ဘလော့ဂ် မှတ်စု

ဒီနေ့တော့ ခင်ရတဲ့ မနော်ဟရီက ဘလော့ဂ်မှတ်စုလေး လုပ်ပါအုံး တဲ့။ tag လာတယ်။

မှတ်စုဆိုတော့ ကိုယ့်မှာက မှတ်မှတ်သားသား ဘာမှမရှိလို့ကို ဒီမှတ်တမ်းလေး လုပ်ထားရတာ။ ဘလော့ဂ်လုပ်သက်ကလဲ ၂လခွဲ ဆိုတော့ ပြောပလောက်အောင် မရှိပေမဲ့ ဘလော့ဂ်နဲ့ပတ်သက်ရင် ကိုယ့်သူငယ်ချင်းအကြောင်း ပြောရသလို ဖြစ်နေတာမို့ ကြိုးစားပြီး ပြောမှာပေါ့ လို့ မနော်ကို ပြောလိုက်တယ်။ ငယ်ငယ်ကစာမေးပွဲဖြေသလို မေးခွန်းတခြား အဖြေတခြား ဖြစ်တတ်လွန်းလို့ အဲဒီလို ဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်ပေါ့ နော..။ ကဲ စပြီ။

ဘလော့ဂ်ဆိုတဲ့စကားကို ပထမဆုံး ကြားဖူးတာ ဆရာမ မေငြိမ်းဆီကပါ။ ဆရာမနဲ့ ဂျီတော့ခ် ပြောနေတုန်း ဆရာမက သူဘလော့ဂ်လေးတခု လုပ်နေတာ သိလား တဲ့။ ဒီက ငဒူကလဲ ထုံးစံအတိုင်း မသိပါဘူးဆိုတော့ ဆရာမက လင့်ခ်လေး တခု ပို့လိုက်တယ်။ “အဲဒါ ဆရာမ ဘလော့ဂ်ပဲ၊ ရဲရဲသာ နှိပ်လိုက်” တဲ့။ ဒါနဲ့ ကိုယ်လဲ နှိပ်ပစ်လိုက်တာ ဆရာမ ဘလော့ဂ်ကို တန်းရောက်သွားတော့တာပဲ။

တွေ့တွေ့ချင်း အံ့သြလိုက်တာ။ ပထမဆုံး ခံစားရတာက လွတ်လပ်တဲ့ အရသာ ပါ။ ကိုယ် ကြိုက်တာကို၊ ကိုယ်ရေးချင်တဲ့အချိန်မှာ၊ ကိုယ်ရေးချင်သလောက် စိတ်ကြိုက် ရေးစမ်းပါလေ့။ စာပေစိစစ်ရေးမရှိတာကို သဘောအကျမိဆုံး။ ကိုယ်သာလျှင် အယ်ဒီတာ၊ ကိုယ်သာလျှင် စာရေးသူ၊ ကိုယ့်စာကိုယ် တာဝန်ယူပေတော့ပဲ။

ဗမာပြည်မှာတုန်းက ကိုယ်ရေးတဲ့စာမူလေးက အယ်ဒီတာငယ်ကတဆင့်၊ အယ်ဒီတာကြီးတွေဆီရောက်၊ သူတို့ကြိုက်လို့ ရွေးရင်တောင် စာပေစိစစ်ရေး စားပွဲတွေ အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ မဂ္ဂဇင်းစာမျက်နှာတွေပေါ် ရောက်ရတာ။ သင့်ဘ၀မဂ္ဂဇင်းမှာ အယ်ဒီတာ ပေါက်စ၀င်လုပ်တုန်းကဆို စာပေစိစစ်ရေးနဲ့ သင့်ဘ၀ကို ခေါက်တုံ့ခေါက်ပြန် ကျောပိုးအိတ်လေး တလုံးနဲ့ ပြေးလွှားလိုက်ရတာ။ ချောင်းပေါက်မတတ်ပဲ။

ဒီစာမူတခု လွတ်ပါမဲ့အရေး စာရေးဆရာကလဲ ကိုယ်ပေးချင် ပြောချင်တဲ့ မက်ဆေ့ခ်ျကို လျှို့ဝှက်သည်းဖိုထက်တောင် လျှို့ဝှက်ရသေး။ တခါတလေများ လွတ်တော့လွတ်ပါရဲ့၊ အရသာများတောင် ပျက်လို့။ နောက်က ခက်ဆစ် အဓိပ္ပါယ်ဖွင့်သလို နောက်ဆက်တွဲနဲ့ တွဲထုတ်ရမဲ့ပုံ။ ဖတ်တဲ့သူကလဲ ပဟေဠိ အဖြေညှိနေရသလိုပဲ။

ဘယ်စာရေးဆရာ၊ အနုပညာသမားမှ ကိုယ့်စာကို အလွှမ်းမိုးခံချင်မှာ မဟုတ်ပါဘူး။ အဲဒီအရသာကို ဒီဘလော့ဂ်တွေမှာ ရက်ရက်ရောရော တွေ့ရတတ်တာ။ စာရေးသူရဲ့ သဘောအတိုင်းပဲ။ ဒါကြောင့် ဘလော့ဂ်ရေးတာဟာ လွတ်လပ်စွာရေးသားခွင့် ဆိုတာကို ရော့ - ဆိုပြီး ပြန်ပေးတာ လက်ခံလိုက်ရသလိုပဲ ကိုယ်က ခံစားမိတယ်။ ဒါကြောင့် မြုပ်နေတဲ့၊ ကွပ်ညှပ်ခံနေရတဲ့ အနုပညာတွေ၊ အယူအဆတွေ ရဲရဲရင့်ရင့် လှလှပပ ပွင့်နေကြတာ မြင်လိုက်ရသလိုပဲလေ။

နောက်တခုက ဘလော့ဂ်ရေးတော့ ဘလော့ဂ်ရေးသူနဲ့ ဖတ်သူ ပိုရင်းနှီးခင်မင်မိစေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချင်းချင်း မျှဝေကြတာကိုး။ ကိုယ်ဆို ဘလော့ဂ်ဖတ်နေတာလို့တောင် မခံစားမိဘူး။ သူပြောတာကို သွားနားထောင်လိုက် ကိုယ့်အကြောင်းလေး ပြန်ပြောပြလိုက်.. လို့တောင် ခံစားနေမိတယ်။ အသက်ဝင်နေလို့လေ။

စာလာဖတ်နေသူ ဘယ်သူဘယ်ဝါဆိုတာလဲ ကိုယ်မသိ၊ သိဖို့လဲ မကြိုးစား သူပြောသမျှ ကျေနပ်၊ သူ မျှတာ ကိုယ်ယူ၊ သူချက်တာ ကိုယ်စားလို့ ပျော်ပျော်ပဲ သူငယ်ချင်းဖွဲ့နေတယ်။ ကိုယ့်အကြည်ဓာတ်လေး မပျက်အောင် နေရင် ပျော်စရာကောင်းတယ်။ အဲဒါ ဘလော့ဂ်ရဲ့ လွတ်လပ်တဲ့ အရသာကို တန်ဖိုးထားလို့ပဲ။

တခါတလေ စိတ်ခံစားမှုကို ဖော်ပြတဲ့ သင်္ကေတ ပုံလေးတွေ ထည့်တတ်တာမို့ ဒါလေးတွေ ဘယ်သူများ ထွင်ပါလိမ့်လို့ ကြည်နူး ကျေးဇူးတင်ရသေးတယ်။ ကိုယ်ကတော့ အဲဒီလိုလေးတွေ့ရင် ခေါင်းစောင်း စောင်းသွားတတ်တာ။ ဥပမာ :) smilie လေးဆိုရင် ကိုယ့်ကွန်ပျူတာမှာ အတည့်မပေါ်တော့ စောင်းပြီး ပြန်ပြုံးပြရတာ။ သူပြုံး ကိုယ်ပြုံး၊ သူငို ကိုယ်ငို ပေါ့။

အဲဒီတော့ ဘလော့ဂါ ဖြစ်ရတာ မကျေနပ် မပျော်ရွှင် ဘယ်ရှိပါ့မလဲ။ ကိုယ်ဖတ်ချင်တာ ဖတ်ရတယ်၊ ကိုယ်နဲ့ တူတဲ့ မိတ်ဆွေတွေ အများကြီး တွေ့ရတယ်၊ ကိုယ်ရေးချင်တာတွေကို open diary လို ရေးနေလို့ စိတ်လက်ပေါ့ပါးတယ်။ အဲဒါအပြင် ဘလော့ဂ်လောကမှာ အချင်းချင်း ချစ်ခင်စိတ်နဲ့ appreciate လုပ်တဲ့ အလေ့အထကြောင့် စာပိုရေးချင်စိတ်ကို ဖြစ်ပေါ်စေတာတော့ အမှန်ပါပဲ။ သူ့အားပေးပြုံးကို ကိုယ်တွေ့လိုက်ရသလိုပဲလေ။

ဒါကြောင့် စာကို ရေးချင်လို့ကို ရေးနေတဲ့သူတွေအဖို့မှာတော့ ဘလော့ဂ်က ပိုက်ဆံလဲ မရပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ မယှဉ်နိုင်တဲ့ စိတ်ကြည်နူးမှုတွေ၊ ဗဟုသုတတွေ၊ သတင်းတွေ ရလို့ ရသ သုတ ပေါင်းစုံ ရတဲ့ ကွန်ယက်ကြီးလိုပါပဲ။ အဲဒီအထဲက ကိုယ်လိုချင်တာယူ၊ ကိုယ်မလိုချင်တာ မဖတ်ချင်တာ မသွားရုံသာ။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်။ ကိုယ့် စိတ်ဝင်စားမှုနဲ့ ကိုယ်။ ကိုယ့် စိတ်ချမ်းသာမှုနဲ့ ကိုယ်ပေါ့။

ဒီလောက်ဆို ကိုယ့်ရဲ့ ဘလော့ဂ်အပေါ်မှာ နားလည်သလောက်၊ ဘလော့ဂါတယောက်ရဲ့ ခံစားမှုကို မနော် ဖတ်မိပြီ ထင်တာပဲလေ။
ဘလော့ဂ်ပေါ်မှာ အတူတူ စီးဆင်းရင်း ရွှင်လန်းချမ်းမြေ့ဖို့ ဆုတောင်းနေပါတယ်။

မိုးချိုသင်း

42 comments:

sin dan lar said...

ဆရာမ..
မနက်ကလာတော့အသစ်မတွေ့ဘူး၊ အစ်မ မနော်ဟရီ ဆီ ရောက်တော့ ဆရာမကို tag ထားတာတွေ့လို့ ရေးပြီးပြီလား..လာချောင်းတာ..လာရကျိုးနပ်တာပေါ့..
မဇနိရဲ့ Blogging ပိုစ့်ကိုကောမန့်ရေးခဲ့သလိုပါပဲ..
စာမရေးတတ်ပေမယ့် စာမဖတ်ရမနေနိုင်တဲ့ ကျမတို့လို လူတွေအတွက် ဘလော့ဂ်ရွာကြီးဟာ ကလေး တစ်ယောက်ကို Happy World ထဲ လွှတ်လိုက် သလိုပါပဲ.."အမေ့ဒုတ်" နဲ့တူတဲ့ "အိမ်ထောင့်တာဝန်"တွေကြောင့် အချိန်တန်ရင် ပြန်ခဲ့ရပေမယ့် လစ်ရင်လစ်သလို ပြန်မလာရမနေနိုင်ပါ...

ဇနိ said...

မမချိုသင်းရဲ့ ဘလော့ဂ်မှတ်စုလေးကို ဖတ်ရတာ ကြည်နူးတယ်။ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်မရတဲ့ ကြည်နူးမှုတွေကို ဘလော့ဂ်လေးက ပေးတာ ဟုတ်တယ်။ စိတ်ပင်ပန်းလှတဲ့ ဒီလိုအချိန်မှာ ဘလော့ဂ်စာလေးတွေ ဘလော့ဂ်က ခင်မင်ရတဲ့သူတွေက အားဆေးတခုပါပဲ။ မမချိုသင်းပြောသလို လူလည်းမမြင်ဖူးဘူး မြင်ဖူးချင်တယ်လို့လည်း မဖြစ်မိဘူး
ဒါပေမယ့် ခင်တာတော့ ခင်နေတာပါပဲ။
ကိုယ့်စိတ်က ခင်မိနေတော့ သွားလည်မိတယ်။ ကိုယ့်ဆီလာလည်ရင်လည်း ကိုယ်သိတာလေးတွေနဲ့ ဧည့်ခံချင်တယ်။ အခွင့်ရှိသလောက်တော့ လည်နေအုံးမှာ အမရေ။
နိနိ

myatnoe said...

အမရေ....

ရေးချင်တာရေးတဲ့ မြတ်နီုးတို့ထက် အမတို့ရေးတဲ့ အတွေးအခေါ်လေးတွေက ဘလော့လောက ကို ပိုအသက်ဝင်ပါတယ်။

အမရေ...

အမရဲ့ စာတွေဖတ်ပီး ပွင့်လင်းတဲ့အမကို စိတ်ထဲက တအားခင်တယ်။

PTi said...

စိတ်လွတ်လပ်ပြီးရေးချင်တာရေးလို့ရတော့ ဘလော့က ရေပန်းစားလာတာတယ်...

ကိုယ်ရေးတာကို အားပေးတာတွေ့ရင် ကြည့်နှုးမိပါတယ်... အဲဒါကြောင့်လည်း ရေးဖြစ်နေတာပေါ့...

အမတို့လို အရည်အသွေးပါကောင်းတဲ့ စာရေးဆရာတွေ ရေးလာတော့ ဘလော့တွေက ဖတ်လို့ပိုကောင်းလာပါတယ်...

အမက ပွင့်ပွင့်လင်းလင်းရေးတော့ ပိုပြီးလည်း ခင်မိပါသေးတယ်... ;)

လင်း said...

အမတို့ လို နာမည်ကြီးတွေ ၀င်ရေးတဲ့အခါကျတော့ အမတို့ လက်ရာတွေကို နေ့ တိုင်းဖတ်ချင်နေမိရော။ စာအုပ်ဆိုင်မှာ အသစ်ရှိလားဟင်လို့ သွားသွားမေးရသလိုမျိုးပါဘဲ အမတို့ ဘလော့တွေကို နေ့ တိုင်း လာလာချောင်းရတာ။ ပိုကောင်းတာတခုကတော့ အရင်က မရနိုင်တဲ့ အခွင့်အရေးမျိုး ဘယ်စာလေးကိုတော့ ဘယ်လိုကြိုက်တာ လို့ ပြောခွင့်ရတာပါ။ အကြည်ဓါတ်ကလေး မပျက်ဘဲ ပျော်ရွှင်စွာ စာတွေအများကြီးရေးနိုင်ပါစေ (တနေ့ တပုဒ်) ။ အပြုံးတွေအများကြီးပေးခဲ့တယ်။ ခေါင်း အကြာကြီး မစောင်းနဲ့ နော်း)း)း)း)း)း)း)း)း)း)း)း)း)း)

လူသစ် said...

ပြုံးတာတောင် တည့်တည့်မပြုံးနိုင်ဘူးကိုး :)

ဟန်လင်းထွန်း said...

တည့်တည့်ပဲရီရီ စောင်းစောင်းပီ ရီရီ အမရီနေရင် ကျနော်တို့ ငိုရသလိုပေါ့။ :) :)))

ရှင်မင်းညို said...

မမိုးချိုပြောတာအရမ်းသဘောကျတယ်...
ဖတ်ပြီးပျော်သွားသလိုပဲ...

ဖုန်း မြင်. said...

အင်း...ကျနော်လဲ ကလူသစ် လိုပဲ တွေးကြည့်နေတာ...

အမရေးတဲ့ မှတ်စုက ဘလော့ကောင်းတာတွေ ချည်းပါလား...

ဘလော့ရေးလို့ အဆင်မပြေ ဖြစ်တာလေးတွေ လဲ ထည့်ရေးဦးလေ
ဥပမာ ။ ။ ဘလော့ရေးလွန်း အားကြီးလို့ အိမ်ကလူကြီး ငြိုငြင်တာ...း)

s0wha1 said...

မမိုးချိုရေးထားတဲ့ ဘလော့ဂ်အပေါ်သဘောထားလေးက အရမ်းချစ်ဖို့ကောင်းတယ် ထပ်တူညီပဲ။ smile အချို့ ရေးပြမယ် သိလား။ :D အဲဒါ သွားဖြဲပြတာလေ။ :P လျှာထုတ်ပြတာ။ ;) မျက်စိမှိတ်မပြတာ။ ;)) ဒါက တခစ်ခစ်နဲ့ ရယ်တာ။ :)) ဒီဟာကတော့ အားရပါးရယ်တာလေ။ =)) ဒါကတော့ အားရပါးရ ကြမ်းပြင်ပေါ်မှာ လူးလှိမ့်ပြီးကို ရယ်တာ။ ဟီးးး :D

နိုင်းနိုင်းစနေ said...

အစ်မရေ...
ကျွန်မ ဘလော့မှာ စာတွေ လာလာဖတ်ပြီး ကော်မန့်တွေ အမှတ်တရချန်ခဲ့တာကို ကျေးဇူးတင်ကြောင်း အရင်ပြောချင်ပါတယ်။

အစ်မ ဘလော့ကို လာလာဖတ်ဖြစ်ပေမယ့် ဘာမှမရေးခဲ့ဖူးဘူး။ အခုတော့ အစ်မတို့လို့ ဝါရင့်စာရေးဆရာတွေကနေ အတုယူစရာ ရေးပုံရေးနည်း တွေးပုံတွေးနည်းတွေ သင်ယူနိုင်အောင် ဘလော့ဂ်မှတ်စုတွေ လုပ်လာကြတဲ့အတွက် အထူးပဲ ဝမ်းသာမိပါတယ်။ အစ်မတို့ရဲ့ လွတ်လပ်တဲ့စာပေကို ဘလော့ဂ်ပေါ်က ထပ်ဆင့်ဖတ်ရတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

ဒီလို မှတ်စုလေးတွေ အမြဲအဒွန့်ရှည်ပါစေလို့...

လေးစားလျှက်
နိုင်းနိုင်းစနေ

CONTACT said...

ချိုသင်း နဲ့  မနော် ရေ
ပထမဆုံး ဖတ်ရတဲ့ ရည်းစားစာတို့ ၊ စွဲမိတဲ့ ကိုရီးယားရုပ်သံဇတ်လမ်းတွဲတို့ ၊ ချစ်မိတဲ့ အရပ်ရှည်ရှည် ကောင်ကလေးတို့ ၊ ပဒိုင်းသီးစားမိတဲ့ ညတည တို့ ၊ သင့်ဘလောဂ့်ထဲက အနှစ်သက်မိဆုံး ပွတ်ထားသော ကောမန့် တို့ .... မ တက် (Tag) တဲ့ ကျေးဇူးပါ။ KM

MANORHARY said...

သားတော်မောင်စာမေးပွဲနောက်ဆုံးနေ့မို့သူနဲ့ လျှောက်ဆော့နေလိုက်တာနဲ့ ချိုသင်း ပို့စ်ကိုတွေ့တော့တော်တော်နောက်ကျသွားပြီ..ကွန်မင့်တွေ
တောင်များနေပြီ... ဟုတ်ပနော်..ဘလော့ခ်ကလည်း
အချင်းချင်းပိုပြီးသံယောဇဉ်ရှိစေသလိုပဲ...
ချက်ချင်းရေးတဲ့ချိုသင်းကိုလည်းကျေးဇူးတင်ချီးကျူးမိပါတယ်
ကေ တစ်ယောက်ကတော့ဇာတ်လမ်းကိုစထားခဲ့ပြီးခရီးထွက်သွား
လေရဲ့...

pandora said...

ဘလော့ဂ်နဲ့ ပတ်သက်လို အစ်မရဲ့ ရိုးရှင်းတဲ့ ချစ်စရာ အမြင်လေးတွေကို လာဖတ်သွားပါတယ်။ ပျော်ပျော်ရွှင်ရွင် အကြာကြီးဆက်ရေးနိုင်ပါစေ။

တန်ခူး said...

ချိုသင်းရေ… နှလုံးသားထဲကအရှိအတိုင်း ရိုးသားပွင့်လင်းစွာ ရေးတတ်တာကိုက ချိုသင်းဘလော့ဂ်ရဲ့ အလှတရားပေါ့… အနုပညာပါဆင့်လိုက်တော့ အလှတွင်အယဉ်ဆင့်… ချိုသင်းဘလော့ဂ်လေးက နုနယ်ပျိုမျစ်တဲ့ ဆယ်ကျော်သက်လေးလို သိပ်လှတယ်…

PAUK said...

ကျွန်တော်ကတော့..
မချိုသင်းဘလော့ကို စဖတ်ပြီး
ဘလော့စွဲသွားတာပါပဲ..

khin oo may said...

အပြောကောင်းလို့နားထောင်သွားတယ်။ ဒီညတော့ သူ့ကြောင့် မရေးနိုင်တော့ဘူး။ စိတ်ဓါတ်ကျပြီးပြန်သွားလို့။ သူက အရမ်းကောင်းနေတာကိုး။

khin oo may said...

MCT ရှေ့မှာ ခက်ခက် ခဲခဲတွေ မပြောကြပါနဲ့ ကိုဇနိတို.ရယ် ခမျာ က ရိုးတယ် မေမိုးလို မဟုတ်ဘူး။

MCT က အလကား ကြားကောင်းအောင် ပြောသွားတာ။ သူ အဖြစ် မရှိဘူးတဲ့။ အစ် မကိုဝန်ခံပြီးသား။ လူအထင်ကြီးအောင် ပြောခဲ့တာတဲ့။ မရဘူးလေ။ မြွြေျေမွ ချင်း ခြေမြင် တာပေါ.။ အစ် မက ဒါမျှူိုးတွေ ပြောလာတာ အံတို နေပြီ။

ရှိပါသေးတယ် ပေါက်ရယ် ထမင်းဆုပ် ကလေးတွေ မှ အများကြီး။

ငါးရန်းခြောက် ဖုတ်စားချင်တယ်။ စားချင်တယ်။ စားချင် ပါတယ်ကွယ်။

khin oo may said...

Moe Cho Thinn said...

စားချင်စရာ အာလူး ထမင်းနယ် ပါလား နိနိရေ။
လုပ်ရတာလဲ လွယ်တယ်နော်။ စမ်းလိုက်အုံးမယ်။

ဒါနဲ့ ဒီလိုလေးတွေ လုပ်တတ်၊ ချက်တတ်အောင် ဘယ်သူများ သင်ပေးပါလိမ့်၊ အမြဲတမ်း စားချင်စဖွယ် ဖြစ်နေလို့ပါ။ အိမ်ချင်းနီးရင် သိပ်ကောင်းမှာ။

khin oo may said...

ခစ် ခစ် ခစ်

khin oo may said...

ကိုဖုန်းမြင်.ကို အရှေ့ ကစာ တွေ ပြန် ဖတ်ခိုင်းရမယ်။ သူ စာ မကြေသေးဘုး သိလားညီမ

ဇနိ said...

မမကေအိုအမ် လာမွှေသွားတယ်ဆိုလို့ လိုက်လာချောင်းတာ တကယ်ကိုပဲနော် သူရပ်ကွက်ထဲဆင်းပြီး ထင်တိုင်းကျဲနေတယ်
နိနိလည်း သေနပ်တလက်နဲ့ လိုက်ထိန်းနေရတာ
သူသုပ်သီးသုပ်ပျာလည်လို့ ခလုပ်မတိုက်အောင် လိုက်ထိန်းရသေးတယ် မမချိုသင်းရေ

HAPPYCLOUD said...

ဖတ်ကောင်းလို့ လင့်ခ်လုပ်ပြီး စောင့်ဖတ်ပါရစေး)

thorn musem said...

ပျော်စရာကြီးဗျာ......။

rose said...

မမပြောတာဟုတ်တယ်

လွတ်လပ်မှုအပြည့်နဲ့ ကိုယ့်ရဲ့ ခံစားမှုကို ပုံဖော်နိုင်တာ ဘလောဘ်ရဲ့ အကောင်းဆုံး အရသာပဲ။
မမ ရဲ့ အတွေးတွေကို လွတ်လွတ်လပ်လပ်ရေးပါအုံးနော်
ုစဉ်စာ မပါပဲဖတ်ရတော့ အရသာ ပိုရှိတာပေါ့

ဗမာပြည်လွတ်မြောက်စေချင်တယ်။ said...

အတိအကျပေါ့ဗျာ။အတားအဆီးမရှိဖန်တီးပေတော့။
မိန်းမကိုခိုင်းစားနေတယ်ဆိုတဲ့ကိုကျော်ဝဏ္ဏလည်းပြောချင်ရာပြောလို့မရတော့။ဘလောက်တွေပေါ်လာတော့
ရသစာပေတွေပိုဖတ်ရတာပေါ့ဗျာ။ကျနော်တို့လောကမှာကကြွေးကြော်သံတွေနဲ့ဖြစ်ချင်တာတွေပဲလွှတ်တင်နေ
ကြတာကိုး။တခါတလေသတင်းတွေထက်ဝတ္ထုတိုတပုဒ်လောက်ကိုအရသာရှိရှိဖတ်ပစ်လိုက်ချင်တယ်။
ကြားရတဲ့သတင်းတွေဆိုတာကလည်းကိုယ်ချည်းခံနေရတာကိုး။
အောင်မိုးဝင်း

tututha said...

အစ်မရေ ... ဘလော့အပေါ်မှာထားတဲ့ သဘောထားက တော့ကွက်တိပဲ။ တူးလည်း အဲလိုပဲခံစားရတယ်။ စိစစ်ရေးကြီး မရှိတာနဲ့တင် လူဖြစ်ကျိုးနပ်လှချည်လား လို့ ခံစားရတယ်။

khin oo may said...

MCTး သာမီးလေး မေမိုး အဖေနဲ့ အမေ မွေးနေ.အတွက် ဆုတောင်းပေးဦး. ပြည်.ချင်လို့.
ရဲရဲကြီနိပ်လိုက်နော။ အာမခံတယ် ဘာမှ မဖြစ်စေရဘူး။

http://maymoe.blogspot.com/2008/10/october.html

သက်ဝေ said...

ချိုသင်းရေ...
Tag ထားပါတယ်...
အချိန်ရတဲ့အခါ ရေးပေးလေ...နော်။
ချစ်စရာ မမခင်ဦးမေ တစ်ယောက်နဲ့  တို့ ရပ်ကွက်ထဲ အတော် စည်ကားနေသဗျို့ ... ပျော်စရာ...။

May Moe said...

မမရေ လာလည်တဲ့အတွက်ရော ဆုတောင်းအတွက်ပါ ကျေးဇူးအထူးတင်ပါတယ် ။မမစာတွေကို အမြဲအားပေးနေပါတယ် ။ :D

zarny win said...

bring the cats :D
don't leave them alone! :)
it will be great traveling with cats.

zarnywin

Kay said...

မချိုသင်းရေ-
ဒီနေ့မှ ရပ်ကွက် ထဲ လည်ဖြစ်တယ်။ အဟဲ..မနော်က..ဆက် ရေးခိုင်း လိုက်တယ်ပေါ့။ တကယ်တော့..နဂိုထဲက.. စက္ကူနဲ့ဘောပင် နဲ့ရေးခဲ့တဲ့..လူတွေကို.. ကြွက်နဲ့ ဘလော့မှာ ရေးတာ ဘယ်လိုကွာသလည်းဆိုတာ.. သိချင် နေခဲ့တာ။ မချိုသင်း တို့က..အဓိကပေါ့။ ဘာပဲပြောပြော..ဆိုခဲ့သလို..သိပ်ရှည်၂ ဝေး၂ မတွေးနိုင်ပါဘူးနော်။ ရေးချင်တာ..ရေးပစ်မှာပဲ။

ပထမဆုံး ၀တ္တုလေး..ပြန်တူးဖော်ဖြစ်တာလည်း..အမှတ်တရပါပဲ။ တခြားရေးဖြစ်တဲ့ ၀တ္တုတွေလည်း..ဖြည်းဖြည်းချင်း တင်ပါအုံး..မမေငြိမ်းလိုလေ။

၅ ရက်အတွင်း..မဖတ်ဖြစ်တာတွေ..စုဖတ်သွားတယ်။
း) ( တစောင်းလေး ပြုံးလိုက်တယ်)

sin dan lar said...

ဆရာမ..
နေ့တိုင်းလာကြည့်တယ်...
အသစ်တင်တာမတွေ့လို့ နေမကောင်းဘူးလားစိတ်ပူလို့ပါ။
အလုပ်ရှုပ်နေလို့မရေးနိုင်သေးတာဆိုလည်း
စောင့်ဖတ်နေပါကြောင်း...........

mmn said...

မမိုးချို..

ဒီဘလောဂ့်လေးကို စပြီးသိကတည်းက နေ့တိုင်း (စနေ၊ တနင်္ဂနွေကလွဲလို့) မပျက်မကွက် ၀င်ဖြစ်ပါတယ်.. အသစ်တင်ထားတာမတွေ့ရင်.. စိတ်မကောင်းဘူး.. နေမကောင်းလို့စာမရေးတာလားလို့ တွေးမိတယ်.. မမိုးချိုရဲ့ ဒုတိယမြောက်ပိုစ့်ကလေးရေးတဲ့ နေ့ကနေပြီး အခုထိပေါ့..
ဒါကြောင့်.. တတ်နိုင်မယ်ဆိုရင်.. စာရှည်ရှည်မရေးနိုင်တောင်မှ.. အတိုလေးတွေတော့ တင်စေချင်ပါတယ်.. ကျမက ဒေါ် (မ) စန်ဒါ အသဲစွဲလေ.. အခု ဒီမှာ က ကိုယ်ဖတ်ချင်တာ ဖတ်ခွင့်မရှိတော့.. ဘလောဂ့် ဂါတွေထဲက ကိုယ်အရေးအသားကြိုက်တဲ့သူတွေရဲ့ စာလေးတွေဘဲ စောင့်ဖတ်ရတယ်.. မမိုးချိုရဲ့ စာတွေ ဖတ်ရတာ.. စိတ်ချမ်းသာတယ်.. အလုပ်ထဲမှာ စိတ်ဆင်းရဲသမျှ ..မမိုးချိုရဲ့ စာလေးတွေ ဖတ်ပြီး ပြုံးရ၊ ရီရရင် စိတ်သက်သာတယ်...အထူးသဖြင့် ကြောင်လေးတွေ အကြောင်း သိချင်ပါတယ်.. မမိုးချို ခွေးလေးတွေရော.. မတွေ့မိဘူးလား. ဟင်.. နေကောင်းအောင်နေပါ.. ဒါမှ စာများများရေးနိုင်မှာပေါ့နော်.. ဒီမှတ်စုလေးတွေက သိမ်းထားဖို့ သက်သက်ဘဲလား... ပြန်ပြောဖို့ရော.. အစီအစဉ်ရှိလား..

ဗမာပြည်လွတ်မြောက်စေချင်တယ်။ said...

နားချင်ရင်တော့နားပေါ့။ဒါပေမဲ့ဝက်သားတွေချည်း
ချက်စားမနေနဲ့အုံး။တော်ကြာ..ကိုကျော်ဝဏ္ဏဘောလုံးမချစ်ရတော့ပဲ၊
စည်ပိုင်းကိုချစ်နေရလိမ့်မယ်။

ခင်မင်စွာဖြင့်
အောင်မိုးဝင်း+ ထားထား

myatnoe said...

သီတင်းကျွတ်လပြည့်နေ့မှစ`၍ ကိုယ်စိတ်နှလုံးကျန်းမာရွှင်လန်းပါစေ..

ကျန်းမာစွာဖြင့် စာတွေအများကြီးရေးနိုင်ပါစေ

ဇနိ said...

အမချိုသင်း..
သီတင်းကျွတ်လပြည့်နေ့မှာ နိနိနဲ့ ကျနော် စုံတွဲလာကန်တော့တာ...
မုန့်ဖိုးပေးပါဗျို့...

nu-san said...

မမိုးချိုသင်းရေ.. သီတင်းကျွတ်လပြည့်နေ့မို့ လာကန်တော့ပါတယ်.. နိနိတို့စုံတွဲလို မုန့်တော့ မပါဘူး.. လက်ချည်းပဲ အမ.. အဟီး.. :D

တန်ခူး said...

ချိုသင်းရေ… အဖော်လာခေါ်တာ… ရေကျော်ဘက်မှာ စတိတ်ရှိုးသွားကြည့်ရအောင်လို့ …

PAUK said...

မချိုသင်းရေ..
သီတင်းကျွတ်မှာပျော်ရွှင်ပါစေ...
နေကောင်းရဲ့လား...
အသစ်မတင်တာကြာပြီ...

Taungoo said...

အမကြီး
ဘလော့သက်ကြီးပူဇော်ပွဲကန်တော့ခံအဖြစ်
လာရောက်ကန်တော့သွားပါတယ်။
စေတီက တိုပိုင်းရိုး မြန်မာဘုန်းကြီးကျောင်းမှာ တည်ထားတာပါ။ နေဝင်ချိန်ကို ရိုက်ထားတာဆိုတော့ မီးမထွန်းရသေးပါဘူး။ အဲဒီနေ့က တရားပွဲသွားရင်း ရိုက်လာတာ လပြည့်နေ့မဟုတ်သေးဘူး။း)

မေတ္တာဖြင့်

သက်ဝေ said...

ချိုသင်းရေ...
အလုပ်တွေ များနေတာလား..
ဝိုင်းကူလုပ်လို့ ရတာရှိရင်လဲပြောနော်...
ပြီးရင် မြန်မြန်ပြန်လာခဲ့တော့နော်...။