မောင်လေး ဖိုးဥာဏ်

တခါတလေကျရင် ကမ်းခြေမှာ ထိုင်ရင်း ငေးရင် ဟိုး အဝေး မှုန်ပျပျက ပင်လယ်ကူး သဘောင်္ကြီးတွေ ဖြတ်သွားတာ တွေ့ရင် သဘောင်္တွေကို သဘောကျတဲ့ ကိုယ့်ရဲ့ တဦးတည်းသော မောင်လေးကို သတိရမိတတ်တယ်။ သူ့နံမည်က ဥာဏ်မိုး တဲ့။ အဖေ နဲ့ အမေကတော့ ဖိုးဥာဏ် လို့ ခေါ်တယ်။

သူနဲ့ ကိုယ်နဲ့က တနှစ်ကြီး တနှစ်ငယ်။ ဆော့ဖော် ဆော့ဖက်၊ ကျောင်းသွားဖော် ကျောင်းသွားဖက်။ ငယ်ငယ်တုန်းကတော့ တယောက်နဲ့ တယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ကြတယ်။ ကိုယ်ကလဲ သူ့ကို ခေါ်တာ မောင်လေး တဲ့၊ သားသား တဲ့။ သူကလဲ ကိုယ့်ကို မမချို တဲ့။

ကိုယ်တို့အိမ်မှာ ငယ်ငယ်ကဆိုရင် အဖေက မိသားစုဝင်တွေရဲ့အသံကို ကက်ဆက်ထဲ အသံသွင်းထားတတ်တယ်။ တိပ်ခွေလေးနဲ့ပေါ့။ မိသားစု စကားပြောတာ သီချင်းဆိုကြတာ အစုံပဲ။ အားလုံး တယောက်တပုဒ်စီ ဆိုကြ၊ ပြီးရင် ပြန်နားထောင်ကြ နဲ့။ ပျော်စရာ ကောင်းပါပေ့။ ကိုယ်ကလဲ က ရင်း သီချင်းဆိုတာ အသံသွင်းထားသေးတယ်။ ရေဒီယို သီချင်းတွေပေါ့။

ကိုယ်ကတော့ စိန်နားကပ်ကြီး ပန်ရမလို သီချင်းကို အမြဲဆိုတာ။ ကျမအဖို့ မောင့်တမျက်နှာ ကမ္ဘာကြီး တခုလို .. အဲဒီသီချင်းပေါ့။ ဒါပေမဲ့ စကားက မပီသေးတော့ ပါးပို့ မောင့်မျက်နှာ တဘာကြီး တခုလို လို့ ဆိုတယ်။ ဆိုရင်းနဲ့ နောက်အပိုဒ်တွေကျတော့ မရတော့ဘူး။ စာသား မရတော့ ၀ါး ဆို နေတယ်။

အဲဒီအချိန်မှာ အဲ့ ဆိုပြီး ကလေးငိုသံလေး ပေါ်လာပြီး ကိုယ်က “မောင်လေး နိုးပြီ၊ မောင်လေး နိုးပြီ ”လို့ အော်ပြီး ပြေးသွားတာ။ အဲဒီအခွေလေးကို ကြီးတဲ့အထိ၊ ဖွင့်လို့ ရသေးတဲ့အထိ ဖွင့်တုန်း။ သိမ်းထားတုန်း။ သီချင်းစာသားမရတာ မောင်လေး ကယ်သွားပေလို့ပဲ။ အဲဒီလို ချစ်ခဲ့ရတဲ့ ကိုယ့်ရဲ့ မောင်လေးပေါ့။

ငယ်ငယ်တုန်းက သောကြာနေ့ ညနေဖက်ဆိုရင်လဲ ရွှေသွေး တေဇ ထွက်တဲ့ရက်မို့ အရင်ဦးဆုံး ဖတ်ရဖို့ ဦးကြရတယ်။ အစောကြီး ကြိုဦးလို့လဲ မရဘူး။ သောကြာနေ့ မနက် နိုးလာတဲ့အချိန်က စ ပြီး ဦးလို့ ရပြီ။ ဒါနဲ့ သောကြာနေ့မနက် အိပ်ယာက နိုးတာနဲ့ ဥာဏ်မိုးက ငါ ရွှေသွေး၊ တေဇ ပထမ တဲ့။ သူ ဦးတဲ့အချိန် ကိုယ်က ခလူး ခလော အိပ်ကောင်းတုန်း။

ကိုယ်နိုးလာတော့ သူက ဦး ပြီးနေပြီ။ ညနေကျလို့ အမေ ရွှေသွေး ၀ယ်လာရင် သူက အရင်ဖတ်ရတော့မှာ။ ဒါနဲ့ ကိုယ်လဲ ညနေကျတော့ ရွှေသွေးဖတ်ချင်လွန်းလို့ သူ့ရှေ့မှာ လမ်းသလားနေရတယ်။ မမ ဖတ်ပြမယ်လေ၊ အတူတူ ဖတ်ကြမယ်လေ မောင်လေး၊ အဲဒီလို သွားသွား နှူးနေရတာ။ သူကလဲ သုံးခါထက် ပို မနှူးရဘူး။ မမချို ဖတ်ပြ လို့ ပြောလိုက်တာပဲ။

အဲဒီတော့ သူ့ဖာသာသူ သောကြာနေ့ မနက် အစောကြီး ထ ပြီး ဘယ်လောက် ကြို ဦးဦး၊ ဖတ်တော့ အတူတူဖတ်ရတာပါပဲ။ သူကလဲ ကိုယ်ဖတ်ပြရင် ကျေနပ်လို့။ သူတယောက်တည်း မဖတ်ချင်တော့သလောက် ကိုယ်ဖတ်ပြတာကို စွဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဇာတ်ကောင်တွေ စကားပြောတာ ဖတ်ရင် အသံနေ အသံထား အနိမ့်အမြင့်နဲ့ စကားတကယ်ပြောနေသလို ဖတ်တာကိုး။ လူဆိုးဆိုလဲ လူဆိုး အသံ၊ ယုန်ကလေးဆိုလဲ ယုန်ကလေး အားငယ်တဲ့ အသံ။

ကိုယ်တို့ မောင်နှမ နှစ်ယောက် အိပ်ယာပေါ်မှာ ၀မ်းလျားမှောက်ပြီး ဖတ်ကြတာပါ။ သူက ဘေးမှာ ကိုယ်ဖတ်တာကို ပါးစပ်တလှုပ်လှုပ်နဲ့ တလုံးချင်း လိုက်ရွတ်လို့။ ကိုယ်ကျော်သွားရင် ဒီမှာ ကျန်ခဲ့ပြီလို့ ထောက် ပြ တတ်သူပါ။ ကိုယ်က ဆွဲထားတဲ့ သရုပ်ဖော် ပန်းချီဆိုလဲ ဖြည့်စွက်ပြီး ဘာသာပြန်လိုက်သေးတာ။ ပုံကို ကြည့်ပါလား ၀ံပုလွေက ကိုက်စားတော့မှာ စသဖြင့်ပေါ့။ ဆရာကြီး ဦးဘကြည် ပန်းချီတွေဆိုရင် အသက်ဝင်လွန်းလို့ သိပ်ကြိုက်တာပေါ့။

ငယ်ငယ်ကတည်းကနေ ၇တန်း ၈တန်း အထိ ကျူရှင်တက်လဲ ကိုယ်တို့ မောင်နှမနှစ်ယောက် အတူတူပဲ။ ကိုယ့်ထက် သူက ၁ တန်းငယ်ပေမဲ့ ကိုယ်အဖော်ရအောင် မိဘတွေက သူ့ကို အမြဲ ကိုယ့်အတန်း လိုက်တက်စေတယ်။ သူက ဥာဏ်လဲ ကောင်းတယ်။ ဒါကြောင့် ၈တန်းမှာ သူ ၅ဘာသာ ဂုဏ်ထူး ထွက်သေးတယ်။

အဲဒီလို လုံးထွေးနေတဲ့ ကိုယ်တို့ မောင်နှမ နှစ်ယောက် နည်းနည်းဝေးသွားတာက သူ ၉တန်းလောက်မှာပါ။ သူက မိန်းကလေးတွေ အမတွေကြားထဲမှာ ကြီးပြင်းလာရသူမို့ မိန်းမ ဆန်မှာ နွဲ့မှာ သူ့ကိုယ်သူ အင်မတန် ပူပုံရတယ်။ ခုမှ အဲဒီအချိန်တွေကို ပြန်စဉ်းစားမိတာက သူ ဒီလို ယောကျာင်္းဆန်ဆန် ကြမ်းကြမ်းတမ်းတမ်းပုံကို ကြိုးစား ဆောက်တည်ယူရပုံရတယ် လို့ ထင်မိတာပါ။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့ အိမ်မှာ ယောကျာင်္းလေးဆိုလို့ သူ့အပြင် အဖေသာရှိတယ်၊ အဖေဆိုတာကလဲ စိတ်က နူးနူးညံ့ညံ့၊ စာနဲ့ ကဗျာမှာပဲ ပျော်မွေ့သူ။ သံတောင် တချက် ရိုက်ဖူးသူ မဟုတ်။ ဥာဏ်မိုး အရွယ်ရောက်လာတော့ အမေနဲ့ ကိုယ်တို့ညီအမတွေမှာ အစွန်းနှစ်ခုကြား စိတ် ပင်ပန်းလိုက်တာ။

ကြုံရတဲ့ ယောကျာင်္းနှစ်ယောက်မှာ အဖေကျတော့ နူးညံ့လွန်းလို့ တဖက်စွန်းမှာ ရပ်နေတဲ့သူ။ စိတ်ကူးယဉ် ကမ္ဘာထဲမှာပဲ နေချင်သူ။ ဥာဏ်မိုးကျတော့ အဖေနဲ့ ဆန့်ကျင်ဖက် တကယ့်ကို ကြမ်းကြမ်းတမ်းတမ်း ၀ုန်းဝုန်း ဒိုင်းဒိုင်း။ လက်တွေ့ကျကျ။ ကိုယ်တို့ ရင်းနှီး ကြီးပြင်းလာရတဲ့ အဖေ့ပုံစံနဲ့ တခြားစီ။ သူလဲ ဟိုဖက် တဖက်စွန်းမှာ ရပ်သူပေပဲ။

ဥာဏ်မိုးက အိမ်ခင်လွန်းသူပါ။ အိမ်ဟင်း အိမ်ထမင်းမှ မြိန်သူပေါ့။ မိတ်ဆွေ သူငယ်ချင်း အပြင်လူအပေါ်မှာတော့ သူက အင်မတန် ကောင်းတယ်။ အိမ်မှာတော့ ဗိုလ်ကျချင်၊ အနိုင်လိုချင်တယ်။ အမေက ချစ်လွန်းတော့ အလိုလည်း လိုက်ရှာတယ်။ တဦးတည်းသော သားထွေး ပေကိုး။

နောက် အမေ ဆုံးတော့ သူ လုံးဝ ပြောင်းလဲသွားတယ်။ အတော်လဲ ရင့်ကျက်လာတယ်။ စာဖတ်တာလဲ ၀ါသနာပါတော့ စာကလဲ သူ့ကို ပြောင်းလဲစေတယ်။ သူ့ကို အမြဲ မေတ္တာထားနေတဲ့ မိဘနဲ့ မိသားစု မေတ္တာကိုလည်း နားလည်သွားတာ ပါမှာပါပဲ။

သူ ရည်းစားထားတော့ တအိမ်လုံး နေ့ချင်းမဆိုင်း သိသွားတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဥာဏ်မိုးက အိမ်မှာ “ သူ ငါ့ကို ပြုစားနေပြီ။ သူ့ကိုပဲ သတိရပြီး မြင်နေတယ်။ ကယ်ကြပါအုံး” လို့ အော်နေလို့ပါ။ ကိုယ်တို့မှာ သူ့မိန်းကလေးကို မမြင်ဖူးခင်ကတည်းက သနားလိုက်ရတာ။ သူ ဗိုလ်ကျမှာ စိတ်ပူရတာကိုး။

ကိုယ်ကလဲ စင်ကာပူကနေ ပို့စ်စကဒ်လေး ပို့လိုက်သေးတယ်။ ပုံလေးက လူဝံကြီးက သူ့ဂျိုင်းကြားထဲမှာ ကြောင်သေးသေးလေး ညှပ်ပြီး ချီထားပုံပါ။ နင်နဲ့ နင့်ကောင်မလေးပုံ ဆိုပြီးတော့လေ။ သူက အသားညိုညို လူကောင်က ထွားထွား၊ သူ့ မိန်းကလေးက အသားဖြူဖြူ ပိန်ပိန်သေးသေး ခပ်ပြုံးပြုံး ခပ်အေးအေး လေ။ နံမည်က ယဉ်ယဉ် တဲ့။

သူတို့ နှစ်ယောက် ရန်ကုန်မြစ်ကို မြင်နေရတဲ့ နေရာလေးမှာ အမြဲထိုင်ပြီး စကားတွေ ပြောကြတာတဲ့။ ဥာဏ်မိုးက သဘောင်္တွေကို အရမ်း စိတ်ဝင်စားတယ်။ သူက အဝေးက လှမ်းမြင်ရတဲ့ ပင်လယ်ကူး သဘောင်္ကြီးတွေကို ကြည့်ပြီး သဘောင်္တွေ အကြောင်း ရှည်ရှည်ဝေးဝေး ရှင်းပြ တတ်တာ တဲ့။ သဘောင်္နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ၀ါသနာပါလွန်းလို့ သဘောင်္သား ဖြစ်ချင်တာ တဲ့။

သူတို့ လက်ထပ်အပြီး ၇လ အကြာမှာ သူ သဘောင်္လိုက်သွားတယ်။ သူ တကယ် သဘောင်္လိုက်ရပြီဆိုတော့လဲ ပျော်ပုံ မရပါဘူး။ သူချစ်တဲ့ ယဉ်ယဉ်နဲ့ ကိုယ်တို့မိသားစုကို အတော်လွမ်းရှာတာပါ။ ပင်ပန်းတာလဲ ပါမှာပါ။ ဖုန်းထဲမှာ သူငို နေတယ်။ မချို..ယဉ်ယဉ့်ကို သတိရလိုက်တာ တဲ့။ ယဉ်ယဉ်နဲ့ စကားမပြောလိုက်ရဘူး တဲ့။ အဲဒီတုန်းက ယဉ်ယဉ်က သူ ဖုန်းဆက်မယ် မှန်း မသိလို့ သူ့ မိဘ မြို့ကို အလည်လိုက်သွားနေတာ။ နောက် ၂ရက်ကြာ ထပ်ဆက်တော့ သူတို့ ဖုန်းပြောလိုက်ရတယ်။

နောက် တပတ်လောက်ကြာတော့ သူလိုက်သွားတဲ့ သဘောင်္အေးဂျင့်က အကြောင်းကြား လာပါတယ်။ ဥာဏ်မိုး ဆုံးပြီတဲ့။ အလုပ်လုပ်ရင်း ရင်ဘတ်အောင့်တယ်ဆိုလို့ အခန်းထဲ နားတုန်းခဏ ငြိမ်ငြိမ်သက်သက် ဆုံးရရှာတယ်။ ဆိပ်ကမ်းဆိုက်တုန်းမို့ ချက်ချင်း ဆေးရုံတင် ကြိုးစားကုသော်လည်း ဆုံးနှင့်ပြီ တဲ့။ နှလုံး ရုတ်တရက် ရပ်သွားတယ်လို့ ဆေးစာမှာ ပါတယ်။

ကိုယ်တို့အားလုံးလဲ ရူးမတတ်ကျန်ခဲ့တာပါပဲ။ သူ့ကို အင်ဒိုနီးရှားက မီဒန်ကျွန်းလေးမှာ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း ကိုယ့်အမျိုးသားကိုယ်တိုင် လိုက်သွား သဂြိုဟ်ပြီး ကိုယ်တို့ရဲ့ တဦးတည်းသော မောင်လေးရဲ့ အရိုးအိုးလေး သာ ပြန်သယ်လာခဲ့တယ်။

သူဆုံးတာ ၇ နှစ်ကျော်ခဲ့ပြီ။ သူဆုံးတော့ အသက်က ၂၇ နှစ်။ အရွယ်ကောင်းတုန်း သန်မာ ဖျတ်လတ်တုန်း။ ခုပြန်တွေးရင် ခု မယုံနိုင် ဖြစ်ရသေး။ ယဉ်ယဉ်လဲ ခုထိ တယောက်တည်း။ ဥာဏ်မိုး မွေးနေ့တွေမှာ ဘုန်းကြီးကျောင်းကို ဆွမ်းပို့မြဲ။

လူ့ဘ၀ဆိုတာ တကယ်တိုတယ်။ နေရတဲ့ အချိန်လေးမှာ တယောက်ကို တယောက် ချစ်ချစ်ခင်ခင် ကြည်ကြည်နူးနူး နေသွားချင်တယ်။ နားလည်ပြီး အပြန်အလှန် ယုံကြည်မှုတွေနဲ့ပဲ ဘ၀ကို ဆက်လျှောက်ချင်တယ်။

ပင်လယ်ကမ်းခြေတနေရာမှာ ပင်လယ်ကူး သဘောင်္ကြီးတွေ ဟိုး အဝေးကနေ တရွေ့ရွေ့သွားနေတာ လှမ်းမြင်ရင် ကိုယ့်မြင်ကွင်းတွေက အမြဲတမ်း မျက်ရည်တွေနဲ့ေ၀၀ါးသွားတော့တာပဲလေ။


မိုးချိုသင်း

46 comments:

Unknown said...

OMG,
New post!
You are back and I am so glad for that. Ama yay, Merry X mas naw!

Life is for Success said...

Hi Ma Moe,

Really feel sad, life is like that not fare for good ppl...

ThuHninSee said...

ယဉ်ယဉ်ကို သနားလိုက်တာ အစ်မရယ်။

Unknown said...

Ama Yay,
I left comment first and read later. I am so sad for your younger brother. Did he has any symptom about heart b4 he left? 27 is still young. Since we can't avoid the death so we should show and give our love to our family.

ATN said...

ကိုယ်ချင်းစာပါတယ် ငါ့ညီမရေ့...
ခုလိုအချိန်မှာ ပိုသတိရမှာပေပဲ...
ဘ၀ဆိုတာကတော့ မထင်တာတွေနဲ့ပဲ အမြဲကြုံတတ်တာပဲလေ...

Anonymous said...

ဆို့နင့်ကြေကွဲရပါတယ်ခင်ဗျာ

လင်း said...

ဝမ်းနည်းဘို့ ကောင်းလိုက်တာ။ အမရေးထားတာ ဖတ်ပြီး လင်းလဲ မျက်ရည်ကျမိတယ်။ အမနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲမိပါတယ်။

strike said...

တစ်ယောက်ထဲသောကျွန်တော့်အကိုကတော့သူ့အခန်းထဲမှာ
တင်နာရီဝက်အတွင်း ဆုံးသွားတယ်ဗျာ။ကျွှန်တော်နဲ့က
အခန်းချင်းကပ်ရက်၊ကျွှန်တော်ပါရှိနေတာ။အဲ့ဒီတုံးက
သူက ၂၆၊ကျွှန်တော်က ၁၈။

MANORHARY said...

Merry Christmas လို့ပဲပြောခဲ့တော့မယ်။

သက်ဝေ said...

ဝမ်းနည်းစရာကောင်းလိုက်တာ...

ဇနိ said...

အမချိုသင်း ဘာပြောရမှန်းမသိအောင် ၀မ်းနည်းစရာကောင်းလိုက်တာ။
အမချိုသင်း မောင်လေးကို လွမ်းနေလို့ စာတွေ သိပ်မရေးတာလား ဟင်။
မဇနိ

:P said...

အစ်မရေ....
သနားပါတယ်နော်၊ သွားနှင့်သူရော၊ ကျန်ရစ်သူတွေရော...

little moon said...

အချိန်တွေကုန်မြန်လွန်းလိုက်တာ ... ဥာဏ်မိုးတို့ ကျွန်တော်တို့ရဲ့ ငယ်ဘ၀ဟာ မနေ့တနေ့ကလိုပါပဲလား အမရယ်။ ဒီပို့စ်လေးဖတ်ပြီး စိန့်အော်ဂတ်စတင်း ကျောင်းက သူငယ်ချင်းတွေကို အရမ်းသတိရမိပါတယ်။

nu-san said...

အမ စိတ်မကောင်းလွန်းလို့ ဘာရေးရမှန်းတောင် မသိတော့ဘူး.. အမတို့ မောင်နှမအကြောင်းလေးတွေ ဖတ်ရင်း ရီနေတာ..

ဟုတ်တယ်နော်... တကယ်တော့ လူ့ဘ၀ဟာ တိုတယ်.. ဘာမှလည်း ရှေ့ကို ကြိုမသိနိုင်ဘူး.. ဒါကြောင့် သေချာတဲ့ လက်ရှိအချိန်ကိုပဲ တတ်နိုင်သလောက် စိတ်ချမ်းသာအောင် နေတယ် အမရယ်...

RePublic said...

ထပ်တူထပ်မျှ ခံစားရပါတယ် အစ်မချို ကြီးရေ ၊၊ မောင်ဖိုးဥာဏ်လည်း ကောင်းမြတ်ရာဘုံဘ၀မှာ ခံစားနေရမှာပါဗျာ ၊၊

စူး said...

အမရယ်..ဒီပို့စ်ဖတ်ပီး စိတ်မကောင်းလိုက်တာ..
မြတ်နိုးလဲ မောင်လေးကို သတိရသွားတယ်..
ဟင်းးးးးးးး

Nay Lin said...

"လူ့ဘ၀ဆိုတာ တကယ်တိုတယ်။ နေရတဲ့ အချိန်လေးမှာ တယောက်ကို တယောက် ချစ်ချစ်ခင်ခင် ကြည်ကြည်နူးနူး နေသွားချင်တယ်။ နားလည်ပြီး အပြန်အလှန် ယုံကြည်မှုတွေနဲ့ပဲ ဘ၀ကို ဆက်လျှောက်ချင်တယ်။"
အမှန်ပဲ..အသက်၂၅ကနေ၃၅အတွင်းတုန်းကငွေနဲ့အောင်မြင်မှု့ကိုငန်းငန်းတက်
်လိုက်ခဲ့မိတယ်..ကြုံခဲ့တဲ့အတွေ့အကြုံတွေကြောင့်
အခု၃၇-၃၈မှာတော့ဘဝကိုနင်ပြောခဲ့သလိုကုန်ဆုံးချင်တယ်..
စာတွေမှန်မှန်ဆက်ရေးပါအုံး.
မနက်ဖြန်လေဆိပ်ကအပြန်ငါPh.ဆက်လိုက်မယ်.
Hopefully good news!! :)

နေလင်း

tg.nwai said...

စိတ်မကောင်းပါဘူး ချိုသင်းရယ်..။ မောင်လေး ဆုံးသွားတာ သိပေမယ့် အခုမှ အကြောင်းစုံ သိရတော့တာ..။

Eaindra said...

အစ်မချိုသင်းရေ.....

မျက်ရည်တွေနဲ့ပြန်သွားတယ်

အိန္ဒြာ

Anonymous said...

ရေးတတ်လိုက်တဲ့ မမိုးချိုသင်း။
ရသတွေ အမျိုးမျိုးပေးတယ်နော်။

မီယာ said...

မချိုသင်း
စိန်နားကပ်ကြီးပန်ချင်တယ် သီချင်းက ကျွန်မ ပထမဆုံး ဆိုတဲ့သီချင်းလို့ အမေတို့ပြောလို့သိရပါတယ်။ အမနဲ့ဆင်တူတာတွေ အများကြီးပဲ။ မောင်လေးတစ်ယောက် ကိုယ့်ထက်အလျင် သွားနှင့်တာက အစပေါ့။

သစ်နက်ဆူး said...

မမိုး...
စိတ်မကောင်းဘူးဗျာ...
ခင်မင်မှုကြောင့် သံယောဇဉ်ကူးတာလားတော့မပြောတတ်ဘူး....
ဖတ်ပြီးတော့ ဆို့ နင့်နင့်နဲ့  ဘာလုပ်ရမှန်းတောင် မသိတော့ဘူး...။
ဖိုးဥာဏ် ကောင်းရာဘုံဘ၀မှာ အေးချမ်းပါစေဗျာ..။

ကိုပေါ said...

မချိုသင်း... နေကောင်းသွားပြီလား။ စာတွေပြန်ရေးနေပြီပဲ။ ပျော်ရွှင်ဖွယ် ခရစ်စမတ်နဲ့ ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ။

ပုံရိပ် / Pon Yate said...

မချိုသင်း မောင်လေးက ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ စိတ်မကောင်း ပါဘူး အစ်မ။

GreenGirl said...

Happy Christmas Ma Ma! :)

ရွှေဂျမ်း said...

အမမောင်လေးအကြောင်း ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ် အမရေ။ အမလွမ်းနေတာကို ခံစားကြည့်လို့ရပါတယ်။
လာမယ့်နှစ်သစ်မှာ အမ မိသားစုနဲ့အတူ စိတ်ချမ်းသာ ပျော်ရွှင်ပါစေနော်။

pandora said...

မမိုးချိုသင်းရဲ့ မောင်လေး အကြောင်းကို အခုမှ သေသေချာချာ သိတာပါ။ စိတ်မကောင်းပါဘူး..။

နှစ်သစ်မှာ မိသားစုနဲ့အတူ ပျော်ရွှင်ပါစေ အစ်မရေ..။

ဆောင်း said...

ရေးတဲ့စာတစ်လုံးတိုင်းမှာ စွဲနစ်သွားလောက်အောင် ခံစားပြီး ဖတ်ရပါတယ်။ နောက်ဆုံးမှာ ၀မ်းနည်းပြီ ဟာကနဲ ရေရွတ်မိပါတယ် မမိုးချိုသင်းရေ.. တကယ်ထပ်တူ ခံစားရပါတယ်နော်

Anonymous said...

အန်တီမိုးချိုရေ....
စိတ်မကောင်းလိုက်တာဗျာ.. တော်တော်ခံစားခဲ့ရမှာပဲနော်။ ကိုယ်ချင်းစာပါတယ်။
မယဉ်ယဉ်လည်း သူ့ကိုတော်တော်ချစ်ပုံရပါတယ်။
အဆိုးထဲက အကောင်းလို့သာတွေးရမှာပဲလေ။

thwe thwe said...

မမရေ
တစ်ခါတစ်လေတော့ လောကကြီးကို ဆရာမင်းလူ ရေးခဲ့တဲ့ ကဗျာလေးလိုပဲ မေးလိုက်ချင်တယ်

ချစ်ခင်သူတို့  ထမင်းပွဲ
ချစ်ခင်သူတို့ အသင်းထဲကို
သင်းကွဲ မှောက်လန် ခလောက်ဆန်ဖို့ 
သင် ဘယ်သူ့ ထံက ထောက်ခံစာ ယူခဲ့သလဲ။

လို့ လေ။ သူ မတရား တာတွေ အများကြီးပဲ။

khin oo may said...

http://mayaonlinemagazine.blogspot.com/2008/12/blog-post_25.html

khin oo may said...

နားခိုရာနှဲု့သူငယ်ချင်းလို့မီယာပြော့ပဘူးတယ်။
စိတ်မကောင်းလိုက်တာ။

Ko Kyaw said...

ကျနော့်ကို သိပ်ခင်တဲ့ ညီဝမ်းကွဲ တယောက်လည်း ၂၇ လောက်မှာ မမျှော်လင့်ပဲ ဆုံးခဲ့တယ်။ မြန်မာပြည် တခေါက်ပြန်ဖြစ်ရင် သူနဲ့တွေ့ပြီး စကားအ၀ပြောမယ်လို့ စိတ်ကူးခဲ့သေးတယ်။

မောင်စေတနာ said...

လာဖတ်သွားပါတယ်။ မမိုးချိုသင်းရေ

Life is for Success said...

Ma Gyi Moe ,

thank for come and visit my blog. i will write more, but at the moment i lokk stress coz of economy down....

with rgrds

Eaindra said...

အစ်မရေ...

ကျေးဇူးတွေတင်လိုက်တာ....
သိပ်ကို ပိတ်လှောင်နေတဲ့..ဘ၀မှာ..စာရေးချင်တာ.. မတောက်တစ်ခေါက်ရေးတတ်တာလေးက..ထွက်ပေါက်တစ်ခုဖြစ်နေသလိုမျိုး...
အားတွေငယ်တွေတဲ့အခါကျရင်..ကွန်မန့်ကနေရောက်လာတဲ့...စာလုံးလေးတွေက..ဘယ်အရာကမှမမှီတဲ့..အားဆေးဖြစ်နေတယ်..အစ်မရယ်..
.သိပ်စိတ်ချမ်းသာအောင် ပျော်အောင် ရေးတတ်တဲ့...အစ်မရေးထားခဲ့တာလေးတွေဖတ်ပြီး..မျက်ရည်တွေ..တောင်ဝဲမိတယ်..။

အစ်မကမှ...တကယ့်ကို..စိတ်သဘောထား..ကောင်းပြီး..ဘယ်လိုမန်မာနမှ..ရှိမနေမှန်း သိသာအောင်...ချိုသင်းနေတာပါ...။

လေးစားချစ်ခင်ခြင်းများစွာဖြင့်

အိန္ဒြာ

ksanchaung said...

ကမာရွတ်(၂)ကျောင်းကို စပြောင်းတော့ ကျွန်တော် ပထမဆုံးခင်တဲ့ သူငယ်ချင်းတွေထဲမှာ ဥာဏ်မိုးစန်းပါတယ်။ ကျွန်တော်ဆိုတဲ့ကောင်က ငယ်ငယ်တည်းက ခပ်ဆိုးဆိုး။ စာမေးပွဲနီးတိုင်း စာမစုံလို့ သူ့ဆီအမြဲတမ်း စာလာကူးရတယ်။

ဆယ်တန်းအောင်ပြီးလို့ ကျောင်း(၃)နှစ်ပိတ်တော့ (109/110) တွေပေါ့လေ။ တံတားဖြူကန်လမ်းက သူငယ်ချင်းတစ်အုပ်ရယ်၊ သူရယ်၊ ကျွန်တော်ရယ် နေ့တိုင်းလောက်နီးပါးတွေ့တယ်။ USIS နဲ့ Alliance Française ပါမချန် အလကားပြတဲ့ ရုပ်ရှင်တွေသွားကြည့်ကြတာ စုံလို့ပဲ။

မှတ်မှတ်ရရ Van Gogh အကြောင်းရိုက်ထားတဲ့ ပြင်သစ်ကားတစ်ကားကိုကြည့်ပြီး Van Gogh Crazy တွေဖြစ်လိုက်ကြသေးတယ်။ “Van Gogh နဲ့ ဥာဏ်မိုး ကာရန်တူတယ်။ မင်းလို ငကြောင်ပေါ့” လို့ပြောရင် သူသိပ်သဘောကျတာ မှတ်မိသေးတယ်။ သူက Van Gogh လိုပဲ အချစ်ကြီးသတဲ့။

ဒုတိယနှစ်ရောက်တော့ သူ Organize လုပ်တာနဲ့ သူငယ်ချင်းတွေစုပြီး ကဗျာစာအုပ်လေးတစ်အုပ် ထုတ်ဖြစ်တယ်။ သူငယ်ချင်းထဲကတစ်ယောက်က သူရေးတဲ့ကဗျာကို နားမလည်ဘူးလို့ ဝေဖန်တာနဲ့ စိတ်ဆိုးပြီး RC-2 ကနေ ပြန်သွားတာ မနေ့ကလိုပဲ မှတ်မိသေးတယ်။ သူ့အနုပညာကို စော်ကားတယ်။ မပါတော့ဘူးတဲ့။ ဘယ်လိုမှ ဖျောင်းဖြလို့မရဘူး။ နောက်တာ့ သူ့ကဗျာမပါပဲ ထုတ်ဖြစ်သွားတယ်။ အမှတ်တရတွေပေါ့။

အစ်မတွေက အလိုလိုက်လို့လား။ တစ်ခါတစ်လေတော့ ခလေးဆိုးကြီးလိုပဲ။ ဒါပေမယ့် အမြဲတမ်းလိုလို အနစ်နာခံတဲ့ သူ့ကို သူငယ်ချင်းတွေက ချစ်ကြတယ်။ အားလုံး မနေ့ကလိုပါပဲ။ ကျွန်တော် ၀မ်းနည်းရပါတယ်။

ကိုအောင် said...

အမရေ အမဘလော့မှာ စီဘောက်မထားလို့ ဒီနေရာက
ရေးလိုက်ပါတယ်။ အမ မောင်လေးအကြောင်း ဖတ်၇တာ
အရမ်း စိတ်မကောင်းဖြစ်မိပါတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူး အကြား ရုံးပိတ်ရက်တွေမှာ ပျော်ရွှင်နိုင်ပါစေ။

khin oo may said...

last night meeting at za ni' house

26 Dec 08, 20:41
လင်း: ဟားဟား မိပြီ ဘယ်သူလဲ အပျိုကြီးလုပ်မယ်ဆိုပြီး တနဂီနွေမှာ မင်ရာဆောင်မယ်အော်နေတာ
26 Dec 08, 20:41
Boyz: သင်းထုံအေ့... လင်းထုံနဲ့ တို့နဲ့ သဘောမျှတယ်...26 Dec 08, 20:40
လင်း: မကျေနပ်ရင် လှထုံသင်း လှသင်းထုံ
26 Dec 08, 20:38
26 Dec 08, 20:40
Boyz: အောင်မြတ်လေး..ဒီထဲမှာ တော်တော် လာပေါနေတယ်... အပြင်ကလူတွေ ဖတ်မိရင် ဘယ်လို မှတချက်ချမယ် မသိ.. ဟိဟိ
26 Dec 08, 20:40
လင်း: မကျေနပ်ရင် လှထုံသင်း လှသင်းထုံ
26 Dec 08, 20:40
မဇနိ: မမဂွိက လူလည်
26 Dec 08, 20:40
kom: :ngapaw: နိနိလည်း တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်ချင်တယ်။
26 Dec 08, 20:40
လင်း: ဒီတော့ ဘွီုင်းထုံဘက်ကလိုက်မယ်
26 Dec 08, 20:40
Boyz: နောင်ဆို ထုံချင် ထုံနိုင်တယ်...။
26 Dec 08, 20:40
ပေါက်: ဟားဟား...မမကွ
26 Dec 08, 20:40
လင်း: ဟင့်အင်းဟင့်အင်း လင်းက ထုံသင်းလို့ ခေါ်တာ
26 Dec 08, 20:40
kom: မဇနိ said...မမဂွိ တိမ်တွေက လှလိုက်တာ။နိနိလည်း တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်ချင်တယ်။ December 26, 2008 12:19 PM
26 Dec 08, 20:40
Boyz: နိနိက ခိုးရာတောင် လိုက်မပြေးဘူးဆိုတော့ မထုံဘူး....။ ဟိ.. မထုံသေးဘူး ပြောတာ
26 Dec 08, 20:39
မဇနိ: :babydance:
26 Dec 08, 20:39
ပေါက်: :))
26 Dec 08, 20:39
လင်း: သင်းလှထုံဟုခေါ်တွင်စေ ပုံ လင်း ပါပါပတိ
26 Dec 08, 20:39
ပေါက်: လှထုံ...ဟုခေါ်ပါရန်
26 Dec 08, 20:39
လင်း: အတည်ပြုကြပါ မမိုးချိုသင်းအား ယနေ့ မှစ
26 Dec 08, 20:39
မီယာ: အရင်ဆုံးသိတာကတော့ လှထုံပဲ
26 Dec 08, 20:39
ပေါက်: :yone:
26 Dec 08, 20:39
Boyz: သင်းထုံက သူ့နာမည် ပါတယ်လေ... လှထုံက common ဖြစ်နေတာယ်.. သုံးစွဲခွင့် မပေးပါ
26 Dec 08, 20:38
လင်း: သင်းလှထုံ :ok:
26 Dec 08, 20:38
Boyz: မေထုံ - မေမိုး၊ သင်းထုံ - မိုးချိုသင်၊ ဆင်ထုံ-ဆင်ဒဏ်လား၊ ခင်ထုံ၊ ခင်ဦးမေ၊ ကာထုံ- KLNG၊ လင်းထုံ - လင်း၊ ပေါက်ထုံ- ပေါက်၊ မီထုံဝ မီယာ။ မွန်ချေး - mm ဟီးဟီး
[older messages]
မီယာ: ကိုယ့်ဘာသာအဆိုပြု ထောက်ခံ အတည်ပြု
26 Dec 08, 20:38
မဇနိ: လှထုံ ထုံထုံသင်း သင်းထုံ :hehehe:
26 Dec 08, 20:37
မီယာ: ကိုဘွိုင်းတရားမျှတမှုရှိလားစဉ်းစားပါ
26 Dec 08, 20:37
လင်း: သင်းလှထုံ အတည်ဖြစ်စေ ပုံ လင်းထုံ ပါပါပတိ
26 Dec 08, 20:37
kom: တို့ကအရင် လှထုံလို့ပေးထားတာပါ. အတည်ဖြစ်သင့်ပါတယ်
26 Dec 08, 20:37
ပေါက်: ခိုးရာ :salute:
26 Dec 08, 20:37
လင်း: အယ်ထုံလို့ ခိုးရာမလိုက်တာ ဟိဟိ
26 Dec 08, 20:37
မဇနိ: ဟား ဟား
26 Dec 08, 20:37
မဇနိ: နိနိက မထုံဘူးနော်
26 Dec 08, 20:36
လင်း: ကိုယ်ကိုင်တိုင်အဆိုပြုပြီး ကိုယ်ကိုတိုင် အတည်ပြုလိုက်တယ်
26 Dec 08, 20:36
ပေါက်: မထုံလို့ ထိုးရာမလိုက်တာပေါ့..မမရ..
26 Dec 08, 20:36
kom: သိင်္ဂီ.. TG welcome
26 Dec 08, 20:36
ပေါက်: နိနိက မထုံဘူး...
26 Dec 08, 20:36
လင်း: ဟိဟိ
26 Dec 08, 20:36
လင်း: နိထုံ နိထုံ ကျန်ခဲ့ပြီ
26 Dec 08, 20:36
kom: မဇနိရော မထုံလား
26 Dec 08, 20:36
ပေါက်: မသိဂီ င်္ရေ...နောက်ကျတယ်
26 Dec 08, 20:36
မီယာ: အပျိုကြီးလုပ်မှာတဲ့ ကိုဇနိတော့ ဆွေးပြီ :monster:
26 Dec 08, 20:36
လင်း: မီထုံက ရွှန်းမီလား
26 Dec 08, 20:36
Boyz: သင်းထုံက သင့်လျော်ပါတယ်.။ နာမည်ပေးစည်းကမ်းနဲ့ ကိုက်ညီပါတယ်...။ ကျွန်တော်ကိုယ်တိုင် ပေးထားတဲ့ နာမည်နဲ့ စည်းကမ်းပါ။ ကျွန်တော် အဆိုတင်သွင်းပါတယ်။ ကျွန်တော် ထောက်ခံပါတယ်. ကျွန်တော် အတည်ပြုပါတယ်
26 Dec 08, 20:36
kom: မေထုံက မေမိုးပါ
26 Dec 08, 20:36
မဇနိ: ထုံညီအမနာမည်ရွတ်တာ မိုးလင်းသွားပေါ့
26 Dec 08, 20:36
kom: TzAှဆီက ပဟေနိ ကိုတောင် မဖြေနိုင်ဘဲနဲ့
26 Dec 08, 20:35
လင်း: ဆင်ထုံက ဆင်ဒန်လား
26 Dec 08, 20:35
လင်း: ခင်ထုံက မမကွမ်
26 Dec 08, 20:35
လင်း: ဟာနေအုန်း မေထုံက သာမီးကိုပြောတာလား
26 Dec 08, 20:35
ပေါက်: နိနိ အပျိုကြီးလုပ်တာလဲလုပ်ပေါ့..ခိုးရာလိုက်တာလဲလိုက်ပေါ့ :walk:
26 Dec 08, 20:35
မဇနိ: အမ မသိဂီ င်္ရေ. :amour:
26 Dec 08, 20:35
kom: တို့ကမထုံဘူး. ထုံဘွိုင်းကသာထုံတာ.
26 Dec 08, 20:35
လင်း: အယ် ကိုနိသနားပါတယ် မလုပ်ရပါဘူး မနိတော့ဒုတ်ဒုတ်
26 Dec 08, 20:35
Boyz: ထုံ ရှစ်ထုံ. မေထုံ၊ လင်းထုံ၊ ခင်ထုံ၊ သင်းထုံ၊ ဆင်ထုံ၊ ကာထုံ၊ ပေါက်ထုံ၊ .. အဲ.. တစ်ထုံ ပျောက်သွားပြန်ပြီ... အော်.. နောက်တိုး အသစ်ကလေး.. မီထုံ... ဟိဟိ.. ခုနက ပျော်လွန်းလို့ဆိုပြီး ဓါးသိုင်းကနေတာ တွေ့တယ်
26 Dec 08, 20:34
tg: နိနိရေ.. အိမ်ရှင်ကို အရင်နူတ်ဆက်မှ..:bigsmile:
26 Dec 08, 20:34
MayMoe: :D
26 Dec 08, 20:34
မဇနိ: နိနိက အပျိုကြီးလုပ်မှာပါဆို
26 Dec 08, 20:34
မဇနိ: မသိဂီ င်္ရေ.
26 Dec 08, 20:34
လင်း: သင်းထုံ ထုံသင်း ဘယ်ဟာကောင်းလဲ လှထုံကဘယ်လိုဖြစ်
26 Dec 08, 20:34
ပေါက်: လင်းစ်က နိနိထက်...ပိုစောရင်စောနေဦးမှာ.. :ll:
26 Dec 08, 20:34
MayMoe: :rhypg:
26 Dec 08, 20:34
မီယာ: ထုံညီအမများ စည်းလုံးကြပါစို့
26 Dec 08, 20:33
မဇနိ: အမချိုသင်းအတွက် နာမည်ကို အတည်ပြုဖို့ ခေါင်းတိုက်ဆွေးနွေးကြပါ
26 Dec 08, 20:33
ပေါက်: မသိဂီ င်္ရေ.. :amour:
26 Dec 08, 20:33
လင်း: အာရှုပ်ကုန်ပြီ ရယောက်နာမည်ရေးပြ
26 Dec 08, 20:33
ပေါက်: ကိုဘွိုင်းဇ်..မမက..မချုသင်းကို လှထုံလို့ပဲခေါ်နေကျ
26 Dec 08, 20:33
လင်း: အော် လှထုံလား မသိပါဘူး လင်းကမထုံသင်းလေနဲ့ ခေါ်နေတာ
26 Dec 08, 20:33
tg: :disco: အော်..သူတို့က ဒီမှာကိုး.. :doll:
26 Dec 08, 20:33
မဇနိ: အားမလျှော့ပါနဲ့လင်းရယ်
26 Dec 08, 20:32
Boyz: သင်းထုံက မိုးချိုသင်းလေ.. အမ်းမားရဲ့... အမ်းမားကတော့ စံပဲ... ထုံညီအစ်မများ ခေါင်ချုပ် ပီသပါပေတယ်...။ ဟိဟိ
26 Dec 08, 20:32
kom: သူ့နာမည်သူသိတယ်
26 Dec 08, 20:32
လင်း: လင်းကတော့ မကျင်းပနိုင်တော့ဘူးလေ
26 Dec 08, 20:32
kom: သင်းထုံ မဟုတ်ဘူး. သူက လှထုံ
26 Dec 08, 20:32
ပေါက်: လင်းစ်လဲ ကျင်းပဦးမှာလား..မင်ဂလာပွဲ...
26 Dec 08, 20:32
kom: အော်
26 Dec 08, 20:32
မီယာ: :555: လာပြီကိုဘွိုင်း
26 Dec 08, 20:32
လင်း: ထုံဘယ်နှစ်ထုံလဲ ရီပြ
26 Dec 08, 20:32
kom: လင်းလဲကျင်းပသွားပါဦးလေ
26 Dec 08, 20:32
လင်း: မထုံသင်း မမိုးချိုလေ
26 Dec 08, 20:32
မဇနိ: လင်းကလည်း နေပါအုံး

26 Dec 08, 20:32
kom: သူ့နာမည်သူသိတယ်
26 Dec 08, 20:32
လင်း: လင်းကတော့ မကျင်းပနိုင်တော့ဘူးလေ
26 Dec 08, 20:32
kom: သင်းထုံ မဟုတ်ဘူး. သူက လှထုံ
26 Dec 08, 20:32
ပေါက်: လင်းစ်လဲ ကျင်းပဦးမှာလား..မင်ဂလာပွဲ...
26 Dec 08, 20:32
kom: အော်
26 Dec 08, 20:32
မီယာ: :555: လာပြီကိုဘွိုင်း
26 Dec 08, 20:32
လင်း: ထုံဘယ်နှစ်ထုံလဲ ရီပြ
26 Dec 08, 20:32
kom: လင်းလဲကျင်းပသွားပါဦးလေ
26 Dec 08, 20:32
လင်း: မထုံသင်း မမိုးချိုလေ
26 Dec 08, 20:32
မဇနိ: လင်းကလည်း နေပါအုံး
26 Dec 08, 20:32
kom: ကိုဂီ. နိုင်ပါစေ..
26 Dec 08, 20:32
ပေါက်: မမီထုံကို ကြိုဇိုပါတယ်ရှန် :amour:
26 Dec 08, 20:31
Boyz: အမ်းမားကို တီဇက်အေ မဟုတ်ဘူးလို့ ဘယ်သူက ပြောတာလဲ.. အမ်းမားရယ်... ထုံ ညီအစ်မများထဲမှာ ပါသင့်ပါတယ်..။
26 Dec 08, 20:31
လင်း: တကိုယ်လုံးကိုက်နေတယ် ။ သေတော့မယ် မနိရေ မသေခင်မင်္ဂလာဆောင်တညလေ့ မြင်သွားချင်တယ်
26 Dec 08, 20:31
kom: သင်းထုံက ဘယ်သူလဲ
26 Dec 08, 20:31
မဇနိ: လင်းရေ ကျန်းမာရေး ဂရုစိုက်
26 Dec 08, 20:31
ပေါက်: ဟုတ်ကဲ့...ကိုဘွိုင်းဇ်...
26 Dec 08, 20:31
မီယာ: ပေါက်ရေ လင့်မယ်နေယ်
26 Dec 08, 20:31
Republic: :way:
26 Dec 08, 20:31
မဇနိ: ထုံရှစ်ထုံတဲ့

26 Dec 08, 20:31
လင်း: နေမကောင်းဖြစ်တော့မလားမသိဘူး
26 Dec 08, 20:31
Boyz: ဟိ
26 Dec 08, 20:31
Boyz: ခုနှစ်ထုံ ရှိတာမှာ.. ခု နောက် တစ်ထုံ တိုးလာတယ်.. မီထုံတဲ့.. ကြိုဆိုလိုက်ကြပါ.. ထုံ ညီအစ်မများ..။ နာမည်က မိုက်တယ်နော်.. တရုတ်သိုင်းကားထဲကလို အဆိပ်ခုနှစ်ဖေါ်လို.. ထုံခုနှစ်ဖေါ်တဲ့.. အဲ.. ထုံရှစ်ထုံပေါ့လေ
26 Dec 08, 20:31
ကိုဇနိ: ဟုတ် ကိုကြီးဂီ
26 Dec 08, 20:31
ပေါက်: မမီယာကို မမဖက်နဲ့ နိနိဖက်မှာတွေ့ဖူးနေပါတယ်..မွန့်ဖက်မှာရော..
26 Dec 08, 20:30
လင်း: သင်းထုံလေးကိုဘယ်လိုခေါ်ကြမယ်
26 Dec 08, 20:30
Republic: http://www.andrebarbosa.eti.br/SimuPLC%20Eng/Termos%20e%20Condições_Eng%20410.htm ကိုနိစ် စမ်းကြည့် ရမရ မသိ ၊၊ :))
26 Dec 08, 20:30
မဇနိ: မိတ်ဆက်ပါရစေမိတ်ဆက်ပါရစေရှင့်
26 Dec 08, 20:30
လင်း: မမကိုမျက်စ်အော်ကအပျောက်မခံရင် သူကိုမျက်စိရှေ့ ထားပြီးချက်လေ
26 Dec 08, 20:30
မီယာ: mm ကိုပြောတာ
26 Dec 08, 20:30
ပေါက်: အဟီး..မမီယာ..ကျနော်လဲမိတ်ဆက်ပါရစေ...
26 Dec 08, 20:30
kom: မမွန်ကို ဖိတ်ထားပြီးပြီ
26 Dec 08, 20:30
မီယာ: ပေါက်ရေ မိတ်ဆက်ပါရစေ
26 Dec 08, 20:30
kom: ခရစ်စမတ်ပုံက TZA လဲမဟုတ်ဘဲနဲ့ကို ဘက ဘာအင်ထုတာလဲ
26 Dec 08, 20:29
Boyz: အော်.. သင်းထုံ ကျန်သွားတာ... ဟိဟိ.. သင်းထုံကတော့ ဖြစ်ရော့မယ်.. သူ့ကို အဲဗားမေ့နေတာ...
26 Dec 08, 20:29
လင်း: :badminton:
26 Dec 08, 20:29
ပေါက်: မွန်ထပြီထင်တယ်...မမဖက်မှာ ၀င်နုတ်ဆက်တာတွေ့လိုက်သလိုပဲ
26 Dec 08, 20:29
MayMoe: နံမယ်ဖျက်ကြီး ကိုဘွိုင်း

khin oo may said...

သတင်းစကာ.။
ခရီးတိုလေး ထွက်နေလို့ စာမရေးဖြစ်သေးတာ ခွင့်လွှတ်ပါ..

ဟွန်း။ ဒါနဲ့ excuse ယူနေတယ်။မသိရင်ခက်မယ်။
ပြောတော့...အားဘူး။ အားဘူး။နဲ့ ခရစ်စမတ်က ရုပ်ရှင် သုံးပွဲါကြည့်တာ မသိဘူးထင်နေသလား။

April said...

အမရဲ့ မောင်လေး အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်လည်း အဲဒီလို ခံစားချက်မျိုးကို ခံစားခဲ့ရဖူးတယ်။ အစ်ကိုက ကျွန်တော် ၁၀တန်းမှာ ဆုံးသွားတယ်လေ။ အဝေးတစ်နေရာမှာပေါ့။ မမြင်လိုက် ရပါဘူး။

ချစ်ခင်လျက်
မိုးနေ

tututha said...

အစ်မရေ မောင်တွေကိုချစ်တဲ့ အစ်မတွေပေါ့နော် ... အစ်မနဲ့ ထပ်တူခံစားလို့ရပါတယ်။ တူးမောင်လေးကိုလည်း တော်တော် သတိရသွားတယ်။

Charlene A. Carrie said...

Hi Aunty Cho Thin,

Ur posts used to be funny, especially the west brown post...But this time, I had left the blog with tears....

Thin Kyi Phyu Naing,
Ur post's fan

Nwe Oo said...

Hello ma cho thin
I always come visit your blog. I am so sorry to read this story. It must have been very difficult for you and family to have lost a very close member of family.
I hope you come back from trip safely and cheerful and write more happy stories.

မေငြိမ်း said...

ခရီးထဲရောက်နေလို့ ခုမှဖတ်ရတယ်။။
မဖတ်ချင်ဘူးကွာ။

Unknown said...

ကိုဖိုးဥာဏ် အကြောင်းကို ဘဘရေးခဲ့တဲ့ " သားကလေး .. ငှက်တစ်ကောင်" ကဗျာထဲမှာ စပြီး သိခဲ့တာပါ .. အဲ့ကဗျာလေးဖတ်ပြီး တည်းက ဝမ်းနည်းရတာ .. ခုလို ပြည့်ပြည့်စုံစုံ သိရပြန်တော့ ဆို့နင့်ပြီး စိတ်မကောင်းဘူး အစ်မရယ် .. အစ်မ အရေးအသားလေးတွေ သိပ်ညက်လွန်းတော့ မျက်ရည်ဝဲ ရတယ် ... ။