ဆေးရုံမှာ တညတာ

အခုတလော အလုပ်များတာနဲ့ ဘလော့ဂ်ကို လျှော့မယ်ဆိုပြီး ပထမ ၂ရက်တခါလောက်ရေး၊ နောက်တော့ ၃ရက်တခါလောက် ဖြစ်၊ အခုတော့ ၅ရက်ကြာမှ စာရေးဖို့ ထိုင်မိတယ်။ မရေးနိုင်ဆို ကိုယ့်အမျိုးသားအမေ မာမားက ဆေးရုံတက်ပြီး ခွဲစိတ်ရဖို့ ကြုံလာတာမို့ ညဖက်တွေမှာ ဆေးရုံမှာ အဖော်လုပ် အိပ်နေတယ် ဆိုပါတော့။

မနက်ဆိုရင် အလုပ်ကို နေ့လည်လောက်မှာ သွား၊ ညနေ အလုပ်က ပြန်ဆင်းရင် ဆေးရုံမှာ ည အိပ်တယ်။ အဲဒီတော့ လူမမာစောင့် လုပ်နေတာ ပင်ပန်းပြီး အလုပ်များမှာပေါ့လို့ ကြားသူများ သနားသလိုလိုရှိရင် ကိုယ်က ပြုံးမိတယ်။

တကယ်တော့ ကိုယ်လဲ တခါမှ ဆေးရုံမှာ အခုလို လူမမာစောင့် ညအိပ်ဖူးတာ မဟုတ်ပါဘူး။ ကိုယ်ငယ်ငယ်ကလဲ ကလေးလိုလို ခွေးလိုလိုမို့ ဘယ်သူမှ ဆေးရုံစောင့်ပေးဖို့ ကိုယ့်ကို အားမကိုးကြတာလဲ ပါမယ်။ နောက်ပြီး ဖြစ်လိုက်ရင် ကိုယ်ကချည်းပဲ ဆိုတော့ ကိုယ်ဆေးရုံတက်သမျှ အမတွေ စောင့်အိပ်ရတာချည်းပါ။

ဒီတခါတော့ ပြေးပြီး ရေတွက်လိုက်မှ သူရယ် ကိုယ်ရယ် နှစ်ယောက်တည်းဆိုတော့ မာမား ဆေးရုံတက်ရမဲ့အချိန်မှာ နှစ်ယောက်သား ဂျူတီခွဲပြီး သူက Day shift ကိုယ်က Night shift တာဝန်ယူလိုက်ကြတယ်။

မာမားကို ခွဲခန်းထဲက ထုတ်လာတော့ နေရမဲ့ အခန်းက နှစ်ယောက်ခန်း ဖြစ်နေလို့ အတော်သဘောကျသွားတာပါ။ ဟိုဖက်ကုတင်က လူနာ မရှိလေတော့ ကိုယ့်ဖို့ပဲဆိုပြီး ကုတင်လေးကို မျက်စပစ်ထားတယ်။ လူနာရှိရင် ကိုယ်က ထိုင်ခုံမှာ စောင့်အိပ်ရမှာမို့ သိပ် အဆင်ပြေမှာ မဟုတ်ဘူးလေ။ နောက်လူနာရော လာအုံးမလားဆိုတော့ မလာပါဘူး တဲ့။

အဆင်ကပြေချင်တော့ ကိုယ့်သူငယ်ချင်း ဘိုဘိုက အင်တာနက်သုံးလို့ရတဲ့ သူ့ Notebook လေး ယူထား တဲ့။ ကိုယ့်မှာ ပြုံးနေတာ တချိန်လုံး။ ဒါဆို ညမှာ အီးမေးလ်လေး ချက်ခ်၊ ဘလော့လေးကြည့် ဆိုပြီး ကိုယ့်အတွေးနဲ့ကိုယ် ပြုံးနေတာ။ ဆေးရုံမှာဆိုတော့ အိမ်မှာလို ဟင်း ချက်စရာလဲမလို၊ ဇိမ်ပဲ။ မာမားက လက်လာဆွဲမှ လူနာစောင့်ရမှာ သတိရသွားတယ်။

ပထမနေ့မှာပဲ ကိုယ့်မှာ အခက်ကြုံရတာပါ။ ကိုယ်အိပ်ရမဲ့ ကုတင်ကို ဘယ်သူကများ အမြင့်ကြီး လုပ်သွားတယ် မသိ။ ရင်ခေါင်းနီးပါးလောက် မြင့်နေတာ။ ကိုယ်လဲ အိပ်ယာတွေ့ရင် လှဲပြုနေချင်စိတ်က အလိုလို ဖြစ်နေတာဆိုတော့ ငါ အိပ်ရင် ကုတင်ပေါ်ကို လှေကားများ ထောင်တက်ရမလား တွေးနေရတယ်။ ခလုတ်တွေလဲ မနှိပ်ရဲ။

လူမမာကိုသာ တဖက်ကလုပ်ပေးနေတာ၊ ဘေးက ကုတင်လေးကို တကြည့်ကြည့်ဆိုတော့ ကိုယ့်သူငယ်ချင်းက ရိပ်မိတယ်။ အဟမ်း အဟမ်း၊ လူမမာထက် လူမမာ့ချွေးမက ပိုအရေးကြီးတယ်၊ သူတလွဲတွေလုပ်ရင် လူမမာ ပိုခံရနိုင်တယ် လို့ ပြောပြောဆိုဆို ဟိုခလုတ် ဒီခလုတ် နှိပ်လိုက်တာ ကုတင်ကြီးလဲ နိမ့်ပြီး ကိုယ်တက်လှဲနိုင်တဲ့ အနေအထား ဖြစ်သွားရော။ တော်သေးတာပေါ့လေ။

လာကြည့်တဲ့လူတွေလဲ ပြန်ကြပြီ။ မာမားကလဲ မေ့ဆေးအရှိန်နဲ့ဆိုတော့ အေးအေးချမ်းချမ်းကို အိပ်တော့တာပါ။ ကိုယ့်ကိုလဲ မအိပ်ခင် ပြောသေးတယ်၊ သမီးပင်ပန်းနေပြီ၊ အိပ်၊ အိပ် တဲ့။ ကိုယ်ကလဲ စာလေးဖတ်၊ ဘလော့လေး လည်ပြီး အိပ်ပါ့မယ်လို့ ပြောလိုက်တယ်။ ဒါနဲ့ကွန်ပျူတာက ကုတင်ပေါ်မှာ ဆိုတော့ ကိုယ့်အလှည့်ရောက်ပြီဆိုပြီး ဝမ်းသာအားရ ကုတင်ပေါ်တက်လိုက်ရင်ပဲ ဟ၊ ဟ လုပ်ပါအုံး ဖြစ်သွားရတယ်။

သူ့ကုတင်က ဘီးတွေနဲ့ကိုး။ သူငယ်ချင်းက ကုတင်သာ နှိမ့်ပေးသွားတာ ဘီးတွေကိုတော့ lock မလုပ်ပေးသွားဘူးကိုး။ ဒါကြောင့် ကိုယ်တက်လိုက်တာနဲ့ လျှောပြီး ကုတင်က နံရံနဲ့ ပြေးဆောင့်တော့မှာ။ မနည်း ခုန်ချ ကုတင်ကို ဖမ်းဆွဲ ဘရိတ်အုပ်လိုက်ရတယ်။ ဂလုံးဂလွမ်းနဲ့ အသံတွေ မြည်ရင် ကိုယ့်ကြောင့် လူမမာ အိပ်ရေးပျက်တော့မယ်လေ။

အော်..ဒုက္ခ၊ ဒုက္ခ။ အိပ်ဖို့ရာ ကျောကလေးဆန့်ဖို့ ကုတင်ကြီးကလဲ ကိုယ့်ရှေ့မှာ။ ကုတင်ပေါ်မှာလဲ ကွန်ပျူတာက ပွင့်ရက်လေး။ အဲဒီကွန်ပျူတာထဲမှာ ကိုယ်ချစ်ခင်တဲ့ သူငယ်ချင်းတွေဆီကို သွားဖို့ လင့်ခ်လေးတွေ ရှိနေတယ်။ ဒါပေမဲ့ ကုတင်ပေါ်လဲ မတက်ရဲတော့ ခေါင်းကုတ်ပြီး ကြည့်နေရတယ်။

အဲဒီအချိန်မှာ မေခလာကယ်မ လို့ နာ့စ်မ ရောက်လာတယ်။ ဒါနဲ့ သူ့ကို ကုတင်ကြီး ရွေ့နေလို့ ဘီးကို lock လုပ်ပေးဖို့ ပြောရတယ်။ ကိုယ်က အသစ်အဆန်းတွေ ခလုတ်တွေဆို လန့်တဲ့စိတ်က ရှိနေလို့သာပါ။ သူ နှိပ်လိုက်တော့ လွယ်လွယ်လေးပါ။ ဒါနဲ့ ကိုယ်လဲ စမတ်ကျသွားတာပေါ့။

ကုတင်ကို သေချာကိုင်ကြည့်၊ တွန်းကြည့်၊ မရွေ့တော့ဘူးဆိုမှ ကုတင်ပေါ်တက်တယ်။ ဒါနဲ့ အီးမေးလေးစစ်၊ ဘလော့လေးလည် လုပ်နေတာပေါ့။ မြန်မာဖောင့်ကတော့ ရိုက်မရလို့ ကွန်မန့်ရေးမရဘူး။ စာဖတ်နေရင်း စိတ်ထဲမှာ တမျိုးပဲ။ တရှူးရှူးနဲ့ ကုတင်က မြည်နေတာကိုး။ ဟိုဖက်ဖိရင် ဒီဖက်ကမြည်၊ ဒီဖက်ဖိရင် ဟိုဖက်က မြည်။ ဘယ့်နှယ်ဟာကြီး ဖြစ်ပြန်ပါလိမ့်။

တကယ်က မွေ့ယာက အထူးပြုလုပ်ထားတဲ့ လေမွေ့ယာ။ လူမမာတွေ bed sore မရအောင်၊ သွေးလည်ပတ်တာ မှန်အောင်၊ ကုတင်ကြီး မပူအောင် အထူးပြုလုပ်ထားတာလေ။ အော် ဖြစ်ရလေ။ ငါ့နှယ် လူမမာကုတင် တက်အိပ်မိတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ။

ဒါနဲ့ စိတ်ညစ်ပြီး အိပ်ရော ဆိုပါတော့။ ကုတင်က ကလေးကုတင်လေးလို ဘေးကို ပြုတ်မကျအောင် အကာလေးတွေနဲ့။ ကိုယ်လဲ သဘောကျပြီး ကလေးလေးတောင် ပြန်ဖြစ်သွားသလိုလို။ အထိန်းနဲ့အကွပ်နဲ့ အိပ်ရတာလဲ တမျိုးကောင်းတာပါပဲ။ အဲဒီကာထားတဲ့ ဘောင်မှာ ခလုတ်လေးတွေ ခေါင်းဖက်အခြမ်းကို မြှင့်တာ၊ ခြေထောက်ဖက် အပိုင်းကို မြှင့်တာ နိမ့်တာ အစုံတွေ့တယ်။ နာ့စ်ကို ခေါ်ချင်ရင် နှိပ်ရတဲ့ ခလုတ်ကိုလဲ တွေ့တယ်။

အင်မတန်ကောင်းပါလား လို့ ကိုယ့်စိတ်ထဲမှာ ဖြစ်မိတယ်။ လူနာ အဆင်ပြေအောင် အလွယ်တကူ ခေါ်ရအောင် လုပ်ထားတာကိုး။ အိပ်ရာက မထ နာ့စ်ကို ခေါ်လို့ရတယ်လေ။ ဒါနဲ့ ကိုယ်လဲ မှေးကနဲ အိပ်လိုက်တာ လူသံလိုလို ကြားလို့ လန့်နိုးလာတယ်။

ဘာအကူအညီလိုလဲ၊ ဘာလုပ်ပေးရမလဲ တဲ့။ ခေါင်းထူပြီး လူရှာတော့လဲ မတွေ့၊ အင်္ဂလိပ်လို မေးနေတာပါ။ နောက်မှ လိုက်ရှာတော့ ကုတင်ထိပ်က စပီကာက အသံထွက်နေတာ။ “ရှင် နာ့စ် အကူအညီလိုလို့ ခလုတ်နှိပ်လိုက်တယ် မဟုတ်လား” တဲ့။ အမ်..ကိုယ်အိပ်ရင်း ဘောင်က ခလုတ်တွေ သွားဖိမိတယ် ထင်ပါရဲ့။ မတော်တဆပါ၊ အကူအညီ မလိုပါဘူး။ ကျေးဇူးတင်ပါတယ် လို့ ပြန်ဖြေလိုက်ရတယ်။

ဒါနဲ့ အိပ်လိုက်၊ ခလုတ်တွေကို လက်နဲ့ တွန်းမိလိုက် station က စပီကာနဲ့ လှမ်းမေးလိုက်၊ မတော်တဆပါ ဖြေလိုက်။ ပြန်အိပ်လိုက် ကိုယ်ကြီးနဲ့ ဖိမိလိုက်၊ စပီကာကို ဆောရီးပါ လှမ်းပြောလိုက်။ ကိုယ်လဲ လူနာစောင့်တာ အတော် အိပ်ရေးပျက်သွားတယ်။

နောက်တော့ မဖြစ်ချေဘူး ဆိုပြီး အဲဒီဘောင်တွေကို ခေါင်းအုံးနဲ့ကာလိုက်တော့မှ သွားမထိမိတော့ဘူး။ မာမားကို ထ ကြည့်တော့လဲ မာမားက အိပ်မောကျလို့။ ဒါနဲ့ အေးအေးဆေးဆေးပဲ၊ ပြန်အိပ်မယ်ဆိုပြီး အိပ်လိုက်တာ တချိုးတည်းပဲ။

အရမ်းကို အိပ်မောကျနေပြီ၊ ဟောက်တောင် ဟောက်ချင်နေပြီဆိုမှ ကိုယ့်ကို တယောက်ယောက်က လာနှိုးနေသလိုလို ထင်မိတာကိုး။ စန်းစန်း၊ စန်းစန်း တဲ့။ အဲဒါ မာမား နံမည်ပဲ။ ဒါနဲ့ ကမန်းကတန်း ကုန်းထ လိုက်တော့ ကုတင်ဘေးမှာ ဆရာဝန်ငယ်ငယ် ချောချောလေး တယောက်။ မျက်လုံး သေချာပွတ်ပြီး ကြည့်လိုက်တာလေ။

ကိုယ့်ကို မာမားထင်ပြီး လူမှားပြီး လာနှိုးနေတာ။ သူက စမ်းသပ်မလို့။ ခွဲစိတ်တဲ့ အခြေအနေ၊ ခေါင်းမူးသလား၊ နာသလား မေးမလို့။ မီးမှိတ်ထားတော့ မသဲမကွဲနဲ့ ကုတင်မှားပြီး ကိုယ့်ကို လာနှိုးနေတာ။ ဗိုက်ခွဲထားတဲ့ ချုပ်ရာ ကြည့်မယ် တဲ့။ ဘုရား ဘုရား။ လူမှားနေပြီ။ စန်းစန်းက ဟိုဖက်ကုတင်လို့ ပြောလိုက်ရတယ်။ နာရီကြည့်လိုက်တော့ မနက် ၆နာရီကျော်နေပြီ။

နေ့လည်ရောက်လို့ ကိုယ့်အမျိုးသားလာတော့ မာမားက ပြောတယ်။ ညက သမီးတယောက် မအိပ်ရှာဘူး တဲ့။ သူနိုးလာလို့ ကြည့်လိုက်တိုင်း သူ့ကို ကြည့်နေတာ တွေ့တယ် တဲ့။ သမီးက စိတ်ပူတတ်လို့ ပင်ပန်းရှာတယ် တဲ့။
ကိုယ်ကတော့ ပြုံးပဲ နေလိုက်ပါတယ်လေ။


မိုးချိုသင်း

54 comments:

ဖိုးစိန် said...

်နံပတ် ၁ ဦးကြည့်တာ

ဖိုးစိန် said...

တော်လိုက်တဲ့လူနာစောင့်နော်...

ဆေးရုံ တစ်ညတာလေး က
ဖတ်လို့ တော်တော်ကောင်းဗျ..
ယောက်ခမကြီး ကတော်တော်ချစ်တယ်နော်...

သီဟသစ် said...

အစ်မချိုသင်းရေ
ဖတ်ရင်းနဲ့ မြင်ယောင်ကြည့်ပြီး ရီနေရတယ်။ ခလုတ်တွေ နှိပ်မိလိုက် ထဖြေလိုက်ရနဲ့
အိပ်မက်တောင် မက်လိုက်ရမှာ မဟုတ်ဘူးနော်။

Life is for Success said...

Hi Ma Gyi Moe,

It is good for you, now u can get back family life.....

Life is for Success said...

Ma gyi Moe,,

In sg, like that press so may time ... sure scold by nurse already... u r so lucky...

အောင်သာငယ် said...

ငါ့ညီမကတော့ ဖြစ်ရမယ်...း)

မမသီရိ said...

ညီမချိုသင်းရေ.. ဆရာဝန်ကြည့်ရတာ တယ် မရိုး ဘူးနော်..း)
ခွဲထားလူနာက ကုန်း၇ုန်း ထမလား
အိပ်နေတဲ့ လူကို အတင်းလာနှိုး သတဲ့
အဲဒီ ဆရာဝန် အလုပ်ဖြုတ်ရမှာ အမှန်က..း)

Phyo Evergreen said...

အန်တီချို ဖတ်ရင်းနဲ့ ရီရတယ်.. ဟိုတစ်ခါလေယာဉ်ပျံစီးတဲ့ ပို့စ်ထဲကလိုဘဲ..။ လူနာစောင့်တာတောင်နော်....လွဲလိုက်သေးမယ်..ဟိဟိ။

Phyo Evergreen said...

လွဲလိုက်သေးတယ်..လို့ပြောပါတယ်..။

လင်းဒီပ said...

တော်ပါသေးရဲ့...ချုပ်ရာကြည့်ဖို့နှိုးလို့..
ခွဲခန်းထဲ လူနာမှားပြီး သယ်သွားရင် ဒုက္ခ...:P

မီယာ said...

အမရေ မာမားအတွက် ဆုတောင်းပေးနေပါတယ်... ထုံးစံအတိုင်း ပြောစရာ ဖြစ်နေတာပေါ့လေ... ကုတင်ဘီးလိမ့်သွားတာ မြင်ယောင်နေတယ်... တော်ကြာ လူနာစောင့်ကို ပြန် စောင့်နေရဦးမယ်။

Wunna said...

That is my blogger, Ma Moe Cho Thinn (Htohn member).
:)

အိန္ဒြာ said...

အစ်မချိုသင်းရေ....

နေထိုင်မကောင်းများဖြစ်နေသလားလို့...
အသစ်မတင်သေးရင်လည်း
သတင်းမေးတော့လာတော့မလို့...
အစ်မ မားမား နေသာ သက်သာရဲ့လား...
မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်..အစ်မရေ...။

တစ်ညလုံးအစ်မဖြစ်နေတာမြင်ယောင်လာပြီး...
ရယ် ပြီး ပြန်သွားပါတယ်...
(ဖြစ်ရမယ်....)

Phyo Maw said...

:D အမေ့ချွေးမ ဂရုစိုက်တတ်ပါ့ လိုပဲပေါ့။

နန်းဝါ၀ါမောင် said...

လာဖတ်သွားပါတယ်မမရေ..
လူနာစောင့်တာ တော်တယ်. :P

လုလု said...

့ မမရေ့
ညီမလေးလည်း အမ၀မ်းကွဲ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အချင်းရှေ့ရောက်ဖြစ်နေလို့ဆိုပြီး ဆေးရုံမှာ စောင့်ပေးရဖူးတယ်။
ညီမလေးတို့ အအိပ်မက်ပုံများ အမဘေးနားကုတင်က အမျိုးသမီးက ညဘက်ကြီး ဗိုက်နာလို့ ဆရာဝန်ခေါ်ခိုင်းမလို့လေ ညီမလေးကို ၀ိုင်းနှိုးကြတာ မနိုးဘူးတဲ့  နောက်ဆုံး အဲ့ဒီအမျိုးသမီးက မွေးခန်းတောင် မရောက်လောက်ဘူး အဲ့ဒီကုတင်မှာပဲ ကလေးမွေးသွားတော့တာ။ :D
အဲ့ဒီလိုတော်တဲ့ လုလု

sin dan lar said...

မမလူနာစောင့်တာကို ဖတ်ရင်း.. ကာတွန်းကားလိုမြင်ယောင်ပြီး
တော်တော်ရီလိုက်ရတယ်...။

မမလုလုဆေါ်ရုံစောင့်တာပါဖတ်ပြီးရီလိုက်ရတာ...။

ဦးဂင်ကြီး said...

မာမားရော နေထိုင်ကောင်းသွားပြီလားဗျာ မိသားစုတွေကျန်းမာကြပါစေဗျာ စာရေးထားတာကောင်းတော့ မျက်စေ့ထဲတောင်မြင်လာသလိုပါပဲဗျာ

အပြုံးပန်း said...

ဖတ်ရင်းနဲ့ ပြုံးနေမိတယ် အစ်မ။
နှလုံးသားထဲမှာ အဟာရလေး ရသွားတယ်။

Kay said...

မချိုသင်းရေ- ခမ ကို ဒီလောက် ဂရုမစိုက်နဲ့လေ။း)
ရီလိုက်ရတာ.. မြင်ယောင်ကြည့်နေတာ..ကုတင်ပေါ်က..ခုန်ချ တဲ့ အခန်းလေး။

M.Y. said...

မိုးချို..
အခြေအနေတိုင်းမှာ လောကကြီးကို ပျော်စရာဖက်ကတွေးကြည့်တတ်တာ..သေချာတယ်..အဝေးကလူတွေတောင် ဒီစာတစ်ပုဒ်ဖတ်ပြီး အပျော်တွေကူးစက်နိုင်တယ်ဆိုတော့...ဒီမျိုး လူမမာစောင့်နဲ့ ဆို လူနာလဲအမြန်ဆုံးစိတ်တွေရွှင်လန်းပြီးပြန်ကျမ်းမာအသက်ရှည်နေဦးမှာ ..
cool :-)

တန်ခူး said...

ချိုသင်းရေ… ဆေးရုံမှာ အတော် စိတ်အိုက်နေတဲ့ ချစ်စရာချိုသင်းပုံလေးကို မြင်ယောင်လာအောင် ရေးလဲရေးတတ်ပ့ါ…
မားမားမြန်မြန်နေကောင်းပါစေလို့  ဆုတောင်းပေးပါတယ်…
အမ သားမွေးတုန်းက ဆေးရုံစတက်ဖူးတော့ အဲဒီလိုပဲ ခလုတ်တွေကို ခပ်စိမ်းစိမ်းပေါ့… အဲဒီတုန်းက အမျိုးသားက စောင့်အိပ်ပေးတော့ တခုခုဆို သူ့ ကို လုပ်ခိုင်းလိုက်တာပဲ…
ဟိုတလောက သားဆေးရုံတက်ရတော့ နာ့စ်ခေါ်တဲ့ ခလုတ်ကို ရှာမတွေ့ ဘူးဖြစ်နေတာ… သားကို ရှုးတည်တော့ သားက သူ့ ထုံးစံအတိုင်း ခလုတ်လေး ရှာရှာဖွေဖွေတွေ့ ပြီး နှိပ်လိုက်တာ… နာ့စ်ရောက်လာရော… တို့ ရော တို့ အမျိုးသားပါ ဘယ်နှယ့် ခလုတ်ကို ဒီထဲထားပါလိမ့်ဆို အံ့သြနေတာ… တခုခုဆို အဲဒီခလုတ်သွားသွားနှိပ်ခေါ်တာပေါ့… ညဘက်ကျတော့ နာ့စ်က သည်းမခံနိုင်တဲ့ပုံနဲ့  အရေးမကြီးရင် အဲဒီခလုတ်ကို မနှိပ်ပါနဲ့ တဲ့… အဲဒီခလုတ်က လူနာ အိမ်သာသွားရင်း လဲကျသွားတာတို့  တခုခုဖြစ်သွားတာတို့  အတွက် အရေးပေါ်နှိပ်တဲ့ ခလုတ်တဲ့… နောက်မှ သူက သားကုတင် ခေါင်းရင်းက တကယ်နှိပ်ရမယ့် ပုန်းနေတဲ့ ခလုတ်လေးကို ပြတယ်…

PAUK said...

မချိုသင်းရေ..
အိပ်လိုက် ထလိုက်ဆိုတော့ ကောင်းတာပေါ့.
လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်ရော..
မားမား မြန်မြန်သက်သာပါစေနော်..

မေ့သမီး said...

ဟား ဟား အမကရယ်ရတယ်။ ယောက္ခမကလည်း တော်တော် ချစ်စရာကောင်းတယ်။ ဖတ်ပြီးသဘောကျသွားတယ်။

JulyDream said...

ကုတင်ကြီး သနားပါတယ်။ ဟိုခလုတ် အနှိပ်ခံရ၊ ဒီခလုတ် အနှိပ်ခံရ။ ကံကောင်းလို့ ကုတင်လည်း နံရံနဲ့ မညားခဲ့တာ။ ဘလော့တွေ လည် မလည်တော့ မသိဘူး။ ဒါပေမယ့် ဂျီပုန်းတော့ တွေ့လိုက်တယ်။ အဟား...

ခင်မင်းဇော် said...

တယ်တော်တဲ့ လူနာစောင့် ... အားကိုးပါတယ် ချိုသင်းရယ်

sailormoon said...

I am not finish yet all your post. very good just now i see your post. I am smiling myself when i read your post my boss asked why you smiling i did not know how to answer. I do not know how to write as burmese language could you possible tell me please. i am very lonely because i have no burmese friends here Now i am very happying with your post.

Thank you very much.

P.Ti said...

အမချိုသင်း... ဖြစ်လည်းဖြစ်တတ်...ရေးလည်းရေးတတ်တယ်... အမရေးတဲ့စာကို ရုံးမှာမဖတ်ရဲဘူး.. ဟိဟိ.. အလုပ်လုပ်ရင်းထရီရင် အမေးခံရမှာစိုးလို့...

တော်သေးတာပေါ့ အိပ်နေတုန်း ခလုတ်မှားနှိပ်လို့ ကုတင်ကြီးမြင့်နေရင် အိပ်ယာကအထ ပြုတ်ကျမှ... တွေးပြီးပူနေတာ.. နောက်တစ်ခါဆို ခလုပ်တွေကို ကာပြီးမှ အိပ်ပါနော် :D

ရွာသားလေးဝိုင်တီယူ said...

ဆရာမမေငြိမ်းပြောတာ သွားသတိရမိတယ် မလွဲရင် မမိုးချိုသင်းမဟုတ်ဘူးတဲ့

ဆောင်းယွန်းလ said...

မချိုသင်းကတော့စံပဲ...ဘယ်လိုရေးရေး မပြုံးပဲမနေနိုင်အောင် ရေးတတ်ပါတယ်....လူမမာစောင့်ကြီး တော်တော်မောသွားမှာပဲနော်။
ဖတ်လို့ကောင်းလိုက်တာဗျာ

ကောင်းကင်ကို said...

မားမား မြန်မြန် ပြန်နေကောင်းပါစေ

khin oo may said...

ပလိစိ ချောက်ချက်.

strike said...

အော် ဒါကြောင့်မို့လို့mct ပိန်သွားလိုက်တာ လက်သန်းလေး

ညခင်းနဲ့ လမင်း said...

ဖတ်လို့ ကောင်းတယ်ခင်ဗျာ

အဆင်ပြေပါစေ

ရီရတယ် တကယ်ပဲ

ရေးလဲရေးတတ်ပါ့ပေတယ်

MANORHARY said...

ချိုသင်းရေ..မြန်မာဖောင့်မရှိတဲ့နေရာရောက်နေလို့
စောစောမြင့်ပါသော်လည်း ခုမှမန့်လို့ရတော့တယ်
ချိုသင်းမာမားခွဲစိပ်မှုအောင်မြင်ကျန်းမာတဲ့အတွက်
ဝမ်းသာပါတယ်။အစစအရာရာအဆင်ပြေပါစေ..

mainnmainn said...

တခါတခါ လွဲလွဲလေးတွေက ဘ၀အမောတွေကိုပြေစေတယ်အမ..
စာဖတ်ရင်း အားရပါးရယ်မိတယ်အမ..
အမရဲ့မာမားအမြန်ဆုံးနေကောင်းပါစေ

ဇနိ said...

အမချိုသင်း ဆေးရုံစောင့်ရတာ ဇိမ်ပဲနော်။ ကုတင်ကြီးနဲ့ အင်တာနက်နဲ့။ ဘလော့ဂ်လည်း လည်လို့ရသေးတယ်။ ဒါပေမယ့် ဘလော့ဂ်မလည်ခင် အိပ်အိပ်ပျော်သွားသေးတာ မဟုတ်လား။ ကုတင်ဘီးလုံးလိမ့်သွားတော့ ဘယ်လိုလေးများနေမလဲ သိချင်လိုက်တာ။ သူတို့ကုတင်တွေကလည်း အမိုက်စားပါ့လား။ ခလုတ်တွေရောနော်။ ဟား ဟား ဆရာဝန်ကလည်း အိပ်နေတဲ့ အမကိုမှ လာနှိုးရတယ်လို့။
လူနာလည်း အမြန်နေကောင်းပါစေ
နိနိ

မြစ်ကျိုးအင်း said...

အော် ရေးတတ်တဲ့သူများ စိတ်ညစ်ရတဲ့အခြေနေကိုတောင် မေ့သွားတဲ့အထိကို
ဖတ်လို့ကောင်းလွန်းတယ်။
ကျန်းမာအဆင်ပြေပါစေဗျာ

sin dan lar said...

http://nyimuyar.blogspot.com/2009/03/mypet-pisi-and-her-mother.html
ဒီပို့စ်နဲ့တော့ မဆိုင်ပါဘူး၊ မမချိုသင်းနဲ့ မဟာမိတ်လုပ်ဖို့
လူတွေ့လာလို့ လာပြောတာ...။

စိုင်းခမ်းထွန်း said...

မမိုချို .... ဆေးရုံမှာ သရဲ မခြောက်ဘူးလားဗျ ...

စိုင်းခမ်းထွန်း said...

ငါ့အတ္တတွေ စိတ်ညစ်လို့ (ကြံရည်ကြိတ်စက်ထဲ ထည့်ညစ်တာ)
သေချင်းတရားနဲ့ လက်တကမ်းအကွာကို (လက်ဆွဲနှုတ်ဆက်ဖို့အသွား)
ငါစစ်တိုက်ထွက်ချင်တယ် (သေနတ်ပေးမယ်)

ရန်သူကငါ့ကို ဓါးနဲ့ခုတ်ရင် သွေးတွေပွက်ထွက်ပစေ (ဂျာ သတ္တိရှိလိုက်တာနော် ဂယ်ပဲ)
သေနတ်ကျည်ဆန်တွေ ငါ့ကိုယ်ကို ဖောက်ထွက်ပစေ
ငါမကြောက်…. (မိုက်တယ်ကွာ ၄ စားသွားပြီ)

pandora said...

လင်းဒီပ ပြောသလို လူနာမှားပြီး သယ်သွားရင် ဒုက္ခပဲလို့ တွေးမိသွားတယ် ဟိဟိ..

(ခြေရာချန်ခဲ့ပါသည်. :D )

Zephyr said...

အစ်မရေ... အစ်မရဲ့ မားမားလည်း သက်သာပျောက်ကင်းပါစေ...၊ အစ်မလည်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ .. အစ်မရဲ့ မားမားကို ပြုစုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ....။

TNS said...

သေချာပါတယ်..
ဆရာဝန်လေးနဲ့ နာ့စ်ကတော့ မျက်နှာသိပ်မကောင်းမှာ...။

AyeKhaing said...

လူနာစောင့်အကြောင်းရေးထားတာ ဖတ်ရတော့ Mr.Bean သွားဆရာဝန်ဆီသွားသလိုပါလား။ ကုတင်ကြီးက ရွေ့သွားတာ......
ဆေးရုံကော်ရစ်ဒါမှာ လျှောက်ပြေးနေလို့က ဟိုးထား.. ဟိုးထားနဲ့ အော်နေရမှာ ဒေါ် Bean ရယ်။

Thant said...

ရုံးမှာ .. ပါးစပ်ပိတ် ... အံကြိတ်ပြီး ရီ ..... ဟီ ဟိ ။

ဆောင်း said...

ဖတ်ရတာ နစ်ဝင်သွားတာဘဲ

ohnmar said...

Hi,
I am Ohnmar your classmate from German Language at I.F.L.I am now living in New Zealand.
My email is ohperry@gmail.com

အလှတရား said...

အတွေ့အကြုံလေးတွေ
ဖတ်မှတ်သွားပါတယ်။

မမိုးချိုသင်းပြောဖူးတာကိုမမေ့ပါ
အခု ဆီးချိုဘလော့လေးတစ်ခု
စလုပ်လိုက်တော့တယ်။
ဦးဆုံးလာအကြောင်းကြားပါတယ်။

www.mmendocrinology.wordpress.com

မချိုသင်း အမျိုးသားအမေ
အဆင်ပြေ ကျန်းမာ ပါစေ။

လင်း said...

ဟီးဟီးဟီးဟီး အဟားဟား ရီရတာ အူတက်နေပြီ။
ကုတင်ပေါ်ကခုန်ချတာလဲမြင်ယောင်မိတယ်။ ညအိပ်ရင်းနဲ့ ခလုပ်ကိုဖိမိတာရော၊ လက်တန်းလေးကာပြီး အိပ်တာရော ၊ လူမှားတာရော
ဇတ်လမ်းတိုလေးတပုဒ်ကြည့်ရသလို အကုန်မြင်လို့ ရတယ်။ အိပ်ချင်မူးတူးနဲ အလန့် တကြား ထလာမဲ့ပုံလေးကို မြင်ယောင်လိုက်ပါတယ်။ ချစ်စရာလေးနေမှာ

strike said...

ဘုရား ဘုရား ချစ်စရာလေးများတောင်ဖြစ်ရသေးတယ်၊
လူနာက ကုတင်ပေါ်မှာပက်လက်၊မျောက်အုန်းသီးရသလိုကဲနေတာက mct

Nu Thwe said...

ရယ်လိုက်ရတာ ချိုသင်းရယ်။ ပေါ့ပေါ့ပါးပါးလေး ရေးနိုင်ပုံ ထောက်ရင် မာမား အခြေအနေ ကောင်းတယ်လို့ ယူဆပါတယ်။ ၀မ်းသာပါတယ်။ နာလန်ထလည်း မြန်ပါစေ၊ အဆင်ပြေပါစေနော်။
ဒါနဲ့ ငယ်ငယ်ချောချော ဆရာဝန်လေးက အထီးလား၊ အမလား။ စပ်စုတဲ့ ၀ါသနာကို တားမရလို့ပါး)

masumon said...

အစ်မ စာရေးပါဦး လာလာချောင်းနေတယ်..

Ko Boyz said...

အစ်မ ဘာများ ဖြစ်လို့ ဆေးရုံတက်ရတာပါလိမ့်လို့ အပြေးအလွား လာဖတ်မိတယ်...။
ရီသွားပါတယ်...။
ခေါင်းစဉ်နဲ့ ဖမ်းစားနိုင်ပါတယ်ဗျာ...။