ဆုတောင်း

ဆုတောင်းတယ်ဆိုတဲ့ အလေ့အထက ဘယ်က ဆင်းသက်လာပါလိမ့်။ သူတပါးကို ဆုတောင်းပေးတယ်ဆိုတာ အဲဒီလူအပေါ်မှာ မေတ္တာထားတာ၊ စေတနာရှိတာ၊ ကောင်းစေချင်တာလို့ ယူဆရင် ကိုယ်ဒီနေ့ လူတယောက်အတွက် ဆုတောင်းပေးချင်ပါတယ်။

အဲဒီလူက..
ကိုယ့်ကို အေးချမ်း လုံခြုံတဲ့ မေတ္တာ အရိပ် မိုးခဲ့သူ..
ကိုယ့်ရဲ့ ဘ၀အခက်အခဲ တောင်စဉ်တောင်တန်းတွေမှာ တချက်မှ မညည်းမညူဘဲ အတူဖေးမ ရင်ဆိုင်ခဲ့သူ..
ကိုယ့်အပေါ်မှာသာမက ကိုယ့်မိသားစု အပေါ်မှာပါ နားလည် နွေးထွေးတတ်တဲ့သူ..
ကိုယ့်ဘ၀ရဲ့ စိတ်ချမ်းသာမှု တော်တော်များများကို ဖန်တီးပေးခဲ့သူ..

ဘ၀လက်တွဲဖော်၊ ထာဝရ မိတ်ဆွေ၊ အရင်းနှီး အချစ်ခင်ဆုံး သူစိမ်းတယောက် ရဲ့ မွေးနေ့မှာ သူ့ကျေးဇူးကို အောက်မေ့ပြီး လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒများ တလုံးတ၀တည်း ပြည့်စုံပါစေ။
အနန္တော အနန္တ ၅ပါး ရဲ့ ကျေးဇူးကို သိမြဲ သိတတ်တဲ့သူ ဖြစ်ပါစေ။
မေတ္တာတရား ကို နားလည်ခံစားတတ်သူ ဖြစ်မြဲ ဖြစ်ပါစေ။
အမှန်တရားကို မြတ်နိုး တန်ဖိုးထားတတ်သူ ဖြစ်မြဲ ဖြစ်ပါစေ။
နောင်ဘ၀များတွင်လည်း ဒီလူ ဒီစိတ်ထားနဲ့ပဲ ချိုသင်း ဆုံဆည်းရပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

မိုးချိုသင်း

40 comments:

MANORHARY said...

မွန်မြတ်လိုက်တဲ့စိတ်ကလေးပါပဲ..
ချိုသင်းရေ...မိုးရေစက်တွေကြားမှာ လွမ်းနေပြီလား ..

pandora said...

မမိုးချိုသင်းနဲ့အတူတူ ၀င်ဆုတောင်းပေးသွားတယ်။
အမြဲတမ်းအတူတကွ အေးချမ်း ပျော်ရွှင်ကြပါစေနော်။

လင်းဒီပ said...

တောင်းတဲ့ဆုနဲ့ပြည့်ပါစေ အစ်မရေ

ဟန်လင်းထွန်း said...

်အမရေ
တစ်ခုခု များဖြစ်နေပြီလား။ ကျနော်လည်း ဆုးတောင်းပေးသွားပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒများ တလုံးတ၀တည်း ပြည့်စုံပါစေ။
အနန္တော အနန္တ ၅ပါး ရဲ့ ကျေးဇူးကို သိမြဲ သိတတ်တဲ့သူ ဖြစ်ပါစေ။
မေတ္တာတရား ကို နားလည်ခံစားတတ်သူ ဖြစ်မြဲ ဖြစ်ပါစေ။
အမှန်တရားကို မြတ်နိုး တန်ဖိုးထားတတ်သူ ဖြစ်မြဲ ဖြစ်ပါစေ။
နောင်ဘ၀များတွင်လည်း ဒီလူ ဒီစိတ်ထားနဲ့ပဲ ချိုသင်း ဆုံဆည်းရပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

ဇနိ said...

အမရေ ကျနော်နဲ့ နိနိနဲ့ နှစ်ယောက်လည်း ဝင်ပြီး ဆုတောင်းပေးသွားပါတယ်....
ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပြီး ချစ်မေတ္တာတွေ လွှမ်းခြုံပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ....

စူး said...

အမ... ရဲ့ ကိုကိုဝဏ လား

အဟီး

မွေးနေ့မှာ အမချိုသင်းဆောင်းပေးတဲ့ဆုနဲ့ ထပ်တူဆုတောင်းပေးပါတယ်

Chit Lay Pyay said...

Happy Birthday to Ma Ma Cho Thin's Chit thu!!! May your wish come ture.

With Love
Chit lay pyay

Anonymous said...

ပျော်စရာမွေးနေ့ဖြစ်ပါစေ မမိုးချို ဆုတောင်းပေးတဲ့
အကို ရေ...
:D

:P said...

Happy Birthday ပါ..
ဆရာမရဲ့.."အချစ်ခင်ဆုံး သူစိမ်းတယောက် "

မေငြိမ်း said...

အင်မတန် ဖြူစင်မှန်ကန်တဲ့ စိတ်နဲ့ တသမတ်တည်း ရှိခဲ့တဲ့ သူတော်ကောင်းလေး ပျော်ရွှင်သာယာခြင်းတွေနဲ့ ပြည့်စုံတဲ့ လက်ရှိဘ၀လေးထဲ အကြာကြီးနေရပါစေ.. ချိုလေးပြောသလို ဘ၀အဆက်ဆက် ထပ်တူထပ်မျှ ဘ၀ကိုပဲ ရပါစေ..။

nu-san said...

မမရဲ့ ဆုတောင်းလေးကို သဘောကျလို့ ထပ်ခါ ထပ်ခါ ဖတ်မိတယ်... စိတ်ထဲမှာလည်း ကြည်နူးမိတယ်။ ဒါကြောင့် အမ ဆုတောင်းတွေ ပြည့်ပါစေလို့ ထပ်ဆင့် ဆုတောင်းပေးပါတယ်..:)

အမ မွေးနေ့ဆို မုန့်ကျွေးရတယ်ဗျ.. :D

လင်း said...

အမရဲ့ အကို ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေ။ အမတောင်းပေတဲ့ဆုနဲ့ တလုံးတ၀ထဲပြည့်စုံပါစေ။

ဗေဒါရီ said...

အမရေ ...
အမဆုတောင်းတွေ ပြည့်ပါစေလို့
ထပ်မံဆုတောင်း လိုက်ပါတယ်။
အမချစ်သောသူရဲ့ မွေးနေ့ကစလို့ ကောင်းကျိုးလိုအင်ဆန္ဒများနဲ့ ပြည့်စုံရပါစေ ... လို့ ..

Anonymous said...

အမရေ ချောင်းဆိုးနေတာပါဗျာ။ ဆေးတွေသောက်ပြီးအိပ်ငိုက်နေတော့တာ။ လူနေကောင်းပြန်ရင်လည်း စိတ်နေကောင်းဖို့ကြိုးစားရဦးမယ်။ စိတ်မပူပါနဲ့အမရေ တစ်နေ့တော့အဆင်ပြေမှာပါ။ အမှတ်တရ လာမေးတာ တကယ့်ကိုကျေးဇူးပါဗျာ။
မတောင်းတဲ့ဆုတွေလည်း အလိုလိုပြည့်ဖို့အမနဲ့အတူဆုတောင်းနေပါမယ်...

tututha said...

ရွှေဥဒေါင်းကြီးရဲ့မွေးနေ့ပြီး နောက်တနေ့ပေါ့နော်။ ပျော်စရာမွေးနေ့ဖြစ်ပါစေ ...။ ချစ်စရာကောင်းတဲ့ တူး အမနဲ့ ထာဝရ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ ..။

PAUK said...

မချိုသင်းရေ..
ကိုအကြော့်မွေးနေ့လား...
အချိုတွေ အကြော်တွေနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ...

khin oo may said...

တောင်းတဲ့ဆုနဲ့ပြည့်ပါစေ.။
ဒီလင် ဒီမယား အိုအောင်မင်းအောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည့်စုံစွာ ပေါင်းဖက်ရပါစေ။
ပေးတဲ့ဆုနဲ့လည်း ပြည့်ပါစေ။

khin oo may said...

ဒီစိတ်ထားနဲ့ဆိုရင် ဘောလုံးပါ ပါလာမှာ မိုးချိုသင်းရဲ့ ။ဖြစ်ရဲ့လား။ ဒီနေ့ဘဲ သတိရနေတာ တကယ် ညာမပြောဘူး။ မှန်တာပြော ကျန်းမာပါစေ။ ကိုကို အကြောင်းလေးရေးခိုင်းဦးမှ ဆိုပြီး ဘောလုံး ပို့စ် ကိုသတိ၇နေတာ။

khin oo may said...

ံ့happy birthday ko kwn

Moe Cho Thinn said...

မွေးနေ့ ဆုတောင်းပေးကြသူအားလုံးကို ကျေးဇူးတင်နေပါတယ်။
အမ မခင်ဦးမေ..အမရေးတာမှ ဟုတ်ရဲ့လား။ အံ့သြလို့။ ထုံးစံလို သတ်ပုံမှားမနေလို့။ :)
စာလုံးပေါင်းမှန်မှန်နဲ့ ဆုတောင်းပေးလို့ အထူးကျေးဇူး။ :D

ပုံရိပ် / Pon Yate said...

အစ်မ ချိုသင်းရေ အစ်မတို့အမြဲပျော်ရွှင်အေးချမ်းကြ ပါစေ။

တန်ခူး said...

ချိုသင်းရဲ့ ဘ၀လက်တွဲဖော်မွေးနေ့ က ၂၅ အောက်တိုဘာဆိုရင် ထူးခြားတဲ့ တိုက်ဆိုင်မှုပါပဲ ချိုသင်းရယ်… ဘာလို့ လဲဆိုတော့ တို့ ဘ၀လက်တွဲဖော်မွေးနေ့ ကလဲ အဲဒီနေ့ ပဲလေ… တခုခုတော့ အမှတ်တရ ရေးမှဆိုပြီး ဘာရေးရမှန်းကို မသိသေးတာ… ချိုသင်းပို့ စ်လေးပဲ ဖတ်ခိုင်းလိုက်မှ ထင်တယ်… ချိုသင်းရဲ့ ပြီးပြည့်စုံတဲ့ လက်တွဲဖော်လေး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ချိုသင်းကို ပိုပို ချစ်နိုင်ပါစေလို့ …

သက်ဝေ said...

ချိုသင်းရေ...
ချိုသင်းရဲ့  ဘ၀လက်တွဲဖေါ်လေးအတွက် ချိုသင်း တောင်းထားတဲ့ ဆုတွေနဲ့  တစ်လုံးတစ်ဝထဲ ပြည့်စုံပါစေလို့  ထပ်ဆင့် ဆုတောင်းပေးလိုက်ပါတယ်..။

တန်ခူးနဲ့  ချိုသင်းတို့ ...
တိုက်ဆိုင်လိုက်ပုံများကွာ.... (စိုင်းစိုင်း လေသံဖြင့် ရွတ်ဆိုပါရန်...)

နိုင်ငံရေးငြင်းခုန်မှုများ ၊ အနုပညာမှော်များနှင့် စိတ်ကူးဝတ်မှုန် said...

အောက်တိုဘာ(၂၅) ဆိုတာ ပီကာဆို ရဲ့မွေးနေ့ဗျ။
တိုက်တိုက်ဆိုင်ဆိုင်...၁၉၇၁ အောက်တိုဘာ(၂၆)မှာပဲ
တရုတ်ပြည်ကိုကုလသမဂ္ဂမှာတရားဝင်အဖွဲ့ဝင်အဖြစ်သတ်မှတ်ပြီးထိုင်ဝမ်ကိုထုတ်ပစ်လိုက်တဲ့နေ့။
နောက်တနှစ်..ခုလိုရက်မှာပဲ..အမေရိကန်သမ္မတနစ်ဆင်ကမြောက်ဗီယက်နမ်ကိုဗုံးကြဲနေရာကနေရပ်ပစ်လိုက်တဲ့နေ့..
အတိတ်နမိတ်တွေကောင်းတဲ့နေ့မှာမွေးဖွားခဲ့တဲ့သူပဲ။
အဆင်ပြေငြိမ်းချမ်းသွားမှာပါ။ဆုတောင်းမနေတော့ပါဘူး။“နောင်ဘဝမှာရုပ်ရှင်ရုံကလေးနား..အိမ်ဆောက်ပြီး
အတူတူပြန်နေရပါစေသား”ဆိုတာမျိုးလေးဆုတောင်းပေးလိုက်တာပိုကောင်းမယ်ထင်တယ်။
အောင်မိုးဝင်း

thwe thwe said...

ဟာ အစ်ကို့ မွေးနေ့ လား

နှစ်ပတ်ထဲကပ်ပြီး စားကြောလွတ်သွားတာနာတယ်။
ဟိုလူဆိုးတွေတော့ ဒီနေ့ ကောင်းစားနေမှာပေါ့နော် မနာလိုဘူး။ :)))

အစ်ကိုရေ မွေးနေ့ မှာ အစ်မတောင်းတဲ့ ဆုတွေပြည့်အောင် အားဖြည့် ဆုတောင်းပေးလိုက်ပါတယ်။
ဒီလင်ဒီမယား သံသရာ အဆုံးတိုင် စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၍ မိတ်ဆွေတွေကို များများ ကြွေးနိုင်သူတွေ ဖြစ်ပါစေ။( ကိုယ့်ဖို့လည်း ပါအောင်လေ) :D

Unknown said...

မမိုး...ကိုဝဏ္ဏမွေးနေ့လားဗျ....
ဟီ...ဟိ.... ဘာကျွေးမှာတုန်း......
ပျော်ရွှင်ကြည်နူး နှစ်ကိုယ်တူ မြူးနိုင်ပါစေဗျာ.......။

TZA said...

Happy birthday Ko Wanna.
:)

kay said...

ငြိမ်သက်ခြင်း- ရွှင်လန်းခြင်းများ ရှိပါစေ။
ဟုတ်ပ- မတန်ခူး နဲ့တွဲကျင်းပ လို့ရနေပီ။း)

khin oo may said...

http://sonata-cantata.blogspot.com/
သူလဲမွေးနေ့ဘဲ ဆိုဘဲ .။

ဂျူနို said...

မိုးချိုသင်း တောင်းတဲ့ဆုတွေ ပြည့်ပါစေ။

khin oo may said...

wesheme မှာ အစ်မ အောက်ပါအတိုင်းရေးခဲ့တယ်။

khin oo may - 10/27/08 12:24 AM

ဟုတ်တယ်။ရေးပါဦး။ အလုပ်များနေတယ် ဆိုလို့ အားနာလို့ မပြောဘဲ နေတယ်။ သိတ်ပြီး လေးနက် စရာ မလိုပါဘူး။ အစကတည်း က တောင်ရောက် မြောက်ရောက် ရေးလဲ ဖတ်နေကြတာဘဲ။။မှတ် မိသေးလား အမေ လာလို့ ညီ အစ်ကို နှစ်ယောက် တစ်ယောက် ၅၀၀ ဆီပေးပြီး အမေ ပြန်တော့ လေဆိပ် လိုက်ပို့ကြတာ။ အဲဒါ ကို အန်ဒီ ရေးတာထင်တယ်။ အဲဒါ လည်း ဝက် ဝက်ကွဲ အားပေးကြတာဘဲ။

အချိန် သိတ် မကုန်တဲ့ ပေါ့ပေါ့့ ပါးပါးလေးတွေ ရေးလို့ ရပါတယ်။ ခံစားချက် ကို နားလည် တယ်။ သိတ် အောင် မြင် လာတော့ အဲဒီ လိုမှူိုး ရေးရင်သိတ် ပေါ့ သွား မလား လို့ထင် မိပြီး လက် များတွန့်နေလေရော့ သလား။

မိုးချိုသင်း လို ဘဲ သဘောထားပါ။ ဆင် သွားရင် လမ်းဖြစ် ပါတယ်။

သမီးလေး အတတ်ဆန်းနေတာ လေးတွေ ဇနိး မျက် စိလည်း ချွှေတာပါလေ။ အားလုံး အဆင်ပြေ ချမ်းမြေ့ကြပါစေ.။

(အဲဒါနဲ့ညီမလဲ ဆင်ကြီးဖြစ်သွားပြီ) ဟိ

သစ်နက်ဆူး said...

မမိုးရေ....
ဆုတောင်းလေးကို ဖတ်ရတာနဲ့ ဘေးက ဖတ်နေသူတောင် စိတ်ထဲငြိမ်းချမ်း၊နွေးထွေးသွားတာပါဘဲ...။
အချင်ခင်ဆုံး ၊သူစိမ်းတစ်ယောက်လဲ
မမိုးတောင်းတဲ့ ဆုတွေ ပြည့်ဝပါစေဗျာ...
မမိုးတောင်းတဲ့ဆုလဲ ပြည့်ဝပါစေဗျာ....။

ဆောင်း said...

မသိလိုက်လို့ သိရင် ဒီနေ့ အထိနေပါတယ် သိလား။ အခုတော့ ဟဲကြောကြီးလွတ်သွားတာပေါ့နော်.

Happy Birthday ခန့်ချောကြီး KWN ရေ.

မမိုးချိုသင်းရေ ရေစက်လေးတွေ ဆက်ပြီး ဘ၀ အဆက်ဆက်တိုင်း လက်တွဲနိုင်ပါစေ။ သာယာ ပျော်ရွှင် ဘွယ် ကောင်းတဲ့ ဘ၀အမြဲရနိုင်ပါစေနော်။

(Word Verification ဖြုတ်လိုက်ပါလားဟင် ရှုပ်လွန်းလို့) အောင်မယ်.. Word Verification က Sugmalts (sugar malt) ဆိုပါလား။ အချစ်လေးတွေ ချိုနေပြီတဲ့နော်

Unknown said...

တို့ရဲ့ favourite blogger ရဲ့အရိပ် အစ်ကိုကြီးရေ--
မမိုးချိုသင်းဆုတောင်းပေးသလို အေးချမ်းပျော်ရွှင်ပါစေဗျာ။ အိုအောင်မင်းအောင် ချမ်းမြေ့သာယာပြီး၊ မမိုးချိုသင်းကိုလည်း new postမှန်မှန်ရေးအောင် တွန်းအားပေးနိုင်ပါစေ (လိုအပ်ရင်တော့ ဗီတို သုံးပေါ့)

မလေး(မြန်မာ) said...

Sis cho thinn yay....

I read ur post and comments. And i smile alone!
I love ur friends commets and ever used to read them whenever i read ur new post. They make me to have smile and feel.
So I forget even to write Praying comment. Now i come again.
Have a nice birthday Ur precious beloved one!

Malay

ATN said...

ညီမရေ ခေါင်းကိုက်တာကြောင့်ရော အလုပ်ရှုပ်နေတာကြောင့်ရော အိမ်အရောက် လာမလည်နိုင်ဘူး။ စာတွေကတော့ Google Reader ကနေ ဖတ်နေပါတယ်။

မမေငြိမ်းဆုတောင်းသလိုပဲ တထပ်တည်း ဆုတောင်းပေးခဲ့ပါတယ်။

ချမ်းမြေ့ပျော်ရွှင်ကြပါစေ။

လင်း said...

အမရေ နေမကောင်းဘူးဆိုလို့  သတင်းလာမေးတာ။ စီဗုံးမရှိတော့ ဒီထဲမှာဘဲ ရေးခဲ့ရပြန်ပြီ( မလျှော့သောဇွဲနဲ့  စီဗုံးထားဘို့  ပူဆာနေတား)) ဆီးချိုတက်တာလားဟင်? အစားအသောက်ဂရုစိုက်နော် အမ။ မတည့်တာတွေ မစားပါနဲ့ ။ လင်းက အမချစ်ချစ်ကြီး မွေးနေ့  အပျော်လွန်ပြီး စာမရေးအားဘူး ထင်နေတာ။ ခုနေမကောင်းဘူးဆိုတော့ ဥုံဖွ ( တကယ်တော့ လိုမယ်တောင်မထင်ပါဘူးလေ အနားမှာ ဆေးကုပေးမဲ့လူကြီးက ငုတ်တုတ်ဟာ)

Anonymous said...

လာလည်ပြီး ဆုတောင်း ပေးသွားတယ်။ နောက်တော့ ကျနေပြီပေါ့ ဟဲဟဲ။

khin oo may said...

ထပ်ဆုတောင်းပေးခဲ့တယ်။

Unknown said...

A ma Moe cho thin:
All describes are good. I will pray for you to live with peace and happiness with loving-kindness (metta).
see you