ နေရီရင်လည်း
တမ်းတမှာပဲရှင်
သော်တာလမင်း….သာဆဲမှာလဲ
ဒါပဲ စိတ်စွဲလို့ပင်…
အစားအသောက်မျက်နှာကလေးတွေကို တမြင်မြင်…. ဖြစ်နေတယ်မို့လား။

ဦးဂင်ကြီး said...

ဟုတ်တယ် မမိုးချိုသင်းရေ ဒီမှာငါးတွေစားရလဲ ကျနော်တို့တိုင်းပြည်ကလိုမလတ်ဆတ်တော့ အရသာ သိတ်ကွာတယ်ဗျာ အစားအစာတွေပေါပြီး အရသာမရှိဖြစ်နေတတ်တာဗျာ လွမ်းယုံပဲပေါ့..။

Thant said...

သားရေတောင်မထိန်းနိုင်တော့ဘူး......ဂလု..

strike said...

ရှုးရှဲ Postပဲဗျို့။ခင်ခင်နဲ့ဆင်ဆင်တော့နေရာလု့ပြီးငတ်နေကြပြီ။

လင်း said...

အမ အခုရော ငါးကြော်စားရင်း ခုံစီးပြီးတွန်းတမ်း ကစားချင်သေးလား

JuneOne said...

ငယ်ငယ် က အမေထမင်းခွံ့တာသွားသတိရတယ်။

နှင်းပွင့်ဖြူလေး said...

ငါးတော့မကြိုက်ဘူး........ ငါးပိချက်လေးကိုတော့ တော်တော်ကြိုက်တယ်
ဒီမနက်တောင် ချက်စားမလား အိုင်ဒီယာရသေး..... သို့သော်လည်း သို့သော်ပေါ့ ...း)

မောင်မျိုး said...

စားချင်စရာတွေကြီးပဲး)
သွားရည်လေး ကိုသုတ်ရင်း ဖတ်သွားတယ် ဟဲဟဲ အစားက လူနဲ့တည့်တယ်တဲ့ အစ်မရေ့ စားသာစား အစားမှန်လို့တော့ ဆေးတောင်စားစရာမလို ။

D Moe Thant said...

သွားရည် ကျသွားတယ်။

အမှတ်တရ ဘလောဂ့်လုပ်ဖြစ်တယ်။ လာလည်နော်။ နာမည် အမျိုးမျိုးနဲ့  ကွန်မန့်  ရေးခဲ့တာမို့  :P ကိုယ့်ကိုကိုယ် ဘယ်သူလို့  ပြောရမှန်းတောင် မသိတော့ဘူး။

tg.nwai said...

ချိုသင်းက ဘာငပိချက်နဲ့ စားသလဲတော့ မသိဘူး.. တို့ကတော့ ခရမ်းချဉ်သီး ငပိချက်ဆို သိပ်ကြိုက်တာ..ကိုယ်ချက်တာ ကိုယ်မက်မက်မောမော စားဖြစ်တာ အဲဒီဟင်းတမျိုး ရှိတယ်.. ဟဲဟဲ။

မခင်ဆင့်သမီးလေးနံမယ်လေးကို သဘောကျသွားရပါတယ်။ တို့လည်း သမီးလေးနံမယ်ကို အဲဒီနံမယ်နဲ့ ခပ်ဆင်ဆင်ပေးမလို့ဟာ.. သမီးငယ် ဘ၀လေး ပင်ပန်းနေရှာမစိုးလို့ မပေးဖြစ်ခဲ့ဘူး။

ဝါ၀ါခိုင်မင်း said...

မမိုးချိုသင်းရေ.. ငါးခူကြော်နဲ့ ငပိချက်တွေ့လို့ပြေးလာတာရှင့်။
ကျမလဲ ငါးခူရော ၊ငပိချက်ရောအရမ်းကြိုက်တယ်လေ။
တခါလေ ငါခူငပိချက် ချက်စားဖြစ်တယ်. ကိုယ်ကြိုက်တာလေးနဲ့ စားရရင် ထမင်းအရမ်းစားကောင်းတာပဲနော်။

အစ်မရေးထားတာကြည့်ပြီး ဂလုသွားပါတယ်။း)

ဇနိ said...

ကျနော်ကို ထမင်းခွံ့တာက အဒေါ်တွေရယ် အမေရယ် အမရယ်... ပြီးတော့ နိနိ
း)
အမရော ကျနော်က အညာသား တောသားဆိုတော့ ငရုတ်သီးချက် သိပ်ကြိုက်တာ... အမဲသား ငပိချက် စားချင်လိုက်တာ စပ်စပ်လေး

Aye Myat Myat Ko said...

ဒီအစ်မကတော့ ကောင်းချက်က မတရား
:)

Kay said...

ငယ်က ကလေး ဘ၀လေးတွေ..ပြန်သတိရသွားတယ်။ အဲလို မျက်လုံးထဲ ပေါ် .. တကယ်ပြန်ခံစားရလောက်အောင် ရေးတတ်တာ.. ။

မခင်ဦးမေ ကြီးကို သဘောကျတယ်.. လူကြီးဗိုလ် လုပ်နေတယ်..။း)

Kay said...

ငယ်က ကလေး ဘ၀လေးတွေ..ပြန်သတိရသွားတယ်။ အဲလို မျက်လုံးထဲ ပေါ် .. တကယ်ပြန်ခံစားရလောက်အောင် ရေးတတ်တာ.. ။

မခင်ဦးမေ ကြီးကို သဘောကျတယ်.. လူကြီးဗိုလ် လုပ်နေတယ်..။း)

TNS said...

မမိုး...
ဒီစာဖတ်ရတာ အညာတောင်ပြန်ပြေးချင်တယ်...
ငါးခူကြော်နဲ့ ငါးပိချက်...
ထမင်းပူပူလေးနဲ့ ငါးကြော်ဆီိဆမ်း..
ပန်ထွေဖျော်...
မထူးတော့ဘူး....
ဒီညဥ့် မမိုးတို့ အိမ်မှာဘဲ ထမင်းလာစားတော့မယ်..။

amayar said...

အမရေ... အမကတော. ဘာရေးရေး ချစ်စရာကောင်းချက်တော. :-))

ThuHninSee said...

ငါးကြော်စားရင်း ခုံစီးပြီးတွန်းတမ်းကစားရင် ဒါလင် ချိုသင်းကိုတွန်းခိုင်းနော်။ ငတ်ကြီးမကျဖို့ ကိုယ့်ကိုယ်ကို ဆုံးမထားလျက်က ငပိချက်ကို မြင်ယောင်သွားရည်ကျသွားတယ်။ ဒုက်ခ။

အောင်သာငယ် said...

လွမ်းစရာလေးတွေရော
ငတ်စရာလေးတွေရော ဖြစ်ကုန်ပြီ... ညီမရေ့...
နောက်တခါ အိမ်လာလည်ရင်
ငပိချက် တောင်းစားဦးမှပဲ...း)

strike said...

ThuHninSee ရေ "ငါးကြော်စားရင်း ခုံစီးပြီးတွန်းတမ်းကစားရင် ချိုသင်းဒါလင်ကိုတွန်းခိုင်းနော်" ဆိုတော့ ချိုသင်းဒါလင်က ချိုသင်း
ဝိတ်ကိုနိုင်ပါ့မလားဗျ၊စဉ်းစားကြည့်တာပါ။

မီယာ said...

ထမင်းပူပူကို ထမင်းဆုပ်လေးတွေ လုပ်ပြီး ဆီဆမ်း ငါးကြော်နဲ့ မောင်နှမ ၅ယောက်ကို ခွံ့ရတာ အဒေါ်တွေက လက်တောင် ညောင်းပြီလို့ ပြောယူ ရတယ်။ ခုံတွန်းလို့တော့ မရဘူး။ ဆော်ပလော် တီးခံရမှာ။ ငပိချက်ကတော့ အိမ်မှာ အမြဲ ရှိတတ်ပါတယ်၊ သခွားသီး သရက်သီး ဆလပ်ရွက် တို့စရာလေးနဲ့ဆို မြိန်မှမြိန်။ အမချိုသင်းရေ ထမင်းနဲနဲ နဲ့ ဟင်းများများ တို့စရာ များများနဲ့ စားပေါ့။ ထမင်းက ဆီးချိုတက်မှာ စိုးလို့ပါ။

အိမ်လွမ်းသူ said...

ငါးခူကြော်နဲ့ ငါးပိချက်ကို လာစားသွားပါတယ်ရှင်... အရေးကောင်းလို့ တကယ့်ကိုစားချင်စိတ်ဖြစ်မိပါတယ်။

ဆောင်းယွန်းလ said...

အရေးအသားကတော့ ရှယ်ပဲ
ငယ်ဘဝကိုတောင် ပြန်လွမ်းသွားပြီ မချိုသင်းရေ...

mainnmainn said...

ဖတ်နေရင်းဗိုက်တောင်စာလာတယ်အမရယ်
ပြီးတော့အမေလက်ရာကိုလွမ်းတယ်..ဟင့်..
အမကအရေးကောင်းလွန်းတာကိုးလို့..
အမ ..ကုလားထိုင် တွန်းတမ်းကို ကလေးတိုင်းကစားကြတယ်ထင်တယ်နော်..
မိန်းတို့လည်းကစားတယ်..
ဘတ်စကားမှတ်တိုင်လုပ်တာချင်း
တောင်တူလိုက်သေးတယ်..ဟ.ဟ.

ပုံရိပ် / Pon Yate said...

အစ်မရေ ငါးခူကြော်နဲ့ ငပိချက် ဆိုလို့ ဓာတ်ပုံ ပါမလားလို့ ပြေးလာတယ်။ ပါလည်း ပါဘူး :D။ ဟင်းချက်ပြီးသား အိုးထဲ ထမင်းထည့်ပြီး ငယ်ငယ်က အိုးစွပ်ခွက်စွပ် စားခဲ့တာ သတိရတယ်။ သိပ်မြိန်တာပဲ။

မေ့သမီး said...

ဟိ စားချင်စရာတွေဖတ်ပြီး မြန်မာပြည်ကိုလွမ်းလိုက်တာ။

nu-san said...

အမပြောတဲ့ ငါးခူကြော်နဲ့ ငါးပိချက် စားချင်တယ်..

အမတို့ မောင်နှမ ထမင်းစားတဲ့ပုံကို မျက်စိထဲမြင်ယောင်မိတယ်... ကျနော်တို့ ငယ်ငယ်ကလည်း အမေက ထမင်းခွံ့ရင် ထမင်းကို ငါးကြော်ဆီနဲ့ နယ်ထားပြီး ငါးအသားတွေနွှင်ခွံ့တာ.... အဲ.. ဆော့လို့တော့ မရဘူး အမရေ... ဆော့ရင် ဆော်ပလော်တီးရော... :D

Republic said...

ကျနော် လည်း ငါးခူကြော်နဲ့ ငါးပိချက် ကြိုက်တယ်၊၊ နောက်ဆုံးမှ ပြောရပေမယ့် တကယ်ကြိုက်တယ် ၊၊(အဟဲ ..ဘယ်ရမလဲ)

ksanchaung said...

ခုံမြင်ရင် ဒရွတ်တိုက်တွန်း ဆော့ချင်တဲ့ သားနဲ့သမီးကို သွားသတိရတယ်။ ငါးခူကြော်နဲ့ ငပိချက်ကို လွမ်းတာထက် အများကြီး ပိုမယ်ထင်ပါတယ်။

သက်ဝေ said...

ငါးခူကြော်နဲ့ ငပိချက် ကို လွမ်းတာထက်
ငယ်ဘ၀ နဲ့  မိသားစုဘ၀ကို လွမ်းတာက ပိုမယ်ထင်ပါရဲ့...

ချိုသင်းက စောင်းရေးထားတော့
ကိုယ်ကလဲ စောင်းပြီး ဖတ်သွားပါတယ်... :-D

တန်ခူး said...

မခင်ဆင့်ရဲ့ ငါးပိချက်က ချိုသင်းရေးပြတာနဲ့ တက် သွားရည်ယိုတယ်…စားများစားရရင်တော့…

KhinThanda said...

သမီးလည်းဒီစာလေးဖတ်ပြီး ငယ်ငယ်တုန်းကအဲလိုဆော့ခဲ့တာလေးကိုသတိရမိတယ်။မကြီးလိုမျိုးစာရေးကောင်းတဲ့သူအရမ်းဖြစ်ချင်တာပဲ။

ဝတီခင် said...

မမရေ
ဝတီတို့ရေစကြိုသူတွေက ပန်ထွေဖျော်ဆို
ကြိုက်မှကြိုက် ..
ပြီးတော့
ငါးပိမပါရင်လဲ ထမင်းမမိန်ဘူး ခုထိပဲ ..

phwe said...

ပထမဆုံးအမblogကိုလာလည်ရင်းဖတ်မိတာပါ။ အမရေးထားတာလေးဖတ်ပြီးအိမ်ကမေမေကိုသတိရနေ မိတယ်။ညီမငယ်ငယ်တုန်းကလည်းငါးခူကြော်ကိုအရိုးထွင်ပြီးထမင်းနဲ့ဆီစမ်းစားရတာကိုကြိုက်တယ်။အခုတော့အဲဒါ တွေနဲ့ဝေးနေတာ၂နှစ်တောင်ကျော်နေပါပြီအမရယ်။

phwe said...

ပထမဆုံးအမblogကိုလာလည်ရင်းဖတ်မိတာပါ။ အမရေးထားတာလေးဖတ်ပြီးအိမ်ကမေမေကိုသတိရနေ မိတယ်။ညီမငယ်ငယ်တုန်းကလည်းငါးခူကြော်ကိုအရိုးထွင်ပြီးထမင်းနဲ့ဆီစမ်းစားရတာကိုကြိုက်တယ်။အခုတော့အဲဒါ တွေနဲ့ဝေးနေတာ၂နှစ်တောင်ကျော်နေပါပြီအမရယ်။