သံသယကျွန်းသူ

ဒီနေ့ လူ့အသိုင်းအ၀ိုင်းမှာ၊ လူတယောက်နဲ့ တယောက် ဆက်ဆံရာမှာ တဦးကို တဦး အပြန်အလှန် ယုံကြည်မှု လေးစားမှုဆိုတာ တကယ် လိုအပ်ပါတယ်။

သူ့ကိုတော့ ယုံကြည် စိတ်ချရတယ်၊ သူကတော့ ဒီလို ဘယ်တော့မှ လုပ်လိမ့်မယ့်သူ မဟုတ်ဘူး စတဲ့ ယုံကြည် စိတ်ချခြင်းမျိုးတွေ ကိုယ်ကလဲ ပေးချင်တယ်၊ သူများဆီကလဲ မျှော်လင့်ချင်မိတယ်။

နောက်ကျောမလုံတဲ့ သံသယများတဲ့၊ စိုးတထိတ်ထိတ် ဖြစ်ရတဲ့ အဖြစ်မျိုးတွေ ဘယ်တော့မှ ကိုယ်မလိုချင်ခဲ့ဘူး။ အမြဲပဲ ယုံကြည်စိတ်ချ ချင်နေမိတယ်။ ဒါဟာ လူတွေရဲ့ စကားတခွန်းကို အကြိမ်ကြိမ်ပြောဆိုတတ်တဲ့ ဂတိတွေထက် တန်ဖိုးထားချင်နေမိတာလားတော့ မပြောတတ်ပါဘူး။

ကိုယ်ငယ်ငယ်က ၀တ္ထုလေးတပုဒ်ရေးဖူးတယ်။ အဲဒီတုန်းက ရှုတ်ထွေး ပွေလီ ပရိယာယ်များတဲ့ လောကကြီးထဲ တိုးဝင်ခါစ အရွယ်။ လောကကြီးကို တအံ့တသြ စူးစမ်း ချောင်းကြည့်မိတဲ့ အရွယ်။ မိဘရင်ခွင်ကနေ လောကထဲကို ခြေတလှမ်း မရဲတရဲ စလှမ်းတဲ့ အရွယ်။

အဲဒီတုန်းက ကိုယ်နေခဲ့ ကြီးပြင်းခဲ့တဲ့ ကမ္ဘာနဲ့ မတူ ခြားနားတာတွေကို ခံစားရသလို ရေးမိပါတယ်။ မဟေသီက တမျက်နှာ ၀တ္ထုတိုအဖြစ် ၁၉၉၀ ဒီဇင်ဘာမှာ ပါခဲ့တာပါ။ သံသယကျွန်းသူ တဲ့။ ဖတ်ကြည့်ကြပါအုံး။


သံသယကျွန်းသူ

ကျမ ဘ၀မှာ တချိန်တုန်းက ယုံကြည်မှုဆိုတဲ့ စကားလုံးလေး တခု ရင်ထဲမှာ အသေအချာ ရှိခဲ့ဖူးပါတယ်။
ဒါကို ယုံကြည်ကြစမ်းပါ။

ကျမ လောကကြီးကို ချစ်ပါတယ်။ ပျော်လဲ ပျော်ပါတယ်။ နောက်ပြီး အားမာန်အပြည့်ရှိတဲ့ လူငယ်တယောက်လို့ ပြောလဲ ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ လောကကြီးဟာ စက္ကန့်နဲ့ အမျှ ပြောင်းလဲ နေကြတယ်။ အဲဒီအချိန်မှာ ကျမဟာလဲ လောကကြီးထဲ နစ်မျော ပျော်ဝင်နေတဲ့ ဓာတု ပစ္စည်း တခုပဲပေါ့။

ဟိုး..ငယ်ငယ်တုန်းကပေါ့။ ကျမဟာ (ကလေးတန်မဲ့) အမြင့် ခြောက်လက်မလောက်ရှိတဲ့ ဒေါက်ဖိနပ်ကို စီးချင်ခဲ့ဖူးတယ်။ ပူဆာခဲ့ဖူးတယ်။ အဲဒီခေတ်တုန်းက တန်ဖိုးက များလှပါတယ်။ ၅၃ ကျပ်ဆိုလားပဲ။ ဒါပေမဲ့ အမေက ကျမကို ၀ယ်ပေးမယ်လို့ ဂတိပေးခဲ့တယ်။

ကျမ အမေ့ကို ယုံကြည်ခဲ့တယ်။ တကယ်လဲ ၀ယ်ပေးခဲ့တာပါပဲ။ ဒါပေမဲ့ ကျမ ဒီဖိနပ်လေးကို မပိုင်ဆိုင်ခဲ့ရပါဘူး။ ကျမထက် ဦးသူ ရှိသွားခဲ့တယ်။ အဲဒီကိစ္စအတွက် ၀မ်းနည်းမိတာကလွဲရင် မကျေမနပ် မဖြစ်ခဲ့ပါဘူး။ ထပ်လဲ မပူဆာခဲ့ဘူး။ သံသယလဲ မဖြစ်ခဲ့ဘူး။ ယုံကြည်မှုဆိုတာ အသေအချာ ရှိခဲ့ပါတယ်။

ဟိုးတချိန်က ကျမ အမက ကျမကို တနလာင်္နေ့ကျရင် အကျီ င်္ဝယ်ပေးမယ်လို့ ချော့ဖူးတယ်။ အဲဒီအချိန်ကစ ပြီး တနလာင်္နေ့တိုင်း သူကျောင်းက ပြန်လာရင် အကျီ င်္လေးရော..ဆိုပြီး မေးခဲ့ဖူးတယ်။ အဲဒီတုန်းက အမဟာ ၀င်ငွေ ရှိဖို့နေနေသာသာ မုန့်ဖိုး လက်ဖြန့်တောင်းရတဲ့ ကျောင်းသူဘ၀ပဲ ရှိသေးတယ်။

သူ့ရဲ့ အမှတ်တမဲ့ ပြောတဲ့စကားကို အတည်လို့ပဲ ကျမ မှတ်ယူခဲ့ပါတယ်။ ရမယ်လို့ပဲ သိနေခဲ့တာပဲ။ တခါမှ ရမှာ မဟုတ်ဘူးလို့ သံသယ မဖြစ်ခဲ့ပါဘူး။ ထင်တဲ့အတိုင်းပဲ၊ တနလာင်္နေ့ပေါင်း မြောက်မြားစွာကို ကုန်လွန်ခဲ့ပြီးတဲ့ တနလာင်္နေ့တနေ့မှာ မုန့်ဖိုးလေးတွေ စုထားတဲ့ အပြာရောင် အကျီ င်္လေးတထည်ကို ကျမ တကယ်ပဲ ရခဲ့တယ်လေ။

ဒီလိုနဲ့ ကျမ ဘွဲ့ရတော့ တရုံးတက် တရုံးဆင်း ဘွဲ့လက်မှတ်လေးကိုင်ပြီး ကျမ စာမေးပွဲတွေ ဖြေခဲ့ပါတယ်။ ကျန်တာတွေ သိပ်မပြောချင်ပါဘူးလေ။ နောက်ဆုံး အတွေ့အကြုံတခုကိုပဲ ပြောချင်ပါတယ်။ ကျမဟာ အရာရှိမေးသမျှ မေးခွန်းတွေကို အကုန်နီးပါး ဖြေဆိုနိုင်ခဲ့ပါတယ်။ စာတွေ့အောင်လို့ လူတွေ့ စစ်ဆေးပွဲမှာပါ။

ကျမကိုမေးတဲ့ အရာရှိတွေရဲ့ မျက်နှာမှာလဲ ကျမအပေါ် အားရမှုတွေ ရှိနေတာ ကျမ အသေအချာ ရိပ်မိခဲ့ပါတယ်။ ဒါကြောင့် ဒီအလုပ်ကို ကျမ ရရမယ်လို့ မှန်းထားမိပါတယ်။ မျှော်လင့်တာ မဟုတ်ပါဘူး။ ယုံကြည်တာပါ။
ဒါပေမဲ့ ကျမဆီကို အလုပ်ခန့်စာလေး ရောက်မလာခဲ့ပါဘူး။

နောက် ကျမ ကဗျာ စပ်တယ်။ ဒီလိုပါပဲ မတောက်တခေါက်နဲ့ပေါ့။ မဂ္ဂဇင်းတွေကို ပို့ကြည့်ပါတယ်။ မရဲတရဲနဲ့ပေါ့။ တနေ့တော့ ကျမ ကဗျာလေး မဂ္ဂဇင်းတခုမှာ အရွေးခံရပါတယ်။ အရွေးချယ်ခံရတဲ့ ကလောင်သစ်စာရင်းမှာ ကြိုဖော်ပြထားတာပါ။ ကျမအတွက် ပျော်စရာ အကောင်းဆုံးအချိန်ဆိုတာ နားလည် ခံစားမိကြမှာပါ။ ဒီလ အရွေးခံရရင် နောက်လတွေမှာ ပါတော့မှာပေါ့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ တသိမ့်သိမ့် ကြည်နူး ရွှင်ပျခဲ့ရပါတယ်။

ပထမလ..မပါပါဘူး၊ ဒါကတော့ ကျမ အရင်ရွေးထားတာတွေ ရှိမှာပေါ့လေ။ ဒုတိယလ..မပါပါဘူး။ သိပ်မှ မကြာသေးတာ၊ ဘယ်ပါအုံးမလဲ။ တတိယလ..မပါပါဘူး။ သူတို့မှာ စာမျက်နှာ အခက်အခဲတွေ ရှိနိုင်တာပဲ၊ နားလည်ရမှာပေါ့။ စတုတ္ထလ..မပါပါဘူး။ အို..နောက်လ ဆိုပါလောက်မှာပါ။

ဒီလိုနဲ့ နောက်လ နောက်လနဲ့ လပေါင်းများစွာ ကုန်ဆုံးသွားပါတယ်။ ကျမ ကဗျာလေး လုံးဝ မပါလာတော့ပါဘူး။

ကျမဘ၀မှာ တချိန်က ယုံကြည်မှုဆိုတဲ့ စကားလုံးလေး ရင်ထဲမှာ အသေအချာ ရှိခဲ့ဖူးပါတယ်။

မိုးချိုသင်း

26 comments:

ဇနိ said...

ဟုတ်တယ် အမရေ
ပြောထားပြီး ပြောထားတဲ့ အတိုင်း မလုပ်တာဟာ မကောင်းပါဘူး။
တချို့တွေများ အခုထိတောင် လုပ်ချင်ရာတွေ လုပ်နေကြပါ့ပဲ..း)

၁ နေရာရလိုက်ပြီ ထင်ပါတယ်

ရွာသားလေးဝိုင်တီယူ said...

ှယုံကြည်မှု အင်း.........ဟင့်အင်း.
ယုံကြည်မှုရှိတယ်လို့ ယုံကြည်ရမယ်.....

cohtet said...

သံသယကျွန်းသူ ဆိုတဲ့ နာမည်ကြားဖူးတယ် ထင်လိုက်တာ။ ဆက်ဖတ်တော့မှ ချိုသင်း ရေးတာပဲ ဖြစ်နေတာကိုး။

မီယာ said...

ခေါင်းစဉ်လေးက လှလိုက်တာ အမရယ်။ လွယ်လွယ်နဲ့ ကတိမပေးနဲ့ လို့ လူကြီးတွေက ဒါကြောင့် ပြောကြတာနေမှာ။ သံသယတော့ မရှိချင်ဘူး။ စိတ်ပင်ပန်းတယ်။ မီယာတော့ မယုံရင် အဝေးမှာနေလိုက်တယ်။

MyowinZaw said...

ကျွန်တော်တို့လည်းကျွန်းသားတွေပါဘဲ
ယုံကြည်မှုကြောင့် တနေ့နေ့တော့ ပန်းတိုင် ရောက်ကို ရောက်ရမယ်

kagyikhakway said...

ပေးမယ်လို့ပြောပီး...မရခဲ့တာတွေ ....
....." ငါ..နင့်ကို..သတ်ချင်တယ် "!!!!

Ko Paw said...

ရွေးကောက်ပွဲပြီးတာနဲ့ အနိုင်ရပါတီကို အာဏာလွှဲပေးပြီး စစ်တန်းလျားတွေဆီ ချက်ချင်ပြန်သွားမယ်ဆိုတဲ့ ကတိကိုရော ယုံကြည်ခဲ့ဘူးပါသလား…..း-)

Su said...

ပြောမှပြောတတ်ပလေ ကိုပေါ ရယ်
ဘာများ မယုံစရာရှိလို တုန်း
ဟီဟိ
သံသယ ဆို လို့ စိုးစဉ်းမှမရှိခဲ့ပါဘူး

LOL

pandora said...

လူကြီးတွေက အမှတ်တမဲ့ နှစ်သိမ့်ပြောပြီး မေ့သွားခဲ့တဲ့အရာတွေအတွက် ငယ်ငယ်က တော်တော်ခံစားခဲ့ရပါတယ်။ အခုရော..

JulyDream said...

ယုံကြည်မှုကို ဖောက်ဖျက်ခံရတာလောက် နာကျည်းတာ မရှိဘူး။ ခဲမှန်ဖူးတဲ့ စာသူငယ်လေးပါဗျာ။

လင်း said...

ယုံကြည်ပြီး မျှော်လင့်တာတွေ ရမလာတဲ့အခါး(

ThuHninSee said...

အခြေအနေကြောင့်လို့ပဲ ဖြေတွေးလိုက်တာ အေးပါတယ်။

MANORHARY said...

အင်း...တို့ကတော့ လူတွေကိုသံသယနဲ့ကြည့်တတ်တာ
အကျင့်ကိုပါနေလို့..မနည်းလျှော့ထားရတယ်။
ကြီးလာတော့လည်းတော်တော်များများကိုယုံပေးတာ
မျိုးမဟုတ်တဲ့တိုင် ဥပက္ခာပြုထားနိုင်လာသလိုပဲ...

ဇနိ said...

အမချိုသင်းရေ စာတိုတိုလေးနဲ့ ခံစားချက်တွေ ပီပြင်တယ်နော်။
ငယ်ငယ်က ပိုဆိုးတယ်နော် အမ။
လူကြီးတွေက ဝယ်ပေးမယ်ပြောရင် တကယ်ထင်နေတော့တာ။
အခုကြီးလာတော့ သံသယတွေများလာပြီ။
သံသယများလာတော့လည်း ပေါင်းသင်းရတာ မကောင်းဘူး။
အခုတောင် ကိုဇနိက အိတ်ဝယ်ပေးမယ်ဆို ဝယ်မပေးလို့ သံသယတွေတလှေကြီးနဲ့ နေနေရတာ။

sin dan lar said...

ပြုံးစရာမပါတဲ့ အတည်ပို့စ်လေး ဖတ်သွားပါပြီ....။
ခေါင်းစဉ်လေး အရမ်းလှတယ် အစ်မ.....။

မမသီရိ said...

ဟိုတုန်း က မဟေသီ တွေ အပိုင် ၀ယ်သိမ်းထားဖူး တဲ့ထိ မဟေသီ ပရိတ်သတ် ဖြစ်ခဲ့တာမို့..
ချိုသင်းရဲ့ ပရိတ်သတ်လဲ ဖြစ်ခဲ့ တယ်..
ဒီ....သံသယ ကျွန်းသူလေး လဲ ဖတ်ဖူးခဲ့ ပေါ့...
...ငယ်ငယ် တုန်း က ..ယုံကြည်ခဲ့ ပြီး မရခဲ့ ဖူးတဲ့ အရာတွေ.... ရှိခဲ့ တော့...
ခု လူကြီး ဖြစ်လာတဲ့ အခါ...မသေချာပဲ..
ဘယ်သူ့ ကိုမှ ..မျှော်လင့်ချက်တွေ မပေး မိစေ.
ဘို့ ...ကိုယ့်ကို ကိုယ် အမြဲ သတိထား နေတတ်ခဲ့ပြီ...

tututha said...

အစ်မရေ တူးလည်း ၈ ဂဏန်းရက်စွဲများဆိုတဲ့ ဝတ္ထုလေးမှာ အဲလိုဆန်ဆန်ရေးခဲ့ဖူးတယ်။ လောကကြီးမှာ ပျော်ရွှင်မှုတွေနဲ့ ယုံကြည်ချက်အပြည့်ရှိတဲ့ လူငယ် ဘယ်နှယောက်တောင် သံသယကျွန်းသူ ကျွန်းသားတွေ ဖြစ်ကုန်တယ် မသိပါဘူး အစ်မရာ။ အဲဒါက နေပျော်တဲ့အရပ်တော့မဟုတ်ဘူးနော်။

khin oo may said...

အင်း.။

ဆောင်း said...

အမလည်း အဲဒီကျွန်းထဲမှာရှိနေတယ်

တန်ခူး said...

၁၉၉၀ က သံသယကျွန်းသူလေး ခုထိကျွန်းပေါ်မှာ ရှိနေသေးတာတော့ ကံဆိုးလွန်းပါတယ် ချိုသင်းရယ်… ဒီဘက်ကို လှည့်ကြည့်လိုက်ပါဦး…. သံသယကျွန်းသူ တို့ လဲ ချိုသင်းနဲ့ တကျွန်းထဲ ပေါ်မှာလေ… အရမ်းကောင်းတဲ့ လက်ရာလေးကို ပြန်တူးဖော်ပေးတဲ့ အတွက် ကျေးဇူးပါနော်…

khin oo may said...

http://ayemyatmyatko.blogspot.com/2008/12/christmas-in-spore.html

khin oo may said...

အဖေနဲ့ တစ်မြို့ထဲ ကပါလို့ ဆိုလို့။

Life is for Success said...

ma gyi moe,
how ur fever?take care. good rest...

အိန္ဒြာ said...

အစ်မချိုသင်းရေ...

ယုံကြည်ချက်တွေကြီးလေလေ
မျှော်လင့်ချက်တွေ..ပြင်းထန်လေလေ

မျှော်လင့်ချက်တွေပြင်းထန်လေလေ...
ရယူအောင်မြင်စိတ်တွေ များပြားလာလေလေ...

ဒါပေမယ့် အရာရာကို..
သံသယစိတ်တွေနဲ့ချည်း....
စောင့်ကြည့်ရင်မောနေခဲ့ရတယ်..။

ချစ်တဲ့ခင်တဲ့

ညီမလေး

rose said...

ဟုတ်တယ် သမီးကတော့ ကမ္ဘာပေါ်မှာ ယုံကြည်မှုကို အလွဲ သုံးစားလုပ်တဲ့သူကို အမုန်းဆုံးပဲ။

ဂျူနို said...

သံသယကျွန်းသားတွေများလို့ ကျွန်းကို နေရာပြောင်းလိုက်ပြီ။
သံသယ.. မကောင်းပါဘူး။
ယုံထင် ကြောင်ထင်.. အားလုံးကို မီးခိုးကြွက်လျှောက် မီးခိုးကြွက်လျှောက်..