အလွမ်းတောင်တန်းများ

ဘူမိဗေဒက ကိုယ့်ချစ်သူငယ်ချင်း မိချော ရဲ့ ညီမ အငယ်ဆုံးလေး မိပ က မနေ့က ကွန်မန့်ထဲမှာ Geology တက်ဖြစ်တဲ့ အကြောင်းလေး ရေးပါအုံး တဲ့။ ကိုယ့်အဖို့မှာလဲ ငိုချင်ရက် လက်တို့ ဆိုသလို ဖြစ်နေပါပြီ။

ကေ တို့ ကိုအောင်သာငယ် တို့က ဘူမိ ကွင်းဆင်းတဲ့ အကြောင်းတွေ ရေးကြတော့ ကိုယ်ကလဲ စိတ်ကူးထဲမှာ လိပ်ပြာလေး နိုးနေချိန် မိပလဲ ရေးခိုင်းရော ဒိုင်သူကြီး ၀ီစီမှုတ်မယ်ကြံတုန်း ပြေးထွက်သွားတဲ့ ကစားသမားလို ဖြစ်နေတယ်။ ၀ီစီက မှုတ်မယ် လုပ်တုန်း ကိုယ်က ကွင်းတ၀က်လောက် ရောက်နေပါပေါ့။

ကိုယ့်ဘ၀မှာ လွတ်လွတ်လပ်လပ်နဲ့ အပျော်ရွှင်ဆုံး အချိန်တွေဆိုတာ တက္ကသိုလ် ကျောင်းတော်ကြီး တက်ရတဲ့ အချိန်တွေ ဖြစ်မယ်။ ဒါတောင် ကိုယ်တို့က နှစ်ပြည့် တက်ကြရတာ မဟုတ်ဘူး။ ၈၈မှာ ပထမနှစ်ဆိုတော့ ကျောင်းတွေက ပိတ်လိုက် ဖွင့်လိုက်မို့ ထုံ့ပိုင်း ထုံ့ပိုင်း နဲ့ ကျောင်းတက်ခဲ့ရတာ။ ကျောင်းပြီးတော့ ၉၄မှာ။

နှစ်တွေ ကြာပေမဲ့ တက်ရတဲ့အချိန်ကတော့ နည်းပါတယ်။ တက္ကသိုလ်တွေ စာသင်ကျောင်းတွေကို သူပုန်ကျောင်းတွေလို့ အစိုးရက ထင်နေတဲ့ကာလတွေမို့ ခေတ်ကြီးနဲ့အတူ ဆန်ခဲ့ရတယ်။ ဒီလောက် အချိန်တိုတိုလေးသာ တက်လိုက်ရပေမဲ့ ကျောင်းကြီးအပေါ်မှာ ဘူမိဌာနအပေါ်မှာ သံယောဇဉ်ကတော့ ထုနဲ့ ထည်နဲ့ ကြီးမားခဲ့ပါတယ်။

ကျောင်းသူ ကျောင်းသားဘ၀ဆိုတာ အပျော်ဆုံး၊ အလွတ်လပ်ဆုံး အချိန်တွေပဲ မဟုတ်လား။ ကိုယ်ပျော်မယ်ထင်တာတွေ လုပ်လိုက်ကြ၊ မှားမှားမှန်မှန် ဒီအချိန်မှာ ဘာမှ အရေးမကြီးသလိုပဲ။ သူငယ်ချင်းတွေ တအုပ်ကြီးနဲ့ သွားလိုက် လာလိုက်ကြ။ ကျောင်းတံခါးပိတ်တောင် အိမ်မပြန်ချင်ကြဘူးလေ။

ဒါကြောင့်မို့ ကျောင်းမှာ အားကစားပွဲတွေ လုပ်ရင် တခြားမေဂျာတွေက ပြောကြတာ ဘူမိက တောကျီးကန်း တွေတဲ့။ တယောက်ကို ထိရင် အကုန် ၀ိုင်းအာ တတ်ကြလို့ လူအမြင်ကတ်လဲ အုပ်စုလိုက် ခံရတတ်တယ်။

ဒီအထဲမှာ စာသင်တော့လဲ စာသင်ခန်းတင် မဟုတ်၊ တောထဲတောင်ထဲ Field ဆင်းရ၊ ကျောက်ထုရင်း စာသင်ရပြန်တာမို့ အပိုဆု ရသလိုတောင် ထင်မိတယ်။ အဲဒီအပြင် ပင်ပန်းဆင်းရဲတော့လဲ အတူ၊ ငတ်အတူ ပြတ်အတူ (အိမ်က ပါလာတဲ့ ပိုက်ဆံတွေ ပြတ်လပ်ကုန်လို့) နေခဲ့ကြတာဆိုတော့ တယောက်နဲ့ တယောက်လဲ ပိုပြီး ခင်မင်မိကြတယ်။

ကိုယ်တို့ မေဂျာက မိန်းကလေး နည်းတယ်။ ဒီမေဂျာရဖို့ မိုင် ၂၀ လမ်းလျှောက်ပြီးမှ ၀င်ခွင့်ရခဲ့တာဆိုတော့ သူများတွေလို နုနုငယ်ငယ်တွေ နည်းပါတယ်။ အဲဒီအထဲမှာ ကိုယ်တို့ သူငယ်ချင်း ၄ယောက် တွဲမိကြတယ်။ မိန်းကလေးအားလုံး ခင်ကြပေမဲ့ ထိုင်တော့ ဒီလေးယောက် အတူတူ ထိုင်တာမို့ ပိုတွဲမိကြတယ် ဆိုပါတော့။

မိချော တဲ့။ နိုင်နိုင် တဲ့။ စ၀တ တဲ့။ စ၀တ ဆိုလို့ တမျိုးတော့ မထင်ပါနဲ့။ န၀တ တို့ နအဖ တို့နဲ့ လားလားမှ မဆိုင်ပါဘူး။ နံမည်က စိုးဝင်းတင် ဖြစ်နေလို့ စ၀တ ဖြစ်သွားရတာ။ နင့်နံမည်ကလဲဟယ်၊ ယောကျာင်္းနံမည်လိုလို ဘာလိုလိုနဲ့ ဆိုတော့ ခါးလောက်ရှိတဲ့ ဆံပင်အရှည်ကြီးနဲ့ မိန်းမပီသတဲ့ သူငယ်ချင်းက ပြုံးရှာတယ်။

မိချော နဲ့ နိုင်နိုင်ကတော့ အရပ်က ၄ပေကျော်ကျော် ၅ပေအောက် မတိမ်းမယိမ်းလေးတွေ။ စ၀တက အရပ် ၅ပေ ၈လက်မဆိုတော့ တခုခုသွားမလို့ ဘတ်စ်ကားစီးမယ် ကြံရင် ဒတ်ဆန်း အပုကားဆို စ၀တက သူမစီးချင်ဘူး၊ သူ့ကိုယ်ကြီး ခွေခေါက်ပြီး ငုံ့ရလို့။ ဟီးနိုး ဒေ၀ူးကားကြီးဆို မိချောနဲ့ နိုင်နိုင်က မစီးချင်ဘူး။ ကား လက်ကိုင်ကွင်းကို မမီတော့ ကားဘရိတ်အုပ်ရင် ကားရှေ့ကို လွင့်လွင့်သွားလို့။ ကိုယ်ကတော့ ၅ပေ ၃လက်မဆိုတော့ ဘာကားလာလာ အိုကေတယ်။ J

ပြောရရင်တော့ သတိရစရာတွေ အများကြီးပေါ့လေ။ တတိယနှစ် ကွင်းဆင်းတော့ ကျောက်ဆည် ကုလားကျောင်းမှာ ကွင်းဆင်းရတယ်။ ပထမဆုံး ကွင်းဆင်း အတွေ့အကြုံဆိုတော့ စိတ်လှုပ်ရှားမိတာပေါ့။ ပျော်လဲ ပျော်၊ ပင်လဲ ပင်ပန်းတယ်။

ကျောက်ဆည် စ ရောက်တဲ့ ညမှာပဲ ကိုယ်တို့ထဲက တင်တင်က နံမည်အသစ်ရသွားတယ်။ ညမှောင်မဲမဲ အထက ကျောင်းရဲ့ အိမ်သာကိုအသွား ကင်း က ထမိန်ထဲဝင်ပြီး ပေါင်ကို ကိုက်လိုက်လို့။ ကင်းဝင်မင်းသမီး တဲ့။ မြေကြီးပေါ်မှာ နာလွန်းလို့ လူးနေတဲ့ တင်တင့်ကို ကြည့်ပြီး သနားလိုက်တာ။ အိမ်သာကို မသွားရဲကြတော့လို့ ဒုက္ခအတော်ရောက်ရသေးတယ်။

အဲဒီတုန်းက ညည ကျရင် ခြင်ထောင်ထဲမှာ ဖယောင်းတိုင်မီးထွန်းပြီး ကွတ်ကီးနဲ့ အအေး သောက်ကြတဲ့ ခြင်ထောင်ပါတီလဲ ရှိသေးတာ။ တနေ့လုံး ပင်ပန်းသမျှ ပြန်ပြောကြတာပေါ့။ ပင်ပန်းတာတွေ စိတ်အခန့်မသင့် ဖြစ်တာတွေ ခြင်ထောင်ထဲမှာ မိန်းကလေးတွေ တိုးတိုး တိုးတိုးနဲ့ ရင်ဖွင့်ကြတာပါပဲ။ ဆရာမက မအိပ်ကြသေးဘူးလား ဒီကောင်မလေးတွေ..လို့ ပြောမှ အလျှိုလျှို ခြင်ထောင်ထဲက ထွက်ကြတာ။

ကိုယ်နဲ့ စ၀တ က အတူတူအိပ်တယ်။ သူဆံပင် အရှည်ကြီးက သန်ပြီး မွှေးနေတာပဲ။ ကိုယ်က သူ့ဆံပင်တွေကို ကိုင်ရင်း အိပ်တယ်။ သဘောကျလို့။ နောက်ပြီး ကိုယ်က ငပျင်း။ မနက်အစောကြီးထ ကိုယ့်ဂျူတီဆို သောက်ရေအိုးတွေ ဖြည့်ပြီးမှ အ၀တ်အစားလဲ တောထဲ ဆင်းရတာမို့ မနက်ပိုအိပ်လို့ ရအောင် တခါတည်း ၀တ်စုံပြည့် ၀တ်ပြီး အိပ်တယ်။ တခါတလေ ဘွတ်ဖိနပ်ပါ ၀တ်ရက် အိပ်မလို့ စ၀တက နင် ငါ့ကို ကန်မိမှာနော် အခုချွတ် ဆိုမှ စပ်ဖြဲဖြဲနဲ့ ချွတ်ရတာ။

စ၀တ က ကိုယ့်ကို အတော် သည်းခံရှာတယ်။ ကိုယ်က အိပ်ရင်းလဲ ယောင်သေးတာ ခဏခဏ။ အမေ၊ အမေ ဆိုပြီးတော့ တဲ့။ သူအိပ်လို့ကောင်းတုန်း ကိုယ်က အမေ အမေဆိုပြီး နှိုးတော့ သူလဲ ကြားထဲက အမေ ဖြစ်လိုဖြစ်ပေါ့။ တခါကလဲ သူ့အိပ်မက်ထဲမှာ တောင်တက်ရင်း ကျောက်တုံးပိလို့ တဲ့။ ကျောက်တုံးကြီး ကို တွန်းမရ ဖယ်မရ မွန်းလိုက်တာ တဲ့။ နိုးလာတော့ ကိုယ်က ချမ်းလို့ သူ့အပေါ်တက်ဖိပြီး အိပ်နေတာလေ။

ညရောက်လို့ အိမ်သာ သွားရင်လဲ သူငယ်ချင်းတွေ တယောက်တလှည့် လက်နှိပ်ဓာတ်မီးလေးတွေ ကိုင်ပြီး ကျောင်းနဲ့ ခပ်ဝေးဝေးက အိမ်သာ မှာ သွားရတယ်။ အိမ်သာအသွားလမ်းမှာ သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုကြီးသာ တို့ ကိုဝင်းအောင်တို့က ဗြူးဗြဲနဲ့ ခြောက်တတ်သေးလို့ အမြဲ တထိတ်ထိတ် တလန့်လန့် နဲ့။

တယောက်အိမ်သာထဲ ၀င်တုန်း အပြင်က မှောင်ကြီးထဲ တယောက်တည်း မစောင့်ရဲ ပြန်တော့ အိမ်သာထဲ နှစ်ယောက်စလုံးဝင် တယောက်က ဟိုဖက်လှည့်ပြီး သီချင်းဆိုနေတတ်တယ်။ ရဲဆေးတင်ရင်း သီချင်းဆိုကြတာလေ။ အဲဒီလောက်ထိ ချစ်ခင် ရင်းနှီးခဲ့ကြတာ။

ကိုယ့်အုပ်စုနဲ့ ကိုယ် တောထဲ တောင်ထဲ ကျောက်တွေ တိုင်းရရင်တော့ ကိုယ်တို့ရဲ့ ပျော်ရွှင်မှုက ဓာတ်စက်သံပါပဲ။ တောင်ပေါ်မှာ ကျောက်ထုရင်း ဓာတ်စက်သံကို နားစွင့်နေမိတာ။ တွံတေးသိန်းတန်များ ဟစ်လိုက်ရင် တခါတည်း ပြုံးသွားတာ။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်စက်သံကြားရင် အလှူရှိတယ်လေ။

ဒါဆိုရင် ထမင်းဗူး ဟန်းကောလေးတွေ ကိုင်ပြီး အသံရှိရာ ချီတက်ကြတော့တာပါပဲ။ ဘုန်းကြီးကျောင်း တွေ့တာနဲ့ ပုဆိန်ပေါက် ဦးချပြီး ရီပြလိုက်ရင်ပဲ ဘုန်းတော်ကြီးက ဒီကျောင်းသားတွေကို ကျွေးလိုက်ကြပါဟေ့ တဲ့။ ဘယ်နှစ်ဖွဲ့များ ကိုယ်တို့ရှေ့မှာ ဒီလိုစားခဲ့ဖူးကြလို့ ကျောင်းသားတွေ မြင်ရင် ဒီလောက် ဓာတ်ပေါက်နေရပါလိမ့်။


စားပြီးသောက်ပြီး ကိုရင်များနဲ့ ပြုံးပြုံးရွှင်ရွှင်
ပြီးရင် ပါလာတဲ့ ပိုက်ဆံလေးတွေ စု၊ ဘုန်းဘုန်းကျောင်းကို တတ်အားသမျှ လှူခဲ့ကြတာပေါ့။ စားတုန်း ဘေးမှာ ကိုရင်လေးတွေရော၊ ရွာကလူတွေရော ၀ိုင်းအုံပြီး ကြည့်လို့။ စားလို့ ပြီးရင် ထန်းညှက် တခဲ ရေနွေးကြမ်းတအိုးနဲ့ ဧည့်ခံရင်း စကားစမြည် ပြောကြသေးတာ။

ကိုယ်တို့ရဲ့ Field in charge ဆရာမက နှစ် နှစ်စလုံး ဆရာမဒေါ်ကျော့မင်းဌေးပေါ့။ တပည့်တွေကို သိပ်ချစ်၊ သိပ်နားလည် တတ်လို့ ကိုယ်တို့လဲ ပင်ပန်းခက်ခဲတဲ့ကြားထဲက ပျော်ရွှင်ခဲ့ရတာပါ။ ကိုယ်တို့ ကွင်းဆင်းတော့ ပါမောက္ခ ဆရာ ဒေါက်တာ ဦးသိန်းကိုယ်တိုင် လိုက်ပေးခဲ့တာ။ ဆရာ့ကို ကိုယ်တို့က ကွယ်ရာမှာ ခေါ်တာ ကျောက်ဆရာကြီး တဲ့။ ယရစ်နဲ့ ကြောက်တဲ့ ကြောက်စရာ တော့ မဟုတ်ဘူး။ ကျောက်တွေကို ထုံးလိုခြေ ရေလိုနှောက် သိလွန်းလို့ ကျောက်ဆရာကြီးလို့ ခေါ်တာ။ ဆရာ့ကို တပည့်အားလုံးက ချစ်ကြတာပဲ။

ဒီအကြောင်းတွေ ပြန်တွေးမိရင် ကိုယ်အလွမ်းဆုံး အချိန်တွေက ကျောင်းစာတွေလုပ်ပြီးလို့ ညဦး သီချင်းတွေ ဆိုကြတဲ့ အချိန်တွေပါပဲ။ ယောကျာင်္းလေးတွေက ဂစ်တာတီး၊ မိန်းကလေးတွေကလဲ တခါတလေ ဆိုကြတယ်။ ဆရာမလဲ အင်္ဂလိပ်သီချင်းတွေ အဆို အရမ်းကောင်းတာ မှတ်မိနေတယ်။ ဆရာ တပည့်တွေ လွတ်လွတ်လပ်လပ် ဆိုကြ တီးကြ တာပဲ။

ကိုယ်ကတော့ နားထောင်သမား။ ဂစ်တာအတီးကောင်း အဆိုကောင်းတွေက ကိုဝင်းအောင် တို့ ကိုနေလင်းတို့။ ခင်မောင်တိုး သီချင်းတွေ ခင်ဝမ်းသီချင်းတွေ ဆိုကြတာ များတယ်။ မိန်းကလေးထဲမှာ ယဉ်ယဉ်က အသံသိပ်ကောင်းတယ်။ အဲဒီသီချင်းတွေ အခုအချိန် ပြန်ကြားရင် အမြဲ မျက်ရည်ဝဲမိတယ်။ ဒီလိုအချိန်တွေ ပြန်မရနိုင်တော့ဘူးလေ။

တနေ့ကတော့ အိပ်မက်တောင် မက်တယ်။ အိပ်မက်ထဲမှာလဲ အခု လက်ရှိ အရွယ်တွေပါပဲ။ ကိုယ်တို့ သူငယ်ချင်း လေးယောက် ပြန်ဆုံကြတယ် တဲ့။

မိချောက သူ့သမီးလေးကို ချီလို့၊ ဒါက နင်သွားပြီးမှ မွေးတဲ့ အငယ်မလေးလေ တဲ့။ ငါ စုနန္ဒာအောင်လို့ နံမည်ပေးထားတာ တဲ့။ သမီးက အမေကို သိပ်ကပ်တယ်တဲ့။
နိုင်နိုင်ကတော့ သားကစ် ကို ကျောင်းသွားကြိုရအုံးမှာ တဲ့။ နိုင်နိုင့် ထုံးစံအတိုင်း ငါ့သားကစ်ကလေးက ချစ်စရာလေးနော် လို့ တပြောတည်း ပြောနေတုန်းပဲ။
စ ၀ တ ကတော့ ပြုံးလို့။ သူက အခုတော့ သဘောကောင်း ရုပ်ချော တဲ့ အပျိုကြီး။ ဆံပင်က ခါးထိဖြောင့်စင်းပြီး ရှည်နေတာကို ဖြတ်ပစ်လိုက်လို့ ကိုယ့်မှာ နှမြောလိုက်တာ။

နိုးလာတော့ ကိုယ့်ပါးပြင်မှာ မျက်ရည်တွေနဲ့ စိုစွတ်လို့॥။ ဟိုး…..အဝေးက ခင်မောင်တိုးရဲ့ ဒဏ္ဍာရီ သီချင်းသံ တိုးတိုးလေးလဲ ကြားလိုက်မိသလိုပဲ။

မိုးချိုသင်း

45 comments:

MANORHARY said...

ချိုသင်းရေ
လွမ်းစရာကြီး
မိချောကိုလည်းသတိရသွားတယ်
သူ့ကိုတွေ့တုန်းကသမီးလေးမွေးပြီးကာစလေ
သူတို့ချည်းလွမ်းနေတာ ကိုယ်လည်းလွမ်းဦးမှထင်တယ်
း)

tz said...

အစ်မ ချိုသင်းးရေ
ကျောင်းတုန်းက အမှတ်တရလေးတွေကို ဖတ်သွားတယ်
ပျော်စရာကြီးနော် field trip သွားကြတာ ဖတ်ရင်းနဲ့ ကိုယ်ပါ ပါနေသလိုပဲ ခံစားရတယ်

အစ်မရေ ဘဝဆိုတာ ဒီလိုပဲပေါ့နော့
တွေ့ ဆုံကြုံ ကွဲ ဓမ္မတာပဲတဲ့

တင်ဇာ

ခင်မင်းဇော် said...

ချင်းမိုင်က ပြန်ရောက်ရောက်ချင်း ပို့စ်အသစ်တွေ့လို့ ဖတ်သွားတယ်။ ကျောင်းသားဘ၀ကတော့ လွမ်းစရာချည်းပါပဲ ချိုသင်းရယ်...
ပြန်မရနိုင်တော့တဲ့ ဘ၀တွေနော်...

Unknown said...

who can forget this sweet memory in our life? I miss all of my friends and my university as well. Moreover, I luckily got the hostle life in my student life, so i can't forget my student life which made me happy and mature.
For current university, oh, i hate it becoz i have comprehensive exam tomorrow :(

yehtutnaung said...

မမိုးချိုသင်းတို့ ကျတော့ ကျောင်းသားဘ၀ အမှတ်ရစရာ တွေနဲ့ အပြည့်။
ကျွန်တော်တို့ ကျတော့လည်း စိတ်နာစရာတွေနဲ့  အပြည့်။
တက္ကသိုလ် life ကို အဲလိုမျိုး ပျော်ပျော်ပါးပါး ဖြတ်သန်းခွင့် မရခဲ့ပါလားဗျာ။
အမှတ်ရစရာတွေ ဖြန့် ဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ

ကိုအောင် said...

လွမ်းစရာကောင်းတဲ့ အလွမ်းတောင်တန်းများအကြောင်း
လာဖတ်သွားပါတယ် အမရေ၊ အားပေးလျက်ပါ။

May Sithu Aung said...

ကျေးဇူးပဲ အမရေ။
ယောက်ကျားကိုပြောရသေးတယ် "တွေ့ လား ကျုပ်တောင်းဆိုလိုက်တာကျုပ်နံမယ်blogထဲပါလာပြီလို့" ဟီဟိ
မိချောက field trip သွားကြပြီးပြန်ရောက်တိုင်းပြောပြနေကြမို့ ကိုယ်ပါ ပါသ လိုပဲ ခံစားခဲ့ရတယ်။ Geology ကသူနဲ့ same batch ဆိုရင် တော် တော် များများကို မမြင်ဖူး ဘဲ သိနေခဲ့တာ။
field ဆင်းရတာပျော်စရာကြီးနော်။
ပုသိမ်သူ မရွေထား ဘာညာဆိုပြီး ရေးကြတဲ့ အမတို့Geology မှာ ထုတ်တဲ့ လက်ရေးနဲ့ရေးတဲ့စာစောင်လေးအကြောင်းလဲဖတ်
်ချင်သား။ ဟဲဟဲ
ချစ်တဲ့ မိပ။

ဇနိ said...

အင် အမချိုသင်းက သူငယ်ချင်းကို တက်ဖိထားတာတဲ့။ ရက်စက်လိုက်တာ။ ကြောက်လို့ အိမ်သာထဲလည်း အတူဝင်ဆိုပဲ။ ရယ်လိုက်ရတာ။ အားကျစရာလည်းကောင်း။ ပျော်စရာလည်းကောင်း။ လွမ်းစရာလည်းကောင်းတယ်နော် အမတို့ကျောင်းတက်ခဲ့ရတာ။
နိနိ

Anonymous said...

အမရေ ကျနော်လည်းGeology ကျောင်းသားတယောက်ပါပဲ..ကိုအောင်သားငယ်ရဲ့အလွမ်းတောင်တန်း။ပန်းတပွင့်ကိုလည်းဖတ်ခဲ့တယ်...ခုလိုဖတ်ရတော့လည်းField ဆင်းခဲ့တာတွေကိုသတိရမိတယ်..
Geology ကျောင်းသားဘ၀ကဘာနဲ့မှမလဲနိုင်ပါဘူးဗျာ...ကျနော်လည်းကျနော်တို့Field ဆင်းခဲ့တာတွေကိုကျနော့်ရဲ့ဘလော့မှာရေးထားပါတယ်...လာလည်ပါအုံးhttp://khanalaymyar.blogspot.com
အမကိုတော့ကျနော်ဟိုတလောကDVB အစီအစဉ်မှာတွေ့ဖူးပါတယ်.....

လင်းဒီပ said...

သူငယ်ချင်းတွေ ညည စုသောက် အဲလေ..စုပြီး သီချင်းဆိုရတဲ့အရသာ လွမ်းတယ်ဗျာ...

ATN said...

ဟော... နောက်ဆုံးတော့ ရေးပြီ... ဟေ့...း)

ဒါမဲ့ သည်လောက်နဲ့တော့ မရဘူး...
ဇာတ်လမ်းလေးတွေလည်း ပါရဦးမယ်လေ...
မရဘူး... နောက်တပုဒ် ထပ်ရေး... ဒါပဲ....း)

Unknown said...

ကျောင်းသားဘ၀က လွမ်းစရာကြီးနော်။
မချိုသင်းကို တောင်းဆိုထားတဲ့
မပရေ..
ကဗျာတွေ မရေးတော့ဘူးလား။
ချစ်သော...
တစ်စုံတစ်ယောက်.။

သက်ဝေ said...

ချိုသင်းရေ...
ပျော်စရာကြီး... နှစ်ခေါက်ဖတ်သွားတယ်.. သူငယ်ချင်းတွေ အကြောင်း
နောက်ထပ်များများ ရေးပါအုံးနော်...

** မပ ကိုပြောလိုက်ပါ...
ဘလော့ဂ်လုပ်ပါ...
ကဗျာတွေ စာတွေ ရေးပါလို့...

kay said...

ဝေးဟေးဟေး..
သူရေးပီဟေး။ ဒါလောက်နဲ့ဘယ်ရမလဲ..
ပုံတွေလဲ တင်အုံး။
မချော နဲ့ မနိုင်.. ခြင်ထောင်ထဲမှာ..(တိုးတိုး )၂ နဲ့ နင်မင်္ဂလာဆောင်ရင်..ငါဟိုအရောင်လေး ၀တ်မယ်.. နင့်ကျ ဒီအရောင်လေးဝတ်..ဆိုပီး..ပြောနေတာ..ကြားလို့ ၀ိုင်းစ ကြတာ.. မိုးကုတ် ဖီးလ်မှာတုန်းက..သတိရတယ်။
မစ၀တ ..အရမ်းချစ်တယ်။ အပျိုကြီးပဲလား..။
အဲဒီ နှစ်က..အမ တွေ အကုန်ချောတယ်..ချစ်စရာကောင်းတယ်။

(မိပရေ- မချော..ကို ဘလော့တွေ ဖတ်ခိုင်းလေ)း)

သက်ပိုင်သူ said...

မမရေ... စာတွေ မွှေနှောက်ပီးတော့ ဖတ်သွားတယ်.. ကျွန်တော့်ဆီလည်း လာလည်ပါဦးနော်... မနော်တို့လည်း ရောက်နေပီ

RePublic said...

ဖတ်ရတာ ကြည်းနှူးလွမ်းဆွတ်ဖွယ် ကောင်းတယ် ၊ မင်္ဂလာပါ အစ်မ MCT ၊၊

P.Ti said...

အမရေးတာဖတ်ရတာနဲ့တင် ပျော်စရာကောင်းနေပြီ...

အမတို့တွေရေးတော့ ကျွန်တော်လည်း ရေးချင်လာပါပြီ...

Phyo Evergreen said...

တောင်တန်းတွေက တကယ်လို့လွမ်းဖို့ကောင်းပါတယ်.. အန်တီချို..။

strike said...

စားပြီးသောက်ပြီး ကိုရင်များနဲ့ ပုံဆိုထဲကသဘောပေါက်
လိုက်ပါတယ်။ :P

ပုံရိပ် / Pon Yate said...

အစ်မရယ် ဖတ်ပြီး မကြုံဖူးတဲ့ အတွေ့အကြုံကို လွမ်းသွားတယ်။ အစ်မ စာရေးကောင်းတာလေ။ ဒါနဲ့ ခေတ်ကြီးနဲ့ အတူဆန်ခဲ့ရတယ် ဆိုတဲ့ အသုံးအနှုန်းလေးကို တော်တော် သဘောကျမိတယ်။

ဆောင်းယွန်းလ said...

တခါပြန်မရနိုင်တော့တဲ့ ဘဝတွေကို အိပ်မက်ထဲမှာပြန်မက်နေရရင်တောင် ဝမ်းသာကြည်နူးမဆုံးနိုင်စရာပါ မချိုသင်းရေ...

Kaung Kin Ko said...

ကျောင်းသားဘဝလေးက ဘဝမှာ အချိုမြိန်ဆုံး အချိန်လေးတွေပဲနော် အစ်မ။

khin oo may said...

ဖတ်

May Sithu Aung said...

အစ်မ မိုးချိုသင်းးရေ
comment ရေးမိမှပဲ ကိုယ်နဲ့ သိတဲ့လူတွေ တွေ့ ကုန်ပြီ။
G ၊ သက်ဝေ နဲ့ ကေ တို့နဲ့ သိတယ်ထင်တယ်။
ဘယ်သူတွေလဲဟေ့ သိချင်ပါဘိ။
မိပ။

Rita said...

ဘာရေးရေး ကောင်းနေတော့တာပါပဲလား အစ်မရယ်
:)

(PS နာမည်ပြောင်းထားတယ်)

khin oo may said...

ုkom: အိမိလိုက်ရျင်းပြလိုက်ဦးမှပါဘဲ

26 Feb 09, 11:15 PM
ုkom: စိတ်ကူးပေါက်ရာ ပြောသွားတာကို ပြောတာပါ။ ဘယ်သူက သူ့ကြောင်ကလေးကို စားရက်ပါ့မလဲလိဲူ့

26 Feb 09, 11:15 PM
ုkom: မိုးချိုသင်းရယ် ရုပ်ကုန်ပါပြီး ငဖြီးစ် ဆိုတာ တို့ဒါတ်ပုံ ရိုက်ထားနဲ့ အမ်အာတီ ကို ကလန်မန်တီးလို့ စိတ


မိုးချိုသင်း။
ငဖြီးစ် ဆိုတာ တို့ပိုစ်ထဲက MRT ကို မိုးချိုသင်းက clementi လို့ပြောသွားတာကို ပြောတာပါ။
ဘယ်သူက သူ့ကြောင်ကလေးကို နောက်ရက်ပါ့မလဲ ချိုသင်းရယ် စိတ်မဆိုးနဲ့နော်။

သက်ဝေ said...

ချိုသင်းရေ...
မမကို ရဘူး ရဘူး ရှိတ်ရှိုးမှာဘဲ လို့သာ ပြန်ပြောလိုက်...
အင်း...ကြားသုံးကြားထဲက
တစ်ကြားကြားတော့ ၀င်မိလေပြီ...
(နောင်တရသော လေသံလေး ဖြင့်ပြောသွား...)
*** ချိုသင်းရဲ့ ညောင်ညောင်ကောင်လေး သေသွားတာ စိတ်မကောင်းပါ...

စူး said...

အမရေ...ပျော်စရာကြီးးးးးးးးးးးးးးးးး

အဲလိုလေးတွေများများရေးပါ။ ဒီလိုအတွေ့အကြုံတွေဆိုတာ ဘဝမှာ ၂ခါ ပြန်မရဘူးနော့်..။


လွမ်းစရာလေးတွေ

Sein Lyan Tun said...

ပျော်စရာလေးတွေကို အခုချိန်ပြန်ဖတ်ရတော့
ကိုယ်တိုင်မပါဝင်ခဲ့ရပေမယ့်
ကိုယ်စားလွမ်းလို့ တော့ရပါတယ်..
အလည်ရောက်ပါတယ်အမ..
ပထမဆုံးပါ..
လာလည်မယ်..
ဖတ်စရာတွေအများကြီးကျန်သေးတယ်..

Nay Lin said...

ဝင်မပါတော့ဘူးလို့စဉ်းစားထားတာ..ကျောက်ဆည်ဆို
တာနဲ့...ငါဖော်တော့မယ်..:)
ငါရယ်..Roll one မြသီတာ..ပွင့်ဖူးလွင်ရယ်..နာမည်ကြီး
မိုးချိုသင်းကြောင့်ထမင်းတနပ်ငတ်ခဲ့ဖူးပါတယ်..:)
်field ထဲမှာတစ်နေ့..ငါတို့groupထဲကဆရာသမား
တယောက်(သိချင်ရင်တိုးတိုးမေး)က
နင် နဲ့ group အတူတူမကျလို့ဆိုပြီး..
ထမင်းစားချိန်ရောက်ခါနီးမှ..တောင်ပေါ်ကနေ ထမင်းဘူးတွေသွန်လိုက်တယ်ဗျာ..(ဝေဘူတောင်စောင်းပေါ်ကလိမ့်ဆင်းသွားတဲ့
ဘဲဥတွေအခုထိသတိရနေတုန်း)..:)
သူ့ကိုမေးတော့ဥာဏ်ကြီးရှင်က..ဘယ်လိုဖြေတယ်ထင်တယ်မှတ်လဲ..
တောင်ပေါ်မှာထမင်းငတ်ရင်. camp မြန်မြန်ပြန်ရမယ်..
ဒါဆို..သူ့ကြီးဒေါ်နဲ့တွေ့ရမှာဆိုပဲ..

ငါ့မှာဟိုမျက်နှာသေးသေး၂ခုကိုကြည့်ပြီး..ဆာဆာနဲ့"အမယ်မင်း" ဆိုပြီးဘဲဥတွေနောက်လိုက်သွားခဲ့ချင်ဘူးပါတယ်...

နောက်တယောက်ကချောချော...
ညဆိုဂီတာတီးနေရင်လာပြီ..ဒီကကောင်ကခိုးသောက်ထားတဲ့
အရှိန်လေးနဲ့ယူတော့မယ်ဆိုတာနဲ့
ရင်ဖွင်တော့တာ..
ငါ့မှာလည်းစကားပြတ်ရင်ပြီးရောဆိုပြီး..
အချစ်ဆိုတာအသွားအပြန်ရှိတယ်..မှန်ထဲကအရိပ်တောင်ကိုယ်ပြုံးရင်ပြန်ပြုံးပြတယ်..ဘာညာပြောပြီးရွီးလွှတ်တာ...:)
မရပါဘူး..နောက်နေ့ေ၇ာက်တာနဲ့
တအားဂျီတော့တာ..
ငါ့မှာ ကိုသီ ကို လက်ဖက်ရည်တိုက်ရတာနဲ့..ဘေးထိုးပေးရတာနဲ့..ကြူရတာနဲ့..ကံကောင်းလို့မညားတာ..ဟားဟား
အခုတော့ခလေး၂ယောက် နဲ့:)

အားရင်ဆက်သွယ်ပါလို့..ချောချောညီမရေ..

ကိုနေလင်း :)

လင်း said...

အပျင်းကြီးပြီး ညထဲက ၀ိတ်စုံပြည့်ဝတ်အိပ်တယ်တဲ့.
ဟီးဟိး အမသူငယ်ချင်းတွေက အမကိုသိပ်ချစ်မှာနော်။ လင်းတို့ တောင်အမစာလေးတွေဖတ်ပြီး ချစ်နေတာ။

khin oo may said...

kom: http://amhattaya.blogspot.com/2009/02/blog-post_27.html လင်းဆီက ကွန်မကတွေ သွားဖတ်ပေး .ရယ်မိတယ်။

မမသီရိ said...

ပို့စ်လေး ကတော့ ဖတ်လို့ ကောင်းပြီးသား..
စာရေးသူ အတွက် ဖတ်သူ တွေက ပါ ကူလွမ်း...
...
ပိုပြီး စိတ်ဝင်စား စရာကောင်းတာ က comment လေးတွေ...း)..
Geology ဆင်းတွေ တယ်များ သကိုး....း)
ပျော်စရာကြီးနော်....း)...
တို့တွေ Geology မယူခဲ့ ရတာ
ဝမ်းနည်းသလို တွေ့ လာပြီ....း)........

JulyDream said...

အမှတ်တရတွေကို သတိရဖွယ်ဖြစ်အောင် ရေးထားတာကို အလွမ်းဓါတ်ခံတွေ ရောစပ်ပြီး ဖတ်ရှုသွားပါတယ်။

Unknown said...

ကိုကို အကျော်နဲ့ ဘယ်လိုများ တွေ့ခဲ့လဲဆိုတာလေးရော..
ဆွတ်ပျံ့ဖွယ် ဇာတ်လမ်းလေးကို သိချင်လိုက်တာ
ဝက်သားဒုက်ထိုး ဆိုင်မှာ တွေ့တာတော့ မဖြစ်လောက်ပါဘူး
ပြောလို့တော့ မရဘူး သူက အစားမက်မက်ရယ်။
:D

May Sithu Aung said...

ကြောင်ဘယ်တုန်းကသေသွားတာလဲဟင်။ အိမ်ကကောင်လည်း ဝမ်းလျှောနေလို့၊
သနားပါတယ်။

ယောနသံစင်ရော် said...

အမရေ.. ရောက်ဖြစ်ပေမဲ့ ခြေရာချန်မထားမိခဲ့ဘူး။
ဘူမိမှာက အချစ်ဆုံးသူငယ်ချင်းရှိတော့ Field trip သွားရင်ဘယ်လိုပျော်စရာကောင်းကြောင်းတွေ ကြားဖူးတယ်။ ... ခုလိုဆိုတော့လည်း လွမ်းရတဲ့အဖြစ်လေးတွေပေါ့နော်....။
(ကဗျာဆရာကလည်း သတိရကြောင်းပါတဲ့။)

ယောနသံစင်ရော် said...

အမရေ.. ရောက်ဖြစ်ပေမဲ့ ခြေရာချန်မထားမိခဲ့ဘူး။
ဘူမိမှာက အချစ်ဆုံးသူငယ်ချင်းရှိတော့ Field trip သွားရင်ဘယ်လိုပျော်စရာကောင်းကြောင်းတွေ ကြားဖူးတယ်။ ... ခုလိုဆိုတော့လည်း လွမ်းရတဲ့အဖြစ်လေးတွေပေါ့နော်....။
(ကဗျာဆရာကလည်း သတိရကြောင်းပါတဲ့။)

မေအောင် said...

ကူလွမ်းသွားကြောင်းပါ...

happyquake said...

တကယ့်ကို အလွမ်းတောင်တန်း တွေပါဘဲဗျာ..
အမရဲ့post ကိုဖတ်ပြီး..ဆင်းခဲ့ဖူးတဲ့ Geol Field Trips တွေကို တဝေ့လည်လည် တွေးမြင်ရင်း....မန္တလေးဆောင်...တောင်ငူကင်တင်း..အမိတက္ကသိုလ် ကြီးတို့ ကိုပါတဆက်တည်းလွမ်းမိပါတော့သည်.....

တန်ခူး said...

ချိုသင်းရေ… အမခေါင်းကိုက်နေတုန်းက တင်တဲ့အကြွေးတွေ ခုမှ လိုက်ချေနေတာ… ဒီပို့ စ်လေးဖတ်ပြီး အရမ်းလွမ်းမိတယ်… အမတို့ လဲ ကျောင်းတုန်းက ၄ ယောက်တွဲခဲ့တာ… ဘူမိဗေဒက ပျော်စရာကြီးနော်… အဲဒီလို ဖီးလ်တွေဘာတွေ သိပ်ဆင်းချင်တာ… ဒါပေမယ့် ကိုယ့်မေဂျာက မျက်စိနဲ့ မမြင်ရတာတွေကို စိတ်မှန်းနဲ့ လေ့လာနေရတော့ ဘယ်မှလဲမသွားရ… ဂေါက်တောက်တောက်ဖြစ်နေတာပဲ… ဘာပဲဖြစ်ဖြစ် ကျောင်းသားဘ၀ကတော့ ဘ၀ရဲ့ရွှေရောင်နေ့ ရက်တွေပေါ့….

မေ့သမီး said...

အစ်မရေ ပျော်စရာကြီးနော်။ အခုကျတော့လည်း.....။

Unknown said...

အမရေ စာတွေဖတ်ပေမယ့် ကော်မန့် မေ၇းဖြစ်ခဲ့ ဘူး ဒီစာလေးကိုပြန်ဖတ်ပီး ကော်မန့်ေ၇းခြင်လာတယ်

အိမ်သာထဲကိုတူတုဝင်ကြတာ ညီမတို့ က ညီအမ ၂ ယောက် ငယ်ငယ်က အိမ်သာထဲကို ၂ ယောက်အတူတူဝင်တာ ညဘက်ဆိုကြောက်လို့ 
နောက်ကျောင်းတတ်တော့ အဆောင်မှာ တယောက်က အိမ်သာလိုက်စောင့် ပေးရင် အပြင်နဲ့ အတွင်းစကားပြောကြတယ် အသံပေးနေကြတာပေါ့ တကယ်တော့ ကြောက်လို့ အားပေးနေကြတာ

အမှတ်တ၇တွေ ပြန်သတိရသွားတယ်

Unknown said...

အမရေ စာတွေဖတ်ပေမယ့် ကော်မန့် မေ၇းဖြစ်ခဲ့ ဘူး ဒီစာလေးကိုပြန်ဖတ်ပီး ကော်မန့်ေ၇းခြင်လာတယ်

အိမ်သာထဲကိုတူတုဝင်ကြတာ ညီမတို့ က ညီအမ ၂ ယောက် ငယ်ငယ်က အိမ်သာထဲကို ၂ ယောက်အတူတူဝင်တာ ညဘက်ဆိုကြောက်လို့ 
နောက်ကျောင်းတတ်တော့ အဆောင်မှာ တယောက်က အိမ်သာလိုက်စောင့် ပေးရင် အပြင်နဲ့ အတွင်းစကားပြောကြတယ် အသံပေးနေကြတာပေါ့ တကယ်တော့ ကြောက်လို့ အားပေးနေကြတာ

အမှတ်တ၇တွေ ပြန်သတိရသွားတယ်

tin min htet said...

အခုပြန်ဖတ်တော့ အခုပဲ စဝတကို သနားနေတုန်း။ ခဗျာမှာ ကျောက်တုံးပိတယ်တောင် အိပ်မက်မက် ရှာတယ်။ :P